Carabao & FA Match Report Premier League

ဘန်လေကို လူစုံမထုတ်ဘဲ သက်တောင့်သက်သာ အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒူဘရက်ဗ်ကာ၊ ခံစစ်မှာ ကာစီမီရို၊ လင်ဒီလော့ဖ်၊ ဝန်ဘစ်ဆာကာနဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ အဲရစ်ဆန်၊ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂါနာချို၊ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဘန်လေအသင်းကတော့ ဂိုးသမား ပီးကော့ခ်-ဖာရဲလ်၊ ခံစစ်မှာ ဟားဝုဒ်-ဘဲလစ္စ၊ ဘိုင်ယာ၊ ရောဘတ်စ်နဲ့ မာ့တ်ဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ကူလင်၊ ဂျက်ခ် ကော့ခ်၊ ဘရောင်းဟေးလ်၊ ဂွဒ်မွန်ဆန်နဲ့ မာညူယယ်လ်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ အက်ရှ်လီ ဘန်းစ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဂွဒ်မွန်ဆန် ဖြတ်တင်ပေးတာကို ဘန်းစ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့လို့ ဧည့်သည်တွေ နစ်နာခဲ့ရပြီး မန်ယူနောက်ခံလူ ဝန်ဘစ်ဆာကာရဲ့ လူကျွံဘောဖမ်းပုံ မပီပြင်ဘဲ တစ်တန်းတည်းဖြစ်နေပေမယ့် စည်းကြပ်ဒိုင်က အလံထောင်ပြီး ကူညီခဲ့တာကိုလည်း ထုံးစံအတိုင်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၈ မိနစ်မှာ ဘန်လေတို့ လူပေးမှားတာကနေ ရက်ရှ်ဖို့ဒ်က ဖြတ်ယူပြီး ပြန်စခဲ့တဲ့ တန်ပြန်တိုက်စစ်ကနေ ဂါနာချို ကန်ခွင့်ရခဲ့ပေမယ့် ကန်ပုံကန်နည်း မတတ်ခဲ့တာကြောင့် နှမြောစရာဖြစ်ခဲ့ရသလို ပွဲအစပိုင်းမှာ ယူနိုက်တက်တို့ရဲ့ အဆုံးသတ်ပိုင်းတွေက အားရစရာ မရှိခဲ့ဘဲ ရော်နယ်လ်ဒိုနဲ့ပါ လမ်းခွဲထားခဲ့ချိန်မှာ ဘယ်လိုပြင်ဆင်သွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘရူနို ဖာနန်ဒက်စ် လှမ်းမ,ပေးတဲ့ ဘောလုံးကို ဝန်ဘစ်ဆာကာက ညာခြမ်းက ပြေးလိုက်ပြီး ဂိုးရှေ့ကို လျှောထိုးဖြတ်တင်ပေးနိုင်ခဲ့တာကို အဲရစ်ဆန်က သာသာယာယာပဲ နေရာယူမှန်မှန်နဲ့ ပိတ်သွင်းသွားနိုင်ခဲ့လို့ သရဲနီတွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

မန်စီးတီးကစားသမားဟောင်းဖြစ်တဲ့ ဘန်လေနည်းပြ ဗင်းဆင့် ကွန်ပနီကတော့ သူ့အသင်းကို ပန်းထိမ်မတတ်ဘဲ ရွှေခိုးခိုင်းသလိုဖြစ်နေခဲ့ပြီး ကြံ့ခိုင်မှု ဦးစားပေးပြီး ကစားနေကျအသင်းကို နည်းစနစ်ကျကျ အကွက်ဖော်ဖို့ ကြိုးစားတာက အလွဲတွေ များလွန်းနေခဲ့ချိန်မှာ မန်ယူနောက်တန်းကလည်း ကာစီမီရိုနဲ့ လင်ဒီလော့ဖ်တို့အတွဲက ဂိုးသမား ဒူဘရက်ဗ်ကာနဲ့ ဟန်ချက်မညီလို့ ဂိုးရပြီးမှ ရုန်းကန်နေခဲ့ရတာပါ။

ပွဲချိန် မိနစ် ၄၀ မှာ ညာခြမ်းကနေ မက်တော်မီနေး အနိမ့်ဘော ချိုးပေးတာကို မာစီယယ်လ်က တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဧရိယာထဲမှာ လှည့်စားကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ပီးကော့ခ်-ဖာရဲလ် ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ယူနိုက်တက်တို့ရဲ့ ပထမပိုင်း ကစားပုံကတော့ လူမှန်နေရာမှန် မဖြစ်ဘဲ အားရစရာနည်းခဲ့ချိန်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ယူနိုက်တက်တို့ပဲ ဖိကစားခဲ့ပေမယ့် ဂိုးရှေ့မှာတော့ လွဲချော်နေခဲ့လို့ ဒုတိယဂိုးရဖို့ ၅၇ မိနစ်အထိ စောင့်ခဲ့ရပြီး ဒီဂိုးကတော့ ရက်ရှ်ဖို့ဒ်က ညာခြမ်းတောက်လျှောက် တစ်ကိုယ်တော်ဆွဲပြေးပြီး ဘန်လေနောက်ခံလူ သုံးယောက်ကြားကနေ အနိမ့်ဘော အပြင်းကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

နှစ်ဂိုးရအပြီးမှာတော့ မန်ယူနိုက်တက်တို့ဘက်က ဂါနာချို၊ မာစီယယ်လ်၊ မာလာစီယာနဲ့ ဝန်ဘစ်ဆာကာတို့အစား အန်တိုနီ၊ အီလန်ဂါ၊ ဘရန်ဒန် ဝီလီယမ်စ်နဲ့ လုခ်ရှောတို့ကို လူစားလဲသွားခဲ့ကြပြီး နှစ်သင်းစလုံးအနေနဲ့ ဂိုးရှေ့မှာ ကြောင်ပျောက်နေကြတာကပဲ များခဲ့ကြလို့ ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ကာရာဘောင်းဖလားရဲ့ ကွာတားဖိုင်နယ် ၈ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီး နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့ တွေ့ရမလဲဆိုတာကိုတော့ ကြာသပတေးနေ့မှာ မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒူဘရက္ဗ္ကာ၊ ခံစစ္မွာ ကာစီမီ႐ို၊ လင္ဒီေလာ့ဖ္၊ ဝန္ဘစ္ဆာကာနဲ႔ မာလာစီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနး၊ အဲရစ္ဆန္၊ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂါနာခ်ိဳ၊ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဘန္ေလအသင္းကေတာ့ ဂိုးသမား ပီးေကာ့ခ္-ဖာရဲလ္၊ ခံစစ္မွာ ဟားဝုဒ္-ဘဲလစၥ၊ ဘိုင္ယာ၊ ေရာဘတ္စ္နဲ႔ မာ့တ္ဆန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ကူလင္၊ ဂ်က္ခ္ ေကာ့ခ္၊ ဘေရာင္းေဟးလ္၊ ဂြဒ္မြန္ဆန္နဲ႔ မာညဴယယ္လ္တို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ အက္ရွ္လီ ဘန္းစ္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဂြဒ္မြန္ဆန္ ျဖတ္တင္ေပးတာကို ဘန္းစ္ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္သြားခဲ့လို႔ ဧည့္သည္ေတြ နစ္နာခဲ့ရၿပီး မန္ယူေနာက္ခံလူ ဝန္ဘစ္ဆာကာရဲ႕ လူကြၽံေဘာဖမ္းပုံ မပီျပင္ဘဲ တစ္တန္းတည္းျဖစ္ေနေပမယ့္ စည္းၾကပ္ဒိုင္က အလံေထာင္ၿပီး ကူညီခဲ့တာကိုလည္း ထုံးစံအတိုင္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာ ဘန္ေလတို႔ လူေပးမွားတာကေန ရက္ရွ္ဖို႔ဒ္က ျဖတ္ယူၿပီး ျပန္စခဲ့တဲ့ တန္ျပန္တိုက္စစ္ကေန ဂါနာခ်ိဳ ကန္ခြင့္ရခဲ့ေပမယ့္ ကန္ပုံကန္နည္း မတတ္ခဲ့တာေၾကာင့္ ႏွေျမာစရာျဖစ္ခဲ့ရသလို ပြဲအစပိုင္းမွာ ယူႏိုက္တက္တို႔ရဲ႕ အဆုံးသတ္ပိုင္းေတြက အားရစရာ မရွိခဲ့ဘဲ ေရာ္နယ္လ္ဒိုနဲ႔ပါ လမ္းခြဲထားခဲ့ခ်ိန္မွာ ဘယ္လိုျပင္ဆင္သြားမလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဘ႐ူႏို ဖာနန္ဒက္စ္ လွမ္းမ,ေပးတဲ့ ေဘာလုံးကို ဝန္ဘစ္ဆာကာက ညာျခမ္းက ေျပးလိုက္ၿပီး ဂိုးေရွ႕ကို ေလွ်ာထိုးျဖတ္တင္ေပးႏိုင္ခဲ့တာကို အဲရစ္ဆန္က သာသာယာယာပဲ ေနရာယူမွန္မွန္နဲ႔ ပိတ္သြင္းသြားႏိုင္ခဲ့လို႔ သရဲနီေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

မန္စီးတီးကစားသမားေဟာင္းျဖစ္တဲ့ ဘန္ေလနည္းျပ ဗင္းဆင့္ ကြန္ပနီကေတာ့ သူ႔အသင္းကို ပန္းထိမ္မတတ္ဘဲ ေ႐ႊခိုးခိုင္းသလိုျဖစ္ေနခဲ့ၿပီး ႀကံ့ခိုင္မႈ ဦးစားေပးၿပီး ကစားေနက်အသင္းကို နည္းစနစ္က်က် အကြက္ေဖာ္ဖို႔ ႀကိဳးစားတာက အလြဲေတြ မ်ားလြန္းေနခဲ့ခ်ိန္မွာ မန္ယူေနာက္တန္းကလည္း ကာစီမီ႐ိုနဲ႔ လင္ဒီေလာ့ဖ္တို႔အတြဲက ဂိုးသမား ဒူဘရက္ဗ္ကာနဲ႔ ဟန္ခ်က္မညီလို႔ ဂိုးရၿပီးမွ ႐ုန္းကန္ေနခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၄၀ မွာ ညာျခမ္းကေန မက္ေတာ္မီေနး အနိမ့္ေဘာ ခ်ိဳးေပးတာကို မာစီယယ္လ္က တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ဧရိယာထဲမွာ လွည့္စားကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးသမား ပီးေကာ့ခ္-ဖာရဲလ္ ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး ယူႏိုက္တက္တို႔ရဲ႕ ပထမပိုင္း ကစားပုံကေတာ့ လူမွန္ေနရာမွန္ မျဖစ္ဘဲ အားရစရာနည္းခဲ့ခ်ိန္မွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ယူႏိုက္တက္တို႔ပဲ ဖိကစားခဲ့ေပမယ့္ ဂိုးေရွ႕မွာေတာ့ လြဲေခ်ာ္ေနခဲ့လို႔ ဒုတိယဂိုးရဖို႔ ၅၇ မိနစ္အထိ ေစာင့္ခဲ့ရၿပီး ဒီဂိုးကေတာ့ ရက္ရွ္ဖို႔ဒ္က ညာျခမ္းေတာက္ေလွ်ာက္ တစ္ကိုယ္ေတာ္ဆြဲေျပးၿပီး ဘန္ေလေနာက္ခံလူ သုံးေယာက္ၾကားကေန အနိမ့္ေဘာ အျပင္းကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ႏွစ္ဂိုးရအၿပီးမွာေတာ့ မန္ယူႏိုက္တက္တို႔ဘက္က ဂါနာခ်ိဳ၊ မာစီယယ္လ္၊ မာလာစီယာနဲ႔ ဝန္ဘစ္ဆာကာတို႔အစား အန္တိုနီ၊ အီလန္ဂါ၊ ဘရန္ဒန္ ဝီလီယမ္စ္နဲ႔ လုခ္ေရွာတို႔ကို လူစားလဲသြားခဲ့ၾကၿပီး ႏွစ္သင္းစလုံးအေနနဲ႔ ဂိုးေရွ႕မွာ ေၾကာင္ေပ်ာက္ေနၾကတာကပဲ မ်ားခဲ့ၾကလို႔ ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ကာရာေဘာင္းဖလားရဲ႕ ကြာတားဖိုင္နယ္ ၈ သင္းအဆင့္ကို တက္ေရာက္သြားခဲ့ၿပီး ေနာက္တစ္ဆင့္မွာ ဘယ္အသင္းနဲ႔ ေတြ႕ရမလဲဆိုတာကိုေတာ့ ၾကာသပေတးေန႔မွာ မဲႏႈိက္ေ႐ြးခ်ယ္ေပးသြားမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.