Premier League

ကမ္ဘာ့ဖလားရပြီးနောက် မာတီနက်ဇ်ဘာပြောခဲ့လဲဆိုတာကို ပြောပြခဲ့တဲ့ ယူနိုက်တက်ကြယ်ပွင့်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် စကော့တ် မက်တော်မီနေးက အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားအနိုင်ရရှိခဲ့ပြီးနောက် လီဆန်ဒရို မာတီနက်ဇ်ပေးပို့ခဲ့တဲ့ သတင်းစကားကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်တော်မီနေးဟာ အင်္ဂါနေ့က ကွန်းဖရင့်မှာ ပရိသတ်တွေကို စကားပြောခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအကြောင်းကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ မက်တော်မီနေးက အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ မာတီနက်ဇ်နဲ့ ပြောဆိုဆွေးနွေးခဲ့တဲ့ စကားစမြည်ပြောဆိုမှုအကြောင်းကို ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

“အောင်မြင်မှုက အမြဲတမ်း ဆုဖလားတွေ အနိုင်ရရှိတာ ဖြစ်ပါလိမ့်မယ်။ အဲဒါက ဒီဘောလုံးကလပ်အသင်းမှာ အရေးအကြီးဆုံးအရာပါ။ ကျွန်တော်တို့မှာ ခုရှိနေတဲ့ နည်းပြနဲ့အတူ ဒီခရီးလမ်းကို စတင်ဖို့ အခွင့်အရေးကောင်းတကယ် ရှိနေပါတယ်။ အထူးသဖြင့် ဒီနှစ်မှာပါ”

“ကျွန်တော် လီဆန်ဒရိုကို ဗိုလ်လုပွဲအပြီး နောက်နေ့မှာ စာတိုပေးပို့ခဲ့ပြီး ဂုဏ်ပြုပါတယ်လို့ ပြောခဲ့တယ်။ သူက ‘ငါတို့တွေ နောက်ထပ်ဖလားတစ်ခု ယူရအောင်’လို့ ပြောခဲ့တယ်။ သူက အခုပဲ ကမ္ဘာ့ဖလားကို အနိုင်ရခဲ့တာပါ။ အဲဒါက ဒီအစုအဖွဲ့ထဲမှာရှိနေတဲ့ စိတ်ပိုင်းဆိုင်ရာကို ပြသနေတာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ညမှာ ဘန်လေအသင်းနဲ့ ကာရာဘောင်းဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၈ ပွဲနိုင် ၂ ပွဲသရေ ၄ ပွဲရှုံးရလဒ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အလွန်အောင်မြင်မှု ရရှိခဲ့တာဖြစ်ပြီး မာတီနက်ဇ်က ကမ္ဘာ့ဖလားရရှိခဲ့သလို ရာဖေးလ် ဗာရွမ်းကလည်း ပြင်သစ်နဲ့အတူ ဒုတိယနေရာ ရရှိခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဘရာဇီးလ်နဲ့အတူ ကက်စမီရို၊ ပေါ်တူဂီနဲ့အတူ ဒါလော့တ်၊ ဘရူနို ဖာနန်ဒက်စ်၊ အင်္ဂလန်နဲ့အတူ ဟာရီ မက်ဂွိုင်းယား၊ လုခ် ရှော၊ ရက်ရှ်ဖို့ဒ်တို့ဟာ ၎င်းတု့ိရဲ့ နိုင်ငံအသင်းတွေအတွက် စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ စေကာ့တ္ မက္ေတာ္မီေနးက အာဂ်င္တီးနားအသင္းနဲ႔ ကမာၻ႔ဖလားအႏိုင္ရရွိခဲ့ၿပီးေနာက္ လီဆန္ဒ႐ို မာတီနက္ဇ္ေပးပို႔ခဲ့တဲ့ သတင္းစကားကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ေတာ္မီေနးဟာ အဂၤါေန႔က ကြန္းဖရင့္မွာ ပရိသတ္ေတြကို စကားေျပာခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာအေၾကာင္းကို ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။ မက္ေတာ္မီေနးက အာဂ်င္တီးနားရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ မာတီနက္ဇ္နဲ႔ ေျပာဆိုေဆြးေႏြးခဲ့တဲ့ စကားစျမည္ေျပာဆိုမႈအေၾကာင္းကို ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ေအာင္ျမင္မႈက အၿမဲတမ္း ဆုဖလားေတြ အႏိုင္ရရွိတာ ျဖစ္ပါလိမ့္မယ္။ အဲဒါက ဒီေဘာလုံးကလပ္အသင္းမွာ အေရးအႀကီးဆုံးအရာပါ။ ကြၽန္ေတာ္တို႔မွာ ခုရွိေနတဲ့ နည္းျပနဲ႔အတူ ဒီခရီးလမ္းကို စတင္ဖို႔ အခြင့္အေရးေကာင္းတကယ္ ရွိေနပါတယ္။ အထူးသျဖင့္ ဒီႏွစ္မွာပါ”

“ကြၽန္ေတာ္ လီဆန္ဒ႐ိုကို ဗိုလ္လုပြဲအၿပီး ေနာက္ေန႔မွာ စာတိုေပးပို႔ခဲ့ၿပီး ဂုဏ္ျပဳပါတယ္လို႔ ေျပာခဲ့တယ္။ သူက ‘ငါတို႔ေတြ ေနာက္ထပ္ဖလားတစ္ခု ယူရေအာင္’လို႔ ေျပာခဲ့တယ္။ သူက အခုပဲ ကမာၻ႔ဖလားကို အႏိုင္ရခဲ့တာပါ။ အဲဒါက ဒီအစုအဖြဲ႕ထဲမွာရွိေနတဲ့ စိတ္ပိုင္းဆိုင္ရာကို ျပသေနတာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယေန႔ညမွာ ဘန္ေလအသင္းနဲ႔ ကာရာေဘာင္းဖလား ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ၈ ပြဲႏိုင္ ၂ ပြဲသေရ ၄ ပြဲရႈံးရလဒ္နဲ႔ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အလြန္ေအာင္ျမင္မႈ ရရွိခဲ့တာျဖစ္ၿပီး မာတီနက္ဇ္က ကမာၻ႔ဖလားရရွိခဲ့သလို ရာေဖးလ္ ဗာ႐ြမ္းကလည္း ျပင္သစ္နဲ႔အတူ ဒုတိယေနရာ ရရွိခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ဘရာဇီးလ္နဲ႔အတူ ကက္စမီ႐ို၊ ေပၚတူဂီနဲ႔အတူ ဒါေလာ့တ္၊ ဘ႐ူႏို ဖာနန္ဒက္စ္၊ အဂၤလန္နဲ႔အတူ ဟာရီ မက္ဂြိဳင္းယား၊ လုခ္ ေရွာ၊ ရက္ရွ္ဖို႔ဒ္တို႔ဟာ ၎တု႔ိရဲ႕ ႏိုင္ငံအသင္းေတြအတြက္ စြမ္းေဆာင္ရည္ေကာင္း ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.