Premier League

ဝုလ်ဗ်စ်ကတောင် မခေါ်ချင်တဲ့သူက ဂျေဆူးစ်နေရာမှာ အစားထိုးနိုင်မယ်လို့ မယုံတဲ့ ပေါလ် မာဆန်

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ဒဏ်ရာရရှိနေတဲ့ ဂါဘရီယဲလ် ဂျေဆူးစ်ရဲ့နေရာမှာ အစားထိုးခေါ်ယူမှု မပြုလုပ်ဘဲ နကီးတီးယားကိုသာ အားကိုးမယ်ဆိုရင် ဆုဖလားမျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းနိုင်မှာမဟုတ်သလို ထိပ်ဆုံး ၄ နေရာ ဝင်ဖို့ပါ မရေမရာဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

အာတီတာရဲ့အသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူး ဂျေဆူးစ် ကမ္ဘာ့ဖလားမှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီး ၃ လအထိ အနားယူရတော့မှာဖြစ်တာကြောင့် ကြီးမားတဲ့ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ယခုရာသီ ဂန်းနားတွေရဲ့အောင်မြင်မှုမှာ အဓိကကျခဲ့တာဖြစ်ပါတယ်။

ဂါဘရီယဲလ် ဂျေဆူးစ်ဟာ ယခုရာသီမှာ အာဆင်နယ်အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ပြီး ကူညီပေးထားခဲ့သူဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်မပါဝင်ဘဲ ဂန်းနားတွေဟာ ဘောက်ဆင်ဒေးမှာ ဝက်စ်ဟမ်းနဲ့ ကစားရမယ့်ပွဲမှာ ရုန်းကန်ရလိမ့်မယ်လို့ ဟောကိန်းထုတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အာတီတာဟာ နကီးတီးယားဟာ ပြီးခဲ့တဲ့ရာသီကုန်တုန်းက အူဘာမီယန်း ထွက်ခွာသွားပြီးနောက် ကစားပေးခဲ့တဲ့ပုံစံအတိုင်း ဂျေဆူးစ်ရဲ့နေရာမှာ ဖြည့်ကစားပေးနိုင်မယ်လို့ ယုံကြည်ချက်ရှိတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း အသက် ၂၃ နှစ်အရွယ် ကစားသမားက ယခုရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁ ဂိုးတောင် သွင်းယူထားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

နကီးတီးယားဟ ၂၀၂၂-၂၀၂၃ ရာသီမှာ လိဂ်ပွဲကစားချိန် မိနစ် ၁၄၀ သာ ရရှိခဲ့တယ်ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပေမယ့်လည်း ပေါလ် မာဆန်က အင်္ဂလန်တိုက်စစ်မှူးက အာဆင်နယ်ရဲ့ ဆုဖလားအိပ်မက်ကို အသက်ဆက်ပေးနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အဲဒါက ကြီးမားတဲ့ စိုးရိမ်စရာကြီးပါ။ အခု သူတို့တွေ ပုံမှန်ခြေစွမ်းမရှိတဲ့ နကီးတီးယားကို အားကိုးနေကြပါတယ်။ သူတို့တွေ မန်စီးတီးပွဲမကစားခင် ဝက်စ်ဟမ်းကို အနိုင်ယူနိုင်ရင် ၈ မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်ပေမယ့်လည်း ဂါဘရီယဲလ် ဂျေဆူးစ်မပါဝင်ဘဲ သူတို့တွေ ဆုဖလားရမယ်လို့ ခင်ဗျား ထင်မြင်ဦးမှာမဟုတ်သေးပါဘူး။ အဲဒါက ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဂျေးဇုက ဂိုးတွေ အများကြီး မသွင်းယူခဲ့တာတောင်မှပဲ သူက အကျိုးသက်ရောက်မှု ရှိနေဆဲပါ။ သူသာ ၃ လလောက်နားရရင် သူတို့တွေ ထိပ်ဆုံး ၄ နေရာထဲဝင်ရင်တောင် ကျွန်တော် အံ့အားသင့်မိပါလိမ့်မယ်။ ဂိုးတွေ ဘယ်ကနေမှ လာနိုင်မယ်လို့ ကျွန်တော် မမြင်ပါဘူး”

“ဆိုးဆိုးရွားရွားတွေသာ မဖြစ်ရင် ဘယ်ပရီးမီးယားလိဂ်အသင်းက နကီးတီးယားကို ပွဲထွက်လူစာရင်းထဲ ထည့်မှာလဲ။ ဝုလ်ဗ်စ်တွေက အမှတ်ပေးဇယားအောက်ခြေရောက်နေတယ်။ သူတို့တွေ ဂိုးတွေ အသည်းအသန်လိုချင်နေပြီး သူတို့တောင်မှ နကီးတီးယားကို ခေါ်မှာမဟုတ်ပါဘူး။ ကျွန်တော့်အတွက်တော့ အဲဒါက တကယ်ကို စိုးရိမ်စရာပါ။ ဒါက နကီးတီးယားကို ဒါမှမဟုတ် တခြားကစားသမားကို မလေးမစားလုပ်တာမျိုးမဟုတ်ပေမယ့် ဂျေဆူးစ်က အရာအားလုံးကို တပေါင်းတစည်းတည်း ဖြစ်သွားအောင် လုပ်ခဲ့တာပါ။ နကီးတီးယားက ၃ ပွဲလောက်တော့ ခြေစွမ်းပြကောင်း ပြနိုင်ပေမယ့် သူ ၁၀ ပွဲ ဒါမှမဟုတ် ၁၀ ပွဲကျော်လောက် အဲဒီလို လုပ်နိုင်မယ်လို့ မမြင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က ဒဏ္ရာရရွိေနတဲ့ ဂါဘရီယဲလ္ ေဂ်ဆူးစ္ရဲ႕ေနရာမွာ အစားထိုးေခၚယူမႈ မျပဳလုပ္ဘဲ နကီးတီးယားကိုသာ အားကိုးမယ္ဆိုရင္ ဆုဖလားေမွ်ာ္လင့္ခ်က္ကို ဆက္လက္ထိန္းသိမ္းႏိုင္မွာမဟုတ္သလို ထိပ္ဆုံး ၄ ေနရာ ဝင္ဖို႔ပါ မေရမရာျဖစ္လာႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

အာတီတာရဲ႕အသင္းဟာ ဘရာဇီးလ္တိုက္စစ္မႉး ေဂ်ဆူးစ္ ကမာၻ႔ဖလားမွာ ဒူးဒဏ္ရာ ရရွိခဲ့ၿပီး ၃ လအထိ အနားယူရေတာ့မွာျဖစ္တာေၾကာင့္ ႀကီးမားတဲ့ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမားဟာ ယခုရာသီ ဂန္းနားေတြရဲ႕ေအာင္ျမင္မႈမွာ အဓိကက်ခဲ့တာျဖစ္ပါတယ္။

ဂါဘရီယဲလ္ ေဂ်ဆူးစ္ဟာ ယခုရာသီမွာ အာဆင္နယ္အသင္းကို အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ေအာင္ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ၿပီး ကူညီေပးထားခဲ့သူျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္မပါဝင္ဘဲ ဂန္းနားေတြဟာ ေဘာက္ဆင္ေဒးမွာ ဝက္စ္ဟမ္းနဲ႔ ကစားရမယ့္ပြဲမွာ ႐ုန္းကန္ရလိမ့္မယ္လို႔ ေဟာကိန္းထုတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အာတီတာဟာ နကီးတီးယားဟာ ၿပီးခဲ့တဲ့ရာသီကုန္တုန္းက အူဘာမီယန္း ထြက္ခြာသြားၿပီးေနာက္ ကစားေပးခဲ့တဲ့ပုံစံအတိုင္း ေဂ်ဆူးစ္ရဲ႕ေနရာမွာ ျဖည့္ကစားေပးႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိတဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္လည္း အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားက ယခုရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၁ ဂိုးေတာင္ သြင္းယူထားႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

နကီးတီးယားဟ ၂၀၂၂-၂၀၂၃ ရာသီမွာ လိဂ္ပြဲကစားခ်ိန္ မိနစ္ ၁၄၀ သာ ရရွိခဲ့တယ္ဆိုတဲ့အခ်က္ကိုလည္း ထည့္သြင္းစဥ္းစားရမွာျဖစ္ေပမယ့္လည္း ေပါလ္ မာဆန္က အဂၤလန္တိုက္စစ္မႉးက အာဆင္နယ္ရဲ႕ ဆုဖလားအိပ္မက္ကို အသက္ဆက္ေပးႏိုင္မွာမဟုတ္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အဲဒါက ႀကီးမားတဲ့ စိုးရိမ္စရာႀကီးပါ။ အခု သူတို႔ေတြ ပုံမွန္ေျခစြမ္းမရွိတဲ့ နကီးတီးယားကို အားကိုးေနၾကပါတယ္။ သူတို႔ေတြ မန္စီးတီးပြဲမကစားခင္ ဝက္စ္ဟမ္းကို အႏိုင္ယူႏိုင္ရင္ ၈ မွတ္အထိ ျဖတ္ထားႏိုင္မွာျဖစ္ေပမယ့္လည္း ဂါဘရီယဲလ္ ေဂ်ဆူးစ္မပါဝင္ဘဲ သူတို႔ေတြ ဆုဖလားရမယ္လို႔ ခင္ဗ်ား ထင္ျမင္ဦးမွာမဟုတ္ေသးပါဘူး။ အဲဒါက ခက္ခဲပါတယ္။ ဘာလို႔လဲဆိုေတာ့ ေဂ်းဇုက ဂိုးေတြ အမ်ားႀကီး မသြင္းယူခဲ့တာေတာင္မွပဲ သူက အက်ိဳးသက္ေရာက္မႈ ရွိေနဆဲပါ။ သူသာ ၃ လေလာက္နားရရင္ သူတို႔ေတြ ထိပ္ဆုံး ၄ ေနရာထဲဝင္ရင္ေတာင္ ကြၽန္ေတာ္ အံ့အားသင့္မိပါလိမ့္မယ္။ ဂိုးေတြ ဘယ္ကေနမွ လာႏိုင္မယ္လို႔ ကြၽန္ေတာ္ မျမင္ပါဘူး”

“ဆိုးဆိုး႐ြား႐ြားေတြသာ မျဖစ္ရင္ ဘယ္ပရီးမီးယားလိဂ္အသင္းက နကီးတီးယားကို ပြဲထြက္လူစာရင္းထဲ ထည့္မွာလဲ။ ဝုလ္ဗ္စ္ေတြက အမွတ္ေပးဇယားေအာက္ေျခေရာက္ေနတယ္။ သူတို႔ေတြ ဂိုးေတြ အသည္းအသန္လိုခ်င္ေနၿပီး သူတို႔ေတာင္မွ နကီးတီးယားကို ေခၚမွာမဟုတ္ပါဘူး။ ကြၽန္ေတာ့္အတြက္ေတာ့ အဲဒါက တကယ္ကို စိုးရိမ္စရာပါ။ ဒါက နကီးတီးယားကို ဒါမွမဟုတ္ တျခားကစားသမားကို မေလးမစားလုပ္တာမ်ိဳးမဟုတ္ေပမယ့္ ေဂ်ဆူးစ္က အရာအားလုံးကို တေပါင္းတစည္းတည္း ျဖစ္သြားေအာင္ လုပ္ခဲ့တာပါ။ နကီးတီးယားက ၃ ပြဲေလာက္ေတာ့ ေျခစြမ္းျပေကာင္း ျပႏိုင္ေပမယ့္ သူ ၁၀ ပြဲ ဒါမွမဟုတ္ ၁၀ ပြဲေက်ာ္ေလာက္ အဲဒီလို လုပ္ႏိုင္မယ္လို႔ မျမင္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.