International

Sad News: ကမ္ဘာကျော် ဘရာဇီးလ်ဂန္ထဝင် ဘောလုံးသမားကြီး ပီလီ ကွယ်လွန်

ပြီးခဲ့တဲ့ ကြာသပတေးနေ့ညမှာ ဘောလုံးကမ္ဘာအတွက် အဆိုးရွားဆုံး ဝမ်းနည်းထိတ်လန့်ဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး အဲ့ဒါကတော့ ဘရာဇီးလ်နိုင်ငံရဲ့ ဂုဏ်ဆောင် ကမ္ဘာကျော် ဘောလုံးသမားကြီး အက်ဒ်ဆင် အာရန်တက်စ် ဒိုနာဆီမင်တိုလို့ အမည်အပြည့်အစုံရှိတဲ့ ပီလီတစ်ယောက် သူချစ်တဲ့ အရာတွေအားလုံးကို စွန့်လွှတ်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

၁၉၄၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ပီလီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသုံးကြိမ်ကို စံချိန်တင် ရရှိဖူးတဲ့ တစ်ဦးတည်းသော ဘောလုံးသမားလည်းဖြစ်ပြီး မနေ့က အသက် ၈၂ နှစ်အရွယ်မှာ သူရင်ဆိုင်နေခဲ့ရတဲ့ အူမကြီးကင်ဆာရောဂါကနေ မလွန်မြောက်နိုင်တော့ဘဲ လက်လျှော့ခဲ့ရတာပါ။

ကာတာကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းရဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေ ကစားနေစဉ်ကတည်းက အသည်းအသန်တစ်ကြိမ်ဖြစ်ခဲ့တဲ့ ပီလီဟာ ကင်ဆာရောဂါအတွက် ကီမိုသရဖီ ဆေးသွင်းကုသမှုကို ခံယူနေရသူဖြစ်ပြီး ၂၀၂၁ စက်တင်ဘာလမှာ အူမကြီးမှာ တွေ့ရှိခဲ့တဲ့ အကြိတ်ကို ခွဲစိတ်ဖယ်ရှားခဲ့ရသလို နောက်ပိုင်းမှာတော့ ခန္ဓာကိုယ်ရဲ့ ယိုယွင်းမှု ပြယုဂ်အဖြစ် ဖောရောင်မှုတွေကိုလည်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

၁၉၇၇ ခုနှစ်ကတည်းက ကျောက်ကပ်တစ်ခြမ်း မရှိတော့တဲ့ ဘရာဇီးလ် အားကစားဝန်ကြီးဟောင်းကို အမြန်ဆုံး ကျန်းမာပါစေလို့ အားလုံးက ဆုတောင်းပေးခဲ့ကြပေမယ့် ကျောက်ကပ်အလုပ်မလုပ်မှုက စတင်လိုက်တဲ့ ခန္ဓာကိုယ် ယိုယွင်းမှုဟာ အတွင်းကလီစာ အတော်များများရဲ့ လုပ်ဆောင်မှုပါ ရပ်တန့်သွားခဲ့ရအပြီးမှာတော့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကမ္ဘာမြေကို နှုတ်ဆက်သွားခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်နှစ်တုန်းက သူ့ရဲ့ ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ ဒီယေဂို မာရာဒိုနာ ကွယ်လွန်ခဲ့စဉ်က တစ်ချိန်မှာ သူတို့နှစ်ဦး ကောင်းကင်ပေါ်မှာ ဘောလုံး တွဲကစားခွင့် ရမယ်လို့ ထင်ပါတယ်လို့ ပြောခဲ့ဖူးတဲ့ ပီလီရဲ့ ဆန္ဒ ပြည့်သွားပြီလားလို့ မသိနိုင်ပေမယ့် ပရိသတ်တွေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးက ဘောလုံးချစ်သူ အများစုအနေနဲ့တော့ ကြေကွဲဝမ်းနည်းခဲ့ရတဲ့ တစ်နေ့လည်းဖြစ်ခဲ့ပါတယ်။

ဥရောပမှာ ထွက်မကစားဖူးလို့ ဝေဖန်ခံခဲ့ရတဲ့ ပီလီဟာ တရားဝင် မှတ်တမ်းတွေအရ ပွဲပေါင်း ၈၄၀ မှာ ၇၇၅ ဂိုး သွင်းယူထားတယ်လို့ သိရပြီး တခြားပြိုင်ပွဲတွေနဲ့ ပြည်တွင်းပွဲစဉ်တွေကို ထည့်သွင်းရေတွက်ရင်တော့ ၁၃၆၃ ပွဲမှာ ၁၂၇၉ ဂိုး သွင်းယူခဲ့ဖူးတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြသလို ဘယ်သူတွေ ဘာပြောပြော အကောင်းဆုံးတွေထဲက ထိပ်ဆုံးသုံးဦးထဲမှာ ရှိတယ်ဆိုတာ အငြင်းမပွားနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ပီလီ ကွယ်လွန်စဉ်မှာ သားဖြစ်သူ အီဒင်ဟို၊ သမီးဖြစ်သူ ကယ်လီ အပါအဝင် ကလေး ၇ ဦးနဲ့အတူ ၂၀၁၆ ခုနှစ်မှာ လက်ထပ်ယူခဲ့တဲ့ တတိယမြောက် ဇနီးဖြစ်သူ ဘရာဇီးလ်မှာ မွေးဖွားတဲ့ ဂျပန်နွယ်ဖွား အမျိုးသမီး မာစီယာ အာအိုကီတို့ ကျန်ရစ်ခဲ့ပြီး မိသားစုနဲ့အတူ ထပ်တူထပ်မျှ ပူဆွေးရကြောင်းကို နယ်ပယ်အသီးသီးက နာမည်ကျော်တွေက ထုတ်ပြန်ခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ညမွာ ေဘာလုံးကမာၻအတြက္ အဆိုး႐ြားဆုံး ဝမ္းနည္းထိတ္လန႔္ဖြယ္ရာ ကိစၥရပ္တစ္ခု ျဖစ္ပြားခဲ့ၿပီး အဲ့ဒါကေတာ့ ဘရာဇီးလ္ႏိုင္ငံရဲ႕ ဂုဏ္ေဆာင္ ကမာၻေက်ာ္ ေဘာလုံးသမားႀကီး အက္ဒ္ဆင္ အာရန္တက္စ္ ဒိုနာဆီမင္တိုလို႔ အမည္အျပည့္အစုံရွိတဲ့ ပီလီတစ္ေယာက္ သူခ်စ္တဲ့ အရာေတြအားလုံးကို စြန႔္လႊတ္ၿပီး ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

၁၉၄၀ ခုႏွစ္ ေအာက္တိုဘာလ ၂၃ ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ ပီလီဟာ ကမာၻ႔ဖလားၿပိဳင္ပြဲသုံးႀကိမ္ကို စံခ်ိန္တင္ ရရွိဖူးတဲ့ တစ္ဦးတည္းေသာ ေဘာလုံးသမားလည္းျဖစ္ၿပီး မေန႔က အသက္ ၈၂ ႏွစ္အ႐ြယ္မွာ သူရင္ဆိုင္ေနခဲ့ရတဲ့ အူမႀကီးကင္ဆာေရာဂါကေန မလြန္ေျမာက္ႏိုင္ေတာ့ဘဲ လက္ေလွ်ာ့ခဲ့ရတာပါ။

ကာတာကမာၻ႔ဖလားမွာ ဘရာဇီးလ္အသင္းရဲ႕ ရႈံးထြက္အဆင့္ ပြဲစဥ္ေတြ ကစားေနစဥ္ကတည္းက အသည္းအသန္တစ္ႀကိမ္ျဖစ္ခဲ့တဲ့ ပီလီဟာ ကင္ဆာေရာဂါအတြက္ ကီမိုသရဖီ ေဆးသြင္းကုသမႈကို ခံယူေနရသူျဖစ္ၿပီး ၂၀၂၁ စက္တင္ဘာလမွာ အူမႀကီးမွာ ေတြ႕ရွိခဲ့တဲ့ အႀကိတ္ကို ခြဲစိတ္ဖယ္ရွားခဲ့ရသလို ေနာက္ပိုင္းမွာေတာ့ ခႏၶာကိုယ္ရဲ႕ ယိုယြင္းမႈ ျပယုဂ္အျဖစ္ ေဖာေရာင္မႈေတြကိုလည္း ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

၁၉၇၇ ခုႏွစ္ကတည္းက ေက်ာက္ကပ္တစ္ျခမ္း မရွိေတာ့တဲ့ ဘရာဇီးလ္ အားကစားဝန္ႀကီးေဟာင္းကို အျမန္ဆုံး က်န္းမာပါေစလို႔ အားလုံးက ဆုေတာင္းေပးခဲ့ၾကေပမယ့္ ေက်ာက္ကပ္အလုပ္မလုပ္မႈက စတင္လိုက္တဲ့ ခႏၶာကိုယ္ ယိုယြင္းမႈဟာ အတြင္းကလီစာ အေတာ္မ်ားမ်ားရဲ႕ လုပ္ေဆာင္မႈပါ ရပ္တန႔္သြားခဲ့ရအၿပီးမွာေတာ့ ဒီဇင္ဘာလ ၂၉ ရက္ေန႔မွာ ကမာၻေျမကို ႏႈတ္ဆက္သြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ႏွစ္ႏွစ္တုန္းက သူ႔ရဲ႕ ၿပိဳင္ဘက္တစ္ဦးျဖစ္တဲ့ ဒီေယဂို မာရာဒိုနာ ကြယ္လြန္ခဲ့စဥ္က တစ္ခ်ိန္မွာ သူတို႔ႏွစ္ဦး ေကာင္းကင္ေပၚမွာ ေဘာလုံး တြဲကစားခြင့္ ရမယ္လို႔ ထင္ပါတယ္လို႔ ေျပာခဲ့ဖူးတဲ့ ပီလီရဲ႕ ဆႏၵ ျပည့္သြားၿပီလားလို႔ မသိႏိုင္ေပမယ့္ ပရိသတ္ေတြနဲ႔ ကမာၻတစ္ဝွမ္းလုံးက ေဘာလုံးခ်စ္သူ အမ်ားစုအေနနဲ႔ေတာ့ ေၾကကြဲဝမ္းနည္းခဲ့ရတဲ့ တစ္ေန႔လည္းျဖစ္ခဲ့ပါတယ္။

ဥေရာပမွာ ထြက္မကစားဖူးလို႔ ေဝဖန္ခံခဲ့ရတဲ့ ပီလီဟာ တရားဝင္ မွတ္တမ္းေတြအရ ပြဲေပါင္း ၈၄၀ မွာ ၇၇၅ ဂိုး သြင္းယူထားတယ္လို႔ သိရၿပီး တျခားၿပိဳင္ပြဲေတြနဲ႔ ျပည္တြင္းပြဲစဥ္ေတြကို ထည့္သြင္းေရတြက္ရင္ေတာ့ ၁၃၆၃ ပြဲမွာ ၁၂၇၉ ဂိုး သြင္းယူခဲ့ဖူးတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကသလို ဘယ္သူေတြ ဘာေျပာေျပာ အေကာင္းဆုံးေတြထဲက ထိပ္ဆုံးသုံးဦးထဲမွာ ရွိတယ္ဆိုတာ အျငင္းမပြားႏိုင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ပီလီ ကြယ္လြန္စဥ္မွာ သားျဖစ္သူ အီဒင္ဟို၊ သမီးျဖစ္သူ ကယ္လီ အပါအဝင္ ကေလး ၇ ဦးနဲ႔အတူ ၂၀၁၆ ခုႏွစ္မွာ လက္ထပ္ယူခဲ့တဲ့ တတိယေျမာက္ ဇနီးျဖစ္သူ ဘရာဇီးလ္မွာ ေမြးဖြားတဲ့ ဂ်ပန္ႏြယ္ဖြား အမ်ိဳးသမီး မာစီယာ အာအိုကီတို႔ က်န္ရစ္ခဲ့ၿပီး မိသားစုနဲ႔အတူ ထပ္တူထပ္မွ် ပူေဆြးရေၾကာင္းကို နယ္ပယ္အသီးသီးက နာမည္ေက်ာ္ေတြက ထုတ္ျပန္ခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.