Premier League

မန္စီးတီးအယူခံမေအာင္ရင္ ေပါင္သုံးသန္း နစ္နာမယ့္ ဒီဘ႐ိုင္းနား

ေသာၾကာေန႔က ယူအီးအက္ဖ္ေအက ခ်မွတ္ခဲ့တဲ့ (၂)ရာသီပြဲပယ္ျပစ္ဒဏ္ကို အားကစားခုံ႐ုံး CAS မွာ အယူခံမေအာင္ခဲ့ရင္ နစ္နာမယ့္သူေတြထဲ ကြင္းလယ္လူ ကယ္ဗင္ ဒီဘရိုင္းနားလည္း ထိပ္ဆံုးကေန ပါ၀င္ေနပါတယ္။ တကယ္လို႔ မန္စီးတီးသာ ခ်န္ပီယံလိဂ္ ၀င္ခြင့္မရခဲ့ရင္ ဒီဘယ္လ္ဂ်ီယံ ကြင္းလယ္ၾကယ္ပြင့္ဟာ အပိုဆုေၾကးေပါင္(၃)သန္းေလာက္အထိ နစ္နာသြားမွာပါ။

မန္စီးတီးအသင္းထိပ္တန္းတာ၀န္ရွိသူေတြဟာ လာမယ့္(၂)ရာသီအတြင္း ယူအီးအက္ဖ္ေအၿပိဳင္ပြဲေတြမွာ ဝင္ၿပိဳင္ခြင့္မရရင္ေတာင္မွ နည္းျပ ပက္ဂြာဒီယိုလာနဲ႔အတူ ဆာဂ်ီယို အေဂြ႐ို၊ ရာဟင္းမ္ စတာလင္နဲ႔ ဒီဘ႐ိုင္းနားတုိ႔လို ထိပ္တန္းကစားသမားေတြကို ဆက္ထိန္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

ဒါေပမယ့္ ဘယ္လ္ဂ်ီယံသတင္းစာ တစ္ေစာင္ျဖစ္တဲ့ HLN ရဲ႕ အဆိုအရေတာ့ အသက္(၂၈)ႏွစ္အရြယ္ရွိလာၿပီျဖစ္တဲ့ ကယ္ဗင္ ဒီဘရိုင္းနားတစ္ေယာက္ ခ်န္ပီယံလိဂ္မကန္ရရင္ ေငြေၾကးအားျဖင့္ ဘယ္ေလာက္နစ္နာႏိုင္သလဲဆိုတာကို ထုတ္ေဖာ္ေရးသားသြားခဲ့ပါတယ္။

ဒီဘရိုင္းနားဟာ မန္စီးတီးအသင္းမွာ အေျခခံလစာအေနနဲ႔ တစ္ပတ္မွာ ေပါင္ ၂၈၀၀၀၀ ရရွိေနသလို ထပ္ေဆာင္းအေနနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ရတိုင္း တစ္ရာသီကို အပုိုဆုေၾကး ေပါင္ ၁.၂၅ သန္းစီ ထပ္ေဆာင္းရပါေသးတယ္။ ဒီအပိုဆုေၾကးပမာဏကိုေတာ့ Football Leaksက ထုတ္ေဖာ္ခဲ့တာပါ။

ဒါ့အျပင္ ခ်န္ပီယံလိဂ္မွာသာ မန္စီးတီးဗိုလ္စြဲခဲ့ရင္ ေနာက္ထပ္ ေပါင္(၁)သန္းေတာင္ ထပ္ရဦးမယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အခုအခါ လာမယ့္(၂)ရာသီမွာ မန္စီးတီးအသင္း ခ်န္ပီယံလိဂ္၀င္ခြင့္မရခဲ့ရင္ ဒီဘရိုင္းနားရဲ႕ အပိုဆုေၾကးကလည္း အလိုအေလ်ာက္ေပ်ာက္သြားမွာျဖစ္လို႔ သူဟာ အားလုံးထဲမွာ အနစ္နာဆုံး ကစားသမားျဖစ္ခဲ့တယ္လို႔လည္း ေဖာ္ျပခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: သောကြာနေ့က ယူအီးအက်ဖ်အေက ချမှတ်ခဲ့တဲ့ (၂)ရာသီပွဲပယ်ပြစ်ဒဏ်ကို အားကစားခုံရုံး CAS မှာ အယူခံမအောင်ခဲ့ရင် နစ်နာမယ့်သူတွေထဲ ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနားလည်း ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ တကယ်လို့ မန်စီးတီးသာ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ရင် ဒီဘယ်လ်ဂျီယံ ကွင်းလယ်ကြယ်ပွင့်ဟာ အပိုဆုကြေးပေါင်(၃)သန်းလောက်အထိ နစ်နာသွားမှာပါ။

မန်စီးတီးအသင်းထိပ်တန်းတာဝန်ရှိသူတွေဟာ လာမယ့်(၂)ရာသီအတွင်း ယူအီးအက်ဖ်အေပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မရရင်တောင်မှ နည်းပြ ပက်ဂွာဒီယိုလာနဲ့အတူ ဆာဂျီယို အဂွေရို၊ ရာဟင်းမ် စတာလင်နဲ့ ဒီဘရိုင်းနားတို့လို ထိပ်တန်းကစားသမားတွေကို ဆက်ထိန်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဒါပေမယ့် ဘယ်လ်ဂျီယံသတင်းစာ တစ်စောင်ဖြစ်တဲ့ HLN ရဲ့ အဆိုအရတော့ အသက်(၂၈)နှစ်အရွယ်ရှိလာပြီဖြစ်တဲ့ ကယ်ဗင် ဒီဘရိုင်းနားတစ်ယောက် ချန်ပီယံလိဂ်မကန်ရရင် ငွေကြေးအားဖြင့် ဘယ်လောက်နစ်နာနိုင်သလဲဆိုတာကို ထုတ်ဖော်ရေးသားသွားခဲ့ပါတယ်။

ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းမှာ အခြေခံလစာအနေနဲ့ တစ်ပတ်မှာ ပေါင် ၂၈၀၀၀၀ ရရှိနေသလို ထပ်ဆောင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရတိုင်း တစ်ရာသီကို အပိုဆုကြေး ပေါင် ၁.၂၅ သန်းစီ ထပ်ဆောင်းရပါသေးတယ်။ ဒီအပိုဆုကြေးပမာဏကိုတော့ Football Leaksက ထုတ်ဖော်ခဲ့တာပါ။

ဒါ့အပြင် ချန်ပီယံလိဂ်မှာသာ မန်စီးတီးဗိုလ်စွဲခဲ့ရင် နောက်ထပ် ပေါင်(၁)သန်းတောင် ထပ်ရဦးမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအခါ လာမယ့်(၂)ရာသီမှာ မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် ဒီဘရိုင်းနားရဲ့ အပိုဆုကြေးကလည်း အလိုအလျောက်ပျောက်သွားမှာဖြစ်လို့ သူဟာ အားလုံးထဲမှာ အနစ်နာဆုံး ကစားသမားဖြစ်ခဲ့တယ်လို့လည်း ဖော်ပြခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.