International Premier League World Cup

တစ်ဆုံးမွှေပြီးတဲ့နောက် ဗီလာကို ပြန်လာကစားတော့မယ့် ဂိုးသမား မာတီနက်ဇ်

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားကို ရယူသိမ်းပိုက်နိုင်ခဲ့အပြီးမှာ သူ့ရဲ့ ပင်နယ်တီလက်စွမ်းတွေမှာ ဝင့်ကြွားနေပုံရှိတဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်အနေနဲ့ ဆုပေးပွဲမှာ ရွှေလက်အိတ်နဲ့ ကော့ပြခဲ့သလို အာဂျင်တီးနားမြေမှာ အောင်ပွဲခံပြန်တော့လည်း ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေရဲ့ အရုပ်ကို လက်ထဲကိုင်ပြီး ပွဲရှာခဲ့ပြန်လို့ မြို့မေတ္တာ ခံယူခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဂျင်တီးနားအသင်းနဲ့အတူ မိခင်မြေမှာ အားလပ်ရက်ခံစားနေတဲ့ မာတီနက်ဇ်ရဲ့ ခွင့်ရက်တွေက ကုန်ဆုံးတော့မှာဖြစ်လို့ မိခင်ကလပ်အသင်း အက်စ်တန်ဗီလာနဲ့ ပြန်လည်ပူးပေါင်းဖို့ ရှိနေပြီး နည်းပြသစ် အူနိုင်း အမ်မရီနဲ့ ပြန်လည်ပူးပေါင်း အလုပ်လုပ်ရဖို့ ရှိနေသလို အရန်ဂိုးသမား ရော်ဘင် အော်လ်ဆန်နဲ့ ကစားနေရတဲ့ အသင်းကို အားဖြည့်သွားရဖို့ ရှိနေတာပါ။

ကမ္ဘာ့ဖလားမှာ ဗိုလ်ပွဲအထိ ကစားခဲ့ရတဲ့အတွက် ဘာမင်ဂမ်အခြေစိုက် ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ စပိန်သားနည်းပြတို့ဘက်က အသက် ၃၀ အရွယ် ဂိုးသမားကို ခွင့်ရက်ရှည် ၁၂ ရက်အထိ ပေးထားခဲ့တာဖြစ်ပြီး ဆွီဒင်သားဂိုးသမား လီဗာပူးလ်နဲ့ပွဲမှာ အသုံးပြုခဲ့ရသလို မာတီနက်ဇ်အနေနဲ့ ဒီရက်ပိုင်းတွေမှာ အနားယူနိုင်ခဲ့ပြီးတဲ့နောက် လာမယ့် နှစ်သစ်ကူးနေ့ စပါးစ်နဲ့ ပွဲစဉ်မှာ ပြန်လည်ပွဲထွက်နိုင်မှာဖြစ်ပါတယ်။

အက်စ်တန်ဗီလာအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို အင်္ဂါနေ့က ပြန်ရောက်လာခဲ့တဲ့ မာတီနက်ဇ်အနေနဲ့ လာမယ့်ပွဲစဉ်မှာတော့ သူနဲ့ ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ စပါးစ်အသင်းရဲ့ ဂိုးသမား ဟူဂို လိုရစ်နဲ့ ယှဉ်ပြိုင်လက်စွမ်းပြရဖို့ရှိနေပြီး ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်မှာတော့ သူတို့နှစ်ဦးစလုံးကို ကလပ်အသင်းတွေက အနားပေးထားခဲ့တာပါ။

မာတီနက်ဇ်အနေနဲ့ သူနဲ့အတူ အာဂျင်တီးနားက ပြန်လာတဲ့ အသင်းဖော် ခရစ္စတီယန် ရိုမဲရိုးကိုလည်း စပါးစ်အသင်းရဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားရဖို့ ရှိနေပြီး လီဗာပူးလ်ကို အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသမားရဲ့ အားနည်းချက်ကြောင့် အားမရခဲ့ကြတဲ့ ဗီလာပရိသတ်တွေအနေနဲ့တော့ အဝေးကွင်းမှာ အမှတ်ခွဲယူနိုင်ဖို့ မျှော်လင့်ကြမှာဖြစ်ပါတယ်။

တိုက်စစ်ထက် ခံစစ်ကို ပိုမိုအားသန်တဲ့ အာဆင်နယ်နည်းပြဟောင်း ယူရိုပါလိဂ်မာစတာအနေနဲ့ စပါးစ်ကွင်းမှာ ကွင်းလယ်ကို ထိန်းချုပ်ကစားပြီး ကောင်တာကို အားပြုဖို့ ပြင်ဆင်လာနိုင်ပြီး မာတီနက်ဇ်ကို အောင်ပွဲခံပုံနဲ့ ပတ်သက်လို့ သတိပေးမယ်လို့ ဆိုထားခဲ့တဲ့ အမ်မရီအနေနဲ့ သူတို့ကြားမှာ လာမယ့် ပွဲတွေကို အာရုံစိုက်ကစားဖို့ ဆွေးနွေးမှုတွေတော့ ရှိထားနိုင်ပါတယ်။

အာဂျင်တီးနားနဲ့ လက်စွမ်းပြခဲ့တဲ့ အာဆင်နယ်ဂိုးသမားဟောင်းကို လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းနဲ့ အီတလီ စီးရီးအေကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အိုးလ်လေဒီတွေအနေနဲ့ သူ့ကို ပေါင်ဆယ်သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ကြေး ပေးချေသွားမှာဖြစ်သလို ကစားသမားအလိုက်အဖြစ် နောက်ထပ် အာဆင်နယ်ဟောင်းပဲဖြစ်တဲ့ ပိုလန်ဂိုးသမား ဗွိုင်ချက် ရှချက်စနီကို ထည့်သွင်းကမ်းလှမ်းသွားမယ်လို့လည်း သတင်းထွက်နေကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ကမာၻ႔ဖလားကို ရယူသိမ္းပိုက္ႏိုင္ခဲ့အၿပီးမွာ သူ႔ရဲ႕ ပင္နယ္တီလက္စြမ္းေတြမွာ ဝင့္ႂကြားေနပုံရွိတဲ့ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္အေနနဲ႔ ဆုေပးပြဲမွာ ေ႐ႊလက္အိတ္နဲ႔ ေကာ့ျပခဲ့သလို အာဂ်င္တီးနားေျမမွာ ေအာင္ပြဲခံျပန္ေတာ့လည္း ျပင္သစ္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပရဲ႕ အ႐ုပ္ကို လက္ထဲကိုင္ၿပီး ပြဲရွာခဲ့ျပန္လို႔ ၿမိဳ႕ေမတၱာ ခံယူခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အာဂ်င္တီးနားအသင္းနဲ႔အတူ မိခင္ေျမမွာ အားလပ္ရက္ခံစားေနတဲ့ မာတီနက္ဇ္ရဲ႕ ခြင့္ရက္ေတြက ကုန္ဆုံးေတာ့မွာျဖစ္လို႔ မိခင္ကလပ္အသင္း အက္စ္တန္ဗီလာနဲ႔ ျပန္လည္ပူးေပါင္းဖို႔ ရွိေနၿပီး နည္းျပသစ္ အူႏိုင္း အမ္မရီနဲ႔ ျပန္လည္ပူးေပါင္း အလုပ္လုပ္ရဖို႔ ရွိေနသလို အရန္ဂိုးသမား ေရာ္ဘင္ ေအာ္လ္ဆန္နဲ႔ ကစားေနရတဲ့ အသင္းကို အားျဖည့္သြားရဖို႔ ရွိေနတာပါ။

ကမာၻ႔ဖလားမွာ ဗိုလ္ပြဲအထိ ကစားခဲ့ရတဲ့အတြက္ ဘာမင္ဂမ္အေျခစိုက္ ပရီးမီးယားလိဂ္ကလပ္အသင္းနဲ႔ စပိန္သားနည္းျပတို႔ဘက္က အသက္ ၃၀ အ႐ြယ္ ဂိုးသမားကို ခြင့္ရက္ရွည္ ၁၂ ရက္အထိ ေပးထားခဲ့တာျဖစ္ၿပီး ဆြီဒင္သားဂိုးသမား လီဗာပူးလ္နဲ႔ပြဲမွာ အသုံးျပဳခဲ့ရသလို မာတီနက္ဇ္အေနနဲ႔ ဒီရက္ပိုင္းေတြမွာ အနားယူႏိုင္ခဲ့ၿပီးတဲ့ေနာက္ လာမယ့္ ႏွစ္သစ္ကူးေန႔ စပါးစ္နဲ႔ ပြဲစဥ္မွာ ျပန္လည္ပြဲထြက္ႏိုင္မွာျဖစ္ပါတယ္။

အက္စ္တန္ဗီလာအသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို အဂၤါေန႔က ျပန္ေရာက္လာခဲ့တဲ့ မာတီနက္ဇ္အေနနဲ႔ လာမယ့္ပြဲစဥ္မွာေတာ့ သူနဲ႔ ကမာၻ႔ဖလား ဖိုင္နယ္မွာ ၿပိဳင္ဘက္ျဖစ္ခဲ့တဲ့ စပါးစ္အသင္းရဲ႕ ဂိုးသမား ဟူဂို လိုရစ္နဲ႔ ယွဥ္ၿပိဳင္လက္စြမ္းျပရဖို႔ရွိေနၿပီး ၿပီးခဲ့တဲ့ ေဘာက္ဆင္ေဒးပြဲစဥ္မွာေတာ့ သူတို႔ႏွစ္ဦးစလုံးကို ကလပ္အသင္းေတြက အနားေပးထားခဲ့တာပါ။

မာတီနက္ဇ္အေနနဲ႔ သူနဲ႔အတူ အာဂ်င္တီးနားက ျပန္လာတဲ့ အသင္းေဖာ္ ခရစၥတီယန္ ႐ိုမဲ႐ိုးကိုလည္း စပါးစ္အသင္းရဲ႕ ၿပိဳင္ဘက္အျဖစ္ ရင္ဆိုင္ကစားရဖို႔ ရွိေနၿပီး လီဗာပူးလ္ကို အိမ္ကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ဂိုးသမားရဲ႕ အားနည္းခ်က္ေၾကာင့္ အားမရခဲ့ၾကတဲ့ ဗီလာပရိသတ္ေတြအေနနဲ႔ေတာ့ အေဝးကြင္းမွာ အမွတ္ခြဲယူႏိုင္ဖို႔ ေမွ်ာ္လင့္ၾကမွာျဖစ္ပါတယ္။

တိုက္စစ္ထက္ ခံစစ္ကို ပိုမိုအားသန္တဲ့ အာဆင္နယ္နည္းျပေဟာင္း ယူ႐ိုပါလိဂ္မာစတာအေနနဲ႔ စပါးစ္ကြင္းမွာ ကြင္းလယ္ကို ထိန္းခ်ဳပ္ကစားၿပီး ေကာင္တာကို အားျပဳဖို႔ ျပင္ဆင္လာႏိုင္ၿပီး မာတီနက္ဇ္ကို ေအာင္ပြဲခံပုံနဲ႔ ပတ္သက္လို႔ သတိေပးမယ္လို႔ ဆိုထားခဲ့တဲ့ အမ္မရီအေနနဲ႔ သူတို႔ၾကားမွာ လာမယ့္ ပြဲေတြကို အာ႐ုံစိုက္ကစားဖို႔ ေဆြးေႏြးမႈေတြေတာ့ ရွိထားႏိုင္ပါတယ္။

အာဂ်င္တီးနားနဲ႔ လက္စြမ္းျပခဲ့တဲ့ အာဆင္နယ္ဂိုးသမားေဟာင္းကို လက္ရွိမွာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အီတလီ စီးရီးေအကလပ္ေတြက ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး အိုးလ္ေလဒီေတြအေနနဲ႔ သူ႔ကို ေပါင္ဆယ္သန္းဝန္းက်င္နဲ႔ ေျပာင္းေ႐ႊ႕ေၾကး ေပးေခ်သြားမွာျဖစ္သလို ကစားသမားအလိုက္အျဖစ္ ေနာက္ထပ္ အာဆင္နယ္ေဟာင္းပဲျဖစ္တဲ့ ပိုလန္ဂိုးသမား ဗြိဳင္ခ်က္ ရွခ်က္စနီကို ထည့္သြင္းကမ္းလွမ္းသြားမယ္လို႔လည္း သတင္းထြက္ေနေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.