International World Cup

မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဝတ်ရုံကို ဒေါ်လာ ၁ သန်းနဲ့ ကမ်းလှမ်းခဲ့တဲ့ အိုမန်ပါလီမန်အဖွဲ့ဝင်

လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ ကမ္ဘာ့ဖလားကိုင်မြှောက်ချိန်တုန်းက ဝတ်ဆင်ခဲ့တဲ့ bisht အတွက် ဒေါ်လာ ၁ သန်းနဲ့ ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညနေမှာ ပြင်သစ်အသင်းကို ၄-၂ နဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိအောင် အာဂျင်တီးနားအသင်းကို ကူညီပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်ဟာ ပထမဆုံး ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ မျိုးဆက်မှာ တသက်တာအကောင်းဆုံးကစားသမားအဖြစ် အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အိမ်ရှင်ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလား ကိုင်မြှောက်မယ့် လီယွန်နယ် မက်ဆီကို ရွှေကွပ်ထားတဲ့ အနက်ရောင် ဝတ်ရုံကို ဆင်မြန်းပေးပြီး အထူး ဂုဏ်ပြုပေးခဲ့တာဖြစ်ပါတယ်။

bisht ဟာ အာရပ်နိုင်ငံတွေမှာ ချမ်းသာကြွယ်ဝမှုနဲ့ သစ္စာစောင့်သိမှုရဲ့ သင်္ကေတဖြစ်ပြီး ကာတာဟာ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့တဲ့ ပထမဆုံး မူဆလင်နိုင်ငံဖြစ်တာကြောင့် ဆုဖလားကိုင်မြှောက်မှုမှာ နောက်ထပ် ထူးခြားတဲ့အရာတစ်ခုကို ထပ်ထည့်ချင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိုမန်ရှေ့နေဟာ လီယွန်နယ် မက်ဆီကို အနက်ရောင်ဝတ်ရုံကို ထိန်းသိမ်းမထားစေချင်ဘဲ အိုမန် ပါလီမန်အဖွဲ့ဝင်လည်းဖြစ်တဲ့ အာမက် အယ်လ် ဘာဝါနီက Bisht ကို အရှေ့အလယ်ပိုင်းမှာပဲ ရှိနေစေဖို့အတွက် အသက် ၃၅ နှဏ်အရွယ် တိုက်စစ်မှူးကို ကြီးမားတဲ့ ငွေကြေးပမာဏ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

“၂၀၂၂ ကာတာကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် အိုမန်စူလ်တန်နိုင်ငံမှ ကျွန်တော် ခင်ဗျားကို ဂုဏ်ပြုပါတယ်။ အာရဗီ ဘစ်ရှ်ဟာ ရဲရင့်မှုနဲ့ ဉာဏ်ပညာရှိမှုရဲ့သင်္ကေတပါ။ အဲဒီ ဘစ်ရှ်ကို ပြန်ပေးဖို့အတွက် မင်းကို ဒေါ်လာ ၁ သန်း ငါ ကမ်းလှမ်းပါတယ်”လို့ တွစ်တာမှာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။

အယ်လ် ဘာဝါနီဟာ လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားအသင်းဖော်တွေ အောင်ပွဲခံနေချိန်မှာ လူဆေးလ်ကွင်းထဲမှာရှိနေခဲ့တာဖြစ်ပြီး “ကျွန်တော် ကာတာဘုရင်က မက်ဆီကို ဘစ်ရှ်ပေးခဲ့တဲ့အချိန်မှာ ကွင်းထဲကနေ အဲဒီအခိုက်အတန့်ကို စောင့်ကြည့်နေခဲ့ပါတယ်။ ဒီအခိုက်အတန့်က ကမ္ဘာကြီးကို ကျွန်တော်တို့ ဒီမှာရှိနေတယ်ဆိုတာကို ပြောခဲ့ပြီး ဒီဟာက ကျွန်တော့်ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းပါ။ ကျေးဇူးပြုပြီး အဲဒါကို ကောင်းကောင်းသိထားပေးပါ။ အဲဒါက ဒီဂုဏ်ယူစရာအခိုက်အတန့်ကို ဂုဏ်ပြုဖို့နဲ့ ကျွန်တော်တို့ကို ပြန်လည်ရှင်သန်အောင် ကူညီပေးဖို့ဖြစ်ပြီး ကျွန်တော်တို့ ဘာမဆိုလုပ်နိုင်တယ်ဆိုတာကို အမှတ်ရစေဖို့ ပြသခဲ့တာဖြစ်ပါတယ်”လို့ The National နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးမွာ ကမာၻ႔ဖလားကိုင္ေျမႇာက္ခ်ိန္တုန္းက ဝတ္ဆင္ခဲ့တဲ့ bisht အတြက္ ေဒၚလာ ၁ သန္းနဲ႔ ကမ္းလွမ္းျခင္းခံခဲ့ရပါတယ္။

ဘလြန္ေဒါ ၇ ဆုရွင္ဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔ညေနမွာ ျပင္သစ္အသင္းကို ၄-၂ နဲ႔ ပင္နယ္တီ အဆုံးအျဖတ္မွာ အႏိုင္ရရွိေအာင္ အာဂ်င္တီးနားအသင္းကို ကူညီေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ပထမဆုံး ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး ၎ရဲ႕ မ်ိဳးဆက္မွာ တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ အခိုင္အမာ ရပ္တည္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အိမ္ရွင္ကာတာႏိုင္ငံဟာ ကမာၻ႔ဖလား ကိုင္ေျမႇာက္မယ့္ လီယြန္နယ္ မက္ဆီကို ေ႐ႊကြပ္ထားတဲ့ အနက္ေရာင္ ဝတ္႐ုံကို ဆင္ျမန္းေပးၿပီး အထူး ဂုဏ္ျပဳေပးခဲ့တာျဖစ္ပါတယ္။

bisht ဟာ အာရပ္ႏိုင္ငံေတြမွာ ခ်မ္းသာႂကြယ္ဝမႈနဲ႔ သစၥာေစာင့္သိမႈရဲ႕ သေကၤတျဖစ္ၿပီး ကာတာဟာ ကမာၻ႔ဖလားကို အိမ္ရွင္အျဖစ္ က်င္းပခြင့္ရခဲ့တဲ့ ပထမဆုံး မူဆလင္ႏိုင္ငံျဖစ္တာေၾကာင့္ ဆုဖလားကိုင္ေျမႇာက္မႈမွာ ေနာက္ထပ္ ထူးျခားတဲ့အရာတစ္ခုကို ထပ္ထည့္ခ်င္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိုမန္ေရွ႕ေနဟာ လီယြန္နယ္ မက္ဆီကို အနက္ေရာင္ဝတ္႐ုံကို ထိန္းသိမ္းမထားေစခ်င္ဘဲ အိုမန္ ပါလီမန္အဖြဲ႕ဝင္လည္းျဖစ္တဲ့ အာမက္ အယ္လ္ ဘာဝါနီက Bisht ကို အေရွ႕အလယ္ပိုင္းမွာပဲ ရွိေနေစဖို႔အတြက္ အသက္ ၃၅ ႏွဏ္အ႐ြယ္ တိုက္စစ္မႉးကို ႀကီးမားတဲ့ ေငြေၾကးပမာဏ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

“၂၀၂၂ ကာတာကမာၻ႔ဖလားကို ဆြတ္ခူးႏိုင္ခဲ့တဲ့အတြက္ အိုမန္စူလ္တန္ႏိုင္ငံမွ ကြၽန္ေတာ္ ခင္ဗ်ားကို ဂုဏ္ျပဳပါတယ္။ အာရဗီ ဘစ္ရွ္ဟာ ရဲရင့္မႈနဲ႔ ဉာဏ္ပညာရွိမႈရဲ႕သေကၤတပါ။ အဲဒီ ဘစ္ရွ္ကို ျပန္ေပးဖို႔အတြက္ မင္းကို ေဒၚလာ ၁ သန္း ငါ ကမ္းလွမ္းပါတယ္”လို႔ တြစ္တာမွာ ပို႔စ္တင္ခဲ့တာျဖစ္ပါတယ္။

အယ္လ္ ဘာဝါနီဟာ လီယြန္နယ္ မက္ဆီနဲ႔ အာဂ်င္တီးနားအသင္းေဖာ္ေတြ ေအာင္ပြဲခံေနခ်ိန္မွာ လူေဆးလ္ကြင္းထဲမွာရွိေနခဲ့တာျဖစ္ၿပီး “ကြၽန္ေတာ္ ကာတာဘုရင္က မက္ဆီကို ဘစ္ရွ္ေပးခဲ့တဲ့အခ်ိန္မွာ ကြင္းထဲကေန အဲဒီအခိုက္အတန႔္ကို ေစာင့္ၾကည့္ေနခဲ့ပါတယ္။ ဒီအခိုက္အတန႔္က ကမာၻႀကီးကို ကြၽန္ေတာ္တို႔ ဒီမွာရွိေနတယ္ဆိုတာကို ေျပာခဲ့ၿပီး ဒီဟာက ကြၽန္ေတာ့္ရဲ႕ ယဥ္ေက်းမႈဓေလ့ထုံးတမ္းပါ။ ေက်းဇူးျပဳၿပီး အဲဒါကို ေကာင္းေကာင္းသိထားေပးပါ။ အဲဒါက ဒီဂုဏ္ယူစရာအခိုက္အတန႔္ကို ဂုဏ္ျပဳဖို႔နဲ႔ ကြၽန္ေတာ္တို႔ကို ျပန္လည္ရွင္သန္ေအာင္ ကူညီေပးဖို႔ျဖစ္ၿပီး ကြၽန္ေတာ္တို႔ ဘာမဆိုလုပ္ႏိုင္တယ္ဆိုတာကို အမွတ္ရေစဖို႔ ျပသခဲ့တာျဖစ္ပါတယ္”လို႔ The National နဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.