Premier League

ချဲလ်ဆီးကိုပဲ ရွေးရမယ့် ယနေ့ည လန်ဒန်ဒါဘီပွဲစဉ်

တော့တင်ဟမ်ဟော့စပါးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်ရဲ့ ဆုဖလားမျှော်လင့်ချက်ကို မှေးမှိန်အောင် မလုပ်နိုင်ခဲ့ဘဲ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်လည်း ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။

ချဲလ်ဆီးက စနေနေ့က ထိပ်ဆုံး ၄ နေရာအတွက် ပြိုင်ဘက်တွေဖြစ်တဲ့ အက်စတန်ဗီလာကို ချဲလ်ဆီးတို့ သရေကျန်ပေးလို့ တော့တင်ဟမ်ဟော့စပါးအနေနဲ့ ကျေးဇူးတင်ခဲ့ရပြီး အူနိုင်း အမ်မရီရဲ့အသင်းကို အမီလိုက်နိုင်ဖို့ဆိုရင် ဒီနေ့ည ချဲလ်ဆီးနဲ့ပွဲမှာ မဖြစ်မနေ နိုင်ပွဲရယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ချဲလ်ဆီးကနေ ရာသီကုန်မှာ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တဲ့ သီယေဂို ဆေးလ်ဗားဟာ ပေါင်ခြံဒဏ်ရာပြဿနာကြောင့် ဗီလာနဲ့ပွဲမှာ လူစားလဲခံခဲ့ရပြီး ဒီပွဲမှာ ဝင်ကစားပေးနိုင်မှာမဟုတ်ပါဘူး။ ဖိုဖာနာ၊ ရီးစ် ဂျိမ်းစ်၊ လာဗီယာ၊ အူဂိုချူကဝူ၊ ဂူစတို၊ ချေးဝဲလ်၊ ချူကဝူမီကာ၊ အန်ဇို ဖာနန်ဒက်ဇ်တို့လည်း စတားလင်း၊ ရောဘတ် ဆန်းချက်ဇ်၊ အန်ကွန်ကူ၊ ကိုဝီလ်တို့နဲ့အတူ ဒဏ်ရာကြောင့် လွဲချော်မှာပါ။ ဒီဆာဆီကလည်း အမည်မသိတဲ့ ဒဏ်ရာပြဿနာအတွက် ဆေးအဖွဲ့ရဲ့ အကဲဖြတ်မှုကို ခံနေရပြီး အယ်လ်ဖီ ဂီးလ်ခရစ္စက ခံစစ်မှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။

စပါးဘက်မှာတော့ အာဆင်နယ်နဲ့ပွဲမှာ ရခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် တီမို ဗာနာ လွဲချော်မှာဖြစ်ပြီး ဘန်ဒေးဗီးစ်လည်း ခြေသလုံးဒဏ်ရာပြဿနာကြောင့် ရာသီကုန်အထိ လွဲချော်မှာပါ။ အူဒိုဂီ၊ ဖရေဆာ ဖော်စတာ၊ ဆီဆက်နွန်၊ ဆော်လမွန်တို့လည်း လွဲချော်မှာဖြစ်ပြီး အိုလီဗာ စကစ်ပ်ကတော့ ပြန်ပါလာနိုင်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ချဲလ်ဆီး-ပက်ထရိုဗစ်၊ ဂီးလ်ခရစ္စ၊ ချာလိုဘက်၊ ဘာဒီယာရှီလေ၊ ကူကူရယ်လာ၊ ကိုင်ဆေဒို၊ ဂယ်လေဂါ၊ မာဒူအဲခီ၊ ပါလ်မာ၊ မာဒရစ်ခ်၊ ဂျက်ခ်ဆင်။

စပါး-ဗီကာရီယို၊ ပေါ်ရို၊ ရိုမဲရိုး၊ ဗန်ဒီဗင်၊ အီမာဆန်၊ ဆား၊ ဘစ်ဆူးမား၊ ကူလူဆက်ဗ်စကီး၊ မက်ဒီဆင်၊ ဆွန်၊ ရစ်ချာလီဆန်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၃၆ ကြိမ်တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီးက ၁၉ ပွဲနိုင် ၁၀ ပွဲသရေ စပါးက ၇ ပွဲအနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ချဲလ်ဆီးက ၁ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံး၊ စပါးက ၂ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

ခန့်မှန်းရခက်တဲ့ အသင်း ၂ သင်းကြား ပြင်းထန်နတဲ့ တိုက်ပွဲဖြစ်လာမှာဖြစ်ပေမယ့်လည်း စတမ်းဖို့ဒ် ဘရစ်ချ်မှာတော့ သွင်းဂိုးတွေက အမြဲတမ်း မျှော်လင့်လို့ရမှာပါ။ ချဲလ်ဆီးဟာ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းနိုင်သလို ခံစစ်ကလည်း ယိုပေါက်တွေနဲ့ ဂိုးပြန်ပေးရလေ့ရှိပါတယ်။ ပိုချက်တီနိုရဲ့အသင်းကတော့ မကြာသေးမီက ပွဲစဉ်တွေမှာ အညှာအတာကင်းမဲ့စွာနဲ့ ဂိုးတွေ သွင်းယူဖို့ ခက်ခဲခဲ့ပြီး ဒီရာသီ ပထမအကျော့ စပါးအိမ်ကွင်းတုန်းက ပိုချက်တီနိုရဲ့အသင်းက ၄-၁ နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဂိုးမပြတ်နိုင်ဘဲ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကပ်နိုင်သွားဖို့ များပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(ချဲလ်ဆီး ၃-၂ စပါး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေတာ့တင္ဟမ္ေဟာ့စပါးဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ေျမာက္လန္ဒန္ဒါဘီမွာ အာဆင္နယ္ရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္ကို ေမွးမွိန္ေအာင္ မလုပ္ႏိုင္ခဲ့ဘဲ ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္လည္း ထိုးႏွက္ခ်က္ျဖစ္ခဲ့ရပါတယ္။

ခ်ဲလ္ဆီးက စေနေန႔က ထိပ္ဆုံး ၄ ေနရာအတြက္ ၿပိဳင္ဘက္ေတြျဖစ္တဲ့ အက္စတန္ဗီလာကို ခ်ဲလ္ဆီးတို႔ သေရက်န္ေပးလို႔ ေတာ့တင္ဟမ္ေဟာ့စပါးအေနနဲ႔ ေက်းဇူးတင္ခဲ့ရၿပီး အူႏိုင္း အမ္မရီရဲ႕အသင္းကို အမီလိုက္ႏိုင္ဖို႔ဆိုရင္ ဒီေန႔ည ခ်ဲလ္ဆီးနဲ႔ပြဲမွာ မျဖစ္မေန ႏိုင္ပြဲရယူဖို႔ လိုအပ္မွာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

ခ်ဲလ္ဆီးကေန ရာသီကုန္မွာ ထြက္ခြာေတာ့မယ္လို႔ ေၾကညာခဲ့တဲ့ သီေယဂို ေဆးလ္ဗားဟာ ေပါင္ၿခံဒဏ္ရာျပႆနာေၾကာင့္ ဗီလာနဲ႔ပြဲမွာ လူစားလဲခံခဲ့ရၿပီး ဒီပြဲမွာ ဝင္ကစားေပးႏိုင္မွာမဟုတ္ပါဘူး။ ဖိုဖာနာ၊ ရီးစ္ ဂ်ိမ္းစ္၊ လာဗီယာ၊ အူဂိုခ်ဴကဝူ၊ ဂူစတို၊ ေခ်းဝဲလ္၊ ခ်ဴကဝူမီကာ၊ အန္ဇို ဖာနန္ဒက္ဇ္တို႔လည္း စတားလင္း၊ ေရာဘတ္ ဆန္းခ်က္ဇ္၊ အန္ကြန္ကူ၊ ကိုဝီလ္တို႔နဲ႔အတူ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာပါ။ ဒီဆာဆီကလည္း အမည္မသိတဲ့ ဒဏ္ရာျပႆနာအတြက္ ေဆးအဖြဲ႕ရဲ႕ အကဲျဖတ္မႈကို ခံေနရၿပီး အယ္လ္ဖီ ဂီးလ္ခရစၥက ခံစစ္မွာ ျပန္လည္ပါဝင္လာႏိုင္ပါတယ္။

စပါးဘက္မွာေတာ့ အာဆင္နယ္နဲ႔ပြဲမွာ ရခဲ့တဲ့ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ တီမို ဗာနာ လြဲေခ်ာ္မွာျဖစ္ၿပီး ဘန္ေဒးဗီးစ္လည္း ေျခသလုံးဒဏ္ရာျပႆနာေၾကာင့္ ရာသီကုန္အထိ လြဲေခ်ာ္မွာပါ။ အူဒိုဂီ၊ ဖေရဆာ ေဖာ္စတာ၊ ဆီဆက္ႏြန္၊ ေဆာ္လမြန္တို႔လည္း လြဲေခ်ာ္မွာျဖစ္ၿပီး အိုလီဗာ စကစ္ပ္ကေတာ့ ျပန္ပါလာႏိုင္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

ခ်ဲလ္ဆီး-ပက္ထ႐ိုဗစ္၊ ဂီးလ္ခရစၥ၊ ခ်ာလိုဘက္၊ ဘာဒီယာရွီေလ၊ ကူကူရယ္လာ၊ ကိုင္ေဆဒို၊ ဂယ္ေလဂါ၊ မာဒူအဲခီ၊ ပါလ္မာ၊ မာဒရစ္ခ္၊ ဂ်က္ခ္ဆင္။

စပါး-ဗီကာရီယို၊ ေပၚ႐ို၊ ႐ိုမဲ႐ိုး၊ ဗန္ဒီဗင္၊ အီမာဆန္၊ ဆား၊ ဘစ္ဆူးမား၊ ကူလူဆက္ဗ္စကီး၊ မက္ဒီဆင္၊ ဆြန္၊ ရစ္ခ်ာလီဆန္။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၃၆ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ခ်ဲလ္ဆီးက ၁၉ ပြဲႏိုင္ ၁၀ ပြဲသေရ စပါးက ၇ ပြဲအႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ခ်ဲလ္ဆီးက ၁ ပြဲႏိုင္ ၂ ပြဲသေရ ၂ ပြဲရႈံး၊ စပါးက ၂ ပြဲႏိုင္ ၁ ပြဲသေရ ၂ ပြဲရႈံးခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

ခန႔္မွန္းရခက္တဲ့ အသင္း ၂ သင္းၾကား ျပင္းထန္နတဲ့ တိုက္ပြဲျဖစ္လာမွာျဖစ္ေပမယ့္လည္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာေတာ့ သြင္းဂိုးေတြက အၿမဲတမ္း ေမွ်ာ္လင့္လို႔ရမွာပါ။ ခ်ဲလ္ဆီးဟာ တိုက္စစ္ပိုင္းမွာ ဂိုးသြင္းႏိုင္သလို ခံစစ္ကလည္း ယိုေပါက္ေတြနဲ႔ ဂိုးျပန္ေပးရေလ့ရွိပါတယ္။ ပိုခ်က္တီႏိုရဲ႕အသင္းကေတာ့ မၾကာေသးမီက ပြဲစဥ္ေတြမွာ အညႇာအတာကင္းမဲ့စြာနဲ႔ ဂိုးေတြ သြင္းယူဖို႔ ခက္ခဲခဲ့ၿပီး ဒီရာသီ ပထမအေက်ာ့ စပါးအိမ္ကြင္းတုန္းက ပိုခ်က္တီႏိုရဲ႕အသင္းက ၄-၁ နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ဂိုးမျပတ္ႏိုင္ဘဲ အျပန္အလွန္သြင္းဂိုးေတြနဲ႔ ကပ္ႏိုင္သြားဖို႔ မ်ားပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(ခ်ဲလ္ဆီး ၃-၂ စပါး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.