International World Cup

ပီလီကို အမြဲချစ်နေမှာပါလို့ နှုတ်ဆက်စကားဆိုလိုက်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

ပေါ်တူဂီအသင်းနဲ့အတူ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေမှာ ဂိုးအများဆုံး စံချိန်ကို တင်ရှိထားခဲ့ပြီး ဘယ်သူမှ မယှဉ်နိုင်တဲ့ စံချိန်မျိုးကို ရယူခဲ့တဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ကွယ်လွန်သွားခဲ့သူ ဘရာဇီးလ်ဂန္ထဝင် ပီလီရဲ့ သူ့အပေါ် ထားရှိခဲ့တဲ့ မေတ္တာ စေတနာတွေကို ဘယ်တော့မှ မမေ့ဘူးလို့ ပြောကြားလိုက်ပြီး အမြဲချစ်နေမှာပါလို့ နှုတ်ဆက်စကား ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့က ကွယ်လွန်သွားရှာခဲ့ပြီဖြစ်တဲ့ ဘရာဇီးလ်အားကစားဝန်ကြီးဟောင်းဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ဘယ်သူမှ မယှဉ်နိုင်တဲ့ စံချိန်အဖြစ် ဒီဆုကို ၁၉၅၈၊ ၁၉၆၂ နဲ့ ၁၉၇၀ ခုနှစ် ပြိုင်ပွဲတွေမှာ သုံးကြိမ်တိုင်တိုင် ကိုင်မြှောက်နိုင်ခဲ့သူလည်းဖြစ်ပြီး အသက် ၈၂ နှစ်အရွယ်မှာတော့ အဲလ်ဘတ် အိုင်းစတိုင်း ဆေးရုံမှာ အားလုံးကို ခွဲခွာသွားခဲ့တာပါ။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသားကြီးကတော့ သူ့အနေနဲ့ ပီလီနဲ့ ဘဝမှာ ဆုံစည်းခဲ့ရဖူးတာ ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စရပ်တစ်ခု ဖြစ်ကြောင်းနဲ့ သူ့အပေါ် ပီလီက ပြသခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေအတွက် သူ့မိသားစုကို တုံ့ပြန်ပေးဖို့ အသင့်ရှိသလို ဂန္ထဝင်ကြီးကိုလည်း အမြဲချစ်နေမှာပါလို့ ပြောကြားသွားခဲ့ပြီး ဝမ်းနည်းကြေကွဲရကြောင်း အင်စတာဂရမ်မှာ ပို့စ်တင်သွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုက “သူ့ရဲ့ အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲရမှုတွေကို ဘရာဇီးလ်နိုင်ငံနဲ့ အက်ဒ်ဆင် အာရန်တက်စ် ဒိုနက်စီမင်တို (ပီလီ)ရဲ့ မိသားစုတွေဆီ ထားရှိရပါတယ်”လို့ ရေးသားလိုက်ပြီး နှုတ်မဆက်ချင်ပေမယ့် Good Bye လို့ပဲ ပြောရတော့မှာဖြစ်သလို ပီလီဆိုတာ အမြဲတမ်း ရှင်သန်နေမယ့် ဘောလုံးဘုရင်ပါလို့လည်း ဆိုသွားခဲ့တာပါ။

ဒါ့အပြင် သူ့အပေါ် ထားရှိတဲ့ ပီလီရဲ့ မေတ္တာတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး ပီလီရဲ့ မိသားစုအတွက် တုံ့ပြန်ပေးဖို့လည်း အမြဲတမ်း ရှိနေပါ့မယ်လို့ ရေးသားခဲ့သလို ဘောလုံးချစ်သူတိုင်းရဲ့ နှလုံးသားထဲမှာ သူဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာ အနားယူပါတော့ ပီလီလို့လည်း ဖော်ပြသွားခဲ့ပါတယ်။

ပီလီနဲ့ ရော်နယ်လ်ဒိုတို့ကြားမှာ ပေါ်တူဂီစကားပြောတဲ့သူတွေ အချင်းချင်းဖြစ်တာလည်း တစ်ကြောင်းကြောင့် ဘောလုံးသမားဟောင်းကြီးနဲ့ လက်ရှိ အကောင်းဆုံးသူတို့ကြား မကြာခဏဆိုသလို စကားဖလှယ် ပြောဆိုနွေးထွေးမှုတွေကလည်း ရှိနေခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် အစောပိုင်းမှာ လက်ရွေးစင်ဂိုးစံချိန်ချိုးခဲ့တဲ့ မန်ယူတိုက်စစ်မှူးဟောင်းကို လူကိုယ်တိုင် ပွေ့ဖက်ဂုဏ်ပြုချင်တယ်လို့ ပီလီက ဆိုခဲ့တာပါ။

အဲ့ဒီတုန်းကတည်းက တင်ပါးဆုံရိုး ခွဲစိတ်ခဲ့ရပြီးနောက်ပိုင်း ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ မလုပ်နိုင်ခဲ့တဲ့ ကျန်းမာရေးကြောင့် ချိနဲ့နေခဲ့ပြီး အိမ်ကနေ လူတွဲမပါဘဲ မသွားလာနိုင်တော့တဲ့ ပီလီရဲ့ အခြေအနေကြောင့် ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်ခဲ့သလို ပေါ်တူဂီသားကတော့ “ဒီစကားကို မှတ်ထားတယ်နော်… မကြာခင် တွေ့ကြတာပေါ့”လို့ တုံ့ပြန်ခဲ့ပေမယ့် နှစ်ယောက်စလုံးရဲ့ ဆန္ဒတွေက မပြည့်ဝနိုင်ဘဲဖြစ်ခဲ့ရကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီအသင္းနဲ႔အတူ ႏိုင္ငံတကာ ေဘာလုံးၿပိဳင္ပြဲေတြမွာ ဂိုးအမ်ားဆုံး စံခ်ိန္ကို တင္ရွိထားခဲ့ၿပီး ဘယ္သူမွ မယွဥ္ႏိုင္တဲ့ စံခ်ိန္မ်ိဳးကို ရယူခဲ့တဲ့ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ ကြယ္လြန္သြားခဲ့သူ ဘရာဇီးလ္ဂႏၴဝင္ ပီလီရဲ႕ သူ႔အေပၚ ထားရွိခဲ့တဲ့ ေမတၱာ ေစတနာေတြကို ဘယ္ေတာ့မွ မေမ့ဘူးလို႔ ေျပာၾကားလိုက္ၿပီး အၿမဲခ်စ္ေနမွာပါလို႔ ႏႈတ္ဆက္စကား ေျပာၾကားလိုက္ပါတယ္။

ဒီဇင္ဘာ ၂၉ ရက္ေန႔က ကြယ္လြန္သြားရွာခဲ့ၿပီျဖစ္တဲ့ ဘရာဇီးလ္အားကစားဝန္ႀကီးေဟာင္းဟာ ကမာၻ႔ဖလားသမိုင္းမွာ ဘယ္သူမွ မယွဥ္ႏိုင္တဲ့ စံခ်ိန္အျဖစ္ ဒီဆုကို ၁၉၅၈၊ ၁၉၆၂ နဲ႔ ၁၉၇၀ ခုႏွစ္ ၿပိဳင္ပြဲေတြမွာ သုံးႀကိမ္တိုင္တိုင္ ကိုင္ေျမႇာက္ႏိုင္ခဲ့သူလည္းျဖစ္ၿပီး အသက္ ၈၂ ႏွစ္အ႐ြယ္မွာေတာ့ အဲလ္ဘတ္ အိုင္းစတိုင္း ေဆး႐ုံမွာ အားလုံးကို ခြဲခြာသြားခဲ့တာပါ။

အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးကေတာ့ သူ႔အေနနဲ႔ ပီလီနဲ႔ ဘဝမွာ ဆုံစည္းခဲ့ရဖူးတာ ဂုဏ္ယူစရာအေကာင္းဆုံး ကိစၥရပ္တစ္ခု ျဖစ္ေၾကာင္းနဲ႔ သူ႔အေပၚ ပီလီက ျပသခဲ့တဲ့ ခ်စ္ျခင္းေမတၱာေတြအတြက္ သူ႔မိသားစုကို တုံ႔ျပန္ေပးဖို႔ အသင့္ရွိသလို ဂႏၴဝင္ႀကီးကိုလည္း အၿမဲခ်စ္ေနမွာပါလို႔ ေျပာၾကားသြားခဲ့ၿပီး ဝမ္းနည္းေၾကကြဲရေၾကာင္း အင္စတာဂရမ္မွာ ပို႔စ္တင္သြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုက “သူ႔ရဲ႕ အနက္ရႈိင္းဆုံး ဝမ္းနည္းေၾကကြဲရမႈေတြကို ဘရာဇီးလ္ႏိုင္ငံနဲ႔ အက္ဒ္ဆင္ အာရန္တက္စ္ ဒိုနက္စီမင္တို (ပီလီ)ရဲ႕ မိသားစုေတြဆီ ထားရွိရပါတယ္”လို႔ ေရးသားလိုက္ၿပီး ႏႈတ္မဆက္ခ်င္ေပမယ့္ Good Bye လို႔ပဲ ေျပာရေတာ့မွာျဖစ္သလို ပီလီဆိုတာ အၿမဲတမ္း ရွင္သန္ေနမယ့္ ေဘာလုံးဘုရင္ပါလို႔လည္း ဆိုသြားခဲ့တာပါ။

ဒါ့အျပင္ သူ႔အေပၚ ထားရွိတဲ့ ပီလီရဲ႕ ေမတၱာေတြကို ဘယ္ေတာ့မွ ေမ့မွာ မဟုတ္ဘူးလို႔ ေျပာခဲ့ၿပီး ပီလီရဲ႕ မိသားစုအတြက္ တုံ႔ျပန္ေပးဖို႔လည္း အၿမဲတမ္း ရွိေနပါ့မယ္လို႔ ေရးသားခဲ့သလို ေဘာလုံးခ်စ္သူတိုင္းရဲ႕ ႏွလုံးသားထဲမွာ သူဟာ ဘယ္ေတာ့မွ ေပ်ာက္ပ်က္သြားမွာ မဟုတ္ပါဘူး။ ၿငိမ္းခ်မ္းစြာ အနားယူပါေတာ့ ပီလီလို႔လည္း ေဖာ္ျပသြားခဲ့ပါတယ္။

ပီလီနဲ႔ ေရာ္နယ္လ္ဒိုတို႔ၾကားမွာ ေပၚတူဂီစကားေျပာတဲ့သူေတြ အခ်င္းခ်င္းျဖစ္တာလည္း တစ္ေၾကာင္းေၾကာင့္ ေဘာလုံးသမားေဟာင္းႀကီးနဲ႔ လက္ရွိ အေကာင္းဆုံးသူတို႔ၾကား မၾကာခဏဆိုသလို စကားဖလွယ္ ေျပာဆိုေႏြးေထြးမႈေတြကလည္း ရွိေနခဲ့တာျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ အေစာပိုင္းမွာ လက္ေ႐ြးစင္ဂိုးစံခ်ိန္ခ်ိဳးခဲ့တဲ့ မန္ယူတိုက္စစ္မႉးေဟာင္းကို လူကိုယ္တိုင္ ေပြ႕ဖက္ဂုဏ္ျပဳခ်င္တယ္လို႔ ပီလီက ဆိုခဲ့တာပါ။

အဲ့ဒီတုန္းကတည္းက တင္ပါးဆုံ႐ိုး ခြဲစိတ္ခဲ့ရၿပီးေနာက္ပိုင္း ႀကံ့ခိုင္မႈ ေလ့က်င့္ခန္းေတြ မလုပ္ႏိုင္ခဲ့တဲ့ က်န္းမာေရးေၾကာင့္ ခ်ိနဲ႔ေနခဲ့ၿပီး အိမ္ကေန လူတြဲမပါဘဲ မသြားလာႏိုင္ေတာ့တဲ့ ပီလီရဲ႕ အေျခအေနေၾကာင့္ ေရာ္နယ္လ္ဒိုနဲ႔ ေတြ႕ဆုံဖို႔ မျဖစ္ႏိုင္ခဲ့သလို ေပၚတူဂီသားကေတာ့ “ဒီစကားကို မွတ္ထားတယ္ေနာ္… မၾကာခင္ ေတြ႕ၾကတာေပါ့”လို႔ တုံ႔ျပန္ခဲ့ေပမယ့္ ႏွစ္ေယာက္စလုံးရဲ႕ ဆႏၵေတြက မျပည့္ဝႏိုင္ဘဲျဖစ္ခဲ့ရေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.