အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ တက်တူးသစ် ထိုးဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ကိုလို မူအာနီရဲ့ နောက်ဆုံးမိနစ် အပိုင်ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့တဲ့ ခြေသလုံးပေါ်မှာ တက်တူးထိုးခဲ့တာဖြစ်ပါတယ်။
မာတီနက်ဇ်ဟာ ပြင်သစ်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အချိန်မှာ နောက်ဆုံး မိနစ်တွေမှာ ဘဝတလျှောက်လုံး အကြီးမားဆုံးကာကွယ်မှုတွေထဲက တစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူး ကိုလို မူအာနီရဲ့ ၁၂၃ မိနစ်က ကန်သွင်းချက်ကို မယုံနိုင်ဖွယ် တားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
မာတီနက်ဇ်ရဲ့ ဘယ်ခြေထောက်နဲ့ အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့မှုကြောင့် အာဂျင်တီးနားအသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်အထိ ဆက်ကစားနိုင်ခဲ့ပြီးနောက် ၄-၂ နဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ဂိုးသမားဟာ ပြင်သစ်နဲ့ ဗိုလ်လုပွဲအပြီး အဝတ်လဲခန်းထဲမှာ အမ်ဘာပေအတွက် တစ်မိနစ် ငြိမ်သက်ပေးကြဖို့ ပြောဆိုပြီး ပြင်သစ်တိုက်စစ်မှူးကို လှောင်ပြောင်ခဲ့သလို အာဂျင်တီးနားနိုင်ငံမှာ အောင်ပွဲခံလှည့်လည်နေချိန်အတွင်းမှာလည်း ပီအက်စ်ဂျီတိုက်စစ်မှူးရဲ့ မျက်နှာကပ်ထားတဲ့ ကလေးအရုပ်ကို ပိုက်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီအဖြစ်အပျက်တွေအပြီး တစ်ပတ်အကြာမှာ မာတီနက်ဇ်က ၎င်းရဲ့ ဘယ်ဘက်ခြေထောက်မှာ ကမ္ဘာ့ဖလားပုံ တက်တူးထိုးပြီး ကမ္ဘာ့ဖလားအောင်ပွဲကို တသက်လုံး အမှတ်ရနေအောင် လုပ်ဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အမှန်တော့ ကမ္ဘာ့ဖလားပုံကို မူအာနီရဲ့ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့တဲ့ နေရာအတိအကျမှာ တက်တူးထိုးဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားတက်တူးပညာရှင် ဟွမ် ပါဘလို စကွန်ကာက နာရီအတော်ကြာ အသေးစိတ် ရေးထိုးပေးခဲ့ပြီးနောက် အာဂျင်တီးနားဂိုးသမားက ၎င်းရဲ့ အင်စတာဂရမ်စာမျက်နှာကနေတဆင့် ပုံကို တင်ခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ ၃ ကြိမ်ကို ရည်ညွှန်းတဲ့ ကြယ် ၃ ပွင့်က ကမ္ဘာ့ဖလားကြီးအပေါ်မှာ ခြံရံနေပြီး စိတ်အားထက်သန်မှုက သင့်ကို အောင်မြင်မှုဆီ ဦးဆောင်ပါစေလို့ အဓိပ္ပာယ်ရတဲ့ စာသားကို ကမ္ဘာ့ဖလားအောက်ခြေမှာ ရေးထိုးထားတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အာဂ်င္တီးနားဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ဟာ တက္တူးသစ္ ထိုးဖို႔အတြက္ ဆုံးျဖတ္ခဲ့ၿပီး ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ကိုလို မူအာနီရဲ႕ ေနာက္ဆုံးမိနစ္ အပိုင္ကန္သြင္းခ်က္ကို ကာကြယ္ႏိုင္ခဲ့တဲ့ ေျခသလုံးေပၚမွာ တက္တူးထိုးခဲ့တာျဖစ္ပါတယ္။
မာတီနက္ဇ္ဟာ ျပင္သစ္နဲ႔ ကစားခဲ့တဲ့ ကမာၻ႔ဖလားဗိုလ္လုပြဲ အခ်ိန္မွာ ေနာက္ဆုံး မိနစ္ေတြမွာ ဘဝတေလွ်ာက္လုံး အႀကီးမားဆုံးကာကြယ္မႈေတြထဲက တစ္ခုကို ျပဳလုပ္ခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉး ကိုလို မူအာနီရဲ႕ ၁၂၃ မိနစ္က ကန္သြင္းခ်က္ကို မယုံႏိုင္ဖြယ္ တားဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။
မာတီနက္ဇ္ရဲ႕ ဘယ္ေျခေထာက္နဲ႔ အံ့အားသင့္ဖြယ္ ကာကြယ္ႏိုင္ခဲ့မႈေၾကာင့္ အာဂ်င္တီးနားအသင္းဟာ ပင္နယ္တီ အဆုံးအျဖတ္အထိ ဆက္ကစားႏိုင္ခဲ့ၿပီးေနာက္ ၄-၂ နဲ႔ အႏိုင္ရရွိၿပီး ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။
အသက္ ၃၀ အ႐ြယ္ ဂိုးသမားဟာ ျပင္သစ္နဲ႔ ဗိုလ္လုပြဲအၿပီး အဝတ္လဲခန္းထဲမွာ အမ္ဘာေပအတြက္ တစ္မိနစ္ ၿငိမ္သက္ေပးၾကဖို႔ ေျပာဆိုၿပီး ျပင္သစ္တိုက္စစ္မႉးကို ေလွာင္ေျပာင္ခဲ့သလို အာဂ်င္တီးနားႏိုင္ငံမွာ ေအာင္ပြဲခံလွည့္လည္ေနခ်ိန္အတြင္းမွာလည္း ပီအက္စ္ဂ်ီတိုက္စစ္မႉးရဲ႕ မ်က္ႏွာကပ္ထားတဲ့ ကေလးအ႐ုပ္ကို ပိုက္ထားခဲ့တာျဖစ္ပါတယ္။
အဲဒီအျဖစ္အပ်က္ေတြအၿပီး တစ္ပတ္အၾကာမွာ မာတီနက္ဇ္က ၎ရဲ႕ ဘယ္ဘက္ေျခေထာက္မွာ ကမာၻ႔ဖလားပုံ တက္တူးထိုးၿပီး ကမာၻ႔ဖလားေအာင္ပြဲကို တသက္လုံး အမွတ္ရေနေအာင္ လုပ္ဖို႔အတြက္ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
အမွန္ေတာ့ ကမာၻ႔ဖလားပုံကို မူအာနီရဲ႕ ကန္သြင္းမႈကို ကာကြယ္ႏိုင္ခဲ့တဲ့ ေနရာအတိအက်မွာ တက္တူးထိုးဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားတက္တူးပညာရွင္ ဟြမ္ ပါဘလို စကြန္ကာက နာရီအေတာ္ၾကာ အေသးစိတ္ ေရးထိုးေပးခဲ့ၿပီးေနာက္ အာဂ်င္တီးနားဂိုးသမားက ၎ရဲ႕ အင္စတာဂရမ္စာမ်က္ႏွာကေနတဆင့္ ပုံကို တင္ခဲ့တာျဖစ္ပါတယ္။
အာဂ်င္တီးနားအသင္း ကမာၻ႔ဖလား ရရွိခဲ့တဲ့ ၃ ႀကိမ္ကို ရည္ၫႊန္းတဲ့ ၾကယ္ ၃ ပြင့္က ကမာၻ႔ဖလားႀကီးအေပၚမွာ ၿခံရံေနၿပီး စိတ္အားထက္သန္မႈက သင့္ကို ေအာင္ျမင္မႈဆီ ဦးေဆာင္ပါေစလို႔ အဓိပၸာယ္ရတဲ့ စာသားကို ကမာၻ႔ဖလားေအာက္ေျခမွာ ေရးထိုးထားတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.