Premier League

မက်ဆီရဲ့အတုမရှိအောင်ပွဲကို ချီးကျူးခဲ့ကြတဲ့ အားကစားလောက စူပါစတားများ

လီယွန်နယ် မက်ဆီဟာ တနင်္ဂနွေနေ့ညမှာ ကစားသမားဘဝတလျှောက် စောင့်ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ပြီဖြစ်ပြီး ဒီထက်ပိုပြီး ပြီးပြည့်စုံတဲ့အောင်မြင်မှုမျိုး ထပ်မရှိနိုင်တော့တာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လီယွန်နယ် မက်ဆီရဲ့ ပြိုင်ပွဲဖြစ်လိမ့်မယ်ဆိုတဲ့ ခံစားချက်တွေက ပြိုင်ပွဲမစတင်ခင်ကတည်းက ရှိခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ တသက်တာအကောင်းဆုံးကစားသမားဟာ လှပတဲ့အားကစားပြိုင်ပွဲကို ဂုဏ်ကျက်သရေ ထွန်းလင်းစေခဲ့ပြီဖြစ်ပါတယ်။

ရိုဆာရီယိုက လူကောင်သေးငယ်လှတဲ့ ကလေးတစ်ယောက်ဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မမေ့နိုင်စရာ အဖြစ်အပျက်တွေကို စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ဘယ်သူကမှ ထင်မှတ်ခဲ့မှာမဟုတ်ဘဲ ဆော်ဒီ အာရေဗျနဲ့ပွဲစဉ်က စိတ်ပျက်အားလျော့မှုတွေကနေ ကမ္ဘာ့ဘောလုံးလောကရဲ့ အထွတ်အထိပ်ထိ ရောက်ရှိနိုင်ခဲ့တာက ပိုလို့တောင် အံ့အားသင့်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဟာ ပြင်သစ်နဲ့ပွဲစဉ် မိနစ် ၈၀ မတိုင်ခင်အထိ ကမ္ဘာ့ဖလားကို သက်တောင့်သက်သာနဲ့ ကိုင်မြှောက်သွားနိုင်တော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပြီး မက်ဆီက အဖွင့်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပြီးနောက် ဒီမာရီယာက ၃၆ မိနစ်မှာ နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းပွဲကစားချိန်ပြီးဆုံးဖို့ ၁၀ မိနစ်အလိုမှာ ပွဲအခြေအနေက ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး အမ်ဘာပေက ပင်နယ်တီကနေ ချေပဂိုးသွင်းယူပြီးနောက် ၂ မိနစ်အကြာမှာ နောက်ထပ် ချေပဂိုးကို ထပ်မံ သွင်းယူသွားခဲ့တာကြောင့် အချိန်ပိုအထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

အချိန်ပို ဒုတိယပိုင်း အစောပိုင်းမှာ လီယွန်နယ် မက်ဆီက လော်တာရို မာတီနက်ဇ် ကန်သွင်းလိုက်ရာကနေ လျှံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းယူနိုင်ခဲ့တာကြောင့် လူဆေးလ်ကွင်းတစ်ကွင်းလုံး လျှံထွက်မတက် အောင်ပွဲခံသံတွေ ပွက်ပွက်ညံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာကျင်အချိန်ပိုဒုတိယပိုင်း ပြီးဆုံးခါနီး ၂ မိနစ်အလိုမှာ အမ်ဘာပေက နောက်ထပ်တစ်ကြိမ် ပင်နယ်တီကနေ ချေပဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ပွဲအခြေအနေက ချက်ချင်း ပြန်လည်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာ ကင်းစလေ ကိုမန်းနဲ့ ချွင်မင်နီတို့ လွဲချော်ခဲ့တာကြောင့် အာဂျင်တီးနားအသင်းက ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ကမ္ဘာ့ဖလားကို ထိုက်ထိုက်တန်တန် ကိုင်မြှောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဟာ လီယွန်နယ် မက်ဆီအတွက်တော့ ဘောလုံးပဟေဋ္ဌိထဲက ပျောက်ဆုံးနေတဲ့ နောက်ဆုံးအပိုင်းအစတစ်ခုဖြစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးရဲ့ တောက်ပတဲ့ ကစားသမားဘဝဟာ အခမ်းနားဆုံးအောင်မြင်မှုတွေနဲ့ ပြည့်စုံသွားခဲ့ပြီဆိုတာကို သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။

အားကစားလောကထဲက အကြီးမားဆုံး ကြယ်ပွင့်တွေထဲက အချို့ဟာ အာဂျင်တီးနားနဲ့ လီယွန်နယ် မက်ဆီတို့ရဲ့ အတုမရှိ အောင်ပွဲအတွက် လူမှုကွန်ရက်ပေါ်မှာ တုံ့ပြန်ခဲ့ကြပြီး ဘရာဇီးလ်ဂန္တဝင် ပီလီက “ဒီနေ့ ဘောလုံးက အမြဲတမ်းဖြစ်ခဲ့တဲ့အတိုင်းပဲ သူ့ရဲ့ဇာတ်လမ်းကို စွဲမက်ဖွယ်ပုံစံနဲ့ ဆက်ပြီးပြောပြနေပါတယ်။ မက်ဆီက သူ့ရဲ့ ပထမဆုံးကမ္ဘာ့ဖလားကို အနိုင်ရရှိခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ထိုက်တန်ခဲ့ပါတယ်”

“ကျွန်တော့်ရဲ့ ချစ်လှစွာသော သူငယ်ချင်း အမ်ဘာပေက ဗိုလ်လုပွဲမှာ ၄ ဂိုးသွင်းယူခဲ့တယ်။ ကျွန်တော်တို့ အားကစားရဲ့အနာဂတ်အတွက် ဒီလို စွမ်းဆောင်ရည်ကို ကြည့်ရှုခွင့်ရတာ ကောင်းလိုက်တဲ့ လက်ဆောင်ပါပဲ။ ပြီးတော့ မယုံနိုင်စရာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မော်ရိုကိုအသင်းကိုလည်း ဂုဏ်ပြုဖို့ ပျက်ကွက်လို့မရပါဘူး။ အာဖရိကတောက်ပတာကို မြင်တွေ့ရတာ အရမ်းကောင်းပါတယ်။ ဂုဏ်ပြုပါတယ် အာဂျင်တီးနား။ ဒီယေဂိုကတော့ အခုပြုံးနေမှာ အသေအချာပါပဲ”လို့ အင်စတာာဂရမ်မှာ ရေးသားခဲ့ပါတယ်။ ဖိလစ်ပိုင် လက်ဝှေ့ကျော် မန်နီ ပတ်ကွီအိုကလည်း “မက်ဆီ။ ခင်ဗျားအတွက် အရမ်းပျော်တယ်။ ကြီးမြတ်တဲ့ GOAT ကြီး”လို့ ချီးကျူးခဲ့ပြီး “မက်ဆီက တသက်တာအကောင်းဆုံးအားကစားသမားလား။ ဘောလုံးပဲ ဆိုတာကို မေ့လိုက်ပါ။ ကောင်းလိုက်တဲ့လူ”လို့ တင်းနစ်မီဂါစတား အန်ဒီ မာရေးကလည်း ချီးကျူးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ တနဂၤေႏြေန႔ညမွာ ကစားသမားဘဝတေလွ်ာက္ ေစာင့္ဆိုင္းခဲ့ရတဲ့ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ၿပီျဖစ္ၿပီး ဒီထက္ပိုၿပီး ၿပီးျပည့္စုံတဲ့ေအာင္ျမင္မႈမ်ိဳး ထပ္မရွိႏိုင္ေတာ့တာျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ လီယြန္နယ္ မက္ဆီရဲ႕ ၿပိဳင္ပြဲျဖစ္လိမ့္မယ္ဆိုတဲ့ ခံစားခ်က္ေတြက ၿပိဳင္ပြဲမစတင္ခင္ကတည္းက ရွိခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ တသက္တာအေကာင္းဆုံးကစားသမားဟာ လွပတဲ့အားကစားၿပိဳင္ပြဲကို ဂုဏ္က်က္သေရ ထြန္းလင္းေစခဲ့ၿပီျဖစ္ပါတယ္။

႐ိုဆာရီယိုက လူေကာင္ေသးငယ္လွတဲ့ ကေလးတစ္ေယာက္ဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မေမ့ႏိုင္စရာ အျဖစ္အပ်က္ေတြကို စြမ္းေဆာင္ေပးႏိုင္လိမ့္မယ္လို႔ ဘယ္သူကမွ ထင္မွတ္ခဲ့မွာမဟုတ္ဘဲ ေဆာ္ဒီ အာေရဗ်နဲ႔ပြဲစဥ္က စိတ္ပ်က္အားေလ်ာ့မႈေတြကေန ကမာၻ႔ေဘာလုံးေလာကရဲ႕ အထြတ္အထိပ္ထိ ေရာက္ရွိႏိုင္ခဲ့တာက ပိုလို႔ေတာင္ အံ့အားသင့္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားဟာ ျပင္သစ္နဲ႔ပြဲစဥ္ မိနစ္ ၈၀ မတိုင္ခင္အထိ ကမာၻ႔ဖလားကို သက္ေတာင့္သက္သာနဲ႔ ကိုင္ေျမႇာက္သြားႏိုင္ေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ၿပီး မက္ဆီက အဖြင့္ဂိုးကို ပင္နယ္တီကေန သြင္းယူေပးခဲ့ၿပီးေနာက္ ဒီမာရီယာက ၃၆ မိနစ္မွာ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒုတိယပိုင္းပြဲကစားခ်ိန္ၿပီးဆုံးဖို႔ ၁၀ မိနစ္အလိုမွာ ပြဲအေျခအေနက ႐ုတ္တရက္ေျပာင္းလဲသြားခဲ့ၿပီး အမ္ဘာေပက ပင္နယ္တီကေန ေခ်ပဂိုးသြင္းယူၿပီးေနာက္ ၂ မိနစ္အၾကာမွာ ေနာက္ထပ္ ေခ်ပဂိုးကို ထပ္မံ သြင္းယူသြားခဲ့တာေၾကာင့္ အခ်ိန္ပိုအထိ ဆက္လက္ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။

အခ်ိန္ပို ဒုတိယပိုင္း အေစာပိုင္းမွာ လီယြန္နယ္ မက္ဆီက ေလာ္တာ႐ို မာတီနက္ဇ္ ကန္သြင္းလိုက္ရာကေန လွ်ံထြက္လာတဲ့ ေဘာလုံးကို ပိတ္သြင္းယူႏိုင္ခဲ့တာေၾကာင့္ လူေဆးလ္ကြင္းတစ္ကြင္းလုံး လွ်ံထြက္မတက္ ေအာင္ပြဲခံသံေတြ ပြက္ပြက္ညံခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း နာက်င္အခ်ိန္ပိုဒုတိယပိုင္း ၿပီးဆုံးခါနီး ၂ မိနစ္အလိုမွာ အမ္ဘာေပက ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီကေန ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့တာေၾကာင့္ ပြဲအေျခအေနက ခ်က္ခ်င္း ျပန္လည္ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။ ပင္နယ္တီ အဆုံးအျဖတ္မွာ ကင္းစေလ ကိုမန္းနဲ႔ ခြၽင္မင္နီတို႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ အာဂ်င္တီးနားအသင္းက ၄-၂ နဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး ကမာၻ႔ဖလားကို ထိုက္ထိုက္တန္တန္ ကိုင္ေျမႇာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ကမာၻ႔ဖလားဟာ လီယြန္နယ္ မက္ဆီအတြက္ေတာ့ ေဘာလုံးပေဟ႒ိထဲက ေပ်ာက္ဆုံးေနတဲ့ ေနာက္ဆုံးအပိုင္းအစတစ္ခုျဖစ္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးရဲ႕ ေတာက္ပတဲ့ ကစားသမားဘဝဟာ အခမ္းနားဆုံးေအာင္ျမင္မႈေတြနဲ႔ ျပည့္စုံသြားခဲ့ၿပီဆိုတာကို သံသယျဖစ္စရာမရွိတာျဖစ္ပါတယ္။

အားကစားေလာကထဲက အႀကီးမားဆုံး ၾကယ္ပြင့္ေတြထဲက အခ်ိဳ႕ဟာ အာဂ်င္တီးနားနဲ႔ လီယြန္နယ္ မက္ဆီတို႔ရဲ႕ အတုမရွိ ေအာင္ပြဲအတြက္ လူမႈကြန္ရက္ေပၚမွာ တုံ႔ျပန္ခဲ့ၾကၿပီး ဘရာဇီးလ္ဂႏၲဝင္ ပီလီက “ဒီေန႔ ေဘာလုံးက အၿမဲတမ္းျဖစ္ခဲ့တဲ့အတိုင္းပဲ သူ႔ရဲ႕ဇာတ္လမ္းကို စြဲမက္ဖြယ္ပုံစံနဲ႔ ဆက္ၿပီးေျပာျပေနပါတယ္။ မက္ဆီက သူ႔ရဲ႕ ပထမဆုံးကမာၻ႔ဖလားကို အႏိုင္ရရွိခဲ့ၿပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ထိုက္တန္ခဲ့ပါတယ္”

“ကြၽန္ေတာ့္ရဲ႕ ခ်စ္လွစြာေသာ သူငယ္ခ်င္း အမ္ဘာေပက ဗိုလ္လုပြဲမွာ ၄ ဂိုးသြင္းယူခဲ့တယ္။ ကြၽန္ေတာ္တို႔ အားကစားရဲ႕အနာဂတ္အတြက္ ဒီလို စြမ္းေဆာင္ရည္ကို ၾကည့္ရႈခြင့္ရတာ ေကာင္းလိုက္တဲ့ လက္ေဆာင္ပါပဲ။ ၿပီးေတာ့ မယုံႏိုင္စရာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ေမာ္႐ိုကိုအသင္းကိုလည္း ဂုဏ္ျပဳဖို႔ ပ်က္ကြက္လို႔မရပါဘူး။ အာဖရိကေတာက္ပတာကို ျမင္ေတြ႕ရတာ အရမ္းေကာင္းပါတယ္။ ဂုဏ္ျပဳပါတယ္ အာဂ်င္တီးနား။ ဒီေယဂိုကေတာ့ အခုၿပဳံးေနမွာ အေသအခ်ာပါပဲ”လို႔ အင္စတာာဂရမ္မွာ ေရးသားခဲ့ပါတယ္။ ဖိလစ္ပိုင္ လက္ေဝွ႔ေက်ာ္ မန္နီ ပတ္ကြီအိုကလည္း “မက္ဆီ။ ခင္ဗ်ားအတြက္ အရမ္းေပ်ာ္တယ္။ ႀကီးျမတ္တဲ့ GOAT ႀကီး”လို႔ ခ်ီးက်ဴးခဲ့ၿပီး “မက္ဆီက တသက္တာအေကာင္းဆုံးအားကစားသမားလား။ ေဘာလုံးပဲ ဆိုတာကို ေမ့လိုက္ပါ။ ေကာင္းလိုက္တဲ့လူ”လို႔ တင္းနစ္မီဂါစတား အန္ဒီ မာေရးကလည္း ခ်ီးက်ဴးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.