International World Cup

မက်ဆီနဲ့အမြဲယှဉ်ခံနေရတဲ့ ရော်နယ်လ်ဒိုအတွက် စိတ်မကောင်းတဲ့ လီဗာပူးလ်ဂန္တဝင်

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ကစားသမားဘဝတလျှောက်လုံး လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်မှုတွေ ဆက်တိုက် ခံခဲ့ရမှုကို ဖြေရှင်းခဲ့ရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် ဘာကြောင့် စိတ်မကောင်းဖြစ်မိလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့အကြောင်းပြောရင် GOAT အငြင်းအခုံကိုလည်း ချန်ထားခဲ့လို့မရတာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်က ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ပြီးနောက် GOAT အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် အကြီးမားဆုံးအောင်မြင်မှုကို ရယူပေးနိုင်ခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုခံနေရချိန်မှာ ရော်နယ်လ်ဒိုကတော့ ပေါ်တူဂီအသင်းအတွက် ဗီလိန်အဖြစ် ပုံဖော်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒါက ဘလွန်ဒေါ ၅ ဆုရှင်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေခဲ့တာဖြစ်ပြီး လီဗာပူးလ်နောက်ခံကစားသမားဟောင်း ကာရေဂါက ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးအပေါ် ကိုယ်ချင်းစာမိခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်က ရော်နယ်လ်ဒို ပရိသတ်မဟုတ်ပါဘူး။ အဲဒါက တော်တော်လေး သိသာတယ်လို့ ထင်ပေမယ့် လူတွေ သူနဲ့ပတ်သက်ပြီး အခု ပြောနေကြတဲ့ပုံစံနဲ့ပတ်သက်ပြီး သူ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ရော်နယ်လ်ဒိုက သူ့ကိုယ်သူပဲ ဂရုစိုက်ပြီး အတ္တကြီးသလောက် မက်ဆီကတော့ သူတော်စင်လိုမျိုး ပုံဖော်နေကြတာမျိုးတွေလည်း ရှိပါတယ်”

“ကျွန်တော်ကတော့ အဲဒါက မှန်တယ်လို့ တကယ်မထင်ပါဘူး။ လူတွေက ရော်နယ်လ်ဒိုက အရင်တုန်းက ကစားသမားမျိုးမဟုတ်တော့ဘူးလို့ ပြောနေကြတယ်။ ဒါပေမယ့် အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကစားသမားကို အဲဒီလို ပြောနေကြတာလား”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အများစုက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက အဆင့်အတန်းမျိုး မရှိတော့တာကြောင့် ကစားသမားဘဝကို အနားယူတော့မယ်လို့ မျှော်မှန်းခဲ့ကြပေမယ့်လည်း ကာရေဂါက ပေါ်တူဂီဂန္တဝင်ဟာ လီယွန်နယ် မက်ဆီနဲ့ ပြိုင်ဆိုင်မှုကြောင့် ဆက်ကစားချင်နေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူက ဘယ်တုန်းကမှ ‘ငါက အကောင်းဆုံးပဲ’လို့ ပြောပြီး အေးအေးဆေးဆေး နေလို့ရမှာမဟုတ်ဘူး။ ‘ဟုတ်ပါတယ်။ ဒါပေမယ့် မင်းက မက်ဆီလောက် မကောင်းဘူး’ဆိုတဲ့ ပြောဆိုမှုတွေက အမြဲတမ်းရှိနေခဲ့တာကိုး။ အဲဒါက လူတွေကို စိတ်ဝမ်းကွဲစေတယ်ဆိုတာ ကျွန်တော် သိပေမယ့် လူအများစုက မက်ဆီဘက်ကနေ ရပ်တည်ကြမယ်လို့ ပြောရပါလိမ့်မယ်။ သူတို့တွေ အဲဒီလို လုပ်မယ်လို့ ကျွန်တော် ထင်တယ်။ လူတွေထင်တာ မှားယွင်းကြောင်း သက်သေပြသဖို့ ကြိုးပမ်းတဲ့အရာတွေက အမြဲတမ်း ရှိနေမယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် အဲဒါကို နားလည်တယ်။ ဒါပေမယ့် လုံးဝကို ကွဲပြားခြားနားတဲ့အဆင့်အတန်းမှာ သူ့အနေနဲ့ စွန့်ခွာဖို့ အဆင်သင့်မဖြစ်သေးလို့ ခံစားနေရသလိုပဲ”

“လူတိုင်းက သူ့ကို တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလို့ ပြောကြတယ်။ ကျွန်တော် အဲဒါကို ထိန်းချုပ်လို့မရပေမယ့် အဲဒီ တွန်းအားပေးမှုကို အသိအမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီတွန်းအားပေးမှုက သူ လုပ်တဲ့အရာမဟုတ်တာကို ကျွန်တော် သိနေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက ကစားသမားဘဝတေလွ်ာက္လုံး လီယြန္နယ္ မက္ဆီနဲ႔ ႏႈိင္းယွဥ္မႈေတြ ဆက္တိုက္ ခံခဲ့ရမႈကို ေျဖရွင္းခဲ့ရတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ ဘာေၾကာင့္ စိတ္မေကာင္းျဖစ္မိလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္မက္ဆီတို႔အေၾကာင္းေျပာရင္ GOAT အျငင္းအခုံကိုလည္း ခ်န္ထားခဲ့လို႔မရတာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္က ၂၀၂၂ ကမာၻ႔ဖလားမွာ ဗိုလ္စြဲခဲ့ၿပီးေနာက္ GOAT အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားအသင္းအတြက္ အႀကီးမားဆုံးေအာင္ျမင္မႈကို ရယူေပးႏိုင္ခဲ့တဲ့အတြက္ ခ်ီးက်ဴးဂုဏ္ျပဳခံေနရခ်ိန္မွာ ေရာ္နယ္လ္ဒိုကေတာ့ ေပၚတူဂီအသင္းအတြက္ ဗီလိန္အျဖစ္ ပုံေဖာ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

အဲဒါက ဘလြန္ေဒါ ၅ ဆုရွင္ရဲ႕ ဂုဏ္သတင္းကို ထိခိုက္ေစခဲ့တာျဖစ္ၿပီး လီဗာပူးလ္ေနာက္ခံကစားသမားေဟာင္း ကာေရဂါက ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးအေပၚ ကိုယ္ခ်င္းစာမိခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္က ေရာ္နယ္လ္ဒို ပရိသတ္မဟုတ္ပါဘူး။ အဲဒါက ေတာ္ေတာ္ေလး သိသာတယ္လို႔ ထင္ေပမယ့္ လူေတြ သူနဲ႔ပတ္သက္ၿပီး အခု ေျပာေနၾကတဲ့ပုံစံနဲ႔ပတ္သက္ၿပီး သူ႔အတြက္ စိတ္မေကာင္းျဖစ္မိပါတယ္။ ေရာ္နယ္လ္ဒိုက သူ႔ကိုယ္သူပဲ ဂ႐ုစိုက္ၿပီး အတၱႀကီးသေလာက္ မက္ဆီကေတာ့ သူေတာ္စင္လိုမ်ိဳး ပုံေဖာ္ေနၾကတာမ်ိဳးေတြလည္း ရွိပါတယ္”

“ကြၽန္ေတာ္ကေတာ့ အဲဒါက မွန္တယ္လို႔ တကယ္မထင္ပါဘူး။ လူေတြက ေရာ္နယ္လ္ဒိုက အရင္တုန္းက ကစားသမားမ်ိဳးမဟုတ္ေတာ့ဘူးလို႔ ေျပာေနၾကတယ္။ ဒါေပမယ့္ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ကစားသမားကို အဲဒီလို ေျပာေနၾကတာလား”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အမ်ားစုက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက အဆင့္အတန္းမ်ိဳး မရွိေတာ့တာေၾကာင့္ ကစားသမားဘဝကို အနားယူေတာ့မယ္လို႔ ေမွ်ာ္မွန္းခဲ့ၾကေပမယ့္လည္း ကာေရဂါက ေပၚတူဂီဂႏၲဝင္ဟာ လီယြန္နယ္ မက္ဆီနဲ႔ ၿပိဳင္ဆိုင္မႈေၾကာင့္ ဆက္ကစားခ်င္ေနလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူက ဘယ္တုန္းကမွ ‘ငါက အေကာင္းဆုံးပဲ’လို႔ ေျပာၿပီး ေအးေအးေဆးေဆး ေနလို႔ရမွာမဟုတ္ဘူး။ ‘ဟုတ္ပါတယ္။ ဒါေပမယ့္ မင္းက မက္ဆီေလာက္ မေကာင္းဘူး’ဆိုတဲ့ ေျပာဆိုမႈေတြက အၿမဲတမ္းရွိေနခဲ့တာကိုး။ အဲဒါက လူေတြကို စိတ္ဝမ္းကြဲေစတယ္ဆိုတာ ကြၽန္ေတာ္ သိေပမယ့္ လူအမ်ားစုက မက္ဆီဘက္ကေန ရပ္တည္ၾကမယ္လို႔ ေျပာရပါလိမ့္မယ္။ သူတို႔ေတြ အဲဒီလို လုပ္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ လူေတြထင္တာ မွားယြင္းေၾကာင္း သက္ေသျပသဖို႔ ႀကိဳးပမ္းတဲ့အရာေတြက အၿမဲတမ္း ရွိေနမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္ အဲဒါကို နားလည္တယ္။ ဒါေပမယ့္ လုံးဝကို ကြဲျပားျခားနားတဲ့အဆင့္အတန္းမွာ သူ႔အေနနဲ႔ စြန႔္ခြာဖို႔ အဆင္သင့္မျဖစ္ေသးလို႔ ခံစားေနရသလိုပဲ”

“လူတိုင္းက သူ႔ကို တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးလို႔ ေျပာၾကတယ္။ ကြၽန္ေတာ္ အဲဒါကို ထိန္းခ်ဳပ္လို႔မရေပမယ့္ အဲဒီ တြန္းအားေပးမႈကို အသိအမွတ္ျပဳပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီတြန္းအားေပးမႈက သူ လုပ္တဲ့အရာမဟုတ္တာကို ကြၽန္ေတာ္ သိေနလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.