Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၈.၉.၂၀၂၀

– အာဆင္နယ္အသင္းအေနနဲ႔ လီယြန္အသင္းဆီကို လက္ရွိကစားသမားအေရာင္းဘက္ကေန ရရွိထားတဲ့ ေငြေၾကးနဲ႔ ကမ္းလွမ္းဖို႔သာ က်န္ရွိေတာ့ၿပီး ေအာဝါနဲ႔ အသင္းၾကားမွာ လြန္ခဲ့တဲ့ ႏွစ္ပတ္ကတည္းက တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းနဲ႔ ငါးႏွစ္စာခ်ဳပ္ သေဘာတူညီထားခဲ့တယ္လို႔ အီတလီဂ်ာနယ္လစ္ စခီရာေဖာ္ျပ။

– လူးကပ္စ္ ေတာ္ရဲရားကို ေရာင္းခ်သြားလိုၿပီး အငွားခ်ဖို႔ကို သိပ္စိတ္ပါဝင္စားျခင္းမရွိတဲ့ အာဆင္နယ္အသင္းအတြက္ သတင္းေကာင္း အျဖစ္ စီးရီးေအရဲ႕ ဘဏၰာေရးေတာင့္တင္းတဲ့ အသင္းတစ္သင္းျဖစ္တဲ့ ေအစီမီလန္ရဲ႕ ခ်ဥ္းကပ္စုံစမ္းမွဳကို ရရွိထား။

– အုိေဇးလ္ရဲ႕ ထရိန္နင္က ေဘာလုံးေပးပို႔မွဳေတြကို အာဆင္နယ္ရဲ႕ ယူက်ဳခ်န္နယ္မွာ ေတြ႕ျမင္ခဲ့ရတဲ့ ပရိသတ္ေတြအေနနဲ႔ သူ႕ကို လြမ္းေနၿပီလို႔ ေရးသားခဲ့ၾကၿပီး အခုလို ျပန္လည္ေလ့က်င့္ၿပီး အသင္းအတြက္ ကစားေပးႏုိင္ဖို႔ ေမွ်ာ္လင့္ေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ဒီယြန္ရဲ႕ ႐ူနာဆန္ကို ေခၚယူခဲ့တာဟာ ေရတုိေျဖရွင္းမွဳသာျဖစ္ၿပီး ဘရန္႔ဖို႔ဒ္ရဲ႕ ေဒးဗစ္ ရာယာကိုသာ အမွန္တကယ္ စိတ္ဝင္စားတာျဖစ္လို႔ သူတုိ႔ကို ဒီတစ္ရာသီ အငွားျပန္ခ်ေပးၿပီး ဆာလီဘာနဲ႔ စိန္႔အက္တီယန္တုန္းကလိုမ်ဳိးပဲ ေခၚယူသြားဖြယ္ရွိေန။

– အဂၤလန္လက္ေရြးစင္ေဟာင္းနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ဂိုးသမားေဟာင္းႀကီးတစ္ဦးျဖစ္တဲ့ ေဒးဗစ္ဂ်ိမ္းစ္က အာဆင္နယ္အသင္းအေနနဲ႔ အာတီတာရဲ႕ လက္ေအာက္မွာ ပရီးမီးယားလိဂ္ဆုဖလားနဲ႔ ေဝးကြာေနရမွဳကို ရပ္တန္႔ႏိုင္ေတာ့မွာျဖစ္ၿပီး အသင္းရဲ႕လက္ရွိေျခစြမ္းကို ဆက္ထိန္းၿပီး မန္စီးတီးနဲ႔ လီဗာပူးလ္တုိ႔လိုမ်ဳိး ကစားႏုိင္ဖို႔ပဲ လိုေတာ့တယ္လုိ႔ဆုိ။

– အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ေသာမတ္စ္ ပါေတးကို ဝယ္ယူႏိုင္ဖို႔အတြက္ ကစားသမားေတြကို ေရာင္းခ်ဖို႔ ႀကဳိးစားေနၿပီး ေပါင္ ၇၅ သန္းေလာက္ ရရွိႏုိင္ဖို႔ ပစ္မွတ္ထားေနၿပီး ဘယ္လာရင္နဲ႔ လာကာဇက္တို႔လည္း အေရာင္းစာရင္းထဲမွာ ပါဝင္ေနတယ္လုိ႔ဆုိ။

– ကာရာေဘာင္းဖလား တတိယအဆင့္မွာ လက္စတာစီးတီးနဲ႔ အေဝးကြင္းမွာ ကစားရမယ့္ အာဆင္နယ္အေနနဲ႔ ဒီပြဲကို အႏုိင္ရခဲ့ရင္ စတုတၳအဆင့္မွာ လီဗာပူးလ္အသင္းနဲ႔ ေတြ႕ဆုံေနၿပီး အိမ္ကြင္းမွာ ကစားရဖို႔ေတာ့ မ်ားေနေၾကာင္း ပြဲစဥ္ေရးဆြဲမွဳေတြ ထြက္ေပၚလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းအနေနဲ့ လီယွန်အသင်းဆီကို လက်ရှိကစားသမားအရောင်းဘက်ကနေ ရရှိထားတဲ့ ငွေကြေးနဲ့ ကမ်းလှမ်းဖို့သာ ကျန်ရှိတော့ပြီး အောဝါနဲ့ အသင်းကြားမှာ လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနဲ့ ငါးနှစ်စာချုပ် သဘောတူညီထားခဲ့တယ်လို့ အီတလီဂျာနယ်လစ် စခီရာဖော်ပြ။

– လူးကပ်စ် တော်ရဲရားကို ရောင်းချသွားလိုပြီး အငှားချဖို့ကို သိပ်စိတ်ပါဝင်စားခြင်းမရှိတဲ့ အာဆင်နယ်အသင်းအတွက် သတင်းကောင်း အဖြစ် စီးရီးအေရဲ့ ဘဏ္ဏာရေးတောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်တဲ့ အေစီမီလန်ရဲ့ ချဉ်းကပ်စုံစမ်းမှုကို ရရှိထား။

– အိုဇေးလ်ရဲ့ ထရိန်နင်က ဘောလုံးပေးပို့မှုတွေကို အာဆင်နယ်ရဲ့ ယူကျုချန်နယ်မှာ တွေ့မြင်ခဲ့ရတဲ့ ပရိသတ်တွေအနေနဲ့ သူ့ကို လွမ်းနေပြီလို့ ရေးသားခဲ့ကြပြီး အခုလို ပြန်လည်လေ့ကျင့်ပြီး အသင်းအတွက် ကစားပေးနိုင်ဖို့ မျှော်လင့်နေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ဒီယွန်ရဲ့ ရူနာဆန်ကို ခေါ်ယူခဲ့တာဟာ ရေတိုဖြေရှင်းမှုသာဖြစ်ပြီး ဘရန့်ဖို့ဒ်ရဲ့ ဒေးဗစ် ရာယာကိုသာ အမှန်တကယ် စိတ်ဝင်စားတာဖြစ်လို့ သူတို့ကို ဒီတစ်ရာသီ အငှားပြန်ချပေးပြီး ဆာလီဘာနဲ့ စိန့်အက်တီယန်တုန်းကလိုမျိုးပဲ ခေါ်ယူသွားဖွယ်ရှိနေ။

– အင်္ဂလန်လက်ရွေးစင်ဟောင်းနဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဒေးဗစ်ဂျိမ်းစ်က အာဆင်နယ်အသင်းအနေနဲ့ အာတီတာရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ်ဆုဖလားနဲ့ ဝေးကွာနေရမှုကို ရပ်တန့်နိုင်တော့မှာဖြစ်ပြီး အသင်းရဲ့လက်ရှိခြေစွမ်းကို ဆက်ထိန်းပြီး မန်စီးတီးနဲ့ လီဗာပူးလ်တို့လိုမျိုး ကစားနိုင်ဖို့ပဲ လိုတော့တယ်လို့ဆို။

– အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ သောမတ်စ် ပါတေးကို ဝယ်ယူနိုင်ဖို့အတွက် ကစားသမားတွေကို ရောင်းချဖို့ ကြိုးစားနေပြီး ပေါင် ၇၅ သန်းလောက် ရရှိနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဘယ်လာရင်နဲ့ လာကာဇက်တို့လည်း အရောင်းစာရင်းထဲမှာ ပါဝင်နေတယ်လို့ဆို။

– ကာရာဘောင်းဖလား တတိယအဆင့်မှာ လက်စတာစီးတီးနဲ့ အဝေးကွင်းမှာ ကစားရမယ့် အာဆင်နယ်အနေနဲ့ ဒီပွဲကို အနိုင်ရခဲ့ရင် စတုတ္ထအဆင့်မှာ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်းမှာ ကစားရဖို့တော့ များနေကြောင်း ပွဲစဉ်ရေးဆွဲမှုတွေ ထွက်ပေါ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.