Premier League

၁၈.၂.၂၀၂၀ အတြက္ မန္ခ်က္စတာစီးတီးအသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ယူအီးအက္ဖ္ေအရဲ႕ ႏွစ္ႏွစ္ပြဲပယ္ျပစ္ဒဏ္ကို ခံခ့ဲရၿပီးေနာက္ မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာဟာ ကစားသမားေတြနဲ႔ (၂)နာရီၾကာ ေတြ႔ဆံုေဆြးေႏြးခဲ့ၿပီး သူကိုယ္တိုင္လည္း စာခ်ဳပ္သက္တမ္းကုန္တဲ့အထိ မန္စီးတီးအသင္းမွာ ဆက္ရွိသြားမယ္လို႔ ေျပာလိုက္ပါတယ္။

– ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲစဥ္က်ရင္ ယူအီးအက္ဖ္ေအကို ဆန္႔က်င္တဲ့စာသားပါအလံေတြ ပရိသတ္ေတြ စိတ္ႀကိဳက္ကိုင္ေဆာင္ႏိုင္ေအာင္ မန္စီးတီးအသင္းကိုယ္တိုင္က ေပါင္(၃၀၀၀)ေက်ာ္ဖိုး စိုက္ထုတ္ေပးသြားမယ္လို႔ သိရပါတယ္။ မန္စီးတီးပရိသတ္ေတြဟာ အရင္ကတည္းက ခ်န္ပီယံလိဂ္ပြဲေတြမွာ ပြဲမစခင္ ၿပိဳင္ပြဲသီခ်င္းဖြင့္တာနဲ႔ တစ္ၿပိဳင္တည္း ဘူးမႈတ္ၿပီး ဆန္႔က်င့္ေလရွိခဲ့ပါတယ္။

– အာဆင္နယ္နည္းျပေဟာင္း အာဆင္၀င္းဂါးက မန္ခ်က္စတာစီးတီးအသင္းဟာ ယူအီးအက္ဖ္ေအရဲ႕ ပဲြပယ္ျပစ္ဒဏ္နဲ႔ ထိုက္တန္တယ္လို႔ ေျပာလိုက္သလို စည္းမ်ဥ္းကို ေလးစားလိုက္နာရမွာက အသင္းေတြရဲ႕တာ၀န္လို႔လည္း ဆိုလိုက္ပါတယ္။

– ယူအီးအက္ဖ္ေအရဲ႕ (၂)ရာသီပြဲပယ္ျပစ္ဒဏ္ကို ခံခဲ့ရမယ္ဆိုရင္ေတာင္မွ အဓိကၾကယ္ပြင့္ကစားသမားေတြကို ဆက္ထိန္းႏိုင္မယ္လို႔ မန္စီးတီးအသင္း တာ၀န္ရွိသူေတြက ယံုၾကည္ေနပါတယ္။

– ရာဟင္းမ္ စတာလင္ရဲ႕ေအးဂ်င့္ အိတ္ဒီ ၀ပ္ထ္က သူ႔ကစားသမားဟာ မန္စီးတီးအသင္းအတြက္ပဲ အျပည့္အ၀ အာရံုစိုက္ထားတယ္လို႔ ေျပာလိုက္ပါတယ္။ ဒါ့အျပင္ အေျပာင္းအေရႊ႕သတင္းေတြေၾကာင့္ အသင္းအေပၚ အာ႐ုံစိုက္မွဳကေန လြင့္ျပယ္တာေတြ ျဖစ္မွာမဟုတ္ဘူးလို႔လည္းဆိုပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ယူအီးအက်ဖ်အေရဲ့ နှစ်နှစ်ပွဲပယ်ပြစ်ဒဏ်ကို ခံခဲ့ရပြီးနောက် မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ ကစားသမားတွေနဲ့ (၂)နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး သူကိုယ်တိုင်လည်း စာချုပ်သက်တမ်းကုန်တဲ့အထိ မန်စီးတီးအသင်းမှာ ဆက်ရှိသွားမယ်လို့ ပြောလိုက်ပါတယ်။

– ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်ကျရင် ယူအီးအက်ဖ်အေကို ဆန့်ကျင်တဲ့စာသားပါအလံတွေ ပရိသတ်တွေ စိတ်ကြိုက်ကိုင်ဆောင်နိုင်အောင် မန်စီးတီးအသင်းကိုယ်တိုင်က ပေါင်(၃၀၀၀)ကျော်ဖိုး စိုက်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ မန်စီးတီးပရိသတ်တွေဟာ အရင်ကတည်းက ချန်ပီယံလိဂ်ပွဲတွေမှာ ပွဲမစခင် ပြိုင်ပွဲသီချင်းဖွင့်တာနဲ့ တစ်ပြိုင်တည်း ဘူးမှုတ်ပြီး ဆန့်ကျင့်လေရှိခဲ့ပါတယ်။

– အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက မန်ချက်စတာစီးတီးအသင်းဟာ ယူအီးအက်ဖ်အေရဲ့ ပွဲပယ်ပြစ်ဒဏ်နဲ့ ထိုက်တန်တယ်လို့ ပြောလိုက်သလို စည်းမျဉ်းကို လေးစားလိုက်နာရမှာက အသင်းတွေရဲ့တာဝန်လို့လည်း ဆိုလိုက်ပါတယ်။

– ယူအီးအက်ဖ်အေရဲ့ (၂)ရာသီပွဲပယ်ပြစ်ဒဏ်ကို ခံခဲ့ရမယ်ဆိုရင်တောင်မှ အဓိကကြယ်ပွင့်ကစားသမားတွေကို ဆက်ထိန်းနိုင်မယ်လို့ မန်စီးတီးအသင်း တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

– ရာဟင်းမ် စတာလင်ရဲ့အေးဂျင့် အိတ်ဒီ ဝပ်ထ်က သူ့ကစားသမားဟာ မန်စီးတီးအသင်းအတွက်ပဲ အပြည့်အ၀ အာရုံစိုက်ထားတယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့သတင်းတွေကြောင့် အသင်းအပေါ် အာရုံစိုက်မှုကနေ လွင့်ပြယ်တာတွေ ဖြစ်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.