Premier League

ရာသီဒုတိယပိုင်းအတွက် ဖာနန်ဒက်စ် ပေးခဲ့တဲ့ကတိကို ပြောပြလိုက်တဲ့ မာစီယယ်လ်

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် အန်သိုနီ မာစီယယ်လ်ဟာ ဘရူနို ဖာနန်ဒက်စ်နဲ့ ဆက်ဆံရေးအကြောင်းကို ဖွင့်ဟခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်က ရာသီဒုတိယပိုင်းမှာ ဂိုးဖန်တီးမှုတွေ အများအပြား ပြုလုပ်ပေးမယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာစီယယ်လ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို အသင်းကနေ ထွက်ခွာသွားခဲ့ပြီးနောက် ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပုံမှန်ပွဲထွက်ကစားချိန် ပိုမို ရရှိလာတော့မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ ပြင်သစ်တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံ စုစုပေါင်း ၈ ပွဲအတွင်း ၃၆၄ မိနစ်ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဘရူနို ဖာနန်ဒက်စ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက ခြေစွမ်းကောင်းကို ကလပ်အသင်းပြိုင်ပွဲတွေ ပြန်လည်စတင်ချိန်မှာ ဆက်လက် ပြသသွားဖို့ မျှော်မှန်းနေမှာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီ တန်ဟက်ရဲ့အသင်းအတွက် ၂၁ ပွဲကစားပေးထားရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ MUTV နဲ့ စကားပြောဆိုရာမှာ မာစီယယ်လ်က ဘရူနို ဖာနန်ဒက်စ်နဲ့ အတူတူ ချိတ်ဆက်ကစားမှုနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ကြားမှာ အမြဲတမ်း ဒီ ဆက်သွယ်မှုက ရှိနေခဲ့ပြီး ကျွန်တော်တို့ ၂ ဦးစလုံးဟာ အဲဒါကို တိုးတက်အောင် ဆက်ပြီး လုပ်ဆောင်သွားရမှာပါ။ ဂိုးဖန်တီးမှုတွေက ကျွန်တော်တို့ အမြဲတမ်း ပြောဖြစ်ကြတဲ့အရာပါ။ သူ ကမ္ဘာ့ဖလားမှာ ကစားဖို့ ထွက်ခွာသွားတဲ့အချိန်မှာ ကျွန်တော် သူ့ကို ကောင်းမွန်တဲ့ပုံစံနဲ့ ပြန်လာဖို့ ပြောခဲ့ပါတယ်”

“သူက ဟုတ်တာပေါ့။ ဂိုးဖန်တီးမှုတွေအများကြီး မင်းဆီ ရောက်လာမယ်တဲ့။ အဲဒါက အားကစားနဲ့ပတ်သက်တဲ့အရာတွေထဲက တစ်ခုပါ။ ဒီလို ပြောဆိုမှုတွေပေါ့။ ကွင်းထဲမှာ ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေ ရှိဖို့က အရေးကြီးတယ်”

“ခင်ဗျားအသင်းဖော်က ဘယ်နေရာမှာ ရှိနေလဲနဲ့ သူ ဘယ် နေရာလွတ်ကို ပြေးသွားမလဲဆိုတာကို ခင်ဗျား အမြဲတမ်း သိချင်နေမှာပါ။ ဥပမာအားဖြင့် သူက ကျွန်တော် တစ်စုံတယောက်ရဲ့ ခြေထောက်ထဲက ဘောလုံးကို ရယူမယ်ဆိုတာကို သူ ကောင်းကောင်း သိနေပြီး သူ နောက်ပြန်ပြေးလိမ့်မယ်။ အဲဒါက ခင်ဗျားရဲ့ တွဲဘက်ရဲ့ ကစားဟန်ကို သိဖို့အတွက် အကူအညီဖြစ်စေတဲ့ သေးငယ်တဲ့ချိတ်ဆက်မှုမျိုးပါ။ နံပါတ်တစ်က တိုးတက်ဖို့နဲ့ နံပါတ် ၂ က အသင်းကို တိုးတက်အောင် ကူညီပေးဖို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ အန္သိုနီ မာစီယယ္လ္ဟာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဆက္ဆံေရးအေၾကာင္းကို ဖြင့္ဟခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္က ရာသီဒုတိယပိုင္းမွာ ဂိုးဖန္တီးမႈေတြ အမ်ားအျပား ျပဳလုပ္ေပးမယ္လို႔ ကတိေပးခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မာစီယယ္လ္ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို အသင္းကေန ထြက္ခြာသြားခဲ့ၿပီးေနာက္ ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ပုံမွန္ပြဲထြက္ကစားခ်ိန္ ပိုမို ရရွိလာေတာ့မွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ ျပင္သစ္တိုက္စစ္မႉးဟာ ၿပိဳင္ပြဲစုံ စုစုေပါင္း ၈ ပြဲအတြင္း ၃၆၄ မိနစ္ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားတာျဖစ္ပါတယ္။

တစ္ဖက္မွာလည္း ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက ေျခစြမ္းေကာင္းကို ကလပ္အသင္းၿပိဳင္ပြဲေတြ ျပန္လည္စတင္ခ်ိန္မွာ ဆက္လက္ ျပသသြားဖို႔ ေမွ်ာ္မွန္းေနမွာျဖစ္ၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ ယခုရာသီ တန္ဟက္ရဲ႕အသင္းအတြက္ ၂၁ ပြဲကစားေပးထားရာမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ေပးထားတာျဖစ္ပါတယ္။ MUTV နဲ႔ စကားေျပာဆိုရာမွာ မာစီယယ္လ္က ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ အတူတူ ခ်ိတ္ဆက္ကစားမႈနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ၾကားမွာ အၿမဲတမ္း ဒီ ဆက္သြယ္မႈက ရွိေနခဲ့ၿပီး ကြၽန္ေတာ္တို႔ ၂ ဦးစလုံးဟာ အဲဒါကို တိုးတက္ေအာင္ ဆက္ၿပီး လုပ္ေဆာင္သြားရမွာပါ။ ဂိုးဖန္တီးမႈေတြက ကြၽန္ေတာ္တို႔ အၿမဲတမ္း ေျပာျဖစ္ၾကတဲ့အရာပါ။ သူ ကမာၻ႔ဖလားမွာ ကစားဖို႔ ထြက္ခြာသြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္ သူ႔ကို ေကာင္းမြန္တဲ့ပုံစံနဲ႔ ျပန္လာဖို႔ ေျပာခဲ့ပါတယ္”

“သူက ဟုတ္တာေပါ့။ ဂိုးဖန္တီးမႈေတြအမ်ားႀကီး မင္းဆီ ေရာက္လာမယ္တဲ့။ အဲဒါက အားကစားနဲ႔ပတ္သက္တဲ့အရာေတြထဲက တစ္ခုပါ။ ဒီလို ေျပာဆိုမႈေတြေပါ့။ ကြင္းထဲမွာ ေကာင္းမြန္တဲ့ ဆက္သြယ္မႈေတြ ရွိဖို႔က အေရးႀကီးတယ္”

“ခင္ဗ်ားအသင္းေဖာ္က ဘယ္ေနရာမွာ ရွိေနလဲနဲ႔ သူ ဘယ္ ေနရာလြတ္ကို ေျပးသြားမလဲဆိုတာကို ခင္ဗ်ား အၿမဲတမ္း သိခ်င္ေနမွာပါ။ ဥပမာအားျဖင့္ သူက ကြၽန္ေတာ္ တစ္စုံတေယာက္ရဲ႕ ေျခေထာက္ထဲက ေဘာလုံးကို ရယူမယ္ဆိုတာကို သူ ေကာင္းေကာင္း သိေနၿပီး သူ ေနာက္ျပန္ေျပးလိမ့္မယ္။ အဲဒါက ခင္ဗ်ားရဲ႕ တြဲဘက္ရဲ႕ ကစားဟန္ကို သိဖို႔အတြက္ အကူအညီျဖစ္ေစတဲ့ ေသးငယ္တဲ့ခ်ိတ္ဆက္မႈမ်ိဳးပါ။ နံပါတ္တစ္က တိုးတက္ဖို႔နဲ႔ နံပါတ္ ၂ က အသင္းကို တိုးတက္ေအာင္ ကူညီေပးဖို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.