Match Report Premier League

ဘုန်းမောက်ကို ဂိုးပြတ်အနိုင်ယူပြီး ဖလားပြိုင်ပွဲမှာ စီးတီးကို ဖိအားဆက်ပေးနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ စနေနေ့ နေ့လယ်အစောပိုင်းပွဲစဉ်ဖြစ်တဲ့ ဘုန်းမောက်နဲ့ပွဲမှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ မန်ချက်စတာစီးတီးကို နောက်ထပ် ဖိအားတွေ ပေးနိုင်ခဲ့ပါပြီ။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ ယနေ့ညမှာ ဝုဗ်နဲ့ ကစားရမယ့် မန်ချက်စတာစီးတီးထက် ၄ မှတ်အသာကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းအတွက် ဝံပုလွေတွေနဲ့ပွဲမတိုင်ခင် ဖိအားတွေ ပိုမိုမြင့်တက်လာစေခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ စနေနေ့ နေ့လယ်ပွဲစဉ် အချိန်အများစုကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ၄၅ မိနစ်မှာ ကိုင်ဟာဗတ်ဇ်ကို ဘုန်းမောက်ဂိုးသမား လှဲချခဲ့လို့ ရခဲ့တဲ့ ပင်နယ်တီကနေ ဆာကာက အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒုတိယပိုင်း မိနစ် ၇၀ မှာ ဒီကလန် ရိုက် လှလှပပပေးပို့လိုက်တဲ့ ဘောလုံးကို ထရော့ဆာ့ဒ်က ပင်နယ်တီဧရိယာထဲမှာ အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ အဆုံးသတ်ပေးခဲ့တဲ့အတွက် နောက်ထပ်ဦးဆောင်ဂိုးရခဲ့ပါတယ်။

ဘုန်းမောက်က သိပ်မကြာခင်မှာပဲ ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒေးဗစ် ရာယာကို ဆိုလန်ကီက တိုက်စစ်စတင်ချိန်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ VAR နဲ့ ဒိုင်လူကြီးက ဆုံးဖြတ်ခဲ့တာကြောင့် ဂိုးပယ်ဖျက်ခံခဲ့ရပါတယ်။

အာဆင်နယ်အတွက် တတိယမြောက် ဦးဆောင်ဂိုးကို ဒီကလန် ရိုက်က ၉၀+၇ မိနစ်မှာ ဂျေးဇုရဲ့ လှလှပပ လှည့်ထွက်ပြီး ပေးပို့မှုကနေတဆင့် အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ညာဘက် ဂိုးတိုင်နားကနေ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္ဟာ စေနေန႔ ေန႔လယ္အေစာပိုင္းပြဲစဥ္ျဖစ္တဲ့ ဘုန္းေမာက္နဲ႔ပြဲမွာ ၃-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ မန္ခ်က္စတာစီးတီးကို ေနာက္ထပ္ ဖိအားေတြ ေပးႏိုင္ခဲ့ပါၿပီ။

ဒီႏိုင္ပြဲေၾကာင့္ အာဆင္နယ္ဟာ ယေန႔ညမွာ ဝုဗ္နဲ႔ ကစားရမယ့္ မန္ခ်က္စတာစီးတီးထက္ ၄ မွတ္အသာကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းအတြက္ ဝံပုေလြေတြနဲ႔ပြဲမတိုင္ခင္ ဖိအားေတြ ပိုမိုျမင့္တက္လာေစခဲ့တာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ စေနေန႔ ေန႔လယ္ပြဲစဥ္ အခ်ိန္အမ်ားစုကို လႊမ္းမိုးထားႏိုင္ခဲ့ၿပီး ၄၅ မိနစ္မွာ ကိုင္ဟာဗတ္ဇ္ကို ဘုန္းေမာက္ဂိုးသမား လွဲခ်ခဲ့လို႔ ရခဲ့တဲ့ ပင္နယ္တီကေန ဆာကာက အမွားအယြင္းမရွိ အဆုံးသတ္ေပးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဒုတိယပိုင္း မိနစ္ ၇၀ မွာ ဒီကလန္ ႐ိုက္ လွလွပပေပးပို႔လိုက္တဲ့ ေဘာလုံးကို ထေရာ့ဆာ့ဒ္က ပင္နယ္တီဧရိယာထဲမွာ အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔ အဆုံးသတ္ေပးခဲ့တဲ့အတြက္ ေနာက္ထပ္ဦးေဆာင္ဂိုးရခဲ့ပါတယ္။

ဘုန္းေမာက္က သိပ္မၾကာခင္မွာပဲ ေခ်ပဂိုး ျပန္သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ေဒးဗစ္ ရာယာကို ဆိုလန္ကီက တိုက္စစ္စတင္ခ်ိန္မွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လို႔ VAR နဲ႔ ဒိုင္လူႀကီးက ဆုံးျဖတ္ခဲ့တာေၾကာင့္ ဂိုးပယ္ဖ်က္ခံခဲ့ရပါတယ္။

အာဆင္နယ္အတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို ဒီကလန္ ႐ိုက္က ၉၀+၇ မိနစ္မွာ ေဂ်းဇုရဲ႕ လွလွပပ လွည့္ထြက္ၿပီး ေပးပို႔မႈကေနတဆင့္ အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ညာဘက္ ဂိုးတိုင္နားကေန ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.