Carabao & FA Match Report Premier League

နယူးကာဆယ်လ်နဲ့ ပရီးမီးယားလိဂ်အသင်းတွေ အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား

အင်္ဂါနေ့ညက ကစားခဲ့ကြတဲ့ ကာရာဘောင်းဖလား ၁၆ သင်းအဆင့် ပွဲစဉ်တွေမှာတော့ ပရီးမီးယားလိဂ်အသင်းတွေဖြစ်ကြတဲ့ နယူးကာဆယ်လ် ယူနိုက်တက်၊ လက်စတာစီးတီး၊ ဆောက်သမ်တန်နဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်တို့ အသီးသီး အနိုင်ရရှိခဲ့ကြသလို ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

နယူးကာဆယ်လ်အသင်းအနေနဲ့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ နည်းပြ အက်ဒီဟောင်းရဲ့ အသင်းဟောင်း ဘုန်းမောက်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ဒီပွဲမှာ လူစုံနီးပါး ထုတ်သုံးခဲ့တဲ့ ငှက်ကျားတွေအနေနဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြလို့ ဒုတိယပိုင်း ပွဲချိန် ၆၇ မိနစ်မှာ ရရှိခဲ့တဲ့ တစ်ဖက်နောက်ခံလူ အဒမ် စမစ်ရဲ့ အုန်းဂိုးနဲ့ပဲ အနိုင်ရရှိခဲ့တာပါ။

လက်စတာစီးတီးအသင်းကတော့ အဝေးကွင်းမှာ လန်ဒန်ဆင်ခြေဖုံးအသင်း မီလ်တန်ကင်းစ်ဒွန်စ်နဲ့ တွေ့ဆုံခဲ့ရတာဖြစ်ပြီး ဒီပွဲမှာတော့ ဘရန်ဒန် ရော့ဂျားစ်ရဲ့ မြေခွေးတွေအနေနဲ့ ယူရီ တီးလီးမန်းစ်၊ အယိုဇေ ပီရက်ဇ်၊ ဂျေမီ ဗာဒီတို့ရဲ့ ပွဲချိန် ၁၈ မိနစ်၊ ၂၉ မိနစ်နဲ့ ၅၀ မိနစ်တွေမှာ အသီးသီး သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းကတော့ အိမ်ကွင်းမှာ အသင်းငယ်လေးဖြစ်တဲ့ လင်ကွန်းစီးတီးကို ဂိုးသမား ဂေဗင် ဘာဇူးနူးရဲ့ အုန်းဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရပြီး ပွဲချိန် ၂၅ မိနစ်မှာတော့ ရှေအက်ဒမ်စ်က ပြန်လည်ချေပခဲ့သလို ဒုတိယပိုင်း ပွဲချိန် ၇၄ မိနစ်မှာတော့ အက်ဒမ်စ်ကပဲ အနိုင်ဂိုး ရယူပေးခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးနဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့ကြပါတယ်။

နည်းပြသစ် လိုပီတီဂီ ကိုင်တွယ်နေတဲ့ ဝုလ်ဗ်စ်တို့ကတော့ ဒုတိယတန်းက ဂီလင်ဟမ်အသင်းနဲ့ ကစားခဲ့ရတာဖြစ်ပြီး ဒီပွဲမှာတော့ လူစုံပါဝင်ခဲ့တဲ့ ဝံပုလွေတွေက ဒုတိယပိုင်း ၇၇ မိနစ်မှာမှ ရာအူးလ် ဟီမီနက်ဇ်ရဲ့ ပင်နယ်တီနဲ့ အဖွင့်ဂိုးရရှိခဲ့သလို နာကျင်အချိန်ပို ၁ မိနစ်မှာတော့ နောက်ခံလူ အိုက်နူရီရဲ့ သွင်းဂိုးနဲ့ အနိုင်သေချာသွားခဲ့တာပါ။

ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ဘရိုက်တန်နဲ့ နော့တင်ဟမ်ဖောရက်စ်တို့ ဆက်လက်ကစားဖို့ ရှိနေခဲ့ကြပြီး ဘန်လေ၊ ချာလ်တန်နဲ့ ဘလက်ဘန်းတို့ကို အသီးသီး ရင်ဆိုင်သွားရမှာဖြစ်သလို အောက်တန်းက အသင်းတွေနဲ့ဖြစ်လို့ သူတို့တွေပဲ နောက်တစ်ဆင့်ကို တက်လှမ်းသွားဖို့ ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။

ကြာသပတေးနေ့ညမှာတော့ ကာရာဘောင်းဖလား ၁၆ သင်း ရှုံးထွက်အဆင့်ရဲ့ အကြီးမားဆုံး ပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ Big Match ကို တွေ့မြင်ရဖို့ ရှိနေပြီး နှစ်သင်းစလုံးအနေနဲ့ အစဉ်အလာမပျက် နိုင်ပွဲအတွက် တိုက်ပွဲဝင်ကြဖို့ ရှိနေသလို ကမ္ဘာ့ဖလားမှာ ပွဲပိုပန်းထားတဲ့ မန်စီးတီးတို့ကို လီဗာပူးလ်တို့ စားသွားရင်တော့ မဆန်းလောက်ဘူးလို့လည်း ယူဆရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤါေန႔ညက ကစားခဲ့ၾကတဲ့ ကာရာေဘာင္းဖလား ၁၆ သင္းအဆင့္ ပြဲစဥ္ေတြမွာေတာ့ ပရီးမီးယားလိဂ္အသင္းေတြျဖစ္ၾကတဲ့ နယူးကာဆယ္လ္ ယူႏိုက္တက္၊ လက္စတာစီးတီး၊ ေဆာက္သမ္တန္နဲ႔ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္တို႔ အသီးသီး အႏိုင္ရရွိခဲ့ၾကသလို ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

နယူးကာဆယ္လ္အသင္းအေနနဲ႔ အိမ္ကြင္း စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ နည္းျပ အက္ဒီေဟာင္းရဲ႕ အသင္းေဟာင္း ဘုန္းေမာက္နဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ၿပီး ဒီပြဲမွာ လူစုံနီးပါး ထုတ္သုံးခဲ့တဲ့ ငွက္က်ားေတြအေနနဲ႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကလို႔ ဒုတိယပိုင္း ပြဲခ်ိန္ ၆၇ မိနစ္မွာ ရရွိခဲ့တဲ့ တစ္ဖက္ေနာက္ခံလူ အဒမ္ စမစ္ရဲ႕ အုန္းဂိုးနဲ႔ပဲ အႏိုင္ရရွိခဲ့တာပါ။

လက္စတာစီးတီးအသင္းကေတာ့ အေဝးကြင္းမွာ လန္ဒန္ဆင္ေျခဖုံးအသင္း မီလ္တန္ကင္းစ္ဒြန္စ္နဲ႔ ေတြ႕ဆုံခဲ့ရတာျဖစ္ၿပီး ဒီပြဲမွာေတာ့ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ ေျမေခြးေတြအေနနဲ႔ ယူရီ တီးလီးမန္းစ္၊ အယိုေဇ ပီရက္ဇ္၊ ေဂ်မီ ဗာဒီတို႔ရဲ႕ ပြဲခ်ိန္ ၁၈ မိနစ္၊ ၂၉ မိနစ္နဲ႔ ၅၀ မိနစ္ေတြမွာ အသီးသီး သြင္းယူခဲ့တဲ့ ဂိုးေတြေၾကာင့္ သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းကေတာ့ အိမ္ကြင္းမွာ အသင္းငယ္ေလးျဖစ္တဲ့ လင္ကြန္းစီးတီးကို ဂိုးသမား ေဂဗင္ ဘာဇူးႏူးရဲ႕ အုန္းဂိုးေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရၿပီး ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ေရွအက္ဒမ္စ္က ျပန္လည္ေခ်ပခဲ့သလို ဒုတိယပိုင္း ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ အက္ဒမ္စ္ကပဲ အႏိုင္ဂိုး ရယူေပးခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေနာက္တစ္ဆင့္ တက္ႏိုင္ခဲ့ၾကပါတယ္။

နည္းျပသစ္ လိုပီတီဂီ ကိုင္တြယ္ေနတဲ့ ဝုလ္ဗ္စ္တို႔ကေတာ့ ဒုတိယတန္းက ဂီလင္ဟမ္အသင္းနဲ႔ ကစားခဲ့ရတာျဖစ္ၿပီး ဒီပြဲမွာေတာ့ လူစုံပါဝင္ခဲ့တဲ့ ဝံပုေလြေတြက ဒုတိယပိုင္း ၇၇ မိနစ္မွာမွ ရာအူးလ္ ဟီမီနက္ဇ္ရဲ႕ ပင္နယ္တီနဲ႔ အဖြင့္ဂိုးရရွိခဲ့သလို နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ေနာက္ခံလူ အိုက္ႏူရီရဲ႕ သြင္းဂိုးနဲ႔ အႏိုင္ေသခ်ာသြားခဲ့တာပါ။

ဒီေန႔ညမွာေတာ့ ပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္၊ ဘ႐ိုက္တန္နဲ႔ ေနာ့တင္ဟမ္ေဖာရက္စ္တို႔ ဆက္လက္ကစားဖို႔ ရွိေနခဲ့ၾကၿပီး ဘန္ေလ၊ ခ်ာလ္တန္နဲ႔ ဘလက္ဘန္းတို႔ကို အသီးသီး ရင္ဆိုင္သြားရမွာျဖစ္သလို ေအာက္တန္းက အသင္းေတြနဲ႔ျဖစ္လို႔ သူတို႔ေတြပဲ ေနာက္တစ္ဆင့္ကို တက္လွမ္းသြားဖို႔ ရွိေနမယ္လို႔ ခန႔္မွန္းရပါတယ္။

ၾကာသပေတးေန႔ညမွာေတာ့ ကာရာေဘာင္းဖလား ၁၆ သင္း ရႈံးထြက္အဆင့္ရဲ႕ အႀကီးမားဆုံး ပြဲစဥ္ျဖစ္တဲ့ မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တို႔ရဲ႕ Big Match ကို ေတြ႕ျမင္ရဖို႔ ရွိေနၿပီး ႏွစ္သင္းစလုံးအေနနဲ႔ အစဥ္အလာမပ်က္ ႏိုင္ပြဲအတြက္ တိုက္ပြဲဝင္ၾကဖို႔ ရွိေနသလို ကမာၻ႔ဖလားမွာ ပြဲပိုပန္းထားတဲ့ မန္စီးတီးတို႔ကို လီဗာပူးလ္တို႔ စားသြားရင္ေတာ့ မဆန္းေလာက္ဘူးလို႔လည္း ယူဆရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.