International World Cup

အမ်ဘာပေနဲ့ ဟာလန်းတို့ဦးဆောင်နေတဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်း

ကမ္ဘာ့တန်ဖိုးအရှိဆုံး ၁၁ ဦးအသင်းကို ထုတ်ဖော်ကြေညာခဲ့ရာမှာ ခီလီယန် အမ်ဘာပေနဲ့ အာလင်း ဟာလန်းတို့လို ကမ္ဘာ့ထိပ်တန်းကြယ်ပွင့်တွေ ပါဝင်ခဲ့ပါတယ်။

Transfermarkt က မကြာသေးမီက ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဈေးကွက်တန်ဖိုး မြင့်တက်လာခဲ့တဲ့ ကမ္ဘာ့ဖလားကြယ်ပွင့်တွေကို အဆင့်သတ်မှတ်ပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ရွှေဖိနပ်ဆုရှင အမ်ဘာပေဟာ အဲဒီစာရင်းထဲမှာ ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပြီး အင်္ဂလန်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဘယ်လင်ဟမ်နဲ့ ဘူကာယို ဆာကာတို့ရဲ့ အထက် ယူရိုသန်း ၁၈၀ အထိ သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့တန်ဖိုးအရှိဆုံး ၁၁ ဦးစာရင်းထဲမှာ ပုံမှန်အတိုင်းပဲ အမ်ဘာပေ၊ ဘယ်လင်ဟမ်၊ ဆာကာတို့အားလုံး ပါဝင်ခဲ့ပြီး လီဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာလန်းလည်း ပါဝင်ခဲ့ပါတယ်။ ကူတွာက ယူရိုသန်း ၆၀ တန်ဖိုးသတ်မှတ်ခြင်းခံခဲ့ရပြီး ခံစစ် ၃ ဦးနေရာမှာ ယို့စ်ကို ဂွါဒီယောလ်၊ ရူဘင် ဒီယက်စ်၊ မက်သလိုက် ဒီ လစ်ချ်တို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်မှာတော့ ဂျုဒ် ဘယ်လင်ဟမ်က ယူရိုသန်း ၁၀၀ တန်ကြေးသတ်မှတ်ခံခဲ့ရတဲ့ ပယ်ဒရီနဲ့အတူ ရပ်တည်နေပြီး ဗင်နီးရှပ်စ် ဂျူနီယာ(ယူရိုသန်း ၁၂၀)၊ ဖီးလ် ဖိုဒန်(ယူရိုသန်း ၁၁၀)၊ ဆာကာ(ယူရိုသန်း ၁၀၀)တို့ တိုက်စစ်နေရာတွေမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေနဲ့ ယူရိုသန်း ၁၇၀ သတ်မှတ်ခြင်း ခံခဲ့ရတဲ့ အာလင်း ဟာလန်းဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ၁၁ ဦးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဂွါဒီယောလ်၊ ဘယ်လင်ဟမ်၊ ဆာကာနဲ့ အမ်ဘာပေတို့လို ကစားသမားတွေဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပတဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီးနောက် ဈေးကွက်တန်ဖိုးဟာ မြင့်တက်လာခဲ့ကြတာဖြစ်ပြီး အမ်ဘာပေက အာလင်း ဟာလန်းထက် ယူရို ၁၀ သန်းပိုမိုများပြားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့တန်ဖိုးအရှိဆုံး ၁၁ ဦးအသင်း

ဂိုး- ကူတွာ(ယူရိုသန်း ၆၀)

နောက်တန်း- ဂွါဒီယောလ်(ယူရို ၇၅ သန်း)၊ ရူဘင် ဒီယက်စ်(ယူရို ၇၅ သန်း)၊ မက်သိုက် ဒီ လစ်ချ်(ယူရိုသန်း ၇၀)

ကွင်းလယ်- ဘယ်လင်ဟမ်(ယူရိုသန်း ၁၁၀)၊ ပယ်ဒရီ(ယူရိုသန်း ၁၀၀)၊ ဗင်နီးရှပ်စ် ဂျူနီယာ(ယူရိုသန်း ၁၂၀)၊ ဖီးလ် ဖိုဒန်(ယူရိုသန်း ၁၁၀)၊ ဘူကာယို ဆာကာ(ယူရိုသန်း ၁၀၀)

ရှေ့တန်း- ခီလီယန် အမ်ဘာပေ(ယူရိုသန်း ၁၈၀)၊ အာလင်း ဟာလန်း(ယူရိုသန်း ၁၇၀)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကမာၻ႔တန္ဖိုးအရွိဆုံး ၁၁ ဦးအသင္းကို ထုတ္ေဖာ္ေၾကညာခဲ့ရာမွာ ခီလီယန္ အမ္ဘာေပနဲ႔ အာလင္း ဟာလန္းတို႔လို ကမာၻ႔ထိပ္တန္းၾကယ္ပြင့္ေတြ ပါဝင္ခဲ့ပါတယ္။

Transfermarkt က မၾကာေသးမီက ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ ေဈးကြက္တန္ဖိုး ျမင့္တက္လာခဲ့တဲ့ ကမာၻ႔ဖလားၾကယ္ပြင့္ေတြကို အဆင့္သတ္မွတ္ၿပီး ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ေ႐ႊဖိနပ္ဆုရွင အမ္ဘာေပဟာ အဲဒီစာရင္းထဲမွာ ထိပ္ဆုံးကေန ဦးေဆာင္ႏိုင္ခဲ့ၿပီး အဂၤလန္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ဘယ္လင္ဟမ္နဲ႔ ဘူကာယို ဆာကာတို႔ရဲ႕ အထက္ ယူ႐ိုသန္း ၁၈၀ အထိ သတ္မွတ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ကမာၻ႔တန္ဖိုးအရွိဆုံး ၁၁ ဦးစာရင္းထဲမွာ ပုံမွန္အတိုင္းပဲ အမ္ဘာေပ၊ ဘယ္လင္ဟမ္၊ ဆာကာတို႔အားလုံး ပါဝင္ခဲ့ၿပီး လီဗာပူးလ္ကို အႏိုင္ရရွိခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဟာလန္းလည္း ပါဝင္ခဲ့ပါတယ္။ ကူတြာက ယူ႐ိုသန္း ၆၀ တန္ဖိုးသတ္မွတ္ျခင္းခံခဲ့ရၿပီး ခံစစ္ ၃ ဦးေနရာမွာ ယို႔စ္ကို ဂြါဒီေယာလ္၊ ႐ူဘင္ ဒီယက္စ္၊ မက္သလိုက္ ဒီ လစ္ခ်္တို႔ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

ကြင္းလယ္မွာေတာ့ ဂ်ဳဒ္ ဘယ္လင္ဟမ္က ယူ႐ိုသန္း ၁၀၀ တန္ေၾကးသတ္မွတ္ခံခဲ့ရတဲ့ ပယ္ဒရီနဲ႔အတူ ရပ္တည္ေနၿပီး ဗင္နီးရွပ္စ္ ဂ်ဴနီယာ(ယူ႐ိုသန္း ၁၂၀)၊ ဖီးလ္ ဖိုဒန္(ယူ႐ိုသန္း ၁၁၀)၊ ဆာကာ(ယူ႐ိုသန္း ၁၀၀)တို႔ တိုက္စစ္ေနရာေတြမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။ အမ္ဘာေပနဲ႔ ယူ႐ိုသန္း ၁၇၀ သတ္မွတ္ျခင္း ခံခဲ့ရတဲ့ အာလင္း ဟာလန္းဟာ ကမာၻ႔တန္ဖိုးအရွိဆုံး ၁၁ ဦးအသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။

ဂြါဒီေယာလ္၊ ဘယ္လင္ဟမ္၊ ဆာကာနဲ႔ အမ္ဘာေပတို႔လို ကစားသမားေတြဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့ၿပီးေနာက္ ေဈးကြက္တန္ဖိုးဟာ ျမင့္တက္လာခဲ့ၾကတာျဖစ္ၿပီး အမ္ဘာေပက အာလင္း ဟာလန္းထက္ ယူ႐ို ၁၀ သန္းပိုမိုမ်ားျပားခဲ့တာျဖစ္ပါတယ္။

ကမာၻ႔တန္ဖိုးအရွိဆုံး ၁၁ ဦးအသင္း

ဂိုး- ကူတြာ(ယူ႐ိုသန္း ၆၀)

ေနာက္တန္း- ဂြါဒီေယာလ္(ယူ႐ို ၇၅ သန္း)၊ ႐ူဘင္ ဒီယက္စ္(ယူ႐ို ၇၅ သန္း)၊ မက္သိုက္ ဒီ လစ္ခ်္(ယူ႐ိုသန္း ၇၀)

ကြင္းလယ္- ဘယ္လင္ဟမ္(ယူ႐ိုသန္း ၁၁၀)၊ ပယ္ဒရီ(ယူ႐ိုသန္း ၁၀၀)၊ ဗင္နီးရွပ္စ္ ဂ်ဴနီယာ(ယူ႐ိုသန္း ၁၂၀)၊ ဖီးလ္ ဖိုဒန္(ယူ႐ိုသန္း ၁၁၀)၊ ဘူကာယို ဆာကာ(ယူ႐ိုသန္း ၁၀၀)

ေရွ႕တန္း- ခီလီယန္ အမ္ဘာေပ(ယူ႐ိုသန္း ၁၈၀)၊ အာလင္း ဟာလန္း(ယူ႐ိုသန္း ၁၇၀)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.