Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၇.၉.၂၀၂၀

– အက္သလက္တီကိုမက္ဒရစ္ ေနာက္ခံလူ ဟိုေဆး ဟီမီနက္ဇ္အတြက္ ယူ႐ိုသန္း ၁၀၀ နီးပါး ကမ္းလွမ္းမွဳကို မန္ခ်က္စတာစီးတီးဆီက ရရွိခဲ့ေပမယ့္ ပယ္ခ်ထားခဲ့တယ္လုိ႔ အသင္းဘက္က ထုတ္ေဖာ္လိုက္ၿပီး ယူ႐ိုသန္း ၁၂၀ မဟုတ္ရင္ စကားေျပာမွာမဟုတ္ဘူးလို႔ တုံ႔ျပန္လုိက္ခ်ိန္မွာ ေနာက္လာမယ့္ကမ္းလွမ္းမွဳက ယူ႐ိုသန္း ၅၀ ေဘာနပ္စ္ပါဝင္ၿပီး ကနဦးေပးေခ်ေငြကို ေလွ်ာ့ခ်ညႇိႏွဳိင္းသြားႏုိင္တယ္လုိ႔ ခန္႔မွန္းေနၾက။

– မန္ခ်က္စတာစီးတီးရဲ႕ စိတ္ဝင္စားမွဳဟာ ေနာက္ခံလူ ဒီေယဂို ကားလို႔စ္ထက္ သူ႕ရဲ႕ ဆီဗီလာအသင္းေဖာ္ ယူးလ္ ကြန္ဒီကိုျဖစ္တယ္လို႔ သတင္းေတြ ေပၚထြက္လာခဲ့ခ်ိန္မွာ အသက္ ၂၁ ႏွစ္အရြယ္ ျပင္သစ္သားကေတာ့ အသင္းမွာ ဆက္ေနဖုိ႔ ရွိတယ္လုိ႔ တုံ႔ျပန္ထား။

– စီးတီးတာဝန္ရွိသူေတြရဲ႕ စပိန္ေဈးကြက္ဘက္ကို လွည့္သြားခဲ့တဲ့ ဗ်ဴဟာက ေအာင္ျမင္တယ္လို႔ ဆုိရမွာျဖစ္ၿပီး နာပုိလီအသင္းပုိင္ရွင္ ေအာ္ရယ္လီယို ဒီေလာ္ရန္တီးစ္အေနနဲ႔ ကူလီေဘလီကို ေရာင္းခ်သြားဖို႔နဲ႔ ကမ္းလွမ္းမွဳကို ေစာင့္ေမွ်ာ္ေနေၾကာင္း မန္ခ်က္စတာဘက္ကို သတင္းလႊင့္ထား။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္ခံလူသစ္ နာသန္ ေအကီအေနနဲ႔ သူ႕ရဲ႕ အစ္တီဟတ္က ကစားသမားဘဝကို အျမန္ဆုံး အေျခက်ေစဖို႔ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ အသင္းေဖာ္တခ်ဳိ႕က ႀကီးႀကီးမားမားကူညီေပးလိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္းဆုိ။

– အရန္အသင္းက အသက္ ၂၂ ႏွစ္အရြယ္ ေနာက္ခံလူ တုိဆင္ အဒါရာဘုိင္႐ိုယို ေခၚယူဖို႔ အဲဗာတန္၊ ဝက္စ္ဟမ္းနဲ႔ ဖူလ္ဟမ္တုိ႔က စိတ္ဝင္စားေနၾကၿပီး ဝက္စ္ဟမ္းရဲ႕ ေပါင္ ၈ သန္းတန္ ကမ္းလွမ္းမွဳကို မန္ခ်က္စတာစီးတီး ပယ္ခ်ထား။

– မန္ခ်က္စတာစီးတီးအသင္းမွာ ေလးႏွစ္တာရွိခဲ့တဲ့ ျဖတ္သန္းမွဳမွာ အသင္းေဖာ္ႏွစ္ဦးဟာ သူ႕အတြက္ တကယ့္အေထာက္အကူေကာင္းနဲ႔ သူငယ္ခ်င္းေကာင္းေတြျဖစ္ခဲ့ၿပီး သူတုိ႔ကေတာ့ ဒီဘ႐ိုင္းနားနဲ႔ ဂြန္ဒိုးဝမ္တုိ႔ျဖစ္ၿပီး မန္ခ်က္စတာဟာ အျပာေရာင္လို႔ လီရြဳိင္း ဆာေနး ေျပာၾကား။

– ဆီဗီလာေနာက္ခံလူ ဒီေယဂို ကားလို႔စ္က ေဘာလုံးေလာကမွာ ဘာမဆုိျဖစ္သြားႏုိင္ေၾကာင္းနဲ႔ ဆီဗီလာမွာ ေပ်ာ္ရႊင္ေနေပမယ့္ ခန္႔မွန္းမွဳေတြအတြက္ စိတ္ရွဳပ္ေထြးေနရေၾကာင္း၊ သူ႕ရဲ႕ အနာဂတ္ကို ေအးဂ်င့္ေတြပဲ ကိုင္တြယ္လိမ့္မွာျဖစ္ေၾကာင္း စီးတီးကို စိတ္ဝင္စားတဲ့ သေဘာမ်ဳိး ပေဟဠိဆန္ဆန္ ေျပာသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အက်သလက်တီကိုမက်ဒရစ် နောက်ခံလူ ဟိုဆေး ဟီမီနက်ဇ်အတွက် ယူရိုသန်း ၁၀၀ နီးပါး ကမ်းလှမ်းမှုကို မန်ချက်စတာစီးတီးဆီက ရရှိခဲ့ပေမယ့် ပယ်ချထားခဲ့တယ်လို့ အသင်းဘက်က ထုတ်ဖော်လိုက်ပြီး ယူရိုသန်း ၁၂၀ မဟုတ်ရင် စကားပြောမှာမဟုတ်ဘူးလို့ တုံ့ပြန်လိုက်ချိန်မှာ နောက်လာမယ့်ကမ်းလှမ်းမှုက ယူရိုသန်း ၅၀ ဘောနပ်စ်ပါဝင်ပြီး ကနဦးပေးချေငွေကို လျှော့ချညှိနှိုင်းသွားနိုင်တယ်လို့ ခန့်မှန်းနေကြ။

– မန်ချက်စတာစီးတီးရဲ့ စိတ်ဝင်စားမှုဟာ နောက်ခံလူ ဒီယေဂို ကားလို့စ်ထက် သူ့ရဲ့ ဆီဗီလာအသင်းဖော် ယူးလ် ကွန်ဒီကိုဖြစ်တယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ချိန်မှာ အသက် ၂၁ နှစ်အရွယ် ပြင်သစ်သားကတော့ အသင်းမှာ ဆက်နေဖို့ ရှိတယ်လို့ တုံ့ပြန်ထား။

– စီးတီးတာဝန်ရှိသူတွေရဲ့ စပိန်ဈေးကွက်ဘက်ကို လှည့်သွားခဲ့တဲ့ ဗျူဟာက အောင်မြင်တယ်လို့ ဆိုရမှာဖြစ်ပြီး နာပိုလီအသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တီးစ်အနေနဲ့ ကူလီဘေလီကို ရောင်းချသွားဖို့နဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း မန်ချက်စတာဘက်ကို သတင်းလွှင့်ထား။

– မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံလူသစ် နာသန် အေကီအနေနဲ့ သူ့ရဲ့ အစ်တီဟတ်က ကစားသမားဘဝကို အမြန်ဆုံး အခြေကျစေဖို့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားနဲ့ အသင်းဖော်တချို့က ကြီးကြီးမားမားကူညီပေးလိမ့်မယ်လို့ ယုံကြည်ကြောင်းဆို။

– အရန်အသင်းက အသက် ၂၂ နှစ်အရွယ် နောက်ခံလူ တိုဆင် အဒါရာဘိုင်ရိုယို ခေါ်ယူဖို့ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်တို့က စိတ်ဝင်စားနေကြပြီး ဝက်စ်ဟမ်းရဲ့ ပေါင် ၈ သန်းတန် ကမ်းလှမ်းမှုကို မန်ချက်စတာစီးတီး ပယ်ချထား။

– မန်ချက်စတာစီးတီးအသင်းမှာ လေးနှစ်တာရှိခဲ့တဲ့ ဖြတ်သန်းမှုမှာ အသင်းဖော်နှစ်ဦးဟာ သူ့အတွက် တကယ့်အထောက်အကူကောင်းနဲ့ သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ပြီး သူတို့ကတော့ ဒီဘရိုင်းနားနဲ့ ဂွန်ဒိုးဝမ်တို့ဖြစ်ပြီး မန်ချက်စတာဟာ အပြာရောင်လို့ လီရွိုင်း ဆာနေး ပြောကြား။

– ဆီဗီလာနောက်ခံလူ ဒီယေဂို ကားလို့စ်က ဘောလုံးလောကမှာ ဘာမဆိုဖြစ်သွားနိုင်ကြောင်းနဲ့ ဆီဗီလာမှာ ပျော်ရွှင်နေပေမယ့် ခန့်မှန်းမှုတွေအတွက် စိတ်ရှုပ်ထွေးနေရကြောင်း၊ သူ့ရဲ့ အနာဂတ်ကို အေးဂျင့်တွေပဲ ကိုင်တွယ်လိမ့်မှာဖြစ်ကြောင်း စီးတီးကို စိတ်ဝင်စားတဲ့ သဘောမျိုး ပဟေဠိဆန်ဆန် ပြောသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.