International Ligue1 World Cup

မာတီနက်ဇ်ဆီက လှောင်ပြောင်မှုတွေအတွက် အဆုံးသတ် တုံ့ပြန်လိုက်တဲ့ အမ်ဘာပေ

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပြင်သစ်တို့ရဲ့ ကျရှုံးမှုနဲ့ ခီလီယန် အမ်ဘာပေတို့ရဲ့ တောင်အမေရိကဘောလုံးကို အထင်မကြီးကြောင်း ပြောကြားထားမှုတွေကို အတိုးနဲ့ လှောင်ပြောင်သွားခဲ့တဲ့ အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်နဲ့ ပတ်သက်ပြီး အဆုံးသတ်သွားစေမယ့် တုံ့ပြန်မှုအဖြစ် ဒီနေ့မှာ ပီအက်စ်ဂျီတိုက်စစ်မှူးက ပြောကြားသွားခဲ့ပါတယ်။

ဇယားအောက်ဆုံးနားက စထရာစ်ဘိုးနဲ့ အိမ်ကွင်းတွေ့ဆုံမှုမှာ နောက်ဆုံးမိနစ် ပင်နယ်တီနဲ့ တစ်ယောက်လျော့ ပီအက်စ်ဂျီတို့ အနိုင်ရဖို့ ကူညီခဲ့ပြီး အာဂျင်တီးနားနဲ့ပွဲကလိုပဲ အသင်းအတွက် အကျိုးပြုနိုင်ခဲ့တဲ့ အမ်ဘာပေက ပွဲအပြီး ဖြေကြားမှုတွေ များစွာထဲမှာ ဂိုးသမား မာတီနက်ဇ်ရဲ့ သူ့အရုပ်ကို ကိုင်ပြီး လှောင်ပြောင်ခဲ့မှုအကြောင်းလည်း ပါဝင်ခဲ့တာပါ။

“အောင်ပွဲခံတာကတော့ သူ့ပုံစံနဲ့သူပေါ့ဗျာ… ကျွန်တော့်ကိစ္စ မဟုတ်ပါဘူး”လို့ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးက ပြောကြားလိုက်ပြီး “ကျွန်တော့်အနေနဲ့တော့ ဒီလိုမျိုး ကိစ္စတွေမှာ အားစိုက်ပြီး အာရုံနောက် မခံပါဘူး။ အရေးကြီးအဆုံးအရာက အသင်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်ဖို့ ကိုယ့်ကိုယ်ကို ရှေ့ဆက်မောင်းနှင်သွားဖို့ပါပဲ”လို့ ဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ အောင်ပွဲခံမှုအဖြစ် မိခင်မြေကို ပြန်ရောက်နေပြီး ပီအက်စ်ဂျီအသင်းရဲ့ ပါ့ခ်ဒေပရင့်စ် မင်းသားကွင်းကြီးဆီ ပူးပေါင်းဖို့ကို ရွှေ့ဆိုင်းခဲ့တဲ့ အသင်းဖော်ကစားသမား လီယွန်နယ် မက်ဆီအကြောင်းကို မေးမြန်းခဲ့ရာမှာတော့ သူတို့ကြားမှာ အများထင်သလို ဆက်ဆံရေး ဆိုးရွားနေတယ်ဆိုတဲ့ အကြောင်းမျိုး မရှိကြောင်းကို ငြင်းဆန်သွားခဲ့တာပါ။

“ဗိုလ်လုပွဲအပြီးမှာ သူ့ကို ကျွန်တော် ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ ဒါက သူ့ဘဝရဲ့ ရည်မှန်းချက်တစ်ခုကို ပြည့်စုံနိုင်ခဲ့တာဖြစ်လို့ပါ။ ကျွန်တော်ကတော့ ရှုံးနိမ့်ခဲ့တာပေါ့ဗျာ။ ဒါပေမယ့် ဒါက အားကစားပြိုင်ပွဲကောင်းတစ်ခုရဲ့ တစ်စိတ်တစ်ဒေသပါပဲ။ ကျွန်တော်တို့အနေနဲ့ လီယို(မက်ဆီ) ပြန်လည်ပူးပေါင်းပြီး သွင်းဂိုးတွေနဲ့ နိုင်ပွဲတွေ ယူဆောင်လာပေးဖို့ စောင့်ဆိုင်းနေကြပါတယ်”လို့ အမ်ဘာပေက ဖြေသွားခဲ့ပါတယ်။

စထရာစ်ဘိုးကို အနိုင်ရတဲ့ ပွဲမှာ တွဲဖက်တိုက်စစ်မှူး နေမာအနေနဲ့ တစ်ဖက်ကစားသမားရဲ့ မျက်နှာကို လက်နဲ့ ရိုက်ခဲ့မှုအပြီးမှာ ပင်နယ်တီ ဧရိယာထဲ ဒိုက်ဗင်ထိုးခဲ့တာကြောင့် နှစ်မိနစ်အတွင်း နှစ်ဝါထိပြီး ဒိုင်လူကြီး ကလေမွန် တာပင်ရဲ့ အထုတ်ပယ်ခံခဲ့ရတာဖြစ်လို့ အမ်ဘာပေရဲ့ စကားက မက်ဆီကို မျှော်တာလား နေမာကို တိုက်ခိုက်တာလားတော့ နှစ်ခွတွေးစရာဖြစ်ခဲ့တာပါ။

ဒီပွဲမှာ အမ်ဘာပေအနေနဲ့ အခွင့်အရေးကောင်းနှစ်ကြိမ်ကို ဘယ်ခြေနဲ့ သေချာမကန်သွင်းတတ်ခဲ့လို့ အဆုံးအထိ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ပွဲချိန် ၉၃ မိနစ်မှာတော့ သူ့ကို ဆွဲတဲ့ စထရာစ်ဘိုးနောက်ခံလူ နီယမ်စီကြောင့် ဧရိယာထဲ လဲကျခဲ့ချိန်မှာ နောက်က ပါလာတဲ့ သူ့ဘက်တစ်ဂိုး ကိုယ့်ဘက်တစ်ဂိုး သွင်းယူထားသူ အသင်းခေါင်းဆောင် မားကင်ညို့စ်က ဂိုးထဲ ကန်သွင်းခဲ့ပေမယ့် ပင်နယ်တီပေးခဲ့တာကြောင့် တတိယဂိုးနဲ့ လွဲခဲ့တာဖြစ်ပါတယ်။

ဒီပင်နယ်တီကိုတော့ မားကင်ညို့စ်ရဲ့ ဂိုးအဖြစ် သတ်မှတ်ဖို့ ပီအက်စ်ဂျီကစားသမားတွေက ဝိုင်းဝန်းဆန္ဒပြုခဲ့ပေမယ့် အမြဲတမ်း သူမှန်တယ်ဆိုတဲ့ ဆရာကြီးအထာလုပ်တတ်တဲ့ ဒိုင်လူကြီး တာပင်က လှေနံဓားထစ် ပင်နယ်တီပဲ ပေးသွားခဲ့တာကြောင့် အမ်ဘာပေက ညာဘက်တိုင်ခြေကို ကန်သွင်းယူခဲ့ပြီး ပါရီသားတွေကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရစေခဲ့တာပါ။

ပွဲအပြီးမှာတော့ မာတီနက်ဇ်ရဲ့ ကိစ္စက သူ့သဘော သူဆောင်တဲ့ အောင်ပွဲခံမှုသာဖြစ်တယ်လို့ ဖြေကြားသွားခဲ့ပြီး နိုင်ပွဲကိုလည်း ရယူပေးခဲ့လို့ တိုက်စစ်မှူး အမ်ဘာပေအတွက် ကမ္ဘာ့ဖလားနဲ့ နှုတ်မစောင့်မှုက ဆက်လာခဲ့တဲ့ ဖြစ်ရပ်တွေရဲ့ ဖိအားကို လျှော့ချနိုင်ခဲ့သလို ပီအက်စ်ဂျီတို့အတွက် သူရဲကောင်းဖြစ်ခဲ့တာကြောင့် ပြင်သစ်တွေရဲ့ လိုင်းပေါ်က ပွဲရှာနေမှုတွေ တစ်ခန်းရပ်သွားဖို့ နီးစပ်လာခဲ့ကြောင်း ဖော်ပြလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၂ ကာတာ ကမာၻ႔ဖလားဖိုင္နယ္မွာ ျပင္သစ္တို႔ရဲ႕ က်ရႈံးမႈနဲ႔ ခီလီယန္ အမ္ဘာေပတို႔ရဲ႕ ေတာင္အေမရိကေဘာလုံးကို အထင္မႀကီးေၾကာင္း ေျပာၾကားထားမႈေတြကို အတိုးနဲ႔ ေလွာင္ေျပာင္သြားခဲ့တဲ့ အာဂ်င္တီးနားဂိုးသမား အီမီလီယာႏို မာတီနက္ဇ္နဲ႔ ပတ္သက္ၿပီး အဆုံးသတ္သြားေစမယ့္ တုံ႔ျပန္မႈအျဖစ္ ဒီေန႔မွာ ပီအက္စ္ဂ်ီတိုက္စစ္မႉးက ေျပာၾကားသြားခဲ့ပါတယ္။

ဇယားေအာက္ဆုံးနားက စထရာစ္ဘိုးနဲ႔ အိမ္ကြင္းေတြ႕ဆုံမႈမွာ ေနာက္ဆုံးမိနစ္ ပင္နယ္တီနဲ႔ တစ္ေယာက္ေလ်ာ့ ပီအက္စ္ဂ်ီတို႔ အႏိုင္ရဖို႔ ကူညီခဲ့ၿပီး အာဂ်င္တီးနားနဲ႔ပြဲကလိုပဲ အသင္းအတြက္ အက်ိဳးျပဳႏိုင္ခဲ့တဲ့ အမ္ဘာေပက ပြဲအၿပီး ေျဖၾကားမႈေတြ မ်ားစြာထဲမွာ ဂိုးသမား မာတီနက္ဇ္ရဲ႕ သူ႔အ႐ုပ္ကို ကိုင္ၿပီး ေလွာင္ေျပာင္ခဲ့မႈအေၾကာင္းလည္း ပါဝင္ခဲ့တာပါ။

“ေအာင္ပြဲခံတာကေတာ့ သူ႔ပုံစံနဲ႔သူေပါ့ဗ်ာ… ကြၽန္ေတာ့္ကိစၥ မဟုတ္ပါဘူး”လို႔ အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ေျပာၾကားလိုက္ၿပီး “ကြၽန္ေတာ့္အေနနဲ႔ေတာ့ ဒီလိုမ်ိဳး ကိစၥေတြမွာ အားစိုက္ၿပီး အာ႐ုံေနာက္ မခံပါဘူး။ အေရးႀကီးအဆုံးအရာက အသင္းအတြက္ အေကာင္းဆုံး ေပးဆပ္ႏိုင္ဖို႔ ကိုယ့္ကိုယ္ကို ေရွ႕ဆက္ေမာင္းႏွင္သြားဖို႔ပါပဲ”လို႔ ဆိုသြားခဲ့ပါတယ္။

အာဂ်င္တီးနားနဲ႔ ေအာင္ပြဲခံမႈအျဖစ္ မိခင္ေျမကို ျပန္ေရာက္ေနၿပီး ပီအက္စ္ဂ်ီအသင္းရဲ႕ ပါ့ခ္ေဒပရင့္စ္ မင္းသားကြင္းႀကီးဆီ ပူးေပါင္းဖို႔ကို ေ႐ႊ႕ဆိုင္းခဲ့တဲ့ အသင္းေဖာ္ကစားသမား လီယြန္နယ္ မက္ဆီအေၾကာင္းကို ေမးျမန္းခဲ့ရာမွာေတာ့ သူတို႔ၾကားမွာ အမ်ားထင္သလို ဆက္ဆံေရး ဆိုး႐ြားေနတယ္ဆိုတဲ့ အေၾကာင္းမ်ိဳး မရွိေၾကာင္းကို ျငင္းဆန္သြားခဲ့တာပါ။

“ဗိုလ္လုပြဲအၿပီးမွာ သူ႔ကို ကြၽန္ေတာ္ ဂုဏ္ျပဳစကား ေျပာခဲ့ပါတယ္။ ဒါက သူ႔ဘဝရဲ႕ ရည္မွန္းခ်က္တစ္ခုကို ျပည့္စုံႏိုင္ခဲ့တာျဖစ္လို႔ပါ။ ကြၽန္ေတာ္ကေတာ့ ရႈံးနိမ့္ခဲ့တာေပါ့ဗ်ာ။ ဒါေပမယ့္ ဒါက အားကစားၿပိဳင္ပြဲေကာင္းတစ္ခုရဲ႕ တစ္စိတ္တစ္ေဒသပါပဲ။ ကြၽန္ေတာ္တို႔အေနနဲ႔ လီယို(မက္ဆီ) ျပန္လည္ပူးေပါင္းၿပီး သြင္းဂိုးေတြနဲ႔ ႏိုင္ပြဲေတြ ယူေဆာင္လာေပးဖို႔ ေစာင့္ဆိုင္းေနၾကပါတယ္”လို႔ အမ္ဘာေပက ေျဖသြားခဲ့ပါတယ္။

စထရာစ္ဘိုးကို အႏိုင္ရတဲ့ ပြဲမွာ တြဲဖက္တိုက္စစ္မႉး ေနမာအေနနဲ႔ တစ္ဖက္ကစားသမားရဲ႕ မ်က္ႏွာကို လက္နဲ႔ ႐ိုက္ခဲ့မႈအၿပီးမွာ ပင္နယ္တီ ဧရိယာထဲ ဒိုက္ဗင္ထိုးခဲ့တာေၾကာင့္ ႏွစ္မိနစ္အတြင္း ႏွစ္ဝါထိၿပီး ဒိုင္လူႀကီး ကေလမြန္ တာပင္ရဲ႕ အထုတ္ပယ္ခံခဲ့ရတာျဖစ္လို႔ အမ္ဘာေပရဲ႕ စကားက မက္ဆီကို ေမွ်ာ္တာလား ေနမာကို တိုက္ခိုက္တာလားေတာ့ ႏွစ္ခြေတြးစရာျဖစ္ခဲ့တာပါ။

ဒီပြဲမွာ အမ္ဘာေပအေနနဲ႔ အခြင့္အေရးေကာင္းႏွစ္ႀကိမ္ကို ဘယ္ေျခနဲ႔ ေသခ်ာမကန္သြင္းတတ္ခဲ့လို႔ အဆုံးအထိ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ပြဲခ်ိန္ ၉၃ မိနစ္မွာေတာ့ သူ႔ကို ဆြဲတဲ့ စထရာစ္ဘိုးေနာက္ခံလူ နီယမ္စီေၾကာင့္ ဧရိယာထဲ လဲက်ခဲ့ခ်ိန္မွာ ေနာက္က ပါလာတဲ့ သူ႔ဘက္တစ္ဂိုး ကိုယ့္ဘက္တစ္ဂိုး သြင္းယူထားသူ အသင္းေခါင္းေဆာင္ မားကင္ညိဳ႕စ္က ဂိုးထဲ ကန္သြင္းခဲ့ေပမယ့္ ပင္နယ္တီေပးခဲ့တာေၾကာင့္ တတိယဂိုးနဲ႔ လြဲခဲ့တာျဖစ္ပါတယ္။

ဒီပင္နယ္တီကိုေတာ့ မားကင္ညိဳ႕စ္ရဲ႕ ဂိုးအျဖစ္ သတ္မွတ္ဖို႔ ပီအက္စ္ဂ်ီကစားသမားေတြက ဝိုင္းဝန္းဆႏၵျပဳခဲ့ေပမယ့္ အၿမဲတမ္း သူမွန္တယ္ဆိုတဲ့ ဆရာႀကီးအထာလုပ္တတ္တဲ့ ဒိုင္လူႀကီး တာပင္က ေလွနံဓားထစ္ ပင္နယ္တီပဲ ေပးသြားခဲ့တာေၾကာင့္ အမ္ဘာေပက ညာဘက္တိုင္ေျခကို ကန္သြင္းယူခဲ့ၿပီး ပါရီသားေတြကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရေစခဲ့တာပါ။

ပြဲအၿပီးမွာေတာ့ မာတီနက္ဇ္ရဲ႕ ကိစၥက သူ႔သေဘာ သူေဆာင္တဲ့ ေအာင္ပြဲခံမႈသာျဖစ္တယ္လို႔ ေျဖၾကားသြားခဲ့ၿပီး ႏိုင္ပြဲကိုလည္း ရယူေပးခဲ့လို႔ တိုက္စစ္မႉး အမ္ဘာေပအတြက္ ကမာၻ႔ဖလားနဲ႔ ႏႈတ္မေစာင့္မႈက ဆက္လာခဲ့တဲ့ ျဖစ္ရပ္ေတြရဲ႕ ဖိအားကို ေလွ်ာ့ခ်ႏိုင္ခဲ့သလို ပီအက္စ္ဂ်ီတို႔အတြက္ သူရဲေကာင္းျဖစ္ခဲ့တာေၾကာင့္ ျပင္သစ္ေတြရဲ႕ လိုင္းေပၚက ပြဲရွာေနမႈေတြ တစ္ခန္းရပ္သြားဖို႔ နီးစပ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.