International Ligue1 World Cup

ကမ္ဘာ့ဖလားကို ပြင်သစ်ယူလာချင်နေတဲ့ မက်ဆီကြောင့် အခက်တွေ့နေတဲ့ ပီအက်စ်ဂျီ

လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားကို ပီအက်စ်ဂျီအသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာ ယူဆောင်လာချင်တဲ့ဆန္ဒကို အသိပေးခဲ့ပေမယ့်လည်း လိဂန်းထိပ်သီးအသင်းကြီးက မမျှော်လင့်ထားတဲ့ တုံ့ပြန်မှုတွေ ရရှိမှာကို စိုးရိမ်နေတာကြောင့် ခွင့်ပြုဖို့ တုံ့ဆိုင်းနေပါတယ်။

အာဂျင်တီးနားအသင်းက ပြင်သစ်ကို ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝတလျှောက် ကြိုးပမ်းခဲ့ရတဲ့ ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ဗိုလ်လုပွဲက သွင်းဂိုး ၂ ဂိုးအပါအဝင် အဆင့်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားအောင်ပွဲကြောင့် တသက်တာအကောင်းဆုံးကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကို အခိုင်အမာ ကမ္ဗည်းထိုးနိုင်ခဲ့ပြီလို့ ပရိသတ်တွေက ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အာဂျင်တီးနားမှာ အောင်ပွဲခံနေတာဖြစ်ပြီး ပရိသတ်တွေကလည်း ရိုဆာရီယိုက မက်ဆီရဲ့ နေအိမ်ရှေ့ထိ လာရောက်အောင်ပွဲခံနှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပြင်သစ်ကို ပြန်လာတဲ့အချိန်ကျရင် ကမ္ဘာ့ဖလားကြီးကို ပီအက်စ်ဂျီအိမ်ကွင်းကို ယူဆောင်လာချင်နေတာဖြစ်ပြီး ပီအက်စ်ဂျီအသင်းရဲ့ လာမယ့်အိမ်ကွင်းပွဲစဉ်မတိုင်ခင် ပြသထားဖို့ ဖြစ်နိုင်ခြေရှိ၊ မရှိဆိုတာကို အသင်းကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ မက်ဆီ ယူဆောင်လာမယ့် ကမ္ဘာ့ဖလားကြီးဟာ ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းက ပြင်သစ်တွေကို အနိုင်ယူပြီး ရရှိခဲ့တဲ့ ဆုဖလားဖြစ်နေတာကြောင့် ယူဆောင်လာခွင့်ပေးဖို့ တွေဝေနေပြီး တုံ့ပြန်မှုတွေက အဆိုးဘက်က ဖြစ်လာမှာကို ကြောက်ရွံ့နေတာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းသားတွေဟာ ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုရရှိခဲ့တဲ့ မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းဖော် ခီလီယန် အမ်ဘာပေကို ပွဲအပြီးကတည်းက တောက်လျှောက် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာကြောင့်လည်း ပီအက်စ်ဂျီအသင်းက ကမ္ဘာ့ဖလားကို ယူဆောင်လာခွင့်ပေးဖို့ကို အလေးအနက်ထား စဉ်းစားနေရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ ကမာၻ႔ဖလားကို ပီအက္စ္ဂ်ီအသင္းနဲ႔ ျပန္လည္ပူးေပါင္းခ်ိန္မွာ ယူေဆာင္လာခ်င္တဲ့ဆႏၵကို အသိေပးခဲ့ေပမယ့္လည္း လိဂန္းထိပ္သီးအသင္းႀကီးက မေမွ်ာ္လင့္ထားတဲ့ တုံ႔ျပန္မႈေတြ ရရွိမွာကို စိုးရိမ္ေနတာေၾကာင့္ ခြင့္ျပဳဖို႔ တုံ႔ဆိုင္းေနပါတယ္။

အာဂ်င္တီးနားအသင္းက ျပင္သစ္ကို ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ လီယြန္နယ္ မက္ဆီဟာ ကစားသမားဘဝတေလွ်ာက္ ႀကိဳးပမ္းခဲ့ရတဲ့ ဆုဖလားႀကီးကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

မက္ဆီဟာ အာဂ်င္တီးနားအသင္းအတြက္ ဗိုလ္လုပြဲက သြင္းဂိုး ၂ ဂိုးအပါအဝင္ အဆင့္တိုင္းမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ခဲ့ၿပီး ကမာၻ႔ဖလားေအာင္ပြဲေၾကာင့္ တသက္တာအေကာင္းဆုံးကစားသမားဆိုတဲ့ဂုဏ္ပုဒ္ကို အခိုင္အမာ ကမၺည္းထိုးႏိုင္ခဲ့ၿပီလို႔ ပရိသတ္ေတြက ယုံၾကည္ခဲ့ၾကတာျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ကမာၻ႔ဖလားကို ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ အာဂ်င္တီးနားမွာ ေအာင္ပြဲခံေနတာျဖစ္ၿပီး ပရိသတ္ေတြကလည္း ႐ိုဆာရီယိုက မက္ဆီရဲ႕ ေနအိမ္ေရွ႕ထိ လာေရာက္ေအာင္ပြဲခံႏႈတ္ဆက္ခဲ့ၾကတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ျပင္သစ္ကို ျပန္လာတဲ့အခ်ိန္က်ရင္ ကမာၻ႔ဖလားႀကီးကို ပီအက္စ္ဂ်ီအိမ္ကြင္းကို ယူေဆာင္လာခ်င္ေနတာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းရဲ႕ လာမယ့္အိမ္ကြင္းပြဲစဥ္မတိုင္ခင္ ျပသထားဖို႔ ျဖစ္ႏိုင္ေျခရွိ၊ မရွိဆိုတာကို အသင္းကို ေမးျမန္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီ ယူေဆာင္လာမယ့္ ကမာၻ႔ဖလားႀကီးဟာ ဗိုလ္လုပြဲမွာ အာဂ်င္တီးနားအသင္းက ျပင္သစ္ေတြကို အႏိုင္ယူၿပီး ရရွိခဲ့တဲ့ ဆုဖလားျဖစ္ေနတာေၾကာင့္ ယူေဆာင္လာခြင့္ေပးဖို႔ ေတြေဝေနၿပီး တုံ႔ျပန္မႈေတြက အဆိုးဘက္က ျဖစ္လာမွာကို ေၾကာက္႐ြံ႕ေနတာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းသားေတြဟာ ဗိုလ္လုပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီး ေ႐ႊဖိနပ္ဆုရရွိခဲ့တဲ့ မက္ဆီရဲ႕ ပီအက္စ္ဂ်ီအသင္းေဖာ္ ခီလီယန္ အမ္ဘာေပကို ပြဲအၿပီးကတည္းက ေတာက္ေလွ်ာက္ ေလွာင္ေျပာင္မႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္လည္း ပီအက္စ္ဂ်ီအသင္းက ကမာၻ႔ဖလားကို ယူေဆာင္လာခြင့္ေပးဖို႔ကို အေလးအနက္ထား စဥ္းစားေနရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.