Premier League

ဖရက်ဒ်ကို ဈေးပေါပေါနဲ့ မရောင်းနိုင်ဘူးလို့ ဆုံးဖြတ်ထားတဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖရက်ဒ်ကို ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားမှုရှိနေချိန်မှာ ပေါင်သန်း ၃၀ ထက် လျော့နည်းတဲ့ ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပေမယ့်လည်း ယခုအပတ်အစောပိုင်းမှာ အသင်းက ၎င်းရဲ့ စာချုပ်ထဲက ၁၂ လ သက်တမ်းတိုးခွင့်ကို အသက်သွင်းခဲ့တာဖြစ်ပါတယ်။

ဖရက်ဒ်ဟာ ကာစီမီရီုနဲ့ ခရစ်ရှန် အဲရစ်ဆင်တို့ ရောက်ရှိလာပြီးနောက်ပိုင်း ယခုရာသီမှာ ပရီးမီးယားလိဂ် ၄ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ကန့်သတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ကွင်းလယ်ဟာ အဲရစ် တန်ဟက်အတွက် ဦးစားပေးအဖြစ် ရှိနေဆဲဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြဟာ ယခုနွေရာသီမှာ ဒေါ့မွန်အသင်းက ဂျုဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ အိုးထရက်ဖို့ဒ်ကို အင်္ဂလန်ကွင်းလယ်ကြယ်ပွင့် ပြောင်းရွှေ့ချင်လာအောင် ဆွဲဆောင်ဖို့အတွက် နေရာလွတ်တွေ ဖန်တီးဖို့ လိုအပ်မှာဖြစ်ပြီး တန်ဟက်ဟာ ဖရက်ဒ်ရဲ့ ဇွဲလုံ့လနဲ့ ကြံ့ခိုင်မှုအဆင့်အတန်းကို သဘောကျပေမယ့်လည်း အသင်းက ခြေအသာနဲ့ကစားနိုင်အောင် ပြိုင်ဘက်တွေကို လွှမ်းမိုးတဲ့နေရာမှာ ပိုမိုကောင်းမွန်တဲ့ ကွင်းလယ်ကစားသမား လိုချင်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ကွင်းလယ်မှာ မာကို ဗာရက်တီလိုမျိုး ထိပ်တန်းကစားသမား ပိုင်ဆိုင်ထားပြီးဖြစ်ပြီး တိုက်စစ် ၃ ဦးအတွဲဖြစ်တဲ့ မက်ဆီ၊ အမ်ဘာပေနဲ့ နေမာတို့ကို တန်ပြန် ထိန်းညှိဖို့အတွက် ကွင်းလယ်မှာ ပိုပြီးတော့ တက်တက်ကြွကြွကစားနိုင်တဲ့ ကစားသမားမျိုးကို လိုချင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖရက်ဒ်ကို အသင်းကနေ ထွက်ခွာခွင့်ပေးချင်တဲ့ဆန္ဒရှိနေပေမယ့်လည်း ဘရာဇီးလ်ကွင်းလယ်ကစားသမားအတွက် ပေါင်သန်း ၃၀ လောက် ရရှိချင်နေတယ်လို့ The Sun က ဖော်ပြခဲ့ပြီး သရဲနီတွေဟာ ၂၀၁၈ ခုနှစ်တုန်းက ဖရက်ဒ်ကို ပေါင် ၅၂ သန်းနဲ့ ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဖရက္ဒ္ကို ပီအက္စ္ဂ်ီအသင္းက စိတ္ဝင္စားမႈရွိေနခ်ိန္မွာ ေပါင္သန္း ၃၀ ထက္ ေလ်ာ့နည္းတဲ့ ကမ္းလွမ္းမႈေတြကို နားေထာင္သြားမွာမဟုတ္ဘူးလို႔ သိရပါတယ္။

ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ဟာ ယခုရာသီကုန္မွာ အသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနခဲ့တာျဖစ္ေပမယ့္လည္း ယခုအပတ္အေစာပိုင္းမွာ အသင္းက ၎ရဲ႕ စာခ်ဳပ္ထဲက ၁၂ လ သက္တမ္းတိုးခြင့္ကို အသက္သြင္းခဲ့တာျဖစ္ပါတယ္။

ဖရက္ဒ္ဟာ ကာစီမီ႐ီုနဲ႔ ခရစ္ရွန္ အဲရစ္ဆင္တို႔ ေရာက္ရွိလာၿပီးေနာက္ပိုင္း ယခုရာသီမွာ ပရီးမီးယားလိဂ္ ၄ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ ကန႔္သတ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ကြင္းလယ္ဟာ အဲရစ္ တန္ဟက္အတြက္ ဦးစားေပးအျဖစ္ ရွိေနဆဲျဖစ္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပဟာ ယခုေႏြရာသီမွာ ေဒါ့မြန္အသင္းက ဂ်ဳဒ္ ဘယ္လင္ဟမ္ကို ေခၚယူဖို႔အတြက္ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာ အိုးထရက္ဖို႔ဒ္ကို အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ ေျပာင္းေ႐ႊ႕ခ်င္လာေအာင္ ဆြဲေဆာင္ဖို႔အတြက္ ေနရာလြတ္ေတြ ဖန္တီးဖို႔ လိုအပ္မွာျဖစ္ၿပီး တန္ဟက္ဟာ ဖရက္ဒ္ရဲ႕ ဇြဲလုံ႔လနဲ႔ ႀကံ့ခိုင္မႈအဆင့္အတန္းကို သေဘာက်ေပမယ့္လည္း အသင္းက ေျခအသာနဲ႔ကစားႏိုင္ေအာင္ ၿပိဳင္ဘက္ေတြကို လႊမ္းမိုးတဲ့ေနရာမွာ ပိုမိုေကာင္းမြန္တဲ့ ကြင္းလယ္ကစားသမား လိုခ်င္ေနတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ကြင္းလယ္မွာ မာကို ဗာရက္တီလိုမ်ိဳး ထိပ္တန္းကစားသမား ပိုင္ဆိုင္ထားၿပီးျဖစ္ၿပီး တိုက္စစ္ ၃ ဦးအတြဲျဖစ္တဲ့ မက္ဆီ၊ အမ္ဘာေပနဲ႔ ေနမာတို႔ကို တန္ျပန္ ထိန္းညႇိဖို႔အတြက္ ကြင္းလယ္မွာ ပိုၿပီးေတာ့ တက္တက္ႂကြႂကြကစားႏိုင္တဲ့ ကစားသမားမ်ိဳးကို လိုခ်င္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဖရက္ဒ္ကို အသင္းကေန ထြက္ခြာခြင့္ေပးခ်င္တဲ့ဆႏၵရွိေနေပမယ့္လည္း ဘရာဇီးလ္ကြင္းလယ္ကစားသမားအတြက္ ေပါင္သန္း ၃၀ ေလာက္ ရရွိခ်င္ေနတယ္လို႔ The Sun က ေဖာ္ျပခဲ့ၿပီး သရဲနီေတြဟာ ၂၀၁၈ ခုႏွစ္တုန္းက ဖရက္ဒ္ကို ေပါင္ ၅၂ သန္းနဲ႔ ေခၚယူခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.