Ligue1 Premier League Transfer News Ukraine-Russian War

မူဒရစ်ခ်ထက် ဈေးသက်သာမယ့် ရှက်ခ်တာတောင်ပံကို အကြံပေးခံထားရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ရှက်ခ်တာဒိုးနက်စ်ခ်တောင်ပံကစားသမား မိုက်ခေလို မူဒရစ်ခ်ကို ခေါ်ယူဖို့အတွက် ကြီးမားတဲ့ ငွေကြေး တောင်းဆိုမှုတွေက အတားအဆီးတစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး သူတို့အသင်းရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဘဏ်တိုက်ထဲက ငွေတွေကို အကန့်အသတ်မရှိ သုံးစွဲဖို့ကလည်း အခက်အခဲတစ်ခုအဖြစ် ကျော်ဖြတ်ရဦးမှာဖြစ်ပါတယ်။

ရှက်ခ်တာဘက်ကတော့ သူတို့ရဲ့ အကောင်းဆုံး ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ အထိ အရယူချင်နေတာဟာ ငွေကြေး အကျိုးအမြတ်အရတင် မဟုတ်ဘဲ ပြည်တွင်းက ငယ်မွေးခြံပေါက် ယူကရိန်းသားစစ်စစ်တစ်ဦးကို လက်လွှတ်ရမှာဖြစ်တဲ့အတွက် လျော့ပါးသွားမယ့် ကိုတာအတွက် တောင်းဆိုချင်နေတာဖြစ်နိုင်တာကြောင့် တခြားတစ်ဖက်ကနေ လှည့်စဉ်းစားဖို့ အာဆင်နယ်ကို အကြံပေးမှုတွေ ပေါ်ထွက်လာတာပါ။

၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ မွေးဖွားပြီး လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဖွင့်ချိန်မှာ အသက် ၂၂ နှစ်ပြည့်မယ့် မူဒရစ်ခ်ကို မတန်တဆဈေးနဲ့ ဆက်လက်ခေါ်ယူမယ့်အစား သူ့ဈေးရဲ့ သုံးပုံတစ်ပုံလောက်နဲ့ ရရှိနိုင်မယ့် ဘရာဇီးလ်သားကို ခေါ်ယူဖို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဂရေမီ ဘေလီက အကြံပေးလိုက်တာလည်းဖြစ်ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ပြည်ပကစားသမားတွေကို ယူကရိန်းကလပ်တွေကနေ စာချုပ်ဆိုင်းငံထားတဲ့ ဖီဖာရဲ့ မူဝါဒအရ ပြင်သစ်ကလပ် လီယွန်မှာ အငှားထွက်ကစားနေခဲ့ပြီး လိဂန် ၂၂ ပွဲမှာ ၇ ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်သား တီတီဟာ မူဒရစ်ခ်ထက်တော့ အသက် ၁၁ လ ပိုကြီးသူဖြစ်ပြီး ဘူကာယို ဆာကာနဲ့ရော ရာဖင်ညာနဲ့ပါ ကစားပေါက်ချင်း နီးစပ်သူလို့ သုံးသပ်ခံထားရတာပါ။

ရှက်ခ်တာတို့အနေနဲ့ တီတီကို ၂၀၂၃ ခုနှစ် နွေရာသီအထိ ပြန်လည်သုံးစွဲနိုင်ခွင့် မရှိသေးတာကြောင့် အငှားချထားချိန်မှာ အာဆင်နယ်အသင်း အပါအဝင် ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ နွေရာသီမှာ အပြီးသတ်ခေါ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ပဲ ဇန်နဝါရီမှာ ကြိုးစားနိုင်သလို Transfermarkt ရဲ့ ခန့်မှန်းဈေး ယူရို ၂၅ သန်းသာ တန်ကြေးရှိနေတဲ့အတွက် ဒီထက် ပိုပေးရရင် ၁၀ သန်း ၁၅ သန်းလောက်နဲ့ အလုပ်ဖြစ်သွားနိုင်ပါတယ်။

အလိမ်အခေါက်၊ အဆုံးသတ်နဲ့ တည်ကန်ဘောတွေ ကောင်းမွန်တဲ့ ဘရာဇီးလ်သားနဲ့ ရှက်ခ်တာတို့ရဲ့ စာချုပ်လက်ကျန်ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိသာ ရှိနေတဲ့အတွက် တစ်နှစ်သာ ကျန်တော့တဲ့ သက်တမ်းအရ ဈေးနှုန်းက ထင်ထားတာထက် သက်သာနိုင်ပြီး ယူရိုသန်း ၃၀ ဝန်းကျင်မှာတောင် အရောင်းအဝယ်ဖြစ်လာနိုင်တာကြောင့် အာဆင်နယ်တို့အနေနဲ့ သူ့ကို ခေါ်ယူမယ်ဆိုရင် မူဒရစ်ခ်ထက် ပိုမိုအလုပ်ဖြစ်လာနိုင်တာပါ။

လက်ရှိမှာလည်း ဘယ်တောင်ပံအတွက် ဂါဘရီယယ်လ် မာတီနယ်လီနဲ့ အီမီးလ် စမစ်ရိုးတို့ ရှိနေချိန်မှာ တကယ်တမ်း ပိုမိုလိုအပ်နေတာက ညာတောင်ပံကစားမယ့် ဘယ်သန်တောင်ပံသမားဖြစ်နေတဲ့အတွက် တီတီဟာ နည်းပြ မီခယ်လ် အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့အတွက် ကွက်တိ လိုအပ်နေတဲ့သူမျိုးလည်း ဖြစ်နေပါတယ်။

တောင်ပံကစားသမားကို ခေါ်ယူဖို့အတွက် ဈေးနှုန်းလျော့ချနိုင်ခဲ့ရင် အာဆင်နယ်တို့အနေနဲ့ ဂါဘရီယယ်လ် ဂျေဆူးစ် ဒဏ်ရာသွားတဲ့ အ‌ထောင်တိုက်စစ်မှူးနေရာနဲ့ ကွင်းလယ်ကို အားဖြည့်ဖို့ တစ်နေရာအတွက် ငွေကြေးပိုမိုသုံးစွဲနိုင်မှာလည်းဖြစ်လို့ မူဒရစ်ခ်ကို ဈေးကြီးပေးပြီး ခေါ်ယူမယ့်အစား သူ့ရဲ့ အငှားထွက်ကစားနေတဲ့ ရှက်ခ်တာအသင်းဖော်က အဖြေဖြစ်လာနိုင်တာပါ။

အာဆင်နယ်တို့အနေနဲ့ တောင်ပံကစားသမားတစ်ဦးအပြင် တိုက်စစ်နေရာအတွက် ဂျူဗင်တပ်စ်ရဲ့ ဒူရှန် ဗလာဟိုဗစ်ချ်၊ ပီအက်စ်ဗီရဲ့ ကိုဒီ ဂက်ခ်ပိုတို့ကို ခေါ်ယူနိုင်ဖို့နဲ့ ကွင်းလယ်အတွက်တော့ လက်စတာရဲ့ ယူရီ တီးလီးမန်းစ်၊ ဂျူဗင်တပ်စ်ရဲ့ အက်ဒရီယင် ဟာဗျို၊ လာဇီယိုရဲ့ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်တို့ကိုလည်း ချိတ်ဆက်နေကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ရွက္ခ္တာဒိုးနက္စ္ခ္ေတာင္ပံကစားသမား မိုက္ေခလို မူဒရစ္ခ္ကို ေခၚယူဖို႔အတြက္ ႀကီးမားတဲ့ ေငြေၾကး ေတာင္းဆိုမႈေတြက အတားအဆီးတစ္ရပ္အျဖစ္ ဆက္လက္ရွိေနဆဲျဖစ္ၿပီး သူတို႔အသင္းရဲ႕ လုပ္ထုံးလုပ္နည္းေတြအရ ဘဏ္တိုက္ထဲက ေငြေတြကို အကန႔္အသတ္မရွိ သုံးစြဲဖို႔ကလည္း အခက္အခဲတစ္ခုအျဖစ္ ေက်ာ္ျဖတ္ရဦးမွာျဖစ္ပါတယ္။

ရွက္ခ္တာဘက္ကေတာ့ သူတို႔ရဲ႕ အေကာင္းဆုံး ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ယူ႐ိုသန္း ၁၀၀ အထိ အရယူခ်င္ေနတာဟာ ေငြေၾကး အက်ိဳးအျမတ္အရတင္ မဟုတ္ဘဲ ျပည္တြင္းက ငယ္ေမြးၿခံေပါက္ ယူကရိန္းသားစစ္စစ္တစ္ဦးကို လက္လႊတ္ရမွာျဖစ္တဲ့အတြက္ ေလ်ာ့ပါးသြားမယ့္ ကိုတာအတြက္ ေတာင္းဆိုခ်င္ေနတာျဖစ္ႏိုင္တာေၾကာင့္ တျခားတစ္ဖက္ကေန လွည့္စဥ္းစားဖို႔ အာဆင္နယ္ကို အႀကံေပးမႈေတြ ေပၚထြက္လာတာပါ။

၂၀၀၁ ခုႏွစ္ ဇန္နဝါရီလ ၅ ရက္ေန႔မွာ ေမြးဖြားၿပီး လာမယ့္ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ဖြင့္ခ်ိန္မွာ အသက္ ၂၂ ႏွစ္ျပည့္မယ့္ မူဒရစ္ခ္ကို မတန္တဆေဈးနဲ႔ ဆက္လက္ေခၚယူမယ့္အစား သူ႔ေဈးရဲ႕ သုံးပုံတစ္ပုံေလာက္နဲ႔ ရရွိႏိုင္မယ့္ ဘရာဇီးလ္သားကို ေခၚယူဖို႔ အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ ဂေရမီ ေဘလီက အႀကံေပးလိုက္တာလည္းျဖစ္ပါတယ္။

႐ုရွား-ယူကရိန္းစစ္ပြဲေၾကာင့္ ျပည္ပကစားသမားေတြကို ယူကရိန္းကလပ္ေတြကေန စာခ်ဳပ္ဆိုင္းငံထားတဲ့ ဖီဖာရဲ႕ မူဝါဒအရ ျပင္သစ္ကလပ္ လီယြန္မွာ အငွားထြက္ကစားေနခဲ့ၿပီး လိဂန္ ၂၂ ပြဲမွာ ၇ ဂိုး သြင္းယူထားႏိုင္ခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ဘရာဇီးလ္သား တီတီဟာ မူဒရစ္ခ္ထက္ေတာ့ အသက္ ၁၁ လ ပိုႀကီးသူျဖစ္ၿပီး ဘူကာယို ဆာကာနဲ႔ေရာ ရာဖင္ညာနဲ႔ပါ ကစားေပါက္ခ်င္း နီးစပ္သူလို႔ သုံးသပ္ခံထားရတာပါ။

ရွက္ခ္တာတို႔အေနနဲ႔ တီတီကို ၂၀၂၃ ခုႏွစ္ ေႏြရာသီအထိ ျပန္လည္သုံးစြဲႏိုင္ခြင့္ မရွိေသးတာေၾကာင့္ အငွားခ်ထားခ်ိန္မွာ အာဆင္နယ္အသင္း အပါအဝင္ ပရီးမီးယားလိဂ္အသင္းေတြအေနနဲ႔ ေႏြရာသီမွာ အၿပီးသတ္ေခၚယူခြင့္ ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔ပဲ ဇန္နဝါရီမွာ ႀကိဳးစားႏိုင္သလို Transfermarkt ရဲ႕ ခန႔္မွန္းေဈး ယူ႐ို ၂၅ သန္းသာ တန္ေၾကးရွိေနတဲ့အတြက္ ဒီထက္ ပိုေပးရရင္ ၁၀ သန္း ၁၅ သန္းေလာက္နဲ႔ အလုပ္ျဖစ္သြားႏိုင္ပါတယ္။

အလိမ္အေခါက္၊ အဆုံးသတ္နဲ႔ တည္ကန္ေဘာေတြ ေကာင္းမြန္တဲ့ ဘရာဇီးလ္သားနဲ႔ ရွက္ခ္တာတို႔ရဲ႕ စာခ်ဳပ္လက္က်န္ဟာ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိသာ ရွိေနတဲ့အတြက္ တစ္ႏွစ္သာ က်န္ေတာ့တဲ့ သက္တမ္းအရ ေဈးႏႈန္းက ထင္ထားတာထက္ သက္သာႏိုင္ၿပီး ယူ႐ိုသန္း ၃၀ ဝန္းက်င္မွာေတာင္ အေရာင္းအဝယ္ျဖစ္လာႏိုင္တာေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ သူ႔ကို ေခၚယူမယ္ဆိုရင္ မူဒရစ္ခ္ထက္ ပိုမိုအလုပ္ျဖစ္လာႏိုင္တာပါ။

လက္ရွိမွာလည္း ဘယ္ေတာင္ပံအတြက္ ဂါဘရီယယ္လ္ မာတီနယ္လီနဲ႔ အီမီးလ္ စမစ္႐ိုးတို႔ ရွိေနခ်ိန္မွာ တကယ္တမ္း ပိုမိုလိုအပ္ေနတာက ညာေတာင္ပံကစားမယ့္ ဘယ္သန္ေတာင္ပံသမားျဖစ္ေနတဲ့အတြက္ တီတီဟာ နည္းျပ မီခယ္လ္ အာတီတာနဲ႔ အားကစားဒါ႐ိုက္တာ အီဒူးတို႔အတြက္ ကြက္တိ လိုအပ္ေနတဲ့သူမ်ိဳးလည္း ျဖစ္ေနပါတယ္။

ေတာင္ပံကစားသမားကို ေခၚယူဖို႔အတြက္ ေဈးႏႈန္းေလ်ာ့ခ်ႏိုင္ခဲ့ရင္ အာဆင္နယ္တို႔အေနနဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ ဒဏ္ရာသြားတဲ့ အ‌ေထာင္တိုက္စစ္မႉးေနရာနဲ႔ ကြင္းလယ္ကို အားျဖည့္ဖို႔ တစ္ေနရာအတြက္ ေငြေၾကးပိုမိုသုံးစြဲႏိုင္မွာလည္းျဖစ္လို႔ မူဒရစ္ခ္ကို ေဈးႀကီးေပးၿပီး ေခၚယူမယ့္အစား သူ႔ရဲ႕ အငွားထြက္ကစားေနတဲ့ ရွက္ခ္တာအသင္းေဖာ္က အေျဖျဖစ္လာႏိုင္တာပါ။

အာဆင္နယ္တို႔အေနနဲ႔ ေတာင္ပံကစားသမားတစ္ဦးအျပင္ တိုက္စစ္ေနရာအတြက္ ဂ်ဴဗင္တပ္စ္ရဲ႕ ဒူရွန္ ဗလာဟိုဗစ္ခ်္၊ ပီအက္စ္ဗီရဲ႕ ကိုဒီ ဂက္ခ္ပိုတို႔ကို ေခၚယူႏိုင္ဖို႔နဲ႔ ကြင္းလယ္အတြက္ေတာ့ လက္စတာရဲ႕ ယူရီ တီးလီးမန္းစ္၊ ဂ်ဴဗင္တပ္စ္ရဲ႕ အက္ဒရီယင္ ဟာဗ်ိဳ၊ လာဇီယိုရဲ႕ ဆာေဂး မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္တို႔ကိုလည္း ခ်ိတ္ဆက္ေနေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.