Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၈.၉.၂၀၂၀

– ေပၚတိုဘက္ကေန ယူ႐ိုသန္း ၃၀ (ေပါင္ ၂၇ သန္း)အထိ ေတာင္းဆုိခ်င္ေနေပမယ့္ ယူႏုိက္တက္ကို ေျပာင္းေရႊ႕လိုေနတဲ့ အဲလက္စ္ တဲလက္စ္ရဲ႕ ဆႏၵေၾကာင့္ ယူ႐ိုသန္း ၂၀ (ေပါင္ ၁၈ သန္း)နဲ႔ သေဘာတူညီေပးဖို႔ ရွိေနၿပီး ဘရာဇီးလ္သားအေနနဲ႔ တုိက္စစ္ပုိင္းကို သူ႕ရဲ႕ ဖန္တီးမွဳေတြနဲ႔ ကူညီႏုိင္မယ္လုိ႔ ခန္႔မွန္းေနၾက။

– စီးရီးေအ အတၱလန္တာအသင္းမွာ ေျခစြမ္းျပလာခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား အာမက္ ထရာအုိေရးဟာ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ လိုအပ္တဲ့ ငယ္ရြယ္ၿပီး စိတ္ဓာတ္ျပင္းျပတဲ့သူမ်ဳိးျဖစ္လို႔ ႀကဳိးစားေခၚယူသြားဖို႔ ရွိေနတယ္လုိ႔ဆုိ။

– ပရီးမီးယားလိဂ္နဲ႔ အသားက်ၿပီးသား ေတာင္ပံကစားသမားတစ္ဦးျဖစ္ၿပီး ဝတ္ဖို႔ဒ္ဘက္ ေပါင္သန္း ၃၀ သတ္မွတ္ထားတဲ့ အစၥမိုင္လာ ဆားရ္ကို ေခၚယူဖို႔ လီဗာပူးလ္နဲ႔အၿပဳိင္ ယူႏုိက္တက္တုိ႔ စိတ္ဝင္စားေနၿပီး ဆန္ခ်ဳိကို မရခ်ိန္ႏုိင္မွာ လက္ေတြ႕က်တဲ့ အားျဖည့္မွဳတစ္ခုျဖစ္လာႏုိင္။

– ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားသစ္ ခုနစ္ဦး ေခၚယူထားတဲ့ အေျခအေနေတြက မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြ ေဒါသထြက္ဖို႔ သိသာထင္ရွားေစတဲ့ ႏွဳိင္းယွဥ္စရာတစ္ခုျဖစ္ခဲ့ၿပီး ေဈးကြက္က မပိတ္သိမ္းေသးတာေတာင္ တုိးတက္မွဳအေျခအေနက သူ႕အတြက္ စိတ္ပ်က္စရာျဖစ္ခဲ့တယ္လို႔ ရီယို ဖာဒီနန္ ေဝဖန္။

– ယူ႐ိုပါလိဂ္ရဲ႕ ၂၀၁၉-၂၀ ရာသီအတြက္ အေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ဖို႔ လ်ာထားတဲ့ သုံးဦးစာရင္းမွာ ဆီဗီလာ ကြင္းလယ္လူ ဘာနီဂါ၊ အင္တာမီလန္တုိက္စစ္မွဴး လူကာကူးတို႔နဲ႔အတူ ယူႏုိက္တက္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ ပါဝင္ေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ေတာင္ပံခံစစ္မွဴး ဒီယိုဂို ဒါေလာ့ကို ေခၚယူဖို႔ အဲဗာတန္နည္းျပ ကာလို အန္ဆယ္ေလာ့တီက ပစ္မွတ္ထားေနၿပီး အသက္အရြယ္ေထာက္လာတဲ့ အသင္းေခါင္းေဆာင္ ကိုးလ္မန္းေနရာအတြက္ အငွားနဲ႔ စတင္ေခၚယူဖို႔ ကမ္းလွမ္းသြားဖြယ္ရွိေန။

– အဂၤလန္အသင္းမွာ ျဖစ္ပြားခဲ့တဲ့ ျပႆနာကို နည္းျပ ဆုိးလ္ရွားအေနနဲ႔ မၾကည္မလင္ျဖစ္ေနပုံရၿပီး ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ နည္းစနစ္ေတြအတုိင္းပဲ လူငယ္တုိက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္ကို လာမယ့္ပြဲစဥ္ တစ္ပြဲႏွစ္ပြဲေလာက္ ခ်န္လွပ္သြားမယ္လို႔ သတင္းထြက္ေပၚလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပေါ်တိုဘက်ကနေ ယူရိုသန်း ၃၀ (ပေါင် ၂၇ သန်း)အထိ တောင်းဆိုချင်နေပေမယ့် ယူနိုက်တက်ကို ပြောင်းရွှေ့လိုနေတဲ့ အဲလက်စ် တဲလက်စ်ရဲ့ ဆန္ဒကြောင့် ယူရိုသန်း ၂၀ (ပေါင် ၁၈ သန်း)နဲ့ သဘောတူညီပေးဖို့ ရှိနေပြီး ဘရာဇီးလ်သားအနေနဲ့ တိုက်စစ်ပိုင်းကို သူ့ရဲ့ ဖန်တီးမှုတွေနဲ့ ကူညီနိုင်မယ်လို့ ခန့်မှန်းနေကြ။

– စီးရီးအေ အတ္တလန်တာအသင်းမှာ ခြေစွမ်းပြလာခဲ့တဲ့ လူငယ်တောင်ပံကစားသမား အာမက် ထရာအိုရေးဟာ မန်ချက်စတာယူနိုက်တက်အနေနဲ့ လိုအပ်တဲ့ ငယ်ရွယ်ပြီး စိတ်ဓာတ်ပြင်းပြတဲ့သူမျိုးဖြစ်လို့ ကြိုးစားခေါ်ယူသွားဖို့ ရှိနေတယ်လို့ဆို။

– ပရီးမီးယားလိဂ်နဲ့ အသားကျပြီးသား တောင်ပံကစားသမားတစ်ဦးဖြစ်ပြီး ဝတ်ဖို့ဒ်ဘက် ပေါင်သန်း ၃၀ သတ်မှတ်ထားတဲ့ အစ္စမိုင်လာ ဆားရ်ကို ခေါ်ယူဖို့ လီဗာပူးလ်နဲ့အပြိုင် ယူနိုက်တက်တို့ စိတ်ဝင်စားနေပြီး ဆန်ချိုကို မရချိန်နိုင်မှာ လက်တွေ့ကျတဲ့ အားဖြည့်မှုတစ်ခုဖြစ်လာနိုင်။

– ချဲလ်ဆီးအသင်းရဲ့ ကစားသမားသစ် ခုနစ်ဦး ခေါ်ယူထားတဲ့ အခြေအနေတွေက မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ ဒေါသထွက်ဖို့ သိသာထင်ရှားစေတဲ့ နှိုင်းယှဉ်စရာတစ်ခုဖြစ်ခဲ့ပြီး ဈေးကွက်က မပိတ်သိမ်းသေးတာတောင် တိုးတက်မှုအခြေအနေက သူ့အတွက် စိတ်ပျက်စရာဖြစ်ခဲ့တယ်လို့ ရီယို ဖာဒီနန် ဝေဖန်။

– ယူရိုပါလိဂ်ရဲ့ ၂၀၁၉-၂၀ ရာသီအတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ဖို့ လျာထားတဲ့ သုံးဦးစာရင်းမှာ ဆီဗီလာ ကွင်းလယ်လူ ဘာနီဂါ၊ အင်တာမီလန်တိုက်စစ်မှူး လူကာကူးတို့နဲ့အတူ ယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ပါဝင်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံခံစစ်မှူး ဒီယိုဂို ဒါလော့ကို ခေါ်ယူဖို့ အဲဗာတန်နည်းပြ ကာလို အန်ဆယ်လော့တီက ပစ်မှတ်ထားနေပြီး အသက်အရွယ်ထောက်လာတဲ့ အသင်းခေါင်းဆောင် ကိုးလ်မန်းနေရာအတွက် အငှားနဲ့ စတင်ခေါ်ယူဖို့ ကမ်းလှမ်းသွားဖွယ်ရှိနေ။

– အင်္ဂလန်အသင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာကို နည်းပြ ဆိုးလ်ရှားအနေနဲ့ မကြည်မလင်ဖြစ်နေပုံရပြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ နည်းစနစ်တွေအတိုင်းပဲ လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို လာမယ့်ပွဲစဉ် တစ်ပွဲနှစ်ပွဲလောက် ချန်လှပ်သွားမယ်လို့ သတင်းထွက်ပေါ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.