ပရီးမီးယားလိဂ်ဟာ ရာသီပထမပိုင်းမှာ VAR ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ပွဲစဉ်အတွင်း ပြောင်းလဲခဲ့ရတဲ့ အခိုက်အတန့် ၆ ခုအထိ ရှိခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲဟာ ဘောက်ဆင်ဒေးမှာ ပြန်လည်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့ဟာ မကြာသေးမီက ပရော်ဖက်ရှင်နယ်ပွဲစဉ်ဒိုင်လူကြီးဘုတ်အဖွဲ့မှာ ပထမဆုံးဒိုင်လူကြီးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီး ဟောင်းဝက်ဒ် ဝက်ဘ်အတွက် ပထမဆုံးကိုင်တွယ်တဲ့ပွဲနေ့ဖြစ်လာမှာဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့တဲ့ ဟောင်းဝက်ဒ် ဝက်ဘ်ဟာ ဆော်ဒီအာရေဗျနဲ့ ယူအက်စ်အေ၊ ကနေဒါတို့မှာ ပွဲကိုင်တွယ်မှုအဆင့်အတန်းတိုးတက်အောင် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
VAR အသုံးပြုခြင်းက ဟောင်းဝက်ဒ် ဝက်ဘ်ရဲ့ အစီအစဉ်မှာ အဓိကဖြစ်ပြီး The Sun က မာတင် လစ်ပ်တန်ရဲ့ ပြောကြားချက်အရ ပရီးမီးယားလိဂ်အကြီးအကဲတွေဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ၆ ကြိမ်ရှိခဲ့တယ်လို့ လက်ခံကြတယ်လို့ သိရပါတယ်။ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ ကစားသမားဟောင်း ၃ ဦးနဲ့ PGMOL နဲ့ လိဂ်က ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့ ‘အဓိကပွဲဖြစ်စဉ်ကော်မရှင်အဖွဲ့’ဟာ လက်ရှိအချိန်အထိ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို လေ့လာဆန်းစစ်ခဲ့တာဖြစ်ပါတယ်။
VAR နဲ့ပတ်သက်ပြီး စုစုပေါင်း ကြားဝင်စွက်ဖက်မှု ၄၂ ကြိမ် မှန်ကန်ခဲ့တယ်လို့ ကောက်ချက်ချခဲ့ပေမယ့်လည်း တစ်ချိန်တည်းမှာပဲ ကွင်းအတွင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့ ၆ ကြိမ်အထိ မှားယွင်းခဲ့ပြီး ပြောင်းလဲခဲ့သင့်တယ်လို့ ယူဆခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ စပါးစ်တို့ရဲ့ပွဲစဉ်က ထောင့်ကန်ဘောမှာ ရိုမဲရိုးက ကူကူရယ်လာရဲ့ ဆံပင်ကို ဆွဲခဲ့ပြီး ဟာရီ ကိန်းရဲ့ချေပဂိုးကို ခွင့်မပြုခဲ့သင့်ဘူးလို့ လက်ခံခဲ့ကြပါတယ်။
နောက်ထပ် အငြင်းပွားစရာဆုံးဖြတ်ချက်က မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ အော်ဒီဂွါဒ်က တိုက်စစ်စတင်ချိန်မှာ အဲရစ်ဆင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပုံပေါ်တဲ့အတွက် ငြင်းပယ်ခြင်းခံခဲ့ရတဲ့ မာတီနယ်လီရဲ့ သွင်းဂိုးဖြစ်ပြီး အဲဒီသွင်းဂိုးကို ခွင့်ပြုသင့်တယ်လို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။
နိုဝင်ဘာလတုန်းက စပါးစ်က လီဗာပူးလ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ပင်နယ်တီဧရိယာထဲမှာ အာနိုးက ဆီဆက်ညွန်ကို ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့ချိန်မှာ အပြစ်မပေးခဲ့တဲ့ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်လို့ ရှုမြင်ခဲ့ကြပါတယ်။
အလားတူ ဆုံးဖြတ်ချက်က ချဲလ်ဆီးနဲ့ပွဲမှာ ဝက်စ်ဟမ်းအတွက် နောက်ကျ ချေပဂိုး သွင်းယူခဲ့တဲ့ မက်စ်ဝဲလ် ကောနတ်ရဲ့ဖြစ်စဉ်ဖြစ်ပြီး တိုင်းရစ်ခ် မစ်ချဲလ်ရဲ့ နယူးကာဆယ်လ်နဲ့ပွဲက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ဂိုးကို ပယ်ဖျက်ခဲ့တာကလည်း မှားယွင်းခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဟောင်းဝက်ဒ် ဝက်ဘ်ဟာ ဆုံးဖြတ်ချက်က ရှင်းလင်းပြီး သိသာခြင်းမရှိတဲ့အချိန်မှာ VAR ဆီကနေ ပါဝင်ပတ်သက်မှုကို လျှော့ချချင်နေတယ်လို့ ယုံကြည်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ပရီးမီးယားလိဂ္ဟာ ရာသီပထမပိုင္းမွာ VAR ရဲ႕ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ ပြဲစဥ္အတြင္း ေျပာင္းလဲခဲ့ရတဲ့ အခိုက္အတန႔္ ၆ ခုအထိ ရွိခဲ့တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။
ေဖ်ာ္ေျဖမႈအျပည့္ေပးႏိုင္တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ ပရီးမီးယားလိဂ္ေဘာလုံးၿပိဳင္ပြဲဟာ ေဘာက္ဆင္ေဒးမွာ ျပန္လည္ယွဥ္ၿပိဳင္သြားေတာ့မွာျဖစ္ၿပီး ဒီဇင္ဘာ ၂၆ ရက္ေန႔ဟာ မၾကာေသးမီက ပေရာ္ဖက္ရွင္နယ္ပြဲစဥ္ဒိုင္လူႀကီးဘုတ္အဖြဲ႕မွာ ပထမဆုံးဒိုင္လူႀကီးအရာရွိခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ပရီးမီးယားလိဂ္ဒိုင္လူႀကီး ေဟာင္းဝက္ဒ္ ဝက္ဘ္အတြက္ ပထမဆုံးကိုင္တြယ္တဲ့ပြဲေန႔ျဖစ္လာမွာျဖစ္ပါတယ္။ ၂၀၁၀ ကမာၻ႔ဖလားဗိုလ္လုပြဲကို ကိုင္တြယ္ခဲ့တဲ့ ေဟာင္းဝက္ဒ္ ဝက္ဘ္ဟာ ေဆာ္ဒီအာေရဗ်နဲ႔ ယူအက္စ္ေအ၊ ကေနဒါတို႔မွာ ပြဲကိုင္တြယ္မႈအဆင့္အတန္းတိုးတက္ေအာင္ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။
VAR အသုံးျပဳျခင္းက ေဟာင္းဝက္ဒ္ ဝက္ဘ္ရဲ႕ အစီအစဥ္မွာ အဓိကျဖစ္ၿပီး The Sun က မာတင္ လစ္ပ္တန္ရဲ႕ ေျပာၾကားခ်က္အရ ပရီးမီးယားလိဂ္အႀကီးအကဲေတြဟာ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ ၆ ႀကိမ္ရွိခဲ့တယ္လို႔ လက္ခံၾကတယ္လို႔ သိရပါတယ္။ မၾကာေသးမီက မိတ္ဆက္ခဲ့တဲ့ ကစားသမားေဟာင္း ၃ ဦးနဲ႔ PGMOL နဲ႔ လိဂ္က ကိုယ္စားလွယ္ေတြလည္း ပါဝင္တဲ့ ‘အဓိကပြဲျဖစ္စဥ္ေကာ္မရွင္အဖြဲ႕’ဟာ လက္ရွိအခ်ိန္အထိ ခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ေတြကို ေလ့လာဆန္းစစ္ခဲ့တာျဖစ္ပါတယ္။
VAR နဲ႔ပတ္သက္ၿပီး စုစုေပါင္း ၾကားဝင္စြက္ဖက္မႈ ၄၂ ႀကိမ္ မွန္ကန္ခဲ့တယ္လို႔ ေကာက္ခ်က္ခ်ခဲ့ေပမယ့္လည္း တစ္ခ်ိန္တည္းမွာပဲ ကြင္းအတြင္း ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တဲ့ ၆ ႀကိမ္အထိ မွားယြင္းခဲ့ၿပီး ေျပာင္းလဲခဲ့သင့္တယ္လို႔ ယူဆခဲ့ပါတယ္။ ခ်ဲလ္ဆီးနဲ႔ စပါးစ္တို႔ရဲ႕ပြဲစဥ္က ေထာင့္ကန္ေဘာမွာ ႐ိုမဲ႐ိုးက ကူကူရယ္လာရဲ႕ ဆံပင္ကို ဆြဲခဲ့ၿပီး ဟာရီ ကိန္းရဲ႕ေခ်ပဂိုးကို ခြင့္မျပဳခဲ့သင့္ဘူးလို႔ လက္ခံခဲ့ၾကပါတယ္။
ေနာက္ထပ္ အျငင္းပြားစရာဆုံးျဖတ္ခ်က္က မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္မွာ ေအာ္ဒီဂြါဒ္က တိုက္စစ္စတင္ခ်ိန္မွာ အဲရစ္ဆင္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ပုံေပၚတဲ့အတြက္ ျငင္းပယ္ျခင္းခံခဲ့ရတဲ့ မာတီနယ္လီရဲ႕ သြင္းဂိုးျဖစ္ၿပီး အဲဒီသြင္းဂိုးကို ခြင့္ျပဳသင့္တယ္လို႔ ယုံၾကည္ခဲ့ၾကတာျဖစ္ပါတယ္။
ႏိုဝင္ဘာလတုန္းက စပါးစ္က လီဗာပူးလ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ပင္နယ္တီဧရိယာထဲမွာ အာႏိုးက ဆီဆက္ၫြန္ကို ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့ခ်ိန္မွာ အျပစ္မေပးခဲ့တဲ့ဆုံးျဖတ္ခ်က္ဟာ မွားယြင္းတယ္လို႔ ရႈျမင္ခဲ့ၾကပါတယ္။
အလားတူ ဆုံးျဖတ္ခ်က္က ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဝက္စ္ဟမ္းအတြက္ ေနာက္က် ေခ်ပဂိုး သြင္းယူခဲ့တဲ့ မက္စ္ဝဲလ္ ေကာနတ္ရဲ႕ျဖစ္စဥ္ျဖစ္ၿပီး တိုင္းရစ္ခ္ မစ္ခ်ဲလ္ရဲ႕ နယူးကာဆယ္လ္နဲ႔ပြဲက ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ဂိုးကို ပယ္ဖ်က္ခဲ့တာကလည္း မွားယြင္းခဲ့တယ္လို႔ သုံးသပ္ခဲ့ပါတယ္။ ေဟာင္းဝက္ဒ္ ဝက္ဘ္ဟာ ဆုံးျဖတ္ခ်က္က ရွင္းလင္းၿပီး သိသာျခင္းမရွိတဲ့အခ်ိန္မွာ VAR ဆီကေန ပါဝင္ပတ္သက္မႈကို ေလွ်ာ့ခ်ခ်င္ေနတယ္လို႔ ယုံၾကည္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.