International World Cup

မာတီနက်ဇ်ကိုဆဲတဲ့ ပြင်သစ်နောက်ခံလူကို တုံ့ပြန်လိုက်တဲ့ ဒီမာရီယာ

အာဂျင်တီးနားကြယ်ပွင့် ဒီမာရီယာနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်နောက်ခံကစားသမားဟောင်း အဂျီးလ် ရာမည်တို့ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲက အီမီ မာတီနက်ဇ်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ တိုက်ပွဲဖြစ်နေကြပါတယ်။

ပြင်သစ်တွေကို အာဂျင်တီးနားအသင်းက ပင်နယ်တီ အဆုံးအဖြတ်ကြောင့် အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ မာတီနက်ဇ်ရဲ့ အငြင်းပွားဖွယ် အပြုအမူနဲ့ ပွဲအပြီးမှာ အမ်ဘာပေကို ဆက်တိုက် လှောင်ပြောင်မှုတွေအတွက် ဒီမာရီယာနဲ့ ပြင်သစ်နောက်ခံလူဟောင်းတို့ကြား အချင်းများစရာ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ရာမည်က ဒီဇင်ဘာ ၂၂ ရက်နေ့က အင်စတာဂရမ်စတိုရီမှာ အီမီ မာတီနက်ဇ်ကို ဘောလုံးလောကရဲ့ အကြီးမားဆုံး ခွေးမသားလို့ ဆဲဆိုခဲ့တာဖြစ်ပြီး ဒီမာရီယာက “El Dibu ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမားပဲ။ ငိုချင်ရင် တခြားနေရာမှာ သွားငို”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ရာမည်ကလည်း ဒီမာရီယာရဲ့ မှတ်ချက်ကို ဒေါသထွက်နေတဲ့ပုံစံနဲ့ “မင်း ငါ့ကို သင်ပေးနေတာလား(ဆရာလုပ်နေတာလား) အိန်ဂျယ်”လို့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို ၄-၂ နဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး အီမီလီယာနို မာတီနက်ဇ်ရဲ့ အာဂျင်တီးနားအတွက် သူရဲကောင်းဆန်မှုတွေဟာ ပြင်သစ်တွေအတွက်တော့ ဗီလိန်ဆန်ခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ အချိန်ပို နောက်ဆုံးမိနစ်တွေအတွင်း ကိုလို မူအာနီရဲ့ အပိုင်ဂိုးကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာလည်း ကင်းစလေ ကိုမန်းရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာတီနက်ဇ်ရဲ့ အပြုအမူဟာ ဘောလုံးလောကမှာ အပြင်းအထန် ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပြီး အထူးသဖြင့် ဆုပေးပွဲမှာ တကမ္ဘာလုံးက ကြည့်ရှုနေချိန်မှာ ရွှေလက်အိတ်ဆုနဲ့ မဖွယ်မရာ ပြုလုပ်ခဲ့တာကြောင့် ဘောလုံးလောကမှာ ဂယက်ရိုက်သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားၾကယ္ပြင့္ ဒီမာရီယာနဲ႔ ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္ေနာက္ခံကစားသမားေဟာင္း အဂ်ီးလ္ ရာမည္တို႔ဟာ ကမာၻ႔ဖလားဗိုလ္လုပြဲက အီမီ မာတီနက္ဇ္ရဲ႕ အျပဳအမူနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ေပၚမွာ တိုက္ပြဲျဖစ္ေနၾကပါတယ္။

ျပင္သစ္ေတြကို အာဂ်င္တီးနားအသင္းက ပင္နယ္တီ အဆုံးအျဖတ္ေၾကာင့္ အႏိုင္ရရွိခဲ့တဲ့ ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးမွာ ျပဳလုပ္ခဲ့တဲ့ မာတီနက္ဇ္ရဲ႕ အျငင္းပြားဖြယ္ အျပဳအမူနဲ႔ ပြဲအၿပီးမွာ အမ္ဘာေပကို ဆက္တိုက္ ေလွာင္ေျပာင္မႈေတြအတြက္ ဒီမာရီယာနဲ႔ ျပင္သစ္ေနာက္ခံလူေဟာင္းတို႔ၾကား အခ်င္းမ်ားစရာ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

ရာမည္က ဒီဇင္ဘာ ၂၂ ရက္ေန႔က အင္စတာဂရမ္စတိုရီမွာ အီမီ မာတီနက္ဇ္ကို ေဘာလုံးေလာကရဲ႕ အႀကီးမားဆုံး ေခြးမသားလို႔ ဆဲဆိုခဲ့တာျဖစ္ၿပီး ဒီမာရီယာက “El Dibu ကမာၻေပၚက အေကာင္းဆုံးဂိုးသမားပဲ။ ငိုခ်င္ရင္ တျခားေနရာမွာ သြားငို”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ရာမည္ကလည္း ဒီမာရီယာရဲ႕ မွတ္ခ်က္ကို ေဒါသထြက္ေနတဲ့ပုံစံနဲ႔ “မင္း ငါ့ကို သင္ေပးေနတာလား(ဆရာလုပ္ေနတာလား) အိန္ဂ်ယ္”လို႔ ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ျပင္သစ္အသင္းကို ၄-၂ နဲ႔ ပင္နယ္တီအဆုံးအျဖတ္မွာ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး အီမီလီယာႏို မာတီနက္ဇ္ရဲ႕ အာဂ်င္တီးနားအတြက္ သူရဲေကာင္းဆန္မႈေတြဟာ ျပင္သစ္ေတြအတြက္ေတာ့ ဗီလိန္ဆန္ခဲ့တာျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ အခ်ိန္ပို ေနာက္ဆုံးမိနစ္ေတြအတြင္း ကိုလို မူအာနီရဲ႕ အပိုင္ဂိုးကန္သြင္းခ်က္ကို ကာကြယ္ႏိုင္ခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္မွာလည္း ကင္းစေလ ကိုမန္းရဲ႕ ပင္နယ္တီကို ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မာတီနက္ဇ္ရဲ႕ အျပဳအမူဟာ ေဘာလုံးေလာကမွာ အျပင္းအထန္ ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ၿပီး အထူးသျဖင့္ ဆုေပးပြဲမွာ တကမာၻလုံးက ၾကည့္ရႈေနခ်ိန္မွာ ေ႐ႊလက္အိတ္ဆုနဲ႔ မဖြယ္မရာ ျပဳလုပ္ခဲ့တာေၾကာင့္ ေဘာလုံးေလာကမွာ ဂယက္႐ိုက္သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.