La Liga Premier League Transfer News

ချဲလ်ဆီး လက်ရှောင်တဲ့ ဂျာအို ဖဲလစ္စကို အာဆင်နယ်တို့ ခေါ်ရင် ဘယ်လောက်ကုန်မှာလဲ

အမှတ်ပေးဇယားထိပ်နဲ့ အတော်အတန် ဝေးနေပြီး တိုက်စစ်မှူး လိုအပ်ချက်ရှိနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းကနေ အငှားချမယ်ဆိုတဲ့ ပေါ်တူဂီသား ဂျာအို ဖဲလစ္စကို ခေါ်ယူဖို့ ချိတ်ဆက်စုံစမ်းခဲ့ပေမယ့် ဈေးကြီးလွန်းတယ်ဆိုပြီး လက်ရှောင်သွားခဲ့တာကြောင့် လန်ဒန်ပြိုင်ဘက် အာဆင်နယ်တို့အတွက် အခွင့်အရေး ကောင်းနေပေမယ့် ရှေ့ဆက်တိုးမလားဆိုတာကတော့ မဝေခွဲနိုင်သေးတာဖြစ်ပါတယ်။

အက်သလက်တီကိုရဲ့ တရားလွန် ခံစစ်ကစားတဲ့ နည်းပြ ဒီယေဂို ဆီမီယွန်နီနဲ့ မကြည်လင်ဘူးဆိုတဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ သူ့ရဲ့ အသင်းအနေနဲ့ ကမ္ဘာ့ဖလားကနေ မော်ရိုကို,ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရပေမယ့် ခြေစွမ်းမြင့်မားမှုရှိကြောင်းကို သက်သေပြနိုင်ခဲ့ပြီး ကလပ်ထက် နိုင်ငံမှာ ပိုမို တောက်ပနိုင်ခဲ့တာကြောင့် ခေါ်ယူလိုတဲ့ အသင်းတွေက စောင့်ကြည့်နေခဲ့ကြတာပါ။

ဖဲလစ္စအနေနဲ့ သူ့ရဲ့ အရည်အသွေးတွေကို အစွမ်းကုန် ထုတ်မပြနိုင်အောင် ထိန်းချုပ်ခံထားရတဲ့ မက်ဒရစ်အခြေစိုက်အသင်းကနေ ထွက်ခွာဖို့ အလိုရှိနေပြီး အေးဂျင့်ဖြစ်သူ ဂျော်ဂျီ မန်ဒက်စ်ကိုလည်း အသင်းသစ် ရှာဖွေခိုင်းထားရာမှာ သူနဲ့ ရင်းနှီးတဲ့ ဘရာဇီးလ်သား အီဒူး ဂက်စ်ပါရဲ့ အာဆင်နယ် အသင်းအနေနဲ့ ခေါ်ယူနိုင်ဖို့ တစ်ပန်းသာနေခဲ့တာဖြစ်ပါတယ်။

လာလီဂါရဲ့ တင်းကျပ်စပြုလာတဲ့ ဘဏ္ဏာရေးစည်းမျဉ်းတွေကြောင့် အသင်းကို အကျိုးပြုမှု အကန့်သတ် ရှိနေတဲ့ ဖဲလစ္စကို အက်သလက်တီကိုတို့ဘက်ကတော့ ဇန်နဝါရီမှာ အငှားချထားဖို့ စီစဉ်နေပြီး အငှားကြေး ပေါင် ၈ သန်း တောင်းဆိုထားသလို လစာရဲ့ တစ်ရာရာခိုင်နှုန်းကို ကျခံပေးရမယ့်လို့ ဈေးကွက်တင်ထားခဲ့တာပါ။

ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ သူတို့ရဲ့ တောင်းဆိုမှုအတိုင်းသာ ပေးချေခဲ့မယ်ဆိုရင်တော့ ၆ လတာ စာချုပ်အတွက် တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းခွဲကို ပေးချေရမှာဖြစ်လို့ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးကို နွေရာသီအထိ ပေါင် ၆ သန်းခွဲ ကျသင့်မှာဖြစ်ပြီး အငှားကြေးနဲ့ဆိုရင်တော့ ပေါင် ၁၄.၅ သန်း ကုန်ကျမှာလည်းဖြစ်ပါတယ်။

အာဆင်နယ်တို့အတွက်တော့ ဒီပမာဏနဲ့ ၆ လတာ ကစားသမားတစ်ဦးကို ခေါ်ယူရမယ်ဆိုတာ အနည်းငယ်တော့ စဉ်းစားစရာဖြစ်နေပြီး ဒဏ်ရာရနေတဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်နေရာကို အစားထိုးဖို့အတွက် သူနဲ့ လုပ်ခလစာတူ ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ဆိုတာကလည်း ဘဏ္ဏာရေး အသုံးစရိတ်အရ လွယ်တော့ မလွယ်ကူလှတာပါ။

ဒါပေမယ့် ဖဲလစ္စရဲ့ ပေါ်တူဂီအသင်းနဲ့ ပြသခဲ့တဲ့ အရည်အသွေးနဲ့ တိုက်စစ်ပိုင်းမှာ နေရာစုံ ရွေ့လျားကစားနိုင်တဲ့ အသင်းကို အကျိုးပြုကစားဟန်အရ ဂျေဆူးစ်နဲ့ ပုံစံတူချင်း အစားထိုးနိုင်မှာဖြစ်လို့ အားကစားဒါရိုက်တာ အီဒူးနဲ့ နည်းပြ အာတီတာတို့ မျက်စိမှိတ်ခေါ်ယူသွားမလားဆိုတာ စိတ်ဝင်စားရာ ဖြစ်နေပြီး ဦးစားပေး ပစ်မှတ် မိုက်ခေလို မူဒရစ်နဲ့အတူ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အမွတ္ေပးဇယားထိပ္နဲ႔ အေတာ္အတန္ ေဝးေနၿပီး တိုက္စစ္မႉး လိုအပ္ခ်က္ရွိေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အက္သလက္တီကို မက္ဒရစ္ အသင္းကေန အငွားခ်မယ္ဆိုတဲ့ ေပၚတူဂီသား ဂ်ာအို ဖဲလစၥကို ေခၚယူဖို႔ ခ်ိတ္ဆက္စုံစမ္းခဲ့ေပမယ့္ ေဈးႀကီးလြန္းတယ္ဆိုၿပီး လက္ေရွာင္သြားခဲ့တာေၾကာင့္ လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္တို႔အတြက္ အခြင့္အေရး ေကာင္းေနေပမယ့္ ေရွ႕ဆက္တိုးမလားဆိုတာကေတာ့ မေဝခြဲႏိုင္ေသးတာျဖစ္ပါတယ္။

အက္သလက္တီကိုရဲ႕ တရားလြန္ ခံစစ္ကစားတဲ့ နည္းျပ ဒီေယဂို ဆီမီယြန္နီနဲ႔ မၾကည္လင္ဘူးဆိုတဲ့ ေပၚတူဂီတိုက္စစ္မႉးဟာ သူ႔ရဲ႕ အသင္းအေနနဲ႔ ကမာၻ႔ဖလားကေန ေမာ္႐ိုကို,ကို ရႈံးနိမ့္ၿပီး ထြက္ခြာခဲ့ရေပမယ့္ ေျခစြမ္းျမင့္မားမႈရွိေၾကာင္းကို သက္ေသျပႏိုင္ခဲ့ၿပီး ကလပ္ထက္ ႏိုင္ငံမွာ ပိုမို ေတာက္ပႏိုင္ခဲ့တာေၾကာင့္ ေခၚယူလိုတဲ့ အသင္းေတြက ေစာင့္ၾကည့္ေနခဲ့ၾကတာပါ။

ဖဲလစၥအေနနဲ႔ သူ႔ရဲ႕ အရည္အေသြးေတြကို အစြမ္းကုန္ ထုတ္မျပႏိုင္ေအာင္ ထိန္းခ်ဳပ္ခံထားရတဲ့ မက္ဒရစ္အေျခစိုက္အသင္းကေန ထြက္ခြာဖို႔ အလိုရွိေနၿပီး ေအးဂ်င့္ျဖစ္သူ ေဂ်ာ္ဂ်ီ မန္ဒက္စ္ကိုလည္း အသင္းသစ္ ရွာေဖြခိုင္းထားရာမွာ သူနဲ႔ ရင္းႏွီးတဲ့ ဘရာဇီးလ္သား အီဒူး ဂက္စ္ပါရဲ႕ အာဆင္နယ္ အသင္းအေနနဲ႔ ေခၚယူႏိုင္ဖို႔ တစ္ပန္းသာေနခဲ့တာျဖစ္ပါတယ္။

လာလီဂါရဲ႕ တင္းက်ပ္စျပဳလာတဲ့ ဘဏၰာေရးစည္းမ်ဥ္းေတြေၾကာင့္ အသင္းကို အက်ိဳးျပဳမႈ အကန႔္သတ္ ရွိေနတဲ့ ဖဲလစၥကို အက္သလက္တီကိုတို႔ဘက္ကေတာ့ ဇန္နဝါရီမွာ အငွားခ်ထားဖို႔ စီစဥ္ေနၿပီး အငွားေၾကး ေပါင္ ၈ သန္း ေတာင္းဆိုထားသလို လစာရဲ႕ တစ္ရာရာခိုင္ႏႈန္းကို က်ခံေပးရမယ့္လို႔ ေဈးကြက္တင္ထားခဲ့တာပါ။

ေခၚယူလိုတဲ့ အသင္းေတြအေနနဲ႔ သူတို႔ရဲ႕ ေတာင္းဆိုမႈအတိုင္းသာ ေပးေခ်ခဲ့မယ္ဆိုရင္ေတာ့ ၆ လတာ စာခ်ဳပ္အတြက္ တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းခြဲကို ေပးေခ်ရမွာျဖစ္လို႔ အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေႏြရာသီအထိ ေပါင္ ၆ သန္းခြဲ က်သင့္မွာျဖစ္ၿပီး အငွားေၾကးနဲ႔ဆိုရင္ေတာ့ ေပါင္ ၁၄.၅ သန္း ကုန္က်မွာလည္းျဖစ္ပါတယ္။

အာဆင္နယ္တို႔အတြက္ေတာ့ ဒီပမာဏနဲ႔ ၆ လတာ ကစားသမားတစ္ဦးကို ေခၚယူရမယ္ဆိုတာ အနည္းငယ္ေတာ့ စဥ္းစားစရာျဖစ္ေနၿပီး ဒဏ္ရာရေနတဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ေနရာကို အစားထိုးဖို႔အတြက္ သူနဲ႔ လုပ္ခလစာတူ ကစားသမားတစ္ဦးကို ေခၚယူဖို႔ ဆိုတာကလည္း ဘဏၰာေရး အသုံးစရိတ္အရ လြယ္ေတာ့ မလြယ္ကူလွတာပါ။

ဒါေပမယ့္ ဖဲလစၥရဲ႕ ေပၚတူဂီအသင္းနဲ႔ ျပသခဲ့တဲ့ အရည္အေသြးနဲ႔ တိုက္စစ္ပိုင္းမွာ ေနရာစုံ ေ႐ြ႕လ်ားကစားႏိုင္တဲ့ အသင္းကို အက်ိဳးျပဳကစားဟန္အရ ေဂ်ဆူးစ္နဲ႔ ပုံစံတူခ်င္း အစားထိုးႏိုင္မွာျဖစ္လို႔ အားကစားဒါ႐ိုက္တာ အီဒူးနဲ႔ နည္းျပ အာတီတာတို႔ မ်က္စိမွိတ္ေခၚယူသြားမလားဆိုတာ စိတ္ဝင္စားရာ ျဖစ္ေနၿပီး ဦးစားေပး ပစ္မွတ္ မိုက္ေခလို မူဒရစ္နဲ႔အတူ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.