Match Report Premier League

မြေခွေးတွေဆီမှာ နိုင်ပွဲယူခဲ့ပြီး ဒုတိယနေရာအထိ တက်လှမ်းလာခဲ့တဲ့ ငှက်ကျားများ

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ဘော့တ်မန်၊ ဖာဘီယန် ရှား၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်စ်၊ လောင်းစတပ်ဖ်နဲ့ ဝီလော့ခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ခရစ္စ ဝုဒ်နဲ့ ဂျိုလင်တန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် လက်စတာစီးတီးအသင်းကတော့ ဂိုးသမား ဒန်နီ ဝါ့ဒ်၊ ခံစစ်မှာ အမာတေ၊ ဖေးစ်၊ ကက်စတာညာနဲ့ သောမတ်စ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဆူမာရေး၊ တီးလီးမန်းစ်နဲ့ ဂျူးစ်ဘာရီ-ဟောလ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ပရက်၊ ဟာဗီ ဘန်းစ်နဲ့ ဒါကာတို့ကို တွဲဖက်ပေးခဲ့တာပါ။

ငှက်ကျားတွေအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အီဆက်ခ်နဲ့ ကယ်လမ် ဝီလ်ဆန်တို့ကို ဒဏ်ရာကြောင့် ဆုံးရှုံးထားခဲ့ရပေမယ့် ရှိတဲ့သူနဲ့ အကောင်းဆုံး ကစားနေခဲ့ပြီး ဒီနေ့မှာတော့ အရင်ပွဲတွေမှာ ကွင်းလယ်ဆင်းကစားနေတဲ့ ဂျိုလင်တန်ကို တိုက်စစ်မှာ အသုံးပြုခဲ့သလို ခြေစွမ်းပြနေခဲ့တဲ့ အယ်လ်မီရွန်နဲ့ တောင်ပံတစ်ဖက်စီမှာ ကစားစေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃ မိနစ်မှာကတည်းက နယူးကာဆယ်လ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ ဂိုးဧရိယာထဲကို ဘောလုံးဆွဲဝင်တဲ့ ဂျိုလင်တန်ရဲ့ ခြေထောက်ကိုမှ တည့်တည့်ဖျက်မိတဲ့ လက်စတာနောက်ခံလူ အမာတေကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို တိုက်စစ်မှူး ခရစ္စ ဝုဒ်က ဂိုးသမား ဝါ့ဒ်ရဲ့ ဒိုက်ပစ်တာနဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းပြီး ရယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာတော့ ငှက်ကျားတွေပဲ ဒုတိယ ဦးဆောင်ဂိုး သွင်းယူသွားပြန်ပြီး ဘောလုံးကိုင်ဖို့ ကြိုးစားနေတဲ့ လက်စတာတို့ ကွင်းလယ်မှာ ပျက်တဲ့ ဘောလုံးကို ညာခြမ်းကနေ ထရစ်ပီယာက တင်ပေးခဲ့ရာမှာ အယ်လ်မီရွန်က လက်စတာနောက်ခံလူ သောမတ်စ်ကို ကျော်ဖြတ်ပြီး အတွင်းကို ပြန်ချိုးဝင်ပြီးမှ ဘရူနို ဂီမာရိုင်းစ်နဲ့ ဝမ်းတူးရိုက်ပြီး ဧရိယာထဲကနေ ဘယ်ဘက်တိုင်ခြေကို လှိမ့်ဘောကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ်တို့အနေနဲ့ ဒီနေ့မှာ ဘောလုံးကိုင်ဖို့ မကြိုးစားခဲ့ဘဲ အိမ်ရှင်လက်စတာဆီကို ပိုင်ဆိုင်မှု အများစုကို ပေးထားခဲ့ပေမယ့် တစ်ချက်ဆိုတစ်ချက် ထိရောက်တဲ့ ကောင်တာတွေနဲ့ တန်ပြန်ခြိမ်းခြောက်နေခဲ့သလို မြေခွေးတွေဘက်ကတော့ တိုက်စစ်မှူး ဒါကာ ကြိုးစားခဲ့သမျှက အသင်းဖော်တွေ ညံ့ဖျင်းနေတာကြောင့် အလဟဿဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၂ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ပဲ တတိယ ဦးဆောင်ဂိုး သွင်းယူသွားခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ကြိုတင် ဇာတ်တိုက်ထားတဲ့အတိုင်း လက်စတာခံစစ်ပေါ်ကို ကျော်ပြီး အဝေးတိုင်ဘက်ကို ကန်တင်ပေးခဲ့တဲ့ ထရစ်ပီယာရဲ့ ပေးပို့မှုကနေ ဂျိုလင်တန်က ကာကွယ်ပုံ ဆိုးရွားခဲ့တဲ့ ဆူမာရေးရဲ့ နောက်ကနေ ခေါင်းဝင်တိုက်သွင်းပြီး ဂိုးသမား ဝါ့ဒ်ကို ငုတ်တုတ်မေ့စေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ငှက်ကျားတွေက မြေခွေးတွေကို သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ လက်စတာတို့ဘက်က ဒါကာအစား ဗာဒီ ဝင်ကစားခဲ့သလို အခွင့်အရေးတွေ ပိုမိုဖန်တီးနိုင်ခဲ့ပေမယ့် နယူးကာဆယ်လ်ဘက်ကလည်း အမှားအယွင်းမရှိ တုံ့ပြန်နိုင်ခဲ့လို့ အိမ်ရှင်တွေ အရှက်ပြေဂိုးရဖို့ ခက်နေခဲ့တာပါ။

သွက်လက်မှုနည်းတဲ့ ကွင်းလယ်ကို ပြောင်းလဲဖို့ လက်စတာဘက်က ဆူမာရေးနဲ့ ဟာဗီ ဘန်းစ်အစား အန်ဒီဒီနဲ့ အီဟန်နာချိုတို့ကို ထည့်ပြီး ကစားအားတင်လာခဲ့ပေမယ့် နယူးကာဆယ်လ်တို့ကတော့ ဝီလော့ခ်နဲ့ အယ်လ်မီရွန်တို့အစား မာဖီနဲ့ စန်မက်ဇီမန်တို့ကို ထည့်ပြီး တန်ပြန်ခြိမ်းခြောက်ဖို့ ခံစစ်နဲ့ ဂိုးသမား နစ်ခ် ပုပ်တို့ကလည်း Clean Sheet မပျက်ဖို့ ကြိုးစားသွားနိုင်ခဲ့တာကြောင့် သုံးဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ပွဲတွေ ရပ်နားပြီး ပြန်စတဲ့ ဘောက်ဆင်ဒေးကို အနိုင်ရလဒ်နဲ့ ဖွင့်လှစ်နိုင်ခဲ့တဲ့ နယူးကာဆယ်လ်တို့အနေနဲ့ မန်စီးတီးတို့ မကစားခင် ၁၆ ပွဲမှာ ၃၃ မှတ်နဲ့ ဒုတိယနေရာကို သူတို့တွေရဲ့ နောက်ပိုင်းနှစ်တွေမှာ အမြင့်မားဆုံး ရပ်တည်မှုအဖြစ် နောက်ဆုံးငါးပွဲဆက်အနိုင်နဲ့ တက်ရောက်လာနိုင်ခဲ့ကြပြီး လက်စတာတို့ကတော့ အဆင့် ၁၃ မှာ ရပ်တည်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ေဘာ့တ္မန္၊ ဖာဘီယန္ ရွား၊ ထရစ္ပီယာနဲ႔ ဒန္ဘန္းတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္စ္၊ ေလာင္းစတပ္ဖ္နဲ႔ ဝီေလာ့ခ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ခရစၥ ဝုဒ္နဲ႔ ဂ်ိဳလင္တန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ လက္စတာစီးတီးအသင္းကေတာ့ ဂိုးသမား ဒန္နီ ဝါ့ဒ္၊ ခံစစ္မွာ အမာေတ၊ ေဖးစ္၊ ကက္စတာညာနဲ႔ ေသာမတ္စ္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဆူမာေရး၊ တီးလီးမန္းစ္နဲ႔ ဂ်ဴးစ္ဘာရီ-ေဟာလ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ပရက္၊ ဟာဗီ ဘန္းစ္နဲ႔ ဒါကာတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ငွက္က်ားေတြအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ အီဆက္ခ္နဲ႔ ကယ္လမ္ ဝီလ္ဆန္တို႔ကို ဒဏ္ရာေၾကာင့္ ဆုံးရႈံးထားခဲ့ရေပမယ့္ ရွိတဲ့သူနဲ႔ အေကာင္းဆုံး ကစားေနခဲ့ၿပီး ဒီေန႔မွာေတာ့ အရင္ပြဲေတြမွာ ကြင္းလယ္ဆင္းကစားေနတဲ့ ဂ်ိဳလင္တန္ကို တိုက္စစ္မွာ အသုံးျပဳခဲ့သလို ေျခစြမ္းျပေနခဲ့တဲ့ အယ္လ္မီ႐ြန္နဲ႔ ေတာင္ပံတစ္ဖက္စီမွာ ကစားေစခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ဂိုးဧရိယာထဲကို ေဘာလုံးဆြဲဝင္တဲ့ ဂ်ိဳလင္တန္ရဲ႕ ေျခေထာက္ကိုမွ တည့္တည့္ဖ်က္မိတဲ့ လက္စတာေနာက္ခံလူ အမာေတေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို တိုက္စစ္မႉး ခရစၥ ဝုဒ္က ဂိုးသမား ဝါ့ဒ္ရဲ႕ ဒိုက္ပစ္တာနဲ႔ ဆန႔္က်င္ဘက္ကို ကန္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ ငွက္က်ားေတြပဲ ဒုတိယ ဦးေဆာင္ဂိုး သြင္းယူသြားျပန္ၿပီး ေဘာလုံးကိုင္ဖို႔ ႀကိဳးစားေနတဲ့ လက္စတာတို႔ ကြင္းလယ္မွာ ပ်က္တဲ့ ေဘာလုံးကို ညာျခမ္းကေန ထရစ္ပီယာက တင္ေပးခဲ့ရာမွာ အယ္လ္မီ႐ြန္က လက္စတာေနာက္ခံလူ ေသာမတ္စ္ကို ေက်ာ္ျဖတ္ၿပီး အတြင္းကို ျပန္ခ်ိဳးဝင္ၿပီးမွ ဘ႐ူႏို ဂီမာ႐ိုင္းစ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ဧရိယာထဲကေန ဘယ္ဘက္တိုင္ေျခကို လွိမ့္ေဘာကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္လ္တို႔အေနနဲ႔ ဒီေန႔မွာ ေဘာလုံးကိုင္ဖို႔ မႀကိဳးစားခဲ့ဘဲ အိမ္ရွင္လက္စတာဆီကို ပိုင္ဆိုင္မႈ အမ်ားစုကို ေပးထားခဲ့ေပမယ့္ တစ္ခ်က္ဆိုတစ္ခ်က္ ထိေရာက္တဲ့ ေကာင္တာေတြနဲ႔ တန္ျပန္ၿခိမ္းေျခာက္ေနခဲ့သလို ေျမေခြးေတြဘက္ကေတာ့ တိုက္စစ္မႉး ဒါကာ ႀကိဳးစားခဲ့သမွ်က အသင္းေဖာ္ေတြ ညံ့ဖ်င္းေနတာေၾကာင့္ အလဟႆျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ပဲ တတိယ ဦးေဆာင္ဂိုး သြင္းယူသြားခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ႀကိဳတင္ ဇာတ္တိုက္ထားတဲ့အတိုင္း လက္စတာခံစစ္ေပၚကို ေက်ာ္ၿပီး အေဝးတိုင္ဘက္ကို ကန္တင္ေပးခဲ့တဲ့ ထရစ္ပီယာရဲ႕ ေပးပို႔မႈကေန ဂ်ိဳလင္တန္က ကာကြယ္ပုံ ဆိုး႐ြားခဲ့တဲ့ ဆူမာေရးရဲ႕ ေနာက္ကေန ေခါင္းဝင္တိုက္သြင္းၿပီး ဂိုးသမား ဝါ့ဒ္ကို ငုတ္တုတ္ေမ့ေစခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ငွက္က်ားေတြက ေျမေခြးေတြကို သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္သြားႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ လက္စတာတို႔ဘက္က ဒါကာအစား ဗာဒီ ဝင္ကစားခဲ့သလို အခြင့္အေရးေတြ ပိုမိုဖန္တီးႏိုင္ခဲ့ေပမယ့္ နယူးကာဆယ္လ္ဘက္ကလည္း အမွားအယြင္းမရွိ တုံ႔ျပန္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ အရွက္ေျပဂိုးရဖို႔ ခက္ေနခဲ့တာပါ။

သြက္လက္မႈနည္းတဲ့ ကြင္းလယ္ကို ေျပာင္းလဲဖို႔ လက္စတာဘက္က ဆူမာေရးနဲ႔ ဟာဗီ ဘန္းစ္အစား အန္ဒီဒီနဲ႔ အီဟန္နာခ်ိဳတို႔ကို ထည့္ၿပီး ကစားအားတင္လာခဲ့ေပမယ့္ နယူးကာဆယ္လ္တို႔ကေတာ့ ဝီေလာ့ခ္နဲ႔ အယ္လ္မီ႐ြန္တို႔အစား မာဖီနဲ႔ စန္မက္ဇီမန္တို႔ကို ထည့္ၿပီး တန္ျပန္ၿခိမ္းေျခာက္ဖို႔ ခံစစ္နဲ႔ ဂိုးသမား နစ္ခ္ ပုပ္တို႔ကလည္း Clean Sheet မပ်က္ဖို႔ ႀကိဳးစားသြားႏိုင္ခဲ့တာေၾကာင့္ သုံးဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ပြဲေတြ ရပ္နားၿပီး ျပန္စတဲ့ ေဘာက္ဆင္ေဒးကို အႏိုင္ရလဒ္နဲ႔ ဖြင့္လွစ္ႏိုင္ခဲ့တဲ့ နယူးကာဆယ္လ္တို႔အေနနဲ႔ မန္စီးတီးတို႔ မကစားခင္ ၁၆ ပြဲမွာ ၃၃ မွတ္နဲ႔ ဒုတိယေနရာကို သူတို႔ေတြရဲ႕ ေနာက္ပိုင္းႏွစ္ေတြမွာ အျမင့္မားဆုံး ရပ္တည္မႈအျဖစ္ ေနာက္ဆုံးငါးပြဲဆက္အႏိုင္နဲ႔ တက္ေရာက္လာႏိုင္ခဲ့ၾကၿပီး လက္စတာတို႔ကေတာ့ အဆင့္ ၁၃ မွာ ရပ္တည္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.