Premier League

ဂိုး ၈၀၀ အထိ သွင်းယူနိုင်မယ့်သူလို့ အသင်းဖော်ကို ချီးကျူးလိုက်တဲ့ ဒီဘရိုင်းနား

အာလင်း ဟာလန်းဟာ လက်ရှိပြသနေတဲ့ စိတ်လှုပ်ရှားဖွယ် ဂိုးသွင်းနှုန်းအတိုင်းသာ ဆက်လက် သွင်းယူနိုင်မယ်ဆိုရင် ကစားသမားဘဝသွင်းဂိုး ၈၀၀ အထိ ရောက်ရှိနိုင်တယ်လို့ မန်စီးတီးအသင်းဖော် ကီဗင် ဒီဘရိုင်းနားက ထောက်ခံပြောဆိုခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ယခုရာသီမှာ ၁၉ ပွဲမှာ ၂၄ ဂိုး သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်သာ ရှိသေးပေမယ့်လည်း နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုး ၂၂၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီဘရိုင်းနားက နော်ဝေကြယ်ပွင့်တိုက်စစ်မှူးအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ သွင်းယူထားနိုင်ခဲ့တဲ့ မြင့်မားတဲ့ဂိုးအရေအတွက်ကို လိုက်မီတဲ့အထိ စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ လက်ရွေးစင်နဲ့ ကလပ်အသင်း ကစားသမားဘဝ သွင်းဂိုး ၇၉၁ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ၈၁၉ ဂိုးနဲ့ တသက်တာဂိုးသွင်းအများဆုံးကစားသမားကို ပိုင်ဆိုင်ထားတာဖြစ်ပေမယ့်လည်း ဒီဘရိုင်းနားက ဟာလန်းအနေနဲ့ ရှေ့လာမယ့်နှစ်တွေမှာ ဂိုးသွင်းစံချိန်သစ် ရေးထိုးနိုင်တဲ့အလားအလာရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“တိုက်စစ်မှူးတွေကို နှိုင်းယှဉ်ဖို့က အရမ်းခက်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေအားလုံးက လုံးဝကို မတူညီလို့ပါ။ သူတို့တွေက တူညီတဲ့နေရာမှာ ကစားကြပေမယ့် အချို့က ရုပ်ပိုင်းဆိုင်ရာကစားသမား၊ အချို့က မြန်နှုန်းမြင့်ကစားသမားဖြစ်ပြီး သူတို့တွေအားလုံးက ဂိုးကို အပျော်သဘောနဲ့ သွင်းယူနိုင်ကြပါတယ်”

“အာလင်းက သူ့အသက်အရွယ်ကြောင့် မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် သူတို့တွေအားလုံး ဂိုး ၃၀၀ ဒါမှမဟုတ် ၄၀၀ လောက် သွင်းယူခဲ့ကြတယ်။ အာလင်းက ဂိုးတွေနဲ့ပတ်သက်ပြီး အရမ်းကို စွဲလမ်းမှုရှိတဲ့သူပါ။ သူက အဲဒီ ပမာဏထက်တောင် ကျော်လွန်နိုင်တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သူက ခုဆို ဂိုး ၂၀၀ ကျော် သွင်းယူထားပြီးပါပြီ။ အဲဒီတော့ သူသာ ကြံ့ခိုင်မှုရှိနေပြီး သူ လုပ်နေတာတွေကို ဆက်လုပ်နိုင်ရင် ဂိုး ၆၀၀၊ ၇၀၀ ဒါမှမဟုတ် ၈၀၀ အထိ သွင်းယူနိုင်မှာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အာလင်းက လူတော်တော်များများနဲ့ ကွဲပြားခြားနားတယ်လို့ ကျွန်တော် မမြင်ပါဘူး။ သူက ကျန်တဲ့လူတွေအားလုံးလိုပဲ သာမန်ဘောလုံးသမားဖြစ်ပြီး သူက သူ့ကိုယ်သူ အရမ်းကြီး တွန်းအားမပေးပါဘူး”

“ခင်ဗျား ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဒါမှမဟုတ် ပရော်ဖက်ရှင်နယ် အားကစားသမားတွေအကြောင်း ပြောတဲ့အချိန်ကျရင် အားလုံးမှာ နယ်နိမိတ်နည်းနည်း ရှိမယ်ထင်တယ်။ ခင်ဗျားကအကောင်းဆုံးဖြစ်လာနိုင်တဲ့ အရာမျိုး နည်းနည်းလေးမှ မရှိဘူးဆိုရင် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူက သူ့ဘဝကို ပျော်ရွှင်နေတဲ့ ငယ်ရွယ်သေးတဲ့ ကောင်လေးဖြစ်ပြီး သူက သူ့ဘောလုံးအပေါ်မှာပဲ အရူးအမူးဖြစ်နေပါတယ်။ သူက ဂိုးသွင်းရတာကို နှစ်သက်တယ်။ အဲဒီတော့ ဒါက သူ့မှာရှိနေတဲ့ အထူးခြားဆုံးအရာလို့ ကျွန်တော် ထင်တယ်။ အာလင်းက ထိပ်တန်းအဆင့် တိုက်စစ်မှူးပါ”

“တိုက်စစ်မှူးတွေကို အဆင့်သတ်မှတ်တာ ဒါမှမဟုတ် နှိုင်းယှဉ်တာက မျှတတယ်လို့ ကျွန်တော် မထင်ဘူး။ ဘာလို့လဲဆိုတော့ အချို့က သူတို့တွေရဲ့ ကစားသမားဘဝ အစပဲ ရှိသေးပြီး အချို့က အဆုံး ဒါမှမဟုတ် အလယ်မှာ ရှိနေကြတာမို့လို့ပါ။ အဲဒီတော့ သူတို့ကို ကျွန်တော် အဆင့်သတ်မှတ်တာမျိုး မနှစ်သက်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာလင္း ဟာလန္းဟာ လက္ရွိျပသေနတဲ့ စိတ္လႈပ္ရွားဖြယ္ ဂိုးသြင္းႏႈန္းအတိုင္းသာ ဆက္လက္ သြင္းယူႏိုင္မယ္ဆိုရင္ ကစားသမားဘဝသြင္းဂိုး ၈၀၀ အထိ ေရာက္ရွိႏိုင္တယ္လို႔ မန္စီးတီးအသင္းေဖာ္ ကီဗင္ ဒီဘ႐ိုင္းနားက ေထာက္ခံေျပာဆိုခဲ့ပါတယ္။

ဟာလန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဒါ့မြန္ကေန ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ယခုရာသီမွာ ၁၉ ပြဲမွာ ၂၄ ဂိုး သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္သာ ရွိေသးေပမယ့္လည္း ႏိုင္ငံနဲ႔ ကလပ္အသင္းအတြက္ သြင္းဂိုး ၂၂၄ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဒီဘ႐ိုင္းနားက ေနာ္ေဝၾကယ္ပြင့္တိုက္စစ္မႉးအေနနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ သြင္းယူထားႏိုင္ခဲ့တဲ့ ျမင့္မားတဲ့ဂိုးအေရအတြက္ကို လိုက္မီတဲ့အထိ စြမ္းေဆာင္ျပႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ လက္ေ႐ြးစင္နဲ႔ ကလပ္အသင္း ကစားသမားဘဝ သြင္းဂိုး ၇၉၁ ဂိုးအထိ သြင္းယူထားႏိုင္သူျဖစ္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကလည္း ၈၁၉ ဂိုးနဲ႔ တသက္တာဂိုးသြင္းအမ်ားဆုံးကစားသမားကို ပိုင္ဆိုင္ထားတာျဖစ္ေပမယ့္လည္း ဒီဘ႐ိုင္းနားက ဟာလန္းအေနနဲ႔ ေရွ႕လာမယ့္ႏွစ္ေတြမွာ ဂိုးသြင္းစံခ်ိန္သစ္ ေရးထိုးႏိုင္တဲ့အလားအလာရွိတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“တိုက္စစ္မႉးေတြကို ႏႈိင္းယွဥ္ဖို႔က အရမ္းခက္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြအားလုံးက လုံးဝကို မတူညီလို႔ပါ။ သူတို႔ေတြက တူညီတဲ့ေနရာမွာ ကစားၾကေပမယ့္ အခ်ိဳ႕က ႐ုပ္ပိုင္းဆိုင္ရာကစားသမား၊ အခ်ိဳ႕က ျမန္ႏႈန္းျမင့္ကစားသမားျဖစ္ၿပီး သူတို႔ေတြအားလုံးက ဂိုးကို အေပ်ာ္သေဘာနဲ႔ သြင္းယူႏိုင္ၾကပါတယ္”

“အာလင္းက သူ႔အသက္အ႐ြယ္ေၾကာင့္ မလုပ္ႏိုင္ေသးပါဘူး။ ဒါေပမယ့္ သူတို႔ေတြအားလုံး ဂိုး ၃၀၀ ဒါမွမဟုတ္ ၄၀၀ ေလာက္ သြင္းယူခဲ့ၾကတယ္။ အာလင္းက ဂိုးေတြနဲ႔ပတ္သက္ၿပီး အရမ္းကို စြဲလမ္းမႈရွိတဲ့သူပါ။ သူက အဲဒီ ပမာဏထက္ေတာင္ ေက်ာ္လြန္ႏိုင္တာျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ သူက ခုဆို ဂိုး ၂၀၀ ေက်ာ္ သြင္းယူထားၿပီးပါၿပီ။ အဲဒီေတာ့ သူသာ ႀကံ့ခိုင္မႈရွိေနၿပီး သူ လုပ္ေနတာေတြကို ဆက္လုပ္ႏိုင္ရင္ ဂိုး ၆၀၀၊ ၇၀၀ ဒါမွမဟုတ္ ၈၀၀ အထိ သြင္းယူႏိုင္မွာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ အာလင္းက လူေတာ္ေတာ္မ်ားမ်ားနဲ႔ ကြဲျပားျခားနားတယ္လို႔ ကြၽန္ေတာ္ မျမင္ပါဘူး။ သူက က်န္တဲ့လူေတြအားလုံးလိုပဲ သာမန္ေဘာလုံးသမားျဖစ္ၿပီး သူက သူ႔ကိုယ္သူ အရမ္းႀကီး တြန္းအားမေပးပါဘူး”

“ခင္ဗ်ား ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမား ဒါမွမဟုတ္ ပေရာ္ဖက္ရွင္နယ္ အားကစားသမားေတြအေၾကာင္း ေျပာတဲ့အခ်ိန္က်ရင္ အားလုံးမွာ နယ္နိမိတ္နည္းနည္း ရွိမယ္ထင္တယ္။ ခင္ဗ်ားကအေကာင္းဆုံးျဖစ္လာႏိုင္တဲ့ အရာမ်ိဳး နည္းနည္းေလးမွ မရွိဘူးဆိုရင္ ပေရာ္ဖက္ရွင္နယ္ကစားသမားျဖစ္လာႏိုင္မယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ သူက သူ႔ဘဝကို ေပ်ာ္႐ႊင္ေနတဲ့ ငယ္႐ြယ္ေသးတဲ့ ေကာင္ေလးျဖစ္ၿပီး သူက သူ႔ေဘာလုံးအေပၚမွာပဲ အ႐ူးအမူးျဖစ္ေနပါတယ္။ သူက ဂိုးသြင္းရတာကို ႏွစ္သက္တယ္။ အဲဒီေတာ့ ဒါက သူ႔မွာရွိေနတဲ့ အထူးျခားဆုံးအရာလို႔ ကြၽန္ေတာ္ ထင္တယ္။ အာလင္းက ထိပ္တန္းအဆင့္ တိုက္စစ္မႉးပါ”

“တိုက္စစ္မႉးေတြကို အဆင့္သတ္မွတ္တာ ဒါမွမဟုတ္ ႏႈိင္းယွဥ္တာက မွ်တတယ္လို႔ ကြၽန္ေတာ္ မထင္ဘူး။ ဘာလို႔လဲဆိုေတာ့ အခ်ိဳ႕က သူတို႔ေတြရဲ႕ ကစားသမားဘဝ အစပဲ ရွိေသးၿပီး အခ်ိဳ႕က အဆုံး ဒါမွမဟုတ္ အလယ္မွာ ရွိေနၾကတာမို႔လို႔ပါ။ အဲဒီေတာ့ သူတို႔ကို ကြၽန္ေတာ္ အဆင့္သတ္မွတ္တာမ်ိဳး မႏွစ္သက္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.