International World Cup

အာဂျင်တီးနားဂိုးသမားကို အောက်တန်းကျတဲ့လူပြက်ကောင်လို့ ကြိမ်းမောင်းခဲ့တဲ့ လီဗာပူးလ်ဂန္တဝင်

ဂရေမီ ဆောင်းနက်စ်ဟာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရရှိခဲ့ပြီးနောက် မာတီနက်ဇ်ရဲ့ အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး လုံးဝကို သဘောမကျခဲ့ဘဲ အာဂျင်တီးနားဂိုးသမားရဲ့ ရွှေလက်အိတ်နဲ့ အပြုအမူအတွက် အောက်တန်းကျတဲ့ လူပြက်လို့ ကြိမ်းမောင်းခဲ့ပါတယ်။

အက်စတန် ဗီလာဂိုးသမားဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုရရှိခဲ့ပြီးနောက် ထူးခြားတဲ့ အောင်ပွဲခံမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ရွှေလက်အိတ်ဆုကို ပေါင်ခြံနားထိ နှိမ့်ပြီး ပရိသတ်တွေဘက်ကို ကော့ပြခဲ့တာဖြစ်ပါတယ်။ မာတီနက်ဇ်ရဲ့ အပြုအမူကို လူအချို့က ရယ်မောခဲ့ကြပေမယ့်လည်း အာဂျင်တီးနား ဂိုးသမားနားမှာရှိနေတဲ့ ကာတာ ဂုဏ်သရေရှိပုဂ္ဂိုလ်ကတော့ စိတ်ကျေနပ်ပုံမပေါ်ဘဲ ဂရေမီ ဆောင်းနက်စ်ကလည်း ရိုင်းစိုင်းတဲ့အပြုအမူလို့ မြင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင်ဟာ အဲဒီပုံစံနဲ့ အောင်ပွဲခံဖို့ မာတိနက်ဇ် ဘာတွေ တွေးနေလဲဆိုတာကို မယုံနိုင်ဖြစ်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ခံယူချိန်တုန်းက ပြင်သစ်ကစားသမားတွေကို အာရုံနောက်အောင် လုပ်ခဲ့တဲ့ပုံစံထက် အများကြိး ပိုဆိုးခဲ့တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

အာဂျင်တီးနားဂိုးသမားဟာ ပြင်သစ်ကစားသမားတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် ဘောလုံးကို အဝေးကန်ထုတ်တာမျိုးနဲ့ ကခုန်ပြတာမျိုးတွေ လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့်လည်း ဆောင်းနက်စ်က ရွှေလက်အိတ်နဲ့ လုပ်ဆောင်ခဲ့တဲ့ အပြုအမူကို ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

“ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ အငြင်းအခုံအများစုက အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ချိန်အတွင်း အပြုအမူပေါ်မှာ အဓိကဖြစ်ခဲ့တယ်။ အဲဒီအပြုအမူတွေကို ကျွန်တော် လက်ခံနိုင်ပေမယ့် ပြိုင်ပွဲတလျှောက် အကောင်းဆုံးဂိုးသမားဆုကို လက်ခံရယူပြီးနောက် သူ လုပ်ခဲ့တဲ့ အပြုအမူအကြောင်း ကျွန်တော်တို့ ပိုပြီး ပြောသင့်ပါတယ်။ လူအချို့က အဲဒါကို ရယ်စရာကိစ္စလိုမျိုး တကယ် ထင်နေကြတာလား။ မာတီနက်ဇ်က သူ့ဘာသာ သူ အရှက်ရအောင်နဲ့ သူ့နိုင်ငံကို အရှက်ရအောင် လုပ်ခဲ့တာပါ။ သူ့ပုံစံက အောက်တန်းကျတဲ့ လူပြက်တစ်ယောက်လိုပဲ။ အဲဒါက သူ အမှတ်ရစေချင်တဲ့အရာဆိုရင်တော့ ဘုရားသခင် ကျွန်တော်တို့အားလုံးကို ကူညီတော်မူပါ”

“သူ့ကို အာဂျင်တီးနားနဲ့ အက်စတန် ဗီလာအတွက် ဂိုးသမားတစ်ယောက်အဖြစ်နဲ့ ကျွန်တော်နှစ်သက်ပါတယ်။ ဒါပေမယ့် သူ့အတွက်က သူ လုပ်ခဲ့တာက သင့်တော်ရဲ့လားဆိုတာကို တွေးတာက အောက်တန်းကျသူတွေရဲ့ ယုံကြည်မှုပါ။ ဘာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်တွေအတွက် အမှတ်ရမနေစေချင်တာလဲ။ ဒါမှမဟုတ် လီယွန်နယ် မက်ဆီရဲ့ စွမ်းဆောင်ရည်ကို အမှတ်မရစေချင်ဘူးလား။ ဒါမှမဟုတ် အသင်းစွမ်းဆောင်ရည်ကိုလား”

“တကမ္ဘာလုံး ကြည့်ရှုနေတဲ့ရှေ့မှာ ဒီလို လုပ်ဖို့ ဘာလို့ ရွေးချယ်ခဲ့လဲဆိုတာကို ကျွန်တော် နားမလည်ပါဘူး သူက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေနဲ့ ကာတာ ဧက္ကရာဇ်နဲ့အတူ စင်မြင့်ပေါ်မှာ ရှိနေခဲ့တာပါ။ အိမ်ရှင်တွေအတွက် သူ ပြသခဲ့တဲ့ လေးစားမှုက ဘာလဲ။ သူ့ကိုယ်သူအတွက်တောင်မှ လေးစားမှုမပြဘူးလား။ သူ အဲဒါကို ဂရုမစိုက်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ ဂရုစိုက်သင့်တယ်။ လာမယ့်နှစ်တွေမှာ သူ အရမ်းဂုဏ်ယူနေရမှာမဟုတ်ပါဘူး။ စိတ်မကောင်းစွာနဲ့ပဲ အဲဒီပုံက အခုဆိုရင် ဗိုလ်လုပွဲဇာတ်လမ်းရဲ့ တစ်စိတ်တပိုင်းဖြစ်နေပါပြီ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂေရမီ ေဆာင္းနက္စ္ဟာ အာဂ်င္တီးနားအသင္း ကမာၻ႔ဖလားရရွိခဲ့ၿပီးေနာက္ မာတီနက္ဇ္ရဲ႕ ေအာင္ပြဲခံပုံနဲ႔ပတ္သက္ၿပီး လုံးဝကို သေဘာမက်ခဲ့ဘဲ အာဂ်င္တီးနားဂိုးသမားရဲ႕ ေ႐ႊလက္အိတ္နဲ႔ အျပဳအမူအတြက္ ေအာက္တန္းက်တဲ့ လူျပက္လို႔ ႀကိမ္းေမာင္းခဲ့ပါတယ္။

အက္စတန္ ဗီလာဂိုးသမားဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဆုရရွိခဲ့ၿပီးေနာက္ ထူးျခားတဲ့ ေအာင္ပြဲခံမႈကို ျပဳလုပ္ခဲ့တာျဖစ္ၿပီး ေ႐ႊလက္အိတ္ဆုကို ေပါင္ၿခံနားထိ ႏွိမ့္ၿပီး ပရိသတ္ေတြဘက္ကို ေကာ့ျပခဲ့တာျဖစ္ပါတယ္။ မာတီနက္ဇ္ရဲ႕ အျပဳအမူကို လူအခ်ိဳ႕က ရယ္ေမာခဲ့ၾကေပမယ့္လည္း အာဂ်င္တီးနား ဂိုးသမားနားမွာရွိေနတဲ့ ကာတာ ဂုဏ္သေရရွိပုဂၢိဳလ္ကေတာ့ စိတ္ေက်နပ္ပုံမေပၚဘဲ ဂေရမီ ေဆာင္းနက္စ္ကလည္း ႐ိုင္းစိုင္းတဲ့အျပဳအမူလို႔ ျမင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဂႏၲဝင္ဟာ အဲဒီပုံစံနဲ႔ ေအာင္ပြဲခံဖို႔ မာတိနက္ဇ္ ဘာေတြ ေတြးေနလဲဆိုတာကို မယုံႏိုင္ျဖစ္ခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္ခံယူခ်ိန္တုန္းက ျပင္သစ္ကစားသမားေတြကို အာ႐ုံေနာက္ေအာင္ လုပ္ခဲ့တဲ့ပုံစံထက္ အမ်ားႀကိး ပိုဆိုးခဲ့တယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

အာဂ်င္တီးနားဂိုးသမားဟာ ျပင္သစ္ကစားသမားေတြ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ ေဘာလုံးကို အေဝးကန္ထုတ္တာမ်ိဳးနဲ႔ ကခုန္ျပတာမ်ိဳးေတြ လုပ္ေဆာင္ခဲ့တာျဖစ္ေပမယ့္လည္း ေဆာင္းနက္စ္က ေ႐ႊလက္အိတ္နဲ႔ လုပ္ေဆာင္ခဲ့တဲ့ အျပဳအမူကို ပိုၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့တာျဖစ္ပါတယ္။

“ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးမွာ အျငင္းအခုံအမ်ားစုက အာဂ်င္တီးနားဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ရဲ႕ ပင္နယ္တီ အဆုံးအျဖတ္ခံယူခဲ့ခ်ိန္အတြင္း အျပဳအမူေပၚမွာ အဓိကျဖစ္ခဲ့တယ္။ အဲဒီအျပဳအမူေတြကို ကြၽန္ေတာ္ လက္ခံႏိုင္ေပမယ့္ ၿပိဳင္ပြဲတေလွ်ာက္ အေကာင္းဆုံးဂိုးသမားဆုကို လက္ခံရယူၿပီးေနာက္ သူ လုပ္ခဲ့တဲ့ အျပဳအမူအေၾကာင္း ကြၽန္ေတာ္တို႔ ပိုၿပီး ေျပာသင့္ပါတယ္။ လူအခ်ိဳ႕က အဲဒါကို ရယ္စရာကိစၥလိုမ်ိဳး တကယ္ ထင္ေနၾကတာလား။ မာတီနက္ဇ္က သူ႔ဘာသာ သူ အရွက္ရေအာင္နဲ႔ သူ႔ႏိုင္ငံကို အရွက္ရေအာင္ လုပ္ခဲ့တာပါ။ သူ႔ပုံစံက ေအာက္တန္းက်တဲ့ လူျပက္တစ္ေယာက္လိုပဲ။ အဲဒါက သူ အမွတ္ရေစခ်င္တဲ့အရာဆိုရင္ေတာ့ ဘုရားသခင္ ကြၽန္ေတာ္တို႔အားလုံးကို ကူညီေတာ္မူပါ”

“သူ႔ကို အာဂ်င္တီးနားနဲ႔ အက္စတန္ ဗီလာအတြက္ ဂိုးသမားတစ္ေယာက္အျဖစ္နဲ႔ ကြၽန္ေတာ္ႏွစ္သက္ပါတယ္။ ဒါေပမယ့္ သူ႔အတြက္က သူ လုပ္ခဲ့တာက သင့္ေတာ္ရဲ႕လားဆိုတာကို ေတြးတာက ေအာက္တန္းက်သူေတြရဲ႕ ယုံၾကည္မႈပါ။ ဘာေၾကာင့္ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြအတြက္ အမွတ္ရမေနေစခ်င္တာလဲ။ ဒါမွမဟုတ္ လီယြန္နယ္ မက္ဆီရဲ႕ စြမ္းေဆာင္ရည္ကို အမွတ္မရေစခ်င္ဘူးလား။ ဒါမွမဟုတ္ အသင္းစြမ္းေဆာင္ရည္ကိုလား”

“တကမာၻလုံး ၾကည့္ရႈေနတဲ့ေရွ႕မွာ ဒီလို လုပ္ဖို႔ ဘာလို႔ ေ႐ြးခ်ယ္ခဲ့လဲဆိုတာကို ကြၽန္ေတာ္ နားမလည္ပါဘူး သူက ဂုဏ္သေရရွိ ပုဂၢိဳလ္ေတြနဲ႔ ကာတာ ဧကၠရာဇ္နဲ႔အတူ စင္ျမင့္ေပၚမွာ ရွိေနခဲ့တာပါ။ အိမ္ရွင္ေတြအတြက္ သူ ျပသခဲ့တဲ့ ေလးစားမႈက ဘာလဲ။ သူ႔ကိုယ္သူအတြက္ေတာင္မွ ေလးစားမႈမျပဘူးလား။ သူ အဲဒါကို ဂ႐ုမစိုက္တာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ သူ ဂ႐ုစိုက္သင့္တယ္။ လာမယ့္ႏွစ္ေတြမွာ သူ အရမ္းဂုဏ္ယူေနရမွာမဟုတ္ပါဘူး။ စိတ္မေကာင္းစြာနဲ႔ပဲ အဲဒီပုံက အခုဆိုရင္ ဗိုလ္လုပြဲဇာတ္လမ္းရဲ႕ တစ္စိတ္တပိုင္းျဖစ္ေနပါၿပီ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.