Premier League Transfer News

ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးဆုရှင် အန်ဇို ဖာနန်ဒက်ဇ်အတွက် ချဲလ်ဆီး သဘောတူညီပြီ

၂၀၂၂ ကာတာကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး လူငယ်ဆုရှင် အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးအသင်းဘက်က ဆွေးနွေးနေခဲ့ရာမှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပြီး အာဂျင်တီးနားကစားသမားအနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်အပြီးမှာ ပေါ်တူဂီမြေကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။

အီတလီသား အပြောင်းအရွှေ့ အိတ်စပတ်နဲ့ နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက သူ့ရဲ့ တွစ်တာအကောင့်မှာ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူကို ချဲလ်ဆီးအသင်းအနေနဲ့ တိုက်ရိုက်ချဉ်းကပ်ဆွေးနွေးခဲ့တယ်လို့ ဆိုခဲ့သလို လိုချင်တယ်လို့ နာမည်ထွက်ခဲ့တဲ့ အသင်းတွေထဲက မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကတော့ လှုပ်ရှားမှု မရှိသေးဘူးလို့ ဆိုပါတယ်။

ဘင်ဖီကာအသင်းရဲ့ နည်းပြဖြစ်သူ ရော်ဂျာ ရှမစ်ဒ်ကို မေးမြန်းမှုတွေမှာတော့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ကစားသမားဘဝ နောက်တစ်ဆင့်ကို တိုးမြင့်နိုင်မယ့် အခွင့်အရေးအတွက် ရွေးချယ်မှုအားလုံးကို သူ့အနေနဲ့ လေးစားရမှာဖြစ်ကြောင်း ဖြေကြားသွားခဲ့သလို သူ့အနေနဲ့ တားဆီးနိုင်မှာ မဟုတ်ဘဲ နောက်ထပ် အသင်းရွေးချယ်မှုအတွက် အကြံကောင်းပေးဖို့သာ ရှိကြောင်းလည်း သတင်းထောက်တွေကို ပြောသွားခဲ့တာပါ။

ရှမစ်ဒ်ကတော့ လက်ရှိအချိန်မှာ အာဂျင်တီးနားကြယ်ပွင့်ရဲ့ အသင်းသစ်အတွက် ဘာမှ တိတိကျကျ ထုတ်ဖော်ပြောလို့ မရသေးဘူးလို့လည်း ဆိုလိုက်ပြီး ဘင်ဖီကာအသင်းကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဘယ်သူ့ကိုမှ ထွက်ခွာခွင့်ပေးမှာ မဟုတ်တဲ့အတွက် စောင့်ကြည့်ဖို့ပဲ ပြောသွားခဲ့သလို ရေးဗားပလိတ်ကနေ ပေါ်တူဂီရောက်ပြီး ၆ လအကြာမှာ အကျိုးအမြတ် ကြီးကြီးမားမား ရရှိခဲ့ရင်တော့ ဘယ်သူကမှ တားဆီးမှာလည်း မဟုတ်တာဖြစ်ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်အနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ပုဂ္ဂိုလ်ရေး ကမ်းလှမ်းမှုတွေကို Yes လို့ သဘောတူညီမှု ပေးထားခဲ့တယ်လို့ သိရပြီး ဘင်ဖီကာ အသင်းနဲ့တော့ နှစ်သင်းကြား အပြောင်းအရွှေ့ကိစ္စနဲ့ ပေးချေရမယ့် ငွေကြေးပမာဏတွေကို ဆက်လက်ဆွေးနွေးသွားဖို့ ရှိနေသလို ပေါ်တူဂီကလပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးရမှ ရောင်းချမယ်ဆိုတဲ့ အပေါ်မှာ ဘယ်လိုအပြောင်းအလဲ ရှိဦးမလဲတော့ စောင့်ကြည့်ရမှာပါ။

ဘယ်လောက်ပဲ ထွန်းတောက်တဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်နေဖြစ်နေ သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေ ပုံမှန်ရှာဖွေပေးလေ့ရှိတဲ့ တိုက်စစ်မှူး သို့မဟုတ် တောင်ပံကစားသမားတစ်ဦး မဟုတ်ဘဲ ကွင်းလယ်ကို ထိန်းကျောင်းသူတစ်ယောက်သာဖြစ်နေတဲ့ ဖာနန်ဒက်ဇ်အတွက် ယူရိုသန်း ၁၂၀ (ပေါင် ၁၀၅ သန်း) ဆိုတာကတော့ များပြားတယ်လို့ ဆိုနိုင်ကောင်းတဲ့ ပမာဏလည်းဖြစ်နေလို့ ချဲလ်ဆီးတို့ရဲ့ ရွှေ့ကွက်ကိုလည်း ကြည့်ရဦးမှာဖြစ်ပါတယ်။

အပြောင်းအရွှေ့အတွက် ဆွေးနွေးရာမှာ ဖျံကျလွန်းသူ မမကြီး မာရီယာ ဂရာနော့ဗ်စကားယာ မရှိတဲ့နောက်မှာ နည်းစနစ်ဒါရိုက်တာ ရာထူးကိုတောင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာမှ RB လိုက်ပ်ဇစ်အသင်းကနေ ခရစ္စတိုဗာ ဗီဗဲလ်ကို ခန့်အပ်ထားခဲ့ရပြီး လုပ်ငန်းဆောင်တာတွေကို ပိုင်ရှင် တော့ဒ် ဘိုလီကိုယ်တိုင် ဝင်ကြဲနေခဲ့ရတာပါ။

အန်ဇို ဖာနန်ဒက်ဇ်အတွက် ငွေပေးချေမှုအတွက်တော့ တစ်ပြားမှ မလျှော့ဘူးပြောထားတဲ့ ယူရိုသန်း ၁၂၀ ကို ဘယ်လိုပုံစံမျိုးနဲ့ ခွဲဝေပေးချေမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေခဲ့ပြီး ဘင်ဖီကာအသင်း တာဝန်ရှိသူတွေကတော့ ကလပ်အသင်းဆီကို လက်ရှိအချိန်အထိ ဘယ်လိုမျိုး တရားဝင် ကမ်းလှမ်းမှုမှ ရောက်မလာသေးဘူးလို့လည်း အတည်ပြုထားခဲ့ပါတယ်။

ချဲလ်ဆီးတို့အနေနဲ့ ရာသီအစက မပြင်ဆင်နိုင်မှုတွေကြောင့် လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၈ နေရာမှာသာ ရပ်တည်နေပြီး လာမယ့်နှစ်ကို ချန်ပီယံလိဂ် ဝင်ခွင့်ပျောက်မယ့် အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ဆောင်းရာသီဈေးကွက်ကို ခပ်သွက်သွက် လှုပ်ရှားနေခဲ့ပြီး ပထမဆုံး ကစားသမားအဖြစ် နော်ဝေကလပ် မိုလ်ဒီမှာ ခြေစွမ်းပြခဲ့တဲ့ အိုင်ဗရီကို့စ် လူငယ်တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖာနာကိုလည်း ခေါ်ယူထားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၂ ကာတာကမာၻ႔ဖလားရဲ႕ အေကာင္းဆုံး လူငယ္ဆုရွင္ အန္ဇို ဖာနန္ဒက္ဇ္ကို ေခၚယူႏိုင္ဖို႔ ခ်ဲလ္ဆီးအသင္းဘက္က ေဆြးေႏြးေနခဲ့ရာမွာ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ၿပီး အာဂ်င္တီးနားကစားသမားအေနနဲ႔ ကမာၻ႔ဖလားခ်န္ပီယံျဖစ္အၿပီးမွာ ေပၚတူဂီေျမကေန ထြက္ခြာဖို႔ ဆႏၵရွိေနေၾကာင္းလည္း သိရပါတယ္။

အီတလီသား အေျပာင္းအေ႐ႊ႕ အိတ္စပတ္နဲ႔ နာမည္ႀကီး ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက သူ႔ရဲ႕ တြစ္တာအေကာင့္မွာ သတင္းထုတ္ျပန္ခဲ့တာ ျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ ကြင္းလယ္လူကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ တိုက္႐ိုက္ခ်ဥ္းကပ္ေဆြးေႏြးခဲ့တယ္လို႔ ဆိုခဲ့သလို လိုခ်င္တယ္လို႔ နာမည္ထြက္ခဲ့တဲ့ အသင္းေတြထဲက မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ကေတာ့ လႈပ္ရွားမႈ မရွိေသးဘူးလို႔ ဆိုပါတယ္။

ဘင္ဖီကာအသင္းရဲ႕ နည္းျပျဖစ္သူ ေရာ္ဂ်ာ ရွမစ္ဒ္ကို ေမးျမန္းမႈေတြမွာေတာ့ အန္ဇို ဖာနန္ဒက္ဇ္ရဲ႕ ကစားသမားဘဝ ေနာက္တစ္ဆင့္ကို တိုးျမင့္ႏိုင္မယ့္ အခြင့္အေရးအတြက္ ေ႐ြးခ်ယ္မႈအားလုံးကို သူ႔အေနနဲ႔ ေလးစားရမွာျဖစ္ေၾကာင္း ေျဖၾကားသြားခဲ့သလို သူ႔အေနနဲ႔ တားဆီးႏိုင္မွာ မဟုတ္ဘဲ ေနာက္ထပ္ အသင္းေ႐ြးခ်ယ္မႈအတြက္ အႀကံေကာင္းေပးဖို႔သာ ရွိေၾကာင္းလည္း သတင္းေထာက္ေတြကို ေျပာသြားခဲ့တာပါ။

ရွမစ္ဒ္ကေတာ့ လက္ရွိအခ်ိန္မွာ အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ အသင္းသစ္အတြက္ ဘာမွ တိတိက်က် ထုတ္ေဖာ္ေျပာလို႔ မရေသးဘူးလို႔လည္း ဆိုလိုက္ၿပီး ဘင္ဖီကာအသင္းကေန ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ ဘယ္သူ႔ကိုမွ ထြက္ခြာခြင့္ေပးမွာ မဟုတ္တဲ့အတြက္ ေစာင့္ၾကည့္ဖို႔ပဲ ေျပာသြားခဲ့သလို ေရးဗားပလိတ္ကေန ေပၚတူဂီေရာက္ၿပီး ၆ လအၾကာမွာ အက်ိဳးအျမတ္ ႀကီးႀကီးမားမား ရရွိခဲ့ရင္ေတာ့ ဘယ္သူကမွ တားဆီးမွာလည္း မဟုတ္တာျဖစ္ပါတယ္။

အန္ဇို ဖာနန္ဒက္ဇ္အေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ပုဂၢိဳလ္ေရး ကမ္းလွမ္းမႈေတြကို Yes လို႔ သေဘာတူညီမႈ ေပးထားခဲ့တယ္လို႔ သိရၿပီး ဘင္ဖီကာ အသင္းနဲ႔ေတာ့ ႏွစ္သင္းၾကား အေျပာင္းအေ႐ႊ႕ကိစၥနဲ႔ ေပးေခ်ရမယ့္ ေငြေၾကးပမာဏေတြကို ဆက္လက္ေဆြးေႏြးသြားဖို႔ ရွိေနသလို ေပၚတူဂီကလပ္ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးရမွ ေရာင္းခ်မယ္ဆိုတဲ့ အေပၚမွာ ဘယ္လိုအေျပာင္းအလဲ ရွိဦးမလဲေတာ့ ေစာင့္ၾကည့္ရမွာပါ။

ဘယ္ေလာက္ပဲ ထြန္းေတာက္တဲ့ ၾကယ္ပြင့္တစ္ပြင့္ျဖစ္ေနျဖစ္ေန သြင္းဂိုးေတြနဲ႔ ဖန္တီးမႈေတြ ပုံမွန္ရွာေဖြေပးေလ့ရွိတဲ့ တိုက္စစ္မႉး သို႔မဟုတ္ ေတာင္ပံကစားသမားတစ္ဦး မဟုတ္ဘဲ ကြင္းလယ္ကို ထိန္းေက်ာင္းသူတစ္ေယာက္သာျဖစ္ေနတဲ့ ဖာနန္ဒက္ဇ္အတြက္ ယူ႐ိုသန္း ၁၂၀ (ေပါင္ ၁၀၅ သန္း) ဆိုတာကေတာ့ မ်ားျပားတယ္လို႔ ဆိုႏိုင္ေကာင္းတဲ့ ပမာဏလည္းျဖစ္ေနလို႔ ခ်ဲလ္ဆီးတို႔ရဲ႕ ေ႐ႊ႕ကြက္ကိုလည္း ၾကည့္ရဦးမွာျဖစ္ပါတယ္။

အေျပာင္းအေ႐ႊ႕အတြက္ ေဆြးေႏြးရာမွာ ဖ်ံက်လြန္းသူ မမႀကီး မာရီယာ ဂရာေနာ့ဗ္စကားယာ မရွိတဲ့ေနာက္မွာ နည္းစနစ္ဒါ႐ိုက္တာ ရာထူးကိုေတာင္ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွာမွ RB လိုက္ပ္ဇစ္အသင္းကေန ခရစၥတိုဗာ ဗီဗဲလ္ကို ခန႔္အပ္ထားခဲ့ရၿပီး လုပ္ငန္းေဆာင္တာေတြကို ပိုင္ရွင္ ေတာ့ဒ္ ဘိုလီကိုယ္တိုင္ ဝင္ႀကဲေနခဲ့ရတာပါ။

အန္ဇို ဖာနန္ဒက္ဇ္အတြက္ ေငြေပးေခ်မႈအတြက္ေတာ့ တစ္ျပားမွ မေလွ်ာ့ဘူးေျပာထားတဲ့ ယူ႐ိုသန္း ၁၂၀ ကို ဘယ္လိုပုံစံမ်ိဳးနဲ႔ ခြဲေဝေပးေခ်မလဲ ဆိုတာကေတာ့ စိတ္ဝင္စားစရာေကာင္းေနခဲ့ၿပီး ဘင္ဖီကာအသင္း တာဝန္ရွိသူေတြကေတာ့ ကလပ္အသင္းဆီကို လက္ရွိအခ်ိန္အထိ ဘယ္လိုမ်ိဳး တရားဝင္ ကမ္းလွမ္းမႈမွ ေရာက္မလာေသးဘူးလို႔လည္း အတည္ျပဳထားခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔အေနနဲ႔ ရာသီအစက မျပင္ဆင္ႏိုင္မႈေတြေၾကာင့္ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၈ ေနရာမွာသာ ရပ္တည္ေနၿပီး လာမယ့္ႏွစ္ကို ခ်န္ပီယံလိဂ္ ဝင္ခြင့္ေပ်ာက္မယ့္ အေရးနဲ႔ ရင္ဆိုင္ေနရတာျဖစ္လို႔ ေဆာင္းရာသီေဈးကြက္ကို ခပ္သြက္သြက္ လႈပ္ရွားေနခဲ့ၿပီး ပထမဆုံး ကစားသမားအျဖစ္ ေနာ္ေဝကလပ္ မိုလ္ဒီမွာ ေျခစြမ္းျပခဲ့တဲ့ အိုင္ဗရီကို႔စ္ လူငယ္တိုက္စစ္မႉး ေဒးဗစ္ ဒါထ႐ို ဖိုဖာနာကိုလည္း ေခၚယူထားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.