Match Report Premier League

လက်စတာကို တစ်ဂိုးမှ မသွင်းလိုက်ရဘဲ လေးပွဲဆက်အနိုင်နဲ့ သာယာတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ သီယာဂိုနဲ့ အဲလီးယော့တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ နူးညက်ဇ်နဲ့ ချိမ်ဘာလိန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လက်စတာစီးတီးအသင်းကတော့ ဂိုးသမား ဒန်နီ ဝါ့ဒ်၊ ခံစစ်မှာ အမာတေ၊ ဖေးစ်၊ ကက်စတာညာနဲ့ သောမတ်စ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒီဒီ၊ ဆူမာရေးနဲ့ ဂျူးစ်ဘာရီ-ဟောလ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယိုဇေ ပီရက်ဇ်၊ ဟာဗီ ဘန်းစ်နဲ့ ဒါကာတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက လက်စတာတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဟာဗီ ဘန်းစ်က ဘယ်ခြမ်းကနေ အတွင်းကို ချိုးပေးတာကို ဒါကာက နောက်ပေါက်နဲ့ ချပေးခဲ့ရာမှာ ဂျူးစ်ဘာရီ-ဟောလ်က လီဗာပူးလ်ခံစစ်ကြားက ဆွဲပြေးပြီး ဂိုးသမား အယ်လစ်ဆန်ကို အသာအယာ ကျော်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ ဒါကာအစား ဝင်လာတဲ့ ဗာဒီပေးတာကို ဟာဗီ ဘန်းစ် ဂိုးသွင်းဖို့ နီးစပ်ခဲ့ပေမယ့် အလက်ဇန်းဒါး-အာနိုးလ်ဒ်က လျှောထိုးဖျက်ထုတ်သွားခဲ့လို့ လီဗာပူးလ်တို့ သက်သာခဲ့ရပြီး သုံးမိနစ်အကြာမှာ တန်ပြန်တိုက်စစ်ကနေ နူးညက်ဇ်ရဲ့ တစ်ကိုယ်တော် ရုန်းပြီး ချိုးပေးတာကို ဆာလားက ဘေးကန်ပစ်ခဲ့သလို ၂၅ မိနစ်မှာ အီဂျစ်သားက ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ အန်းဖီးလ်ပရိသတ်တွေ မချင့်မရဲဖြစ်ခဲ့ရတာပါ။

ဒါပေမယ့် လူမစွမ်း နတ်မဆိုသလိုပဲ ပွဲချိန် ၃၈ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ်က အနိမ့်ဘော ဖြတ်တင်ပေးရာမှာ အိမ်ရှင်တိုက်စစ်မှူးတွေ တစ်ယောက်မှ ရှိမနေခဲ့ပေမယ့် အလောတကြီးနဲ့ ရှပ်ပျာပျာဖျက်တဲ့ လက်စတာခံစစ်မှူး ဖေးစ်ရဲ့ ကန်ချက်က ချော်ထိပြီး ဂိုးသမား ဝါ့ဒ်ကိုပါ ကျော်ပြီး ဂိုးထဲဝင်သွားခဲ့လို့ တစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့ပါတယ်။


ပွဲချိန် ၄၅ မိနစ်မှာတော့ လီဗာပူးလ်တို့တွေ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ လက်ပစ်ဘော မြှောက်ပေးရာမှာ ချိမ်ဘာလိန် ဖမ်းတားတဲ့ ဘောလုံးကို နူးညက်ဇ်က တောက်လျှောက်ဆွဲပြေးပြီး လက်စတာဂိုးသမားကို ကျော်သွင်းခဲ့ရာမှာ တိုင်ထိပြီး ပြန်ထွက်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ဖေးစ်ကပဲ အမှားအယွင်းမရှိ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

လက်စတာနောက်ခံလူ ဖေးစ်ကတော့ ပရီးမီးယားလိဂ်မှာ ရရှိဖို့ ခက်ခဲတဲ့ စံချိန်ဆိုးကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပြီး ၁၉၉၉ ခုနှစ်က လီဗာပူးလ်ရဲ့ ဂျေမီ ကာရေဂါ၊ ၂၀၀၃ ခုနှစ်မှာ ဆန်ဒါးလန်းရဲ့ မိုက်ကယ် ပရော့တာ၊ ၂၀၁၃ ခုနှစ်မှာ စတုတ်ရဲ့ ဂျိုနသန် ဝေါ်လ်တာစ်တို့နောက်မှာ တစ်ပွဲတည်း အုန်းဂိုး နှစ်ဂိုးသွင်းတဲ့ စတုတ္ထမြောက် ကစားသမားလည်းဖြစ်လာခဲ့ပြီး အန်းဖီးလ်ပရိသတ်တွေအတွက်တော့ အားပေးချင်စရာလည်းဖြစ်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ လက်စတာတို့ရဲ့ အဝေးဘောတွေနဲ့ တောင်ပံတိုက်စစ်တွေကို လီဗာပူးလ်တို့ ထိန်းချုပ်သွားနိုင်ခဲ့သလို အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ဧရိယာအတွင်းက ကန်ချက်ကတော့ တိုင်ဘေးက ကပ်ထွက်သွားခဲ့ပြီး ဆာလားကတော့ ဒီနေ့မှာ နူးညက်ဇ်ဓာတ် ကူးနေခဲ့သလို အခွင့်အရေးတွေကို ဖြုန်းတီးပစ်နေခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာ လက်စတာဘက်က ဟာဗီ ဘန်းစ်ရဲ့ အနီးကပ် ကန်ချက်ကို အယ်လစ်ဆန် ပိတ်ဆို့သွားနိုင်ခဲ့သလို ဂျူးစ်ဘာရီ-ဟောလ်ရဲ့ အလွတ်ခေါင်းတိုက်ချက်ကလည်း မယုံနိုင်လောက်အောင် ဘေးကို လွဲသွားခဲ့ပြီး လီဗာပူးလ်တို့ကတော့ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ဖို့ ချိမ်ဘာလိန်၊ ရောဘတ်ဆန်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ အဲလီးယော့တို့အစား ကီတာ၊ ဆီမီကတ်စ်၊ ဂျိုးဂိုမက်ဇ်နဲ့ ဘိုင်ချက်တစ်ချ်တို့ကို ထည့်သွင်းသွားခဲ့ပါတယ်။

လက်စတာတို့ကတော့ အန်ဒီဒီနဲ့ အယိုဇေ ပီရက်ဇ်တို့အစား တီးလီးမန်းစ်နဲ့ အီဟန်နာချိုတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ လီဗာပူးလ်တို့ရဲ့ ကောင်တာတွေကတောင် ဂိုးရဖို့ နီးစပ်ခဲ့ပြီး နူးညက်ဇ်ကတော့ ကောင်းခန်းရောက်ရင် လုပ်ပြီဆိုသလိုပဲ အခွင့်အရေးနှစ်ကြိမ်လောက်ကို လွဲချော်ပစ်ခဲ့သလို ဂိုးရှေ့မှာ အဖျားရှူးနေခဲ့တာကြောင့် နိုင်ပွဲက သာယာခဲ့ပေမယ့် မလှပခဲ့ဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ အိမ်ကွင်းမှာ တစ်ဂိုးမှ မသွင်းလိုက်ရဘဲ လက်စတာတို့ကို ပြိုင်ဘက်နောက်ခံလူ ဖေးစ်ရဲ့ အုန်းဂိုးနှစ်ဂိုးနဲ့ သာသာယာယာ အနိုင်ရခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးရလဒ်နဲ့အတူ ပရီးမီးယားလိဂ်မှာ နောက်ဆုံး လေးပွဲဆက် အနိုင်ရရှိခဲ့သလို အဆင့် ၄ က စပါးစ်တို့နဲ့ နှစ်မှတ်သာ ကွာတော့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို ပြန်လည်ရယူနိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ မာတစ္ပ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟန္ဒါဆန္၊ သီယာဂိုနဲ႔ အဲလီးေယာ့တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ ႏူးညက္ဇ္နဲ႔ ခ်ိမ္ဘာလိန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ လက္စတာစီးတီးအသင္းကေတာ့ ဂိုးသမား ဒန္နီ ဝါ့ဒ္၊ ခံစစ္မွာ အမာေတ၊ ေဖးစ္၊ ကက္စတာညာနဲ႔ ေသာမတ္စ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒီဒီ၊ ဆူမာေရးနဲ႔ ဂ်ဴးစ္ဘာရီ-ေဟာလ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အယိုေဇ ပီရက္ဇ္၊ ဟာဗီ ဘန္းစ္နဲ႔ ဒါကာတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက လက္စတာတို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဟာဗီ ဘန္းစ္က ဘယ္ျခမ္းကေန အတြင္းကို ခ်ိဳးေပးတာကို ဒါကာက ေနာက္ေပါက္နဲ႔ ခ်ေပးခဲ့ရာမွာ ဂ်ဴးစ္ဘာရီ-ေဟာလ္က လီဗာပူးလ္ခံစစ္ၾကားက ဆြဲေျပးၿပီး ဂိုးသမား အယ္လစ္ဆန္ကို အသာအယာ ေက်ာ္ကန္သြင္းခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဒါကာအစား ဝင္လာတဲ့ ဗာဒီေပးတာကို ဟာဗီ ဘန္းစ္ ဂိုးသြင္းဖို႔ နီးစပ္ခဲ့ေပမယ့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ေလွ်ာထိုးဖ်က္ထုတ္သြားခဲ့လို႔ လီဗာပူးလ္တို႔ သက္သာခဲ့ရၿပီး သုံးမိနစ္အၾကာမွာ တန္ျပန္တိုက္စစ္ကေန ႏူးညက္ဇ္ရဲ႕ တစ္ကိုယ္ေတာ္ ႐ုန္းၿပီး ခ်ိဳးေပးတာကို ဆာလားက ေဘးကန္ပစ္ခဲ့သလို ၂၅ မိနစ္မွာ အီဂ်စ္သားက ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ အန္းဖီးလ္ပရိသတ္ေတြ မခ်င့္မရဲျဖစ္ခဲ့ရတာပါ။

ဒါေပမယ့္ လူမစြမ္း နတ္မဆိုသလိုပဲ ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန အလက္ဇန္းဒါး-အာႏိုးလ္ဒ္က အနိမ့္ေဘာ ျဖတ္တင္ေပးရာမွာ အိမ္ရွင္တိုက္စစ္မႉးေတြ တစ္ေယာက္မွ ရွိမေနခဲ့ေပမယ့္ အေလာတႀကီးနဲ႔ ရွပ္ပ်ာပ်ာဖ်က္တဲ့ လက္စတာခံစစ္မႉး ေဖးစ္ရဲ႕ ကန္ခ်က္က ေခ်ာ္ထိၿပီး ဂိုးသမား ဝါ့ဒ္ကိုပါ ေက်ာ္ၿပီး ဂိုးထဲဝင္သြားခဲ့လို႔ တစ္ဂိုးစီသေရ ျပန္ျဖစ္ေနခဲ့ပါတယ္။


ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ေတြ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန လက္ပစ္ေဘာ ေျမႇာက္ေပးရာမွာ ခ်ိမ္ဘာလိန္ ဖမ္းတားတဲ့ ေဘာလုံးကို ႏူးညက္ဇ္က ေတာက္ေလွ်ာက္ဆြဲေျပးၿပီး လက္စတာဂိုးသမားကို ေက်ာ္သြင္းခဲ့ရာမွာ တိုင္ထိၿပီး ျပန္ထြက္ခဲ့ေပမယ့္ ေနာက္က လိုက္လာတဲ့ ေဖးစ္ကပဲ အမွားအယြင္းမရွိ ကိုယ့္ဂိုးကိုယ္သြင္းခဲ့တာေၾကာင့္ ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

လက္စတာေနာက္ခံလူ ေဖးစ္ကေတာ့ ပရီးမီးယားလိဂ္မွာ ရရွိဖို႔ ခက္ခဲတဲ့ စံခ်ိန္ဆိုးကို ပိုင္ဆိုင္သြားခဲ့တာျဖစ္ၿပီး ၁၉၉၉ ခုႏွစ္က လီဗာပူးလ္ရဲ႕ ေဂ်မီ ကာေရဂါ၊ ၂၀၀၃ ခုႏွစ္မွာ ဆန္ဒါးလန္းရဲ႕ မိုက္ကယ္ ပေရာ့တာ၊ ၂၀၁၃ ခုႏွစ္မွာ စတုတ္ရဲ႕ ဂ်ိဳနသန္ ေဝၚလ္တာစ္တို႔ေနာက္မွာ တစ္ပြဲတည္း အုန္းဂိုး ႏွစ္ဂိုးသြင္းတဲ့ စတုတၳေျမာက္ ကစားသမားလည္းျဖစ္လာခဲ့ၿပီး အန္းဖီးလ္ပရိသတ္ေတြအတြက္ေတာ့ အားေပးခ်င္စရာလည္းျဖစ္ခဲ့ရပါတယ္။

ဒုတိယပိုင္းမွာေတာ့ လက္စတာတို႔ရဲ႕ အေဝးေဘာေတြနဲ႔ ေတာင္ပံတိုက္စစ္ေတြကို လီဗာပူးလ္တို႔ ထိန္းခ်ဳပ္သြားႏိုင္ခဲ့သလို အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕ ဧရိယာအတြင္းက ကန္ခ်က္ကေတာ့ တိုင္ေဘးက ကပ္ထြက္သြားခဲ့ၿပီး ဆာလားကေတာ့ ဒီေန႔မွာ ႏူးညက္ဇ္ဓာတ္ ကူးေနခဲ့သလို အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာ လက္စတာဘက္က ဟာဗီ ဘန္းစ္ရဲ႕ အနီးကပ္ ကန္ခ်က္ကို အယ္လစ္ဆန္ ပိတ္ဆို႔သြားႏိုင္ခဲ့သလို ဂ်ဴးစ္ဘာရီ-ေဟာလ္ရဲ႕ အလြတ္ေခါင္းတိုက္ခ်က္ကလည္း မယုံႏိုင္ေလာက္ေအာင္ ေဘးကို လြဲသြားခဲ့ၿပီး လီဗာပူးလ္တို႔ကေတာ့ အႏိုင္ရလဒ္ကို ထိန္းသိမ္းႏိုင္ဖို႔ ခ်ိမ္ဘာလိန္၊ ေရာဘတ္ဆန္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ အဲလီးေယာ့တို႔အစား ကီတာ၊ ဆီမီကတ္စ္၊ ဂ်ိဳးဂိုမက္ဇ္နဲ႔ ဘိုင္ခ်က္တစ္ခ်္တို႔ကို ထည့္သြင္းသြားခဲ့ပါတယ္။

လက္စတာတို႔ကေတာ့ အန္ဒီဒီနဲ႔ အယိုေဇ ပီရက္ဇ္တို႔အစား တီးလီးမန္းစ္နဲ႔ အီဟန္နာခ်ိဳတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ဘဲ လီဗာပူးလ္တို႔ရဲ႕ ေကာင္တာေတြကေတာင္ ဂိုးရဖို႔ နီးစပ္ခဲ့ၿပီး ႏူးညက္ဇ္ကေတာ့ ေကာင္းခန္းေရာက္ရင္ လုပ္ၿပီဆိုသလိုပဲ အခြင့္အေရးႏွစ္ႀကိမ္ေလာက္ကို လြဲေခ်ာ္ပစ္ခဲ့သလို ဂိုးေရွ႕မွာ အဖ်ားရႉးေနခဲ့တာေၾကာင့္ ႏိုင္ပြဲက သာယာခဲ့ေပမယ့္ မလွပခဲ့ဘဲျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ အိမ္ကြင္းမွာ တစ္ဂိုးမွ မသြင္းလိုက္ရဘဲ လက္စတာတို႔ကို ၿပိဳင္ဘက္ေနာက္ခံလူ ေဖးစ္ရဲ႕ အုန္းဂိုးႏွစ္ဂိုးနဲ႔ သာသာယာယာ အႏိုင္ရခဲ့ၿပီး ႏွစ္ဂိုး-တစ္ဂိုးရလဒ္နဲ႔အတူ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ေလးပြဲဆက္ အႏိုင္ရရွိခဲ့သလို အဆင့္ ၄ က စပါးစ္တို႔နဲ႔ ႏွစ္မွတ္သာ ကြာေတာ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာကို ျပန္လည္ရယူႏိုင္ဖို႔ လမ္းေၾကာင္းမွန္ေပၚ ေရာက္ရွိလာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.