International World Cup

မက်ဆီရဲ့ဂိုးကို ပယ်ဖျက်ရင် အမ်ဘာပေရဲ့ဂိုးလည်း ပယ်ဖျက်ရမယ်လို့ တုံ့ပြန်ခဲ့တဲ့ ဒိုင်လူကြီး

ပြင်သစ်နဲ့ အာဂျင်တီးနားတို့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဆီမွန် မာချီညပ်က မက်ဆီရဲ့ ဒုတိယမြောက်သွင်းဂိုးကို ခွင့်မပြုခဲ့သင့်ဘူးဆိုတဲ့ ပြောဆိုမှုတွေကို တုံ့ပြန်သွားခဲ့ပါတယ်။

လူဆေးလ်ကွင်းက ဗိုလ်လုပွဲစဉ်အတွင်း အချိန်ပို ဒုတိယပိုင်း ၁၀၈ မိနစ်မှာ အာဂျင်တီးနားအသင်းကို ၃-၂ နဲ့ ဦးဆောင်နိုင်စေမယ့် သွင်းဂိုးကို ပီအက်စ်ဂျီကြယ်ပွင့်က သွင်းယူခဲ့တာဖြစ်ပြီး လော်တာရို မာတီနက်ဇ်ရဲ့ ကန်ချက်ကို ဟူဂို လိုရစ် ပုတ်ထုတ်ရာကနေ ပြန်ထွက်လာတဲ့ဘောလုံးကို မက်ဆီက ပိတ်သွင်းခဲ့ရာမှာ ဂိုးစည်းကျော်သွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပင်နယ်တီမှာ ပြင်သစ်ကို ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး အမ်ဘာပေကို ပင်နယ်တီကနေ ချေပဂိုး ခွင့်ပြုခဲ့ရပြီးနောက် ဂွန်ဇာလို မွန်တီရယ်က အာဂျင်တီးနားတွက် အဆုံးအဖြတ် သွင်းဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာ ဘောလုံးကဂိုးစည်းကို မကျော်ခင် ကွင်းဘေးစည်းကို အာဂျင်တီးနား အရန်ကစားသမားတွေက ချဉ်းနင်းဝင်ရောက်ရှိခဲ့တာကို မြင်တွေ့ခဲ့ရတဲ့အတွက် အများစုက အဲဒီဂိုးကို ခွင့်မပြုသင့်ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။

IFAB ရဲ့ ဥပဒေသထဲမှာလည်း ‘ဒိုင်လူကြီးဟာ ကွင်းထဲမှာ လူစားဝင်၊ လူစားဝင်ကစားသမား၊ ထုတ်ပယ်ခံခဲ့ရတဲ့ ကစားသမား သို့မဟုတ် အသင်းတာဝန်ရှိသူတွေလိုမျိုး အပိုလူရှိနေခဲ့ရင် ဂိုးကို ပယ်ဖျက်ပြီး အဲဒီ နေရာကနေ အလွတ်တည်ကန်ဘောနဲ့ ပွဲကို ပြန်လည်စတင်ရမယ်’လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ပြင်သစ်က အကြီးမားဆုံးသတင်းဌာနကြီးတွေထဲက တစ်ခုဖြစ်တဲ့ L’Equipe ကလည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တရားဥပဒေမဲ့ ဆုံးဖြတ်ချက်လို့ ဖော်ပြမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဒိုင်လူကြီး မာချီညပ်က သတင်းစာရှင်းလင်းပွဲမှာ ၎င်းရဲ့ ဖုန်းထဲက အမ်ဘာပေရဲ့ သွင်းဂိုး သွင်းယူခဲ့ချိန်မှာ ပြင်သစ်ကစားသမား ၇ ဦးအထိ ကွင်းထဲ ရောက်ရှိနေခဲ့တဲ့ ဓာတ်ပုံကို ပြန်လည် ပြသပြီး မက်ဆီရဲ့ သွင်းဂိုးကို ပယ်ဖျက်မယ်ဆိုရင် အမ်ဘာပေရဲ့ ဂိုးကိုလည်း ပယ်ဖျက်ရမှာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

“ပြင်သစ်က ဒီပုံကိုကျ ထည့်မပြောခဲ့ပါဘူး။ အမ်ဘာပေ ဂိုးသွင်းယူခဲ့တဲ့အချိန်မှာ ပြင်သစ်ကစားသမား ၇ ဦးအထိ ကွင်းထဲရောက်နေတာကို ခင်ဗျား မြင်နိုင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္နဲ႔ အာဂ်င္တီးနားတို႔ရဲ႕ ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲကို တာဝန္ယူကိုင္တြယ္ခဲ့တဲ့ ဆီမြန္ မာခ်ီညပ္က မက္ဆီရဲ႕ ဒုတိယေျမာက္သြင္းဂိုးကို ခြင့္မျပဳခဲ့သင့္ဘူးဆိုတဲ့ ေျပာဆိုမႈေတြကို တုံ႔ျပန္သြားခဲ့ပါတယ္။

လူေဆးလ္ကြင္းက ဗိုလ္လုပြဲစဥ္အတြင္း အခ်ိန္ပို ဒုတိယပိုင္း ၁၀၈ မိနစ္မွာ အာဂ်င္တီးနားအသင္းကို ၃-၂ နဲ႔ ဦးေဆာင္ႏိုင္ေစမယ့္ သြင္းဂိုးကို ပီအက္စ္ဂ်ီၾကယ္ပြင့္က သြင္းယူခဲ့တာျဖစ္ၿပီး ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ ကန္ခ်က္ကို ဟူဂို လိုရစ္ ပုတ္ထုတ္ရာကေန ျပန္ထြက္လာတဲ့ေဘာလုံးကို မက္ဆီက ပိတ္သြင္းခဲ့ရာမွာ ဂိုးစည္းေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ပင္နယ္တီမွာ ျပင္သစ္ကို ၄-၂ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ၿပီး အမ္ဘာေပကို ပင္နယ္တီကေန ေခ်ပဂိုး ခြင့္ျပဳခဲ့ရၿပီးေနာက္ ဂြန္ဇာလို မြန္တီရယ္က အာဂ်င္တီးနားတြက္ အဆုံးအျဖတ္ သြင္းဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြထဲမွာ ေဘာလုံးကဂိုးစည္းကို မေက်ာ္ခင္ ကြင္းေဘးစည္းကို အာဂ်င္တီးနား အရန္ကစားသမားေတြက ခ်ဥ္းနင္းဝင္ေရာက္ရွိခဲ့တာကို ျမင္ေတြ႕ခဲ့ရတဲ့အတြက္ အမ်ားစုက အဲဒီဂိုးကို ခြင့္မျပဳသင့္ဘူးလို႔ ခံစားေနရတာျဖစ္ပါတယ္။

IFAB ရဲ႕ ဥပေဒသထဲမွာလည္း ‘ဒိုင္လူႀကီးဟာ ကြင္းထဲမွာ လူစားဝင္၊ လူစားဝင္ကစားသမား၊ ထုတ္ပယ္ခံခဲ့ရတဲ့ ကစားသမား သို႔မဟုတ္ အသင္းတာဝန္ရွိသူေတြလိုမ်ိဳး အပိုလူရွိေနခဲ့ရင္ ဂိုးကို ပယ္ဖ်က္ၿပီး အဲဒီ ေနရာကေန အလြတ္တည္ကန္ေဘာနဲ႔ ပြဲကို ျပန္လည္စတင္ရမယ္’လို႔ ေဖာ္ျပထားတာျဖစ္ပါတယ္။

ျပင္သစ္က အႀကီးမားဆုံးသတင္းဌာနႀကီးေတြထဲက တစ္ခုျဖစ္တဲ့ L’Equipe ကလည္း ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး တရားဥပေဒမဲ့ ဆုံးျဖတ္ခ်က္လို႔ ေဖာ္ျပမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း ဒိုင္လူႀကီး မာခ်ီညပ္က သတင္းစာရွင္းလင္းပြဲမွာ ၎ရဲ႕ ဖုန္းထဲက အမ္ဘာေပရဲ႕ သြင္းဂိုး သြင္းယူခဲ့ခ်ိန္မွာ ျပင္သစ္ကစားသမား ၇ ဦးအထိ ကြင္းထဲ ေရာက္ရွိေနခဲ့တဲ့ ဓာတ္ပုံကို ျပန္လည္ ျပသၿပီး မက္ဆီရဲ႕ သြင္းဂိုးကို ပယ္ဖ်က္မယ္ဆိုရင္ အမ္ဘာေပရဲ႕ ဂိုးကိုလည္း ပယ္ဖ်က္ရမွာျဖစ္တယ္လို႔ တုံ႔ျပန္ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

“ျပင္သစ္က ဒီပုံကိုက် ထည့္မေျပာခဲ့ပါဘူး။ အမ္ဘာေပ ဂိုးသြင္းယူခဲ့တဲ့အခ်ိန္မွာ ျပင္သစ္ကစားသမား ၇ ဦးအထိ ကြင္းထဲေရာက္ေနတာကို ခင္ဗ်ား ျမင္ႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.