Match Report Premier League

ဒုတိယပိုင်းမှာ ပြန်လာခဲ့ပေမယ့် ဘရန့်ဖို့ဒ်ကွင်းမှာ သရေနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ ဒိုင်ယာ၊ လွန်ဂလေနဲ့ တန်ဂန်ဂါတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ပါရီရှစ်ချ်၊ ဒိုဟာတီ၊ ဟွိုင်ဘယာ့ဂ်နဲ့ ဘီဆူးမားတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ဟာရီကိန်း၊ ဆွန်ဟောင်မင်နဲ့ ကူလူရှက်ဗ်စကီးတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် ဘရန့်ဖို့ဒ်အသင်းကတော့ ဂိုးသမား ရာယာ၊ ခံစစ်မှာ ပင်းနော့ခ်၊ ဘန်မီးနဲ့ ဇန်ကာတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ယန်ဆင်၊ နော်ဂါ့ဒ်၊ ယန်နဲ့လ်၊ ရိုအာဆလက်ဗ်နဲ့ ရီကို ဟင်နရီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ တိုနီနဲ့ အမ်ဘူးမိုတို့ အတွဲကိုပဲ တင်ကစားလာခဲ့တာပါ။

ကစားအားကောင်းကောင်းနဲ့ မန်စီးတီးကို အနိုင်ယူခဲ့တဲ့ ဘရန့်ဖို့ဒ်တို့အနေနဲ့ ဒီနေ့မှာလည်း ကွင်းလယ်ကို အားပြုပြီး စပါးစ်ကို ပထမပိုင်းစကတည်းက ဖိအားပေးသွားခဲ့သလို စပါးစ်တို့ကတော့ ဂိုးသမား လိုရစ် အပါအဝင် အဓိက ကစားသမားတချို့ကို အနားပေးထားခဲ့တာကြောင့် အထနှေးပြီး အဝေးကွင်းမှာ တိုင်ပတ်နေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ ဘရန့်ဖို့ဒ်တို့က အဖွင့်ဂိုး သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ကန်တင်လိုက်တဲ့ အမြင့်ဘောကို တိုနီ ခေါင်းတိုက်ချပေးရာမှာ အမ်ဘူးမိုက ညာခြမ်းကို ဖြတ်တင်ပေးခဲ့ပြီး ယန်ဆင် ကန်သွင်းရာမှာ လည်ထွက်လာတဲ့ ဘောလုံးကို ဂိုးသမား ဖော်စတာက ပုတ်ထုတ်နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ယန်နဲ့လ်က ပြေးပိတ်ပြီး ရယူသွားခဲ့တာပါ။

ဒီနေ့မှာ ဘရန့်ဖို့ဒ်တို့ရဲ့ အားသန်တဲ့ အမြင့်ဘောတွေက အရပ် ၆ ပေ ၇ လက်မရှိတဲ့ စပါးစ်ဂိုးသမား ဖော်စတာကြောင့် ထင်သလောက် အလုပ်မဖြစ်ဘဲ ရှိနေခဲ့သလို ဘောလုံးပွဲတွေ ရပ်နားထားပြီးမှ ဘောက်ဆင်ဒေးမှာ ပြန်ကစားချိန်မှာ နှစ်သင်းစလုံး ပုံမှန် Form ကို ပြန်ရအောင် ကြိုးစားခဲ့ရပြီး တိုနီ ဂိုးထပ်သွင်းပေမယ့် လူကျွံနေခဲ့လို့ ပထမပိုင်းမှာတော့ အိမ်ရှင်တွေကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စပါးစ်တို့က ပိုမိုဖိအားပေးလာနိုင်ခဲ့ကြပြီး ဟာရီကိန်းရဲ့ ပင်နယ်တီ ရနိုင်တဲ့ အခွင့်အရေး ပယ်ချခံခဲ့ရသလို ဘယ်ခြမ်းက ပါရီရှစ်ချ်နဲ့ လွန်ဂလေတို့ရဲ့ ချိတ်ဆက်ကစားလာမှုကို လိုက်အားကျလာတဲ့ ဘရန့်ဖို့ဒ်ကွင်းလယ်နဲ့ ညာနောက်ခံလူ ရိုအာဆလက်ဗ်တို့ မထိန်းနိုင်ခဲ့သလို သူတင်ကိုယ်တင် ဘောလုံးတွေမှာ အရပ်ပုတဲ့ နောက်ခံလူ ဘန်မီးနဲ့ ဂိုးသမား ရာယာတို့ကြောင့်လည်း မျက်လုံးပြူးစရာဖြစ်နေခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၅၄ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ပဲ နောက်တစ်ဂိုး ထပ်ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ အမ်ဘူးမိုက အနီးတိုင်ဘက်ကို ကန်တင်ပေးရာမှာ ကွင်းလယ်လူ နော်ဂါ့ဒ်က ခေါင်းတိုက်ချပေးခဲ့တဲ့ ဘောလုံးကို တိုနီက အနီးကပ် ပြေးပိတ်ပြီး လေးလံနေတဲ့ စပါးစ် နောက်တန်းနဲ့ ဂိုးသမားကို အနိုင်ယူသွားခဲ့တာပါ။

ဒီနောက်မှာတော့ စပါးစ်တို့ ပိုညှစ်ကစားလာခဲ့သလို ကွင်းလယ်မှာ ကစားအားကျလာမှုနဲ့ တိုက်စစ်က တိုနီနဲ့ အမ်ဘူးမိုတို့ ကုန်လာခဲ့တာကို အချိန်မီ မပြင်ဆင်နိုင်တဲ့ နည်းပြ သောမတ်စ် ဖရန့်ခ်ကြောင့် ဘရန့်ဖို့ဒ်တို့ ခံစစ်သက်သက်ဖြစ်သွားခဲ့ပြီး ဆွန်ဟောင်မင်နဲ့ ကိန်းတို့ဆီ သွားနေတဲ့ ဘောလုံး ခင်းပေးမှုတွေကိုလည်း မဖြတ်တောက်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ စပါးစ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ သုံးယောက်တန်းအစွန်လူ လွန်ဂလေက ဖြတ်တင်ပေးရာမှာ ဘော်ဒီချင်းရော ပါဝါချင်းပါ မယှဉ်သာတဲ့ ဘန်မီးကို အသာစီးယူသွားခဲ့တဲ့ ဟာရီကိန်းရဲ့ ခေါင်းတိုက်ချက်က နေရာယူပုံ မှားနေတဲ့ ဂိုးသမား ရာယာကို ကျော်ပြီး ဘယ်ဘက်ထောင့်ထဲကို ကွက်တိဝင်သွားခဲ့တာပါ။

နှစ်ဂိုး-တစ်ဂိုးဖြစ်နေချိန်မှာ နှစ်သင်းစလုံး လူစားပြောင်းလဲခဲ့ကြပြီး စပါးစ်တို့ဘက်က တန်ဂန်ဂါအစား ဒေဗင်ဆင် ဆန်ချက်ဇ်ကို ထည့်ပြီး တစ်သင်းလုံးကို တိုက်စစ်လိုက်နိုင်ဖို့ ကစားအား တင်လာခဲ့သလို ဘရန့်ဖို့ဒ်တို့ကတော့ ခပ်တုံးတုံး လူစားလဲမှုအဖြစ် ယန်ဆင်ကို ထုတ်ပြီး ကွင်းလယ်လိုလို တိုက်စစ်လိုလိုနဲ့ ဘယ်နားမှာမှ ဘောင်မဝင်တဲ့ အီရန်သား ဂေါ့ဒို့စ်ကို ထည့်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာ စပါးစ်တို့ပဲ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဒိုဟာတီနဲ့ ဝမ်းတူးရိုက်ပြီး လွတ်သွားခဲ့တဲ့ ကူလူရှက်ဗ်စကီးက အနိမ့်ဘော ချိုးပေးရာမှာ ဘရန့်ဖို့ဒ်ခံစစ်နဲ့ ထိပြီး ထွက်လာတဲ့ ဘောလုံးက သူ့ရဲ့ ရှေ့တည့်တည့်ကို ရောက်လာခဲ့ချိန်မှာ ကွင်းလယ်လူ ဟွိုင်ဘယာ့ဂ်က တစ်ချက်ထိန်းပြီး ဘယ်ဘက်ထောင့်ကို ကန်သွင်းယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဘရန့်ဖို့ဒ်တို့ဘက်က နော်ဂါ့ဒ်နဲ့ အမ်ဘူးမိုတို့အစား ဒါဆေးလ်ဗားနဲ့ ဝစ်ဆာတို့ကို ထည့်သွင်းခဲ့ပေမယ့် ကွင်းလယ်တစ်ခုလုံး အဖတ်ဆယ် မရတော့ချိန်မှာ မိုးလွန်မှ ထွန်ချသလိုဖြစ်နေခဲ့တဲ့အတွက် စပါးစ်တို့ရဲ့ ကစားကွက်အောက်မှာသာ မြုပ်သွားခဲ့ပြီး တိုက်စစ်ပြန်ဆင်ဖို့ လုံးဝမဖြစ်နိုင်တော့သလို ဧည့်သည်တွေကလည်း ဂိုးထပ်ရအောင် မဖန်တီးနိုင်တော့လို့ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ကွန်မြူနတီကွင်းမှာ နှစ်ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့တဲ့ ပွဲစဉ်ကြောင့် စပါးစ်တို့အနေနဲ့ နောက်ဆုံး ဘောက်ဆင်ဒေး ၁၅ ပွဲမှာ ၁၂ ပွဲနိုင် ၃ ပွဲသရေနဲ့ ရှုံးပွဲမရှိတဲ့ စံချိန်ကောင်းကို ၁၆ ပွဲအထိ တိုးမြှင့်သွားနိုင်ခဲ့သလို အဆင့် ၄ နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြပြီး ဘရန့်ဖို့ဒ်တို့ကတော့ အဆင့် ၉ မှာ ဆက်လက်ရပ်တည်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေဖာ္စတာ၊ ခံစစ္မွာ ဒိုင္ယာ၊ လြန္ဂေလနဲ႔ တန္ဂန္ဂါတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါရီရွစ္ခ်္၊ ဒိုဟာတီ၊ ဟြိဳင္ဘယာ့ဂ္နဲ႔ ဘီဆူးမားတို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ ဟာရီကိန္း၊ ဆြန္ေဟာင္မင္နဲ႔ ကူလူရွက္ဗ္စကီးတို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

အိမ္ရွင္ ဘရန႔္ဖို႔ဒ္အသင္းကေတာ့ ဂိုးသမား ရာယာ၊ ခံစစ္မွာ ပင္းေနာ့ခ္၊ ဘန္မီးနဲ႔ ဇန္ကာတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ယန္ဆင္၊ ေနာ္ဂါ့ဒ္၊ ယန္နဲ႔လ္၊ ႐ိုအာဆလက္ဗ္နဲ႔ ရီကို ဟင္နရီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ တိုနီနဲ႔ အမ္ဘူးမိုတို႔ အတြဲကိုပဲ တင္ကစားလာခဲ့တာပါ။

ကစားအားေကာင္းေကာင္းနဲ႔ မန္စီးတီးကို အႏိုင္ယူခဲ့တဲ့ ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ ဒီေန႔မွာလည္း ကြင္းလယ္ကို အားျပဳၿပီး စပါးစ္ကို ပထမပိုင္းစကတည္းက ဖိအားေပးသြားခဲ့သလို စပါးစ္တို႔ကေတာ့ ဂိုးသမား လိုရစ္ အပါအဝင္ အဓိက ကစားသမားတခ်ိဳ႕ကို အနားေပးထားခဲ့တာေၾကာင့္ အထေႏွးၿပီး အေဝးကြင္းမွာ တိုင္ပတ္ေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ ဘရန႔္ဖို႔ဒ္တို႔က အဖြင့္ဂိုး သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ကန္တင္လိုက္တဲ့ အျမင့္ေဘာကို တိုနီ ေခါင္းတိုက္ခ်ေပးရာမွာ အမ္ဘူးမိုက ညာျခမ္းကို ျဖတ္တင္ေပးခဲ့ၿပီး ယန္ဆင္ ကန္သြင္းရာမွာ လည္ထြက္လာတဲ့ ေဘာလုံးကို ဂိုးသမား ေဖာ္စတာက ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေနာက္က လိုက္လာတဲ့ ယန္နဲ႔လ္က ေျပးပိတ္ၿပီး ရယူသြားခဲ့တာပါ။

ဒီေန႔မွာ ဘရန႔္ဖို႔ဒ္တို႔ရဲ႕ အားသန္တဲ့ အျမင့္ေဘာေတြက အရပ္ ၆ ေပ ၇ လက္မရွိတဲ့ စပါးစ္ဂိုးသမား ေဖာ္စတာေၾကာင့္ ထင္သေလာက္ အလုပ္မျဖစ္ဘဲ ရွိေနခဲ့သလို ေဘာလုံးပြဲေတြ ရပ္နားထားၿပီးမွ ေဘာက္ဆင္ေဒးမွာ ျပန္ကစားခ်ိန္မွာ ႏွစ္သင္းစလုံး ပုံမွန္ Form ကို ျပန္ရေအာင္ ႀကိဳးစားခဲ့ရၿပီး တိုနီ ဂိုးထပ္သြင္းေပမယ့္ လူကြၽံေနခဲ့လို႔ ပထမပိုင္းမွာေတာ့ အိမ္ရွင္ေတြကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ စပါးစ္တို႔က ပိုမိုဖိအားေပးလာႏိုင္ခဲ့ၾကၿပီး ဟာရီကိန္းရဲ႕ ပင္နယ္တီ ရႏိုင္တဲ့ အခြင့္အေရး ပယ္ခ်ခံခဲ့ရသလို ဘယ္ျခမ္းက ပါရီရွစ္ခ်္နဲ႔ လြန္ဂေလတို႔ရဲ႕ ခ်ိတ္ဆက္ကစားလာမႈကို လိုက္အားက်လာတဲ့ ဘရန႔္ဖို႔ဒ္ကြင္းလယ္နဲ႔ ညာေနာက္ခံလူ ႐ိုအာဆလက္ဗ္တို႔ မထိန္းႏိုင္ခဲ့သလို သူတင္ကိုယ္တင္ ေဘာလုံးေတြမွာ အရပ္ပုတဲ့ ေနာက္ခံလူ ဘန္မီးနဲ႔ ဂိုးသမား ရာယာတို႔ေၾကာင့္လည္း မ်က္လုံးျပဴးစရာျဖစ္ေနခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ပဲ ေနာက္တစ္ဂိုး ထပ္ရသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန အမ္ဘူးမိုက အနီးတိုင္ဘက္ကို ကန္တင္ေပးရာမွာ ကြင္းလယ္လူ ေနာ္ဂါ့ဒ္က ေခါင္းတိုက္ခ်ေပးခဲ့တဲ့ ေဘာလုံးကို တိုနီက အနီးကပ္ ေျပးပိတ္ၿပီး ေလးလံေနတဲ့ စပါးစ္ ေနာက္တန္းနဲ႔ ဂိုးသမားကို အႏိုင္ယူသြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ စပါးစ္တို႔ ပိုညႇစ္ကစားလာခဲ့သလို ကြင္းလယ္မွာ ကစားအားက်လာမႈနဲ႔ တိုက္စစ္က တိုနီနဲ႔ အမ္ဘူးမိုတို႔ ကုန္လာခဲ့တာကို အခ်ိန္မီ မျပင္ဆင္ႏိုင္တဲ့ နည္းျပ ေသာမတ္စ္ ဖရန႔္ခ္ေၾကာင့္ ဘရန႔္ဖို႔ဒ္တို႔ ခံစစ္သက္သက္ျဖစ္သြားခဲ့ၿပီး ဆြန္ေဟာင္မင္နဲ႔ ကိန္းတို႔ဆီ သြားေနတဲ့ ေဘာလုံး ခင္းေပးမႈေတြကိုလည္း မျဖတ္ေတာက္ႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ စပါးစ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန သုံးေယာက္တန္းအစြန္လူ လြန္ဂေလက ျဖတ္တင္ေပးရာမွာ ေဘာ္ဒီခ်င္းေရာ ပါဝါခ်င္းပါ မယွဥ္သာတဲ့ ဘန္မီးကို အသာစီးယူသြားခဲ့တဲ့ ဟာရီကိန္းရဲ႕ ေခါင္းတိုက္ခ်က္က ေနရာယူပုံ မွားေနတဲ့ ဂိုးသမား ရာယာကို ေက်ာ္ၿပီး ဘယ္ဘက္ေထာင့္ထဲကို ကြက္တိဝင္သြားခဲ့တာပါ။

ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခ်ိန္မွာ ႏွစ္သင္းစလုံး လူစားေျပာင္းလဲခဲ့ၾကၿပီး စပါးစ္တို႔ဘက္က တန္ဂန္ဂါအစား ေဒဗင္ဆင္ ဆန္ခ်က္ဇ္ကို ထည့္ၿပီး တစ္သင္းလုံးကို တိုက္စစ္လိုက္ႏိုင္ဖို႔ ကစားအား တင္လာခဲ့သလို ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ခပ္တုံးတုံး လူစားလဲမႈအျဖစ္ ယန္ဆင္ကို ထုတ္ၿပီး ကြင္းလယ္လိုလို တိုက္စစ္လိုလိုနဲ႔ ဘယ္နားမွာမွ ေဘာင္မဝင္တဲ့ အီရန္သား ေဂါ့ဒို႔စ္ကို ထည့္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာ စပါးစ္တို႔ပဲ သေရက်ေစမယ့္ ဒုတိယ ေခ်ပဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဒိုဟာတီနဲ႔ ဝမ္းတူး႐ိုက္ၿပီး လြတ္သြားခဲ့တဲ့ ကူလူရွက္ဗ္စကီးက အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဘရန႔္ဖို႔ဒ္ခံစစ္နဲ႔ ထိၿပီး ထြက္လာတဲ့ ေဘာလုံးက သူ႔ရဲ႕ ေရွ႕တည့္တည့္ကို ေရာက္လာခဲ့ခ်ိန္မွာ ကြင္းလယ္လူ ဟြိဳင္ဘယာ့ဂ္က တစ္ခ်က္ထိန္းၿပီး ဘယ္ဘက္ေထာင့္ကို ကန္သြင္းယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ဘက္က ေနာ္ဂါ့ဒ္နဲ႔ အမ္ဘူးမိုတို႔အစား ဒါေဆးလ္ဗားနဲ႔ ဝစ္ဆာတို႔ကို ထည့္သြင္းခဲ့ေပမယ့္ ကြင္းလယ္တစ္ခုလုံး အဖတ္ဆယ္ မရေတာ့ခ်ိန္မွာ မိုးလြန္မွ ထြန္ခ်သလိုျဖစ္ေနခဲ့တဲ့အတြက္ စပါးစ္တို႔ရဲ႕ ကစားကြက္ေအာက္မွာသာ ျမဳပ္သြားခဲ့ၿပီး တိုက္စစ္ျပန္ဆင္ဖို႔ လုံးဝမျဖစ္ႏိုင္ေတာ့သလို ဧည့္သည္ေတြကလည္း ဂိုးထပ္ရေအာင္ မဖန္တီးႏိုင္ေတာ့လို႔ သေရရလဒ္နဲ႔ပဲ ၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

ကြန္ျမဴနတီကြင္းမွာ ႏွစ္ဂိုးစီသေရနဲ႔ ၿပီးဆုံးခဲ့တဲ့ ပြဲစဥ္ေၾကာင့္ စပါးစ္တို႔အေနနဲ႔ ေနာက္ဆုံး ေဘာက္ဆင္ေဒး ၁၅ ပြဲမွာ ၁၂ ပြဲႏိုင္ ၃ ပြဲသေရနဲ႔ ရႈံးပြဲမရွိတဲ့ စံခ်ိန္ေကာင္းကို ၁၆ ပြဲအထိ တိုးျမႇင့္သြားႏိုင္ခဲ့သလို အဆင့္ ၄ ေနရာကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ၾကၿပီး ဘရန႔္ဖို႔ဒ္တို႔ကေတာ့ အဆင့္ ၉ မွာ ဆက္လက္ရပ္တည္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.