Premier League

ဆွန်တလွဲကန်လိုက်တာက ဂန်းနားတွေနှလုံးသားဖြစ်ခဲ့ပြီး စီးတီးကို ချန်ပီယံဖြစ်ခွင့်ပေးခဲ့တဲ့ စပါး

အင်္ဂါနေ့ညက ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲဟာ ဒီရာသီရဲ့ ဖျော်ဖြေမှုအပေးစွမ်းနိုင်ဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးက ဂိုးမှာ ဗီကာရီယို၊ ခံစစ်မှာ ပေါ်ရို၊ ဗန်ဒီဗင်၊ ဒရာဂူဆင်၊ ရိုမဲရိုး၊ ကွင်းလယ်မှာ ဘန်တန်ကာ၊ ဟော့ဂျက်၊ မက်ဒီဆင်၊ ဆား၊ တိုက်စစ်မှာ ဂျွန်ဆင်နဲ့ ဆွန်ဟောင်မင်တို့ကို ပွဲထုတ်ခဲ့ပါတယ်။

မန်စီးတီးကလည်း ဂိုး အီဒါဆန်၊ ခံစစ်မှာ ဂဗာဒီယောလ်၊ အကန်းဂျိ၊ ဒီယက်စ်၊ ဝေါ်ကာ၊ ကွင်းလယ်မှာ ကိုဗာချစ်၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဖိုဒန်၊ ဆေးလ်ဗား၊ တိုက်စစ်မှာ ဟာလန်းကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။

ပထမပိုင်းစကတည်းက အိမ်ရှင်စပါးရော မန်စီးတီးပါ အပြန်အလှန်ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြပြီး အီဒါဆန်နဲ့ ဗီကာရီယိုတို့ လက်စွမ်းပြကာကွယ်နိုင်ခဲ့ကြလို့သာ ဂိုးတွေမမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲမှာ စိတ်အပင်ပန်းဆုံးဖြစ်ခဲ့တဲ့သူကတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာဖြစ်ခဲ့ပြီး ကွင်းဘေးစည်းကနေ ကစားသမားတွေကို အော်ငေါက်လိုက်၊ ဂိုးပေးခံရနီးဆိုရင် နှလုံးရပ်ပြီး လဲကျမလိုဖြစ်လိုက်နဲ့ တော်တော်လေး စိတ်ခံစားမှု ပြင်းထန်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစောပိုင်းမှာ တစ်ပွဲလုံး လက်စွမ်းပြနေတဲ့ အီဒါဆန် စပါးကစားသမားနဲ့ ထိခိုက်မိပြီးနောက် ကွင်းထဲမှာ ဆေးကုသမှုခံခဲ့ရပြီး အစိုးရိမ်လွန်နေတဲ့ ဂွါဒီယိုလာက ဘရာဇီးလ်ဂိုးသမားကို ထုတ်ပြီး အော်တေဂါနဲ့ လဲခဲ့လို့ ကွင်းဘေးစည်းမှာ ဆရာတပည့် ၂ ယောက် စကားများခဲ့ကြပါသေးတယ်။

မန်စီးတီးအတွက် အသက်တမျှ အရေးပါတဲ့ ဦးဆောင်ဂိုးကို ၅၁ မိနစ်မှာ ဒီဘရိုင်းနားရဲ့ ညာတောင်ပံကနေ အလယ်ကို ထိုးပေးလိုက်တာကို ဟာလန်းက ချိန်သားကိုက် ပြေးဝင် ပိတ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးက ချေပဂိုး သွင်းယူဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမယ့် အော်တေဂါ ကြောက်မက်ဖွယ် လက်စွမ်းပြနေခဲ့ပြီး ၈၅ မိနစ်မှာ ဆွန်ဟောင်မင် ရွှေရောင်အခွင့်အရေးကို ဖြုန်းတီးခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ ဂိုးရှေ့ကို ဘောလုံးနဲ့အတူ ပြေးလွှားသွားခဲ့ပြီး ဂွါဒီယိုလာဆိုရင် ချေပဂိုး ပေးရပြီဆိုပြီး ရင်တထိတ်ထိတ်နဲ့ နောက်ပြန်လန်နေပြီး ထိုင်မရထမရအနေအထားကြီးဖြစ်နေတဲ့အထိ စိတ်ဖိစီးခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆွန်ရဲ့ ကန်ချက်က အော်တေဂါရဲ့ ညာခြေနဲ့ ထိမှန်ခဲ့ပြီး လွဲချော်သွားခဲ့ပြီး အဲဒီအချိန်ကျမှ ဂွါဒီယိုလာလည်း ရင်ထဲက အလုံးကြီးကျပြီး မြက်ခင်းပေါ် နောက်ပြန်ပက်လက်လန်ကျသွားပါတော့တယ်။

ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၀+၁ မိနစ်မှာ ဒိုကုကို ပင်နယ်တီဧရိယာထဲမှာ ပေါ်ရို ဖျက်ထုတ်ဖို့ ကြိုးပမ်းရာမှာ ဘောလုံးမထိဘဲ ခြေချိတ်သလိုဖြစ်သွားခဲ့လို့ မန်စီးတီးတို့ ပင်နယ်တီ ရခဲ့ပါတယ်။

ပင်နယ်တီကို အာလင်း ဟာလန်းကပဲ အမှားအယွင်းမရှိ ကန်သွင်းယူပြီး မန်ချက်စတာစီးတီးကို ၂-၀ နိုင်ပွဲနဲ့ ၄ နှစ်ဆက် သမိုင်းဝင် ပရီးမီးယားလိဂ်ဖလားယူဖို့ နောက်ဆုံးခြေတလှမ်းရှိရာကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ အာဆင်နယ်ထက် ၁ မှတ်အသာနဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပြီး ရာသီပိတ်ပွဲစဉ်အပြီးမှာ ဘယ်သူက ချန်ပီယံလဲဆိုတာ အဖြေသိရတော့မှာဖြစ်ပါတယ်။

SporsA2Z

Zawgyi

အဂၤါေန႔ညက ကစားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ မန္ခ်က္စတာစီးတီးတို႔ရဲ႕ပြဲဟာ ဒီရာသီရဲ႕ ေဖ်ာ္ေျဖမႈအေပးစြမ္းႏိုင္ဆုံးပြဲစဥ္ေတြထဲက တစ္ပြဲျဖစ္ခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးက ဂိုးမွာ ဗီကာရီယို၊ ခံစစ္မွာ ေပၚ႐ို၊ ဗန္ဒီဗင္၊ ဒရာဂူဆင္၊ ႐ိုမဲ႐ိုး၊ ကြင္းလယ္မွာ ဘန္တန္ကာ၊ ေဟာ့ဂ်က္၊ မက္ဒီဆင္၊ ဆား၊ တိုက္စစ္မွာ ဂြၽန္ဆင္နဲ႔ ဆြန္ေဟာင္မင္တို႔ကို ပြဲထုတ္ခဲ့ပါတယ္။

မန္စီးတီးကလည္း ဂိုး အီဒါဆန္၊ ခံစစ္မွာ ဂဗာဒီေယာလ္၊ အကန္းဂ်ိ၊ ဒီယက္စ္၊ ေဝၚကာ၊ ကြင္းလယ္မွာ ကိုဗာခ်စ္၊ ႐ိုဒရီ၊ ဒီဘ႐ိုင္းနား၊ ဖိုဒန္၊ ေဆးလ္ဗား၊ တိုက္စစ္မွာ ဟာလန္းကို အေထာင္ထားၿပီး ပြဲထြက္လာခဲ့ပါတယ္။

ပထမပိုင္းစကတည္းက အိမ္ရွင္စပါးေရာ မန္စီးတီးပါ အျပန္အလွန္ဂိုးေပါက္ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ခဲ့ၾကၿပီး အီဒါဆန္နဲ႔ ဗီကာရီယိုတို႔ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ၾကလို႔သာ ဂိုးေတြမျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲမွာ စိတ္အပင္ပန္းဆုံးျဖစ္ခဲ့တဲ့သူကေတာ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာျဖစ္ခဲ့ၿပီး ကြင္းေဘးစည္းကေန ကစားသမားေတြကို ေအာ္ေငါက္လိုက္၊ ဂိုးေပးခံရနီးဆိုရင္ ႏွလုံးရပ္ၿပီး လဲက်မလိုျဖစ္လိုက္နဲ႔ ေတာ္ေတာ္ေလး စိတ္ခံစားမႈ ျပင္းထန္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအေစာပိုင္းမွာ တစ္ပြဲလုံး လက္စြမ္းျပေနတဲ့ အီဒါဆန္ စပါးကစားသမားနဲ႔ ထိခိုက္မိၿပီးေနာက္ ကြင္းထဲမွာ ေဆးကုသမႈခံခဲ့ရၿပီး အစိုးရိမ္လြန္ေနတဲ့ ဂြါဒီယိုလာက ဘရာဇီးလ္ဂိုးသမားကို ထုတ္ၿပီး ေအာ္ေတဂါနဲ႔ လဲခဲ့လို႔ ကြင္းေဘးစည္းမွာ ဆရာတပည့္ ၂ ေယာက္ စကားမ်ားခဲ့ၾကပါေသးတယ္။

မန္စီးတီးအတြက္ အသက္တမွ် အေရးပါတဲ့ ဦးေဆာင္ဂိုးကို ၅၁ မိနစ္မွာ ဒီဘ႐ိုင္းနားရဲ႕ ညာေတာင္ပံကေန အလယ္ကို ထိုးေပးလိုက္တာကို ဟာလန္းက ခ်ိန္သားကိုက္ ေျပးဝင္ ပိတ္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးက ေခ်ပဂိုး သြင္းယူဖို႔ အျပင္းအထန္ ႀကိဳးစားခဲ့ေပမယ့္ ေအာ္ေတဂါ ေၾကာက္မက္ဖြယ္ လက္စြမ္းျပေနခဲ့ၿပီး ၈၅ မိနစ္မွာ ဆြန္ေဟာင္မင္ ေ႐ႊေရာင္အခြင့္အေရးကို ျဖဳန္းတီးခဲ့ပါတယ္။

ဆြန္ေဟာင္မင္ဟာ ဂိုးေရွ႕ကို ေဘာလုံးနဲ႔အတူ ေျပးလႊားသြားခဲ့ၿပီး ဂြါဒီယိုလာဆိုရင္ ေခ်ပဂိုး ေပးရၿပီဆိုၿပီး ရင္တထိတ္ထိတ္နဲ႔ ေနာက္ျပန္လန္ေနၿပီး ထိုင္မရထမရအေနအထားႀကီးျဖစ္ေနတဲ့အထိ စိတ္ဖိစီးခဲ့ပါတယ္။

ဒါေပမယ့္လည္း ဆြန္ရဲ႕ ကန္ခ်က္က ေအာ္ေတဂါရဲ႕ ညာေျခနဲ႔ ထိမွန္ခဲ့ၿပီး လြဲေခ်ာ္သြားခဲ့ၿပီး အဲဒီအခ်ိန္က်မွ ဂြါဒီယိုလာလည္း ရင္ထဲက အလုံးႀကီးက်ၿပီး ျမက္ခင္းေပၚ ေနာက္ျပန္ပက္လက္လန္က်သြားပါေတာ့တယ္။

ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၀+၁ မိနစ္မွာ ဒိုကုကို ပင္နယ္တီဧရိယာထဲမွာ ေပၚ႐ို ဖ်က္ထုတ္ဖို႔ ႀကိဳးပမ္းရာမွာ ေဘာလုံးမထိဘဲ ေျခခ်ိတ္သလိုျဖစ္သြားခဲ့လို႔ မန္စီးတီးတို႔ ပင္နယ္တီ ရခဲ့ပါတယ္။

ပင္နယ္တီကို အာလင္း ဟာလန္းကပဲ အမွားအယြင္းမရွိ ကန္သြင္းယူၿပီး မန္ခ်က္စတာစီးတီးကို ၂-၀ ႏိုင္ပြဲနဲ႔ ၄ ႏွစ္ဆက္ သမိုင္းဝင္ ပရီးမီးယားလိဂ္ဖလားယူဖို႔ ေနာက္ဆုံးေျခတလွမ္းရွိရာကို ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဒီႏိုင္ပြဲေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးမွာ အာဆင္နယ္ထက္ ၁ မွတ္အသာနဲ႔ ျပန္လည္ ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ရာသီပိတ္ပြဲစဥ္အၿပီးမွာ ဘယ္သူက ခ်န္ပီယံလဲဆိုတာ အေျဖသိရေတာ့မွာျဖစ္ပါတယ္။

SporsA2Z