International World Cup

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ မွှေခဲ့တဲ့ ဆားဘဲကို ဖောလိုးဖြုတ်လိုက်တဲ့ ဖီဖာဥက္ကဌ

ဖီဖာဥက္ကဌ အင်ဖန်တီနိုဟာ ဖီဖာက တူရကီစားဖိုမှူးအနေနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ကွင်းထဲကို ဘယ်လို ဝင်ရောက်ခွင့် ရရှိခဲ့လဲဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အင်စတာဂရမ်ပေါ်မှာ Salt Bae ကို ဖောလိုးဖြုတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

Salt Bae ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ အာဂျင်တီးနား ကစားသမားတွေကို အတင်းဝင်လုံးပြီး ကမ္ဘာ့ဖလားကြီးနဲ့အတူ ဓာတ်ပုံအရိုက်ခံခဲ့တာဖြစ်ပါတယ်။

တူရကီ စားဖိုမှူးဟာ အစပိုင်းမှာ ၂ ကြိမ်အထိ ဓာတ်ပုံတွဲရိုက်ဖို့ ငြင်းဆန်ခဲ့တဲ့ လီယွန်နယ်မက်ဆီနဲ့လည်း နောက်ဆုံးမှာ ဓာတ်ပုံတွဲရိုက်နိုင်ခဲ့တာဖြစ်ပြီး လီဆန်ဒရို မာတီနက်ဇ်ကလည်း Salt Bae နဲ့အတူ ကသိကအောင့်ဖြစ်နေတဲ့ပုံစံနဲ့ ဓာတ်ပုံအရိုက်ခံခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

တူရကီ စားဖိုမှူးဟာ ၁၈ ကာရတ် ရွှေသားနဲ့ ပြုလုပ်ထားတဲ့ ကမ္ဘာ့ဖလားကြီးကို ကိုင်တွယ်ခွင့် ဘယ်လို ရရှိခဲ့တာလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တကမ္ဘာလုံးက ပရိသတ်တွေကြားမှာ ဒေါသထွက်စရာဖြစ်ခဲ့ပြီး စည်းမျဉ်းတွေအရ ကမ္ဘာ့ဖလားကို ချန်ပီယံဟောင်းတွေ၊ လက်ရှိချန်ပီယံတွေနဲ့ နိုင်ငံအကြီးအကဲတွေသာ ကိုင်တွယ်ခွင့်ရှိတယ်လို့ သိရပါတယ်။

ဖီဖာဟာ ကနဦးမှာ တူရကီ စားဖိုမှူး ကွင်းထဲထိ ကျူးကျော်ဝင်ရောက်ပြီး ကမ္ဘာ့ဖလားကို ထိတွေ့ခဲ့တဲ့ကိစ္စကို နှုတ်ဆိတ်နေပေမယ့်လည်း နောက်ဆုံးမှာတော့ အခြေအနေတွေအပေါ်မှာ သဘောထားမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

“ပြန်လည်အကဲဖြတ်မှုတွေအပြီးမှာ ဖီဖာဟာ ဒီဇင်ဘာ ၁၈ ရက်နေ့ လူဆေးလ်ကွင်းက ပိတ်ပွဲအခမ်းအနားပြီးမှာ ကွင်းအတွင်းကို ဘယ်လို တစ်ဦးချင်း ဝင်ရောက်ခွင့်ပြုခြင်းခံခဲ့ရလည်းဆိုတာကို ထုတ်ဖော်ခဲ့ပါတယ်။ သင့်လျော်တဲ့ ဌာနတွင်းအရေးယူမှုတွေ ပြုလုပ်သွားမှာပါ”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားတာဖြစ်ပါတယ်။

Sky Sports သတင်းထောက်ချုပ် ကဗဲ ဆိုဟီးကိုရဲ့ ပြောကြားချက်အရ ဖီဖာဥက္ကဌ အင်ဖန်တီနိုဟာ အဲဒီကတည်းက အင်စတာဂရမ်ပေါ်မှာ Salt Bae ကို ဖောလိုးဖြုတ်ပစ်ခဲ့တယ်လို့ သိရပြီး အရင်တုန်းက ဖီဖာဥက္ကဌဟာ ၃၀၃ ဦးကို ဖောလိုးလုပ်ထားခဲ့ပေမယ့်လည်း စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့ချိန်ကတည်းက ၃၀၂ ဦးကို ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖီဖာဥကၠဌ အင္ဖန္တီႏိုဟာ ဖီဖာက တူရကီစားဖိုမႉးအေနနဲ႔ ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီး ကြင္းထဲကို ဘယ္လို ဝင္ေရာက္ခြင့္ ရရွိခဲ့လဲဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ အင္စတာဂရမ္ေပၚမွာ Salt Bae ကို ေဖာလိုးျဖဳတ္ပစ္ခဲ့တယ္လို႔ သိရပါတယ္။

Salt Bae ဟာ ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးမွာ အာဂ်င္တီးနား ကစားသမားေတြကို အတင္းဝင္လုံးၿပီး ကမာၻ႔ဖလားႀကီးနဲ႔အတူ ဓာတ္ပုံအ႐ိုက္ခံခဲ့တာျဖစ္ပါတယ္။

တူရကီ စားဖိုမႉးဟာ အစပိုင္းမွာ ၂ ႀကိမ္အထိ ဓာတ္ပုံတြဲ႐ိုက္ဖို႔ ျငင္းဆန္ခဲ့တဲ့ လီယြန္နယ္မက္ဆီနဲ႔လည္း ေနာက္ဆုံးမွာ ဓာတ္ပုံတြဲ႐ိုက္ႏိုင္ခဲ့တာျဖစ္ၿပီး လီဆန္ဒ႐ို မာတီနက္ဇ္ကလည္း Salt Bae နဲ႔အတူ ကသိကေအာင့္ျဖစ္ေနတဲ့ပုံစံနဲ႔ ဓာတ္ပုံအ႐ိုက္ခံခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

တူရကီ စားဖိုမႉးဟာ ၁၈ ကာရတ္ ေ႐ႊသားနဲ႔ ျပဳလုပ္ထားတဲ့ ကမာၻ႔ဖလားႀကီးကို ကိုင္တြယ္ခြင့္ ဘယ္လို ရရွိခဲ့တာလဲဆိုတဲ့ကိစၥနဲ႔ပတ္သက္ၿပီး တကမာၻလုံးက ပရိသတ္ေတြၾကားမွာ ေဒါသထြက္စရာျဖစ္ခဲ့ၿပီး စည္းမ်ဥ္းေတြအရ ကမာၻ႔ဖလားကို ခ်န္ပီယံေဟာင္းေတြ၊ လက္ရွိခ်န္ပီယံေတြနဲ႔ ႏိုင္ငံအႀကီးအကဲေတြသာ ကိုင္တြယ္ခြင့္ရွိတယ္လို႔ သိရပါတယ္။

ဖီဖာဟာ ကနဦးမွာ တူရကီ စားဖိုမႉး ကြင္းထဲထိ က်ဴးေက်ာ္ဝင္ေရာက္ၿပီး ကမာၻ႔ဖလားကို ထိေတြ႕ခဲ့တဲ့ကိစၥကို ႏႈတ္ဆိတ္ေနေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ အေျခအေနေတြအေပၚမွာ သေဘာထားမွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

“ျပန္လည္အကဲျဖတ္မႈေတြအၿပီးမွာ ဖီဖာဟာ ဒီဇင္ဘာ ၁၈ ရက္ေန႔ လူေဆးလ္ကြင္းက ပိတ္ပြဲအခမ္းအနားၿပီးမွာ ကြင္းအတြင္းကို ဘယ္လို တစ္ဦးခ်င္း ဝင္ေရာက္ခြင့္ျပဳျခင္းခံခဲ့ရလည္းဆိုတာကို ထုတ္ေဖာ္ခဲ့ပါတယ္။ သင့္ေလ်ာ္တဲ့ ဌာနတြင္းအေရးယူမႈေတြ ျပဳလုပ္သြားမွာပါ”လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေရးသားထားတာျဖစ္ပါတယ္။

Sky Sports သတင္းေထာက္ခ်ဳပ္ ကဗဲ ဆိုဟီးကိုရဲ႕ ေျပာၾကားခ်က္အရ ဖီဖာဥကၠဌ အင္ဖန္တီႏိုဟာ အဲဒီကတည္းက အင္စတာဂရမ္ေပၚမွာ Salt Bae ကို ေဖာလိုးျဖဳတ္ပစ္ခဲ့တယ္လို႔ သိရၿပီး အရင္တုန္းက ဖီဖာဥကၠဌဟာ ၃၀၃ ဦးကို ေဖာလိုးလုပ္ထားခဲ့ေပမယ့္လည္း စုံစမ္းစစ္ေဆးမႈေတြ စတင္ျပဳလုပ္ခဲ့ခ်ိန္ကတည္းက ၃၀၂ ဦးကို က်ဆင္းသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.