Premier League

တနဂၤေႏြည စူပါဆန္းေဒးပြဲျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ လီဗာပူးပြဲအတြက္ မိုက္ကယ္အိုဝင္ သံုးသပ္ခန္႔မွန္းခ်က္

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ အတြက္ လက္ရိွခ်န္ပီယံ လီဗာပူးအသင္းကို ယခုတပတ္ တနဂၤေႏြညခ်မ္း ၁၀ နာရီအခ်ိန္မွာ အိမ္ကြင္း စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ဧည့္ခံကစားရမွာ ျဖစ္ပါတယ္။

ဒီပြဲအတြက္ ပရီးမီးယားလိဂ္နဲ႔ အဂၤလန္တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္က ယခုလို ခန္႔မွန္း သံုးသပ္ခဲ့ပါတယ္။ “ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ဗ်ာ က်ေနာ္ ဒီပြဲကို ၾကည့္ဖို႔ မေစာင့္ႏိုင္ေအာင္ ျဖစ္ေနမိတယ္။

ခ်ဲလ္ဆီးအသင္းဟာ သူတို႔ရဲ႕ပရီးမီးယားလိဂ္ျပိဳင္ပြဲအစမွာ ဘရိုက္တန္အသင္းကို အေ၀းကြင္းမွာ ၃ ဂိုး ၁ ဂိုးနဲ အႏိုင္ရခဲ့ျပီး နည္းျပဖရန္႔လမ္းပတ္အေနနဲ႔ အသစ္ေခၚယူထားတဲ့ ကစားသမားေတြ ကစားပံုကို အားရေနတာေတြ႔ရပါတယ္။ တီမိုဗာနာအေနနဲ႔ ဂုိးမသြင္းႏိုင္ခဲ့ေပမယ့္ ဘရိုက္တန္ေနာက္တန္းကို အျမဲတမ္း ျခိမ္းေျခာက္ေနျပီး ပရီးမီးယားလိဂ္မွာ ကစားဖို႔ အျမန္အထိုင္က်မယ့္ပံုေပၚေနပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔လည္း အဖြင့္ပြဲမွာ တန္းတက္ လိဒ္စ္ယူႏိုက္တက္အသင္းကို အိမ္ကြင္းအန္းဖီးလ္မွာ ၄ ဂိုး ၃ ဂိုးနဲ႔ အႏိုင္ရရိွခဲ့ပါတယ္။
လီဗာပူးနည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ မႏွစ္ကလို ထက္ျမက္ျမဲ သူ႔တိုက္စစ္ကို အားရေက်နပ္ခဲ့ေပမယ့္ ေနာက္တန္းက လိဒ္စ္လိုအသင္းကို ၃ ဂိုး ျပန္ေပးလိုက္ရတာကို စိုးရိမ္ေနပံုေပၚျပီး အားနည္းခ်က္ကို ရွာေဖြဖို႔ အပူတျပင္းလုပ္ေဆာင္ေနမွာပါ။

ခုပြဲမွာ ေသခ်ာတာေတာ့ တစ္ဖက္နဲ႔ တစ္ဖက္ သြင္းဂိုးေတြ အမ်ားၾကီးသြင္းၾကတာ ျမင္ေတြ႔ရဖို႔ရိွပါတယ္။ ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈေပးႏိုင္တဲ့ ပြဲေကာင္းတပြဲ ျဖစ္လာမွာပါ။ ႏွစ္ဖက္ အျပန္အလွန္ ဂိုးေပါက္ျခိမ္းေျခာက္ ဂိုးေတြသြင္းျပီး ေနာက္ဆံုး ပြဲသိမ္း ခရာမႈတ္ခ်ိန္မွာေတာ့ တစ္ဖက္ ၂ ဂိုး စီနဲ႔ သေရပြဲ ျဖစ္သြားမယ္လို႔ မိုက္ကယ္အို၀င္က ခန္႔မွန္းလိုက္ပါတယ္။

REF: BET VICTOR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

[UNICODE] ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ အတွက် လက်ရှိချန်ပီယံ လီဗာပူးအသင်းကို ယခုတပတ် တနင်္ဂနွေညချမ်း ၁၀ နာရီအချိန်မှာ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

ဒီပွဲအတွက် ပရီးမီးယားလိဂ် နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ယခုလို ခန့်မှန်း သုံးသပ်ခဲ့ပါတယ်။ “ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ဗျာ ကျနော် ဒီပွဲကို ကြည့်ဖို့ မစောင့်နိုင်အောင် ဖြစ်နေမိတယ်။

ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအစမှာ ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ အနိုင်ရခဲ့ပြီး နည်းပြဖရန့် လမ်းပတ်အနေနဲ့ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေ ကစားပုံကို အားရနေတာတွေ့ရပါတယ်။ တီမိုဗာနာအနေနဲ့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဘရိုက်တန်နောက်တန်းကို အမြဲတမ်း ခြိမ်းခြောက်နေပြီး ပရီးမီးယားလိဂ်မှာ ကစားဖို့ အမြန်အထိုင်ကျမယ့်ပုံပေါ်နေပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့လည်း အဖွင့်ပွဲမှာ တန်းတက် လိဒ်စ် ယူနိုက်တက်အသင်းကို အိမ်ကွင်းအန်းဖီးလ်မှာ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးနည်းပြ ယာဂန် ကလော့ပ်အနေနဲ့ မနှစ်ကလို ထက်မြက်မြဲ သူ့တိုက်စစ်ကို အားရကျေနပ်ခဲ့ပေမယ့် နောက်တန်းက လိဒ်စ်လိုအသင်းကို ၃ ဂိုး ပြန်ပေးလိုက်ရတာကို စိုးရိမ်နေပုံ ပေါ်ပြီး အားနည်းချက်ကို ရှာဖွေဖို့ အပူတပြင်းလုပ်ဆောင်နေမှာပါ။

ခုပွဲမှာ သေချာတာတော့ တစ်ဖက်နဲ့ တစ်ဖက် သွင်းဂိုးတွေ အများကြီးသွင်းကြတာ မြင်တွေ့ရဖို့ရှိပါတယ်။ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းတပွဲ ဖြစ်လာမှာပါ။ နှစ်ဖက် အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက် ဂိုးတွေသွင်းပြီး နောက်ဆုံး ပွဲသိမ်း ခရာမှုတ်ချိန်မှာတော့ တစ်ဖက် ၂ ဂိုးစီနဲ့ သရေပွဲ ဖြစ်သွားမယ်လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းလိုက်ပါတယ်။

REF: BET VICTOR
PHOTOS CREDIT TO OWNERS
SPORTS A2Z.