Match Preview Premier League

ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အတွက် ခန့်မှန်းချက်များ

၂၀၂၂ ကမ္ဘာ့ဖလားကြောင့် ၆ ပတ်ကြာ နားခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ ယနေ့မှာ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။

ကလပ်အသင်း ၂၀ စလုံးဟာ နိုဝင်ဘာလလယ်မှာ ကလပ်အသင်းပြိုင်ပွဲတွေအားလုံးကို ရပ်နားခဲ့ပေမယ့်လည်း ခရစ္စမတ်အပြီး ၃ ရက်အတွင်းမှာ အားလုံး ပြန်လည်ကစားရတော့မှာဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်-စပါးစ်

ဘောက်ဆင်ဒေးမှာ ပထမဆုံးကစားရမယ့် ပွဲစဉ်အဖြစ် စပါးစ်အသင်းဟာ ဘရန့်တ်ဖို့ဒ် အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကွန်တီရဲ့အသင်းက ရှုံးနိမ့်ခဲ့ရင်တောင် မန်ယူနိုက်တက်နဲ့ ဂိုးကွာခြားချက်ကြီးမားတဲ့အတွက် ထိပ်ဆုံး ၄ နေရာကနေ ဆင်းရမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း စပါးစ်အသင်းကပဲ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရသွားပါလိမ့်မယ်။

ခန့်မှန်းပွဲပြီးရလဒ်(ဘရန့်တ်ဖို့ဒ် ၁-၂ စပါးစ်)

ခရစ္စတယ် ပဲလေ့စ်-ဖူလ်ဟမ်

ပဲလေ့စ်နဲ့ ဖူလ်ဟမ်တို့ပွဲဟာ ခရစ္စမတ်ကာလအပြီးပွဲစဉ်တွေထဲမှာ ဖျော်ဖြေမှုအပေးနိုင်စွမ်းပွဲတွေထဲက တစ်ပွဲဖြစ်ပါလိမ့်မယ်။ ၂ သင်းစလုံးက ဒီရာသီမှာ ကောင်းကောင်း လုပ်နိုင်နေပြီး အထူးသဖြင့် ဖူလ်ဟမ်က ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသခဲ့ပေမယ့်လည်း အိမ်ရှင်ကပဲ အနိုင်ရရှိသွားမှာပါ။

ခန့်မှန်းပွဲပြီးရလဒ်(ခရစ္စတယ် ပဲလေ့စ် ၃-၂ ဖူလ်ဟမ်)

အဲဗာတန်-ဝုလ်ဗ်စ်

အဲဗာတန်နဲ့ ဝုလ်ဗ်စ်တို့ ၂ သင်းစလုံး ဒီရာသီမှာ ဂိုးတွေရဖို့ ရုန်းကန်နေရတဲ့အတွက် ဒီပွဲမှာလည်း ဘာမှ အပြောင်းအလဲမရှိဘဲ သရေနဲ့သာ ပွဲပြီးဆုံးသွားမှာပါ။

ခန့်မှန်းပွဲပြီးရလဒ်(အဲဗာတန် ဝ-၀ ဝုလ်ဗ်စ်)

လက်စတာစီးတီး-နယူးကာဆယ်လ်

နယူးကာဆယ်လ်နဲ့ လက်စတာစီးတီးတို့ဟာ ကမ္ဘာ့ဖလားမတိုင်ခင် ပုံစံကောင်းရနေတဲ့ အသင်းတွေဖြစ်ပြီး အထူးသဖြင့် ငှက်ကျားတွေဟာ အဆင့် ၃ နေရာအထိ ၅ ပွဲဆက်နိုင်ပွဲနဲ့အတူ တက်ရောက်နိုင်ခဲ့တဲ့အတွက် ဒီပွဲမှာလည်း အိမ်ရှင်မြေခွေးတွေအတွက် အခြေအနေမကောင်းပါဘူး။

ခန့်မှန်းပွဲပြီးရလဒ်(လက်စတာစီးတီး ဝ-၂ နယူးကာဆယ်လ်)

ဆောက်သမ်တန်-ဘရိုက်တန်

ဘရိုက်တန်ဟာ ချဲလ်ဆီး၊ ဝုလ်ဗ်စ်၊ အဆာင်နယ်တို့နဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲ ရယူနိုင်ခဲ့ပြီး နိုဝင်ဘာလကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးလိဂ်ပွဲမှာ အက်စတန် ဗီလာကို အရှုံးနဲ့ အဆုံးသတ်ခဲ့ရပေမယ့်လည်း တောင်ပိုင်းကမ်းရိုးတန်းက ပြိုင်ပွဲမှာတော့ ကပ်နိုင်သွားမှာပါ။

ခန့်မှန်းပွဲပြီးရလဒ်(ဆောက်သမ်တန် ဝ-၁ ဘရိုက်တန်)

အက်စတန် ဗီလာ-လီဗာပူးလ်

လီဗာပူးလ်အတွက် ဒီရာသီက ထင်သလိုတွေ ဖြစ်မလာခဲ့တဲ့အတွက် အက်စတန် ဗီလာက အဲဒါကို အခွင့်ကောင်းယူဖို့ ကြိုးပမ်းသွားမှာပါ။ လီဗာပူးလ်ဟာ ဒဏ်ရာရပြဿနာတွေ များနေပြီး လူစာရင်းထဲမှာ ရာသီပေါ်ဖျားနာမှုတွေဖြစ်ပွားနေတဲ့အတွက် ဒီပွဲမှာ အများကြီး မျှော်လင့်လို့မရနိုင်ပါဘူး။

ခန့်မှန်းပွဲပြီးရလဒ်(အက်စတန် ဗီလာ ၁-၁ လီဗာပူးလ်)

အာဆင်နယ်-ဝက်စ်ဟမ်း

အာဆင်နယ်ဟာ ဒီရာသီမှာ အမြင့်ပျံနေပြီး ဒီပွဲစဉ်မှာ အနိုင်ယူပြီး မန်ချက်စတာစီးတီးကို ၈ မှတ်အထိ ဖြတ်ထားဖို့ ဘာမဆို လုပ်သွားမှာပါ။

ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၁ ဝက်စ်ဟမ်း)

ချဲလ်ဆီး-ဘုန်းမောက်

ချဲလ်ဆီးအတွက် ကမ္ဘာ့ဖလားနားရက်က အချိန်ကောင်းမှာ ရောက်လာတာဖြစ်ပြီး ပေါ့တားရဲ့သင်းဟာ ဘရိုက်တန်၊ အာဆင်နယ်နဲ့ နယူးကာဆယ်လ်တို့ကို ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ရာသီရပ်နားခဲ့တာဖြစ်တဲ့အတွက် ရာသီပြန်လည်စတင်ချိန်မှာ ရမှတ်တွေ အသည်းအသန် ရယူသွားချင်နေမှာဖြစ်ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(ချဲလ်ဆီး ၂-၁ ဘုန်းမောက်)

မန်ယူနိုက်တက်-နော်တင်ဟမ်ဖောရက်စ်

မန်ချက်စတာယူနိုက်တက်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ နောက်ဆုံးရင်ဆိုင်တွေ့ခဲ့တာ ၁၉၉၉ ခုနှစ်တုန်းကဖြစ်ပြီး သရဲနီတွေက ၈-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မန်ယူနိုက်တက်ဟာ အဲဒီတုန်းက မန်ယူနိုက်တက်မဟုတ်သလို နော်တင်ဟမ်ဖောရက်စ်ကလည်း အရင်ကနဲ့မတူတော့တာကြောင့် ဂိုးတော့သိပ်ပြတ်မှာမဟုတ်ပါဘူး။

ခန့်မှန်းပွဲပြီးရလဒ်(မန်ယူနိုက်တက် ၂-၀ နော်တင်ဟမ်ဖောရက်စ်)

လိဒ်စ်-မန်စီးတီး

အာဆင်နယ်သာ ဝက်စ်ဟမ်းကို ဘောက်ဆင်ဒေးမှာ အနိုင်ရသွားရင် မန်စီးတီးက ဒီပွဲကို ဖိအားတွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ရာသီပြန်လည်စတင်ချိန်မှာလည်း ပုံစံကောင်း ဆက်လက်ပြသနေတဲ့ ဟာလန်းကြောင့် အနိုင်မရမှာတော့ စိုးရိမ်စရာမရှိပါဘူး။

ခန့်မှန်းပွဲပြီးရလဒ်(လိဒ်စ် ၁-၃ မန်စီးတီး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၂ ကမာၻ႔ဖလားေၾကာင့္ ၆ ပတ္ၾကာ နားခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြဟာ ယေန႔မွာ ျပန္လည္စတင္ေတာ့မွာ ျဖစ္ပါတယ္။

ကလပ္အသင္း ၂၀ စလုံးဟာ ႏိုဝင္ဘာလလယ္မွာ ကလပ္အသင္းၿပိဳင္ပြဲေတြအားလုံးကို ရပ္နားခဲ့ေပမယ့္လည္း ခရစၥမတ္အၿပီး ၃ ရက္အတြင္းမွာ အားလုံး ျပန္လည္ကစားရေတာ့မွာျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္-စပါးစ္

ေဘာက္ဆင္ေဒးမွာ ပထမဆုံးကစားရမယ့္ ပြဲစဥ္အျဖစ္ စပါးစ္အသင္းဟာ ဘရန႔္တ္ဖို႔ဒ္ အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ကြန္တီရဲ႕အသင္းက ရႈံးနိမ့္ခဲ့ရင္ေတာင္ မန္ယူႏိုက္တက္နဲ႔ ဂိုးကြာျခားခ်က္ႀကီးမားတဲ့အတြက္ ထိပ္ဆုံး ၄ ေနရာကေန ဆင္းရမွာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း စပါးစ္အသင္းကပဲ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရသြားပါလိမ့္မယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(ဘရန႔္တ္ဖို႔ဒ္ ၁-၂ စပါးစ္)

ခရစၥတယ္ ပဲေလ့စ္-ဖူလ္ဟမ္

ပဲေလ့စ္နဲ႔ ဖူလ္ဟမ္တို႔ပြဲဟာ ခရစၥမတ္ကာလအၿပီးပြဲစဥ္ေတြထဲမွာ ေဖ်ာ္ေျဖမႈအေပးႏိုင္စြမ္းပြဲေတြထဲက တစ္ပြဲျဖစ္ပါလိမ့္မယ္။ ၂ သင္းစလုံးက ဒီရာသီမွာ ေကာင္းေကာင္း လုပ္ႏိုင္ေနၿပီး အထူးသျဖင့္ ဖူလ္ဟမ္က ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ျပသခဲ့ေပမယ့္လည္း အိမ္ရွင္ကပဲ အႏိုင္ရရွိသြားမွာပါ။

ခန႔္မွန္းပြဲၿပီးရလဒ္(ခရစၥတယ္ ပဲေလ့စ္ ၃-၂ ဖူလ္ဟမ္)

အဲဗာတန္-ဝုလ္ဗ္စ္

အဲဗာတန္နဲ႔ ဝုလ္ဗ္စ္တို႔ ၂ သင္းစလုံး ဒီရာသီမွာ ဂိုးေတြရဖို႔ ႐ုန္းကန္ေနရတဲ့အတြက္ ဒီပြဲမွာလည္း ဘာမွ အေျပာင္းအလဲမရွိဘဲ သေရနဲ႔သာ ပြဲၿပီးဆုံးသြားမွာပါ။

ခန႔္မွန္းပြဲၿပီးရလဒ္(အဲဗာတန္ ဝ-၀ ဝုလ္ဗ္စ္)

လက္စတာစီးတီး-နယူးကာဆယ္လ္

နယူးကာဆယ္လ္နဲ႔ လက္စတာစီးတီးတို႔ဟာ ကမာၻ႔ဖလားမတိုင္ခင္ ပုံစံေကာင္းရေနတဲ့ အသင္းေတြျဖစ္ၿပီး အထူးသျဖင့္ ငွက္က်ားေတြဟာ အဆင့္ ၃ ေနရာအထိ ၅ ပြဲဆက္ႏိုင္ပြဲနဲ႔အတူ တက္ေရာက္ႏိုင္ခဲ့တဲ့အတြက္ ဒီပြဲမွာလည္း အိမ္ရွင္ေျမေခြးေတြအတြက္ အေျခအေနမေကာင္းပါဘူး။

ခန႔္မွန္းပြဲၿပီးရလဒ္(လက္စတာစီးတီး ဝ-၂ နယူးကာဆယ္လ္)

ေဆာက္သမ္တန္-ဘ႐ိုက္တန္

ဘ႐ိုက္တန္ဟာ ခ်ဲလ္ဆီး၊ ဝုလ္ဗ္စ္၊ အဆာင္နယ္တို႔နဲ႔ ပြဲစဥ္ေတြမွာ ႏိုင္ပြဲ ရယူႏိုင္ခဲ့ၿပီး ႏိုဝင္ဘာလကို ဝင္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးလိဂ္ပြဲမွာ အက္စတန္ ဗီလာကို အရႈံးနဲ႔ အဆုံးသတ္ခဲ့ရေပမယ့္လည္း ေတာင္ပိုင္းကမ္း႐ိုးတန္းက ၿပိဳင္ပြဲမွာေတာ့ ကပ္ႏိုင္သြားမွာပါ။

ခန႔္မွန္းပြဲၿပီးရလဒ္(ေဆာက္သမ္တန္ ဝ-၁ ဘ႐ိုက္တန္)

အက္စတန္ ဗီလာ-လီဗာပူးလ္

လီဗာပူးလ္အတြက္ ဒီရာသီက ထင္သလိုေတြ ျဖစ္မလာခဲ့တဲ့အတြက္ အက္စတန္ ဗီလာက အဲဒါကို အခြင့္ေကာင္းယူဖို႔ ႀကိဳးပမ္းသြားမွာပါ။ လီဗာပူးလ္ဟာ ဒဏ္ရာရျပႆနာေတြ မ်ားေနၿပီး လူစာရင္းထဲမွာ ရာသီေပၚဖ်ားနာမႈေတြျဖစ္ပြားေနတဲ့အတြက္ ဒီပြဲမွာ အမ်ားႀကီး ေမွ်ာ္လင့္လို႔မရႏိုင္ပါဘူး။

ခန႔္မွန္းပြဲၿပီးရလဒ္(အက္စတန္ ဗီလာ ၁-၁ လီဗာပူးလ္)

အာဆင္နယ္-ဝက္စ္ဟမ္း

အာဆင္နယ္ဟာ ဒီရာသီမွာ အျမင့္ပ်ံေနၿပီး ဒီပြဲစဥ္မွာ အႏိုင္ယူၿပီး မန္ခ်က္စတာစီးတီးကို ၈ မွတ္အထိ ျဖတ္ထားဖို႔ ဘာမဆို လုပ္သြားမွာပါ။

ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၁ ဝက္စ္ဟမ္း)

ခ်ဲလ္ဆီး-ဘုန္းေမာက္

ခ်ဲလ္ဆီးအတြက္ ကမာၻ႔ဖလားနားရက္က အခ်ိန္ေကာင္းမွာ ေရာက္လာတာျဖစ္ၿပီး ေပါ့တားရဲ႕သင္းဟာ ဘ႐ိုက္တန္၊ အာဆင္နယ္နဲ႔ နယူးကာဆယ္လ္တို႔ကို ၃ ပြဲဆက္ ရႈံးနိမ့္ခဲ့ၿပီး ရာသီရပ္နားခဲ့တာျဖစ္တဲ့အတြက္ ရာသီျပန္လည္စတင္ခ်ိန္မွာ ရမွတ္ေတြ အသည္းအသန္ ရယူသြားခ်င္ေနမွာျဖစ္ပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(ခ်ဲလ္ဆီး ၂-၁ ဘုန္းေမာက္)

မန္ယူႏိုက္တက္-ေနာ္တင္ဟမ္ေဖာရက္စ္

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေနာ္တင္ဟမ္ေဖာရက္စ္တို႔ ေနာက္ဆုံးရင္ဆိုင္ေတြ႕ခဲ့တာ ၁၉၉၉ ခုႏွစ္တုန္းကျဖစ္ၿပီး သရဲနီေတြက ၈-၁ နဲ႔ အႏိုင္ရခဲ့ပါတယ္။ ဒါေပမယ့္လည္း လက္ရွိ မန္ယူႏိုက္တက္ဟာ အဲဒီတုန္းက မန္ယူႏိုက္တက္မဟုတ္သလို ေနာ္တင္ဟမ္ေဖာရက္စ္ကလည္း အရင္ကနဲ႔မတူေတာ့တာေၾကာင့္ ဂိုးေတာ့သိပ္ျပတ္မွာမဟုတ္ပါဘူး။

ခန႔္မွန္းပြဲၿပီးရလဒ္(မန္ယူႏိုက္တက္ ၂-၀ ေနာ္တင္ဟမ္ေဖာရက္စ္)

လိဒ္စ္-မန္စီးတီး

အာဆင္နယ္သာ ဝက္စ္ဟမ္းကို ေဘာက္ဆင္ေဒးမွာ အႏိုင္ရသြားရင္ မန္စီးတီးက ဒီပြဲကို ဖိအားေတြနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ရာသီျပန္လည္စတင္ခ်ိန္မွာလည္း ပုံစံေကာင္း ဆက္လက္ျပသေနတဲ့ ဟာလန္းေၾကာင့္ အႏိုင္မရမွာေတာ့ စိုးရိမ္စရာမရွိပါဘူး။

ခန႔္မွန္းပြဲၿပီးရလဒ္(လိဒ္စ္ ၁-၃ မန္စီးတီး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.