Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၇.၉.၂၀၂၀


– ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားသစ္ေတြေၾကာင့္ အသင္းကေန ထြက္ခြာဖို႔ ရွိလာႏုိင္သူတစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ ေရာ့စ္ ဘာကလီကို ဒီရာသီမွာ ႀကီးႀကီးမားမားျပင္ဆင္ေနတဲ့ အက္စတန္ဗီလာအသင္းက ေခၚယူဖို႔ ႀကဳိးစားေနၿပီး ေပါင္ ၁၅ သန္း အသုံးျပဳဖြယ္ရွိေန။

– ဒက္ကလန္ ႐ိုက္စ္ကို နည္းျပ ဖရန္႔ လမ္းပတ္က အလိုရွိေနေပမယ့္လည္း အသင္းရဲ႕ တာဝန္ရွိသူေတြနဲ႔ သေဘာထားခ်င္း အျပည့္အဝ မတုိက္ဆိုင္တာေၾကာင့္ ဒီရာသီမွာ ေခၚယူဖို႔ ျဖစ္ႏိုင္ေျခနည္းေနၿပီး အန္ဂိုလို ကြန္ေတနဲ႔ပဲ ကြင္းလယ္အဖ်က္ကစားရဖို႔ ရွိေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေကာ့ဘ္ဟမ္ ေလ့က်င့္ေရးစင္တာမွာ ေနာက္ခံလူသစ္ေတြျဖစ္ၾကတဲ့ သီယာဂို ေဆးလ္ဗားနဲ႔ ဘန္ ေခ်းလ္ဝဲလ္တုိ႔ ျပန္လည္ေလ့က်င့္ေနၾကၿပီျဖစ္ၿပီး ခက္ခဲတဲ့ ၿပဳိင္ဘက္ျဖစ္တဲ့ လီဗာပူးလ္နဲ႔ ရင္ဆုိင္ရမယ့္ လမ္းပတ္အတြက္ အားတက္စရာျဖစ္လာ။

– ဘ႐ိုက္တန္နဲ႔ပြဲမွာ တုိက္စစ္ဆင္လာခ်ိန္မွာ ေနာက္က အသင့္လုိက္ပါလာခဲ့တဲ့ အသင္းေဖာ္ ဟာဗတ္ဇ္ကို ျပန္လည္ဖန္တီးေပးရမယ့္အစား ေထာင့္က်ဥ္းထဲကို ကန္ၿပီး ျဖဳန္းတီးမိခဲ့တဲ့ တုိက္စစ္မွဴး တီမို ဗာနာက ေတာင္းပန္သြားခဲ့။

– ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးသမားသစ္ျဖစ္လာမယ့္ ေအဒူယာ မန္ဒီအေနနဲ႔ ရင္းေနးအသင္းကေန အျမန္ဆုံးေရာက္ရွိလာလိမ့္မယ္လို႔ စကိုင္း စပုိ႔စ္ရဲ႕ တင္ဆက္သူတစ္ဦးျဖစ္တဲ့ ကာဗာ ဆုိလ္ဟီေကာလ္က သူ႕ရဲ႕ အေျပာင္းအေရႊ႕အစီအစဥ္မွာ ေျပာၾကားသြားခဲ့။

– ဘာကာယိုကို,ကို ေခၚယူဖို႔ သိပ္စိတ္မပါေတာ့တဲ့ ေအစီမီလန္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတုိ႔ၾကားမွာ အငွားေၾကး ယူ႐ို ၃ သန္း၊ ရာသီကုန္မွာ ယူ႐ိုသန္း ၃၀ နဲ႔ ေခၚယူခြင့္နဲ႔ သေဘာတူညီခဲ့ေပမယ့္ ဒီၾကားထဲမွာ ဝယ္လက္သစ္ ရွာေတြ႕ခဲ့ရင္လည္း ေရာင္းခ်သြားႏုိင္ဖို႔ပါ နားလည္မွဳ ထားရွိခဲ့တယ္လုိ႔ဆုိ။

– ခ်ဲလ္ဆီးေနာက္ခံလူ ဖီကာယို တုိမိုရီကို အငွားနဲ႔ ေခၚယူဖို႔ အဲဗာတန္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတုိ႔ၾကားမွာ မူအားျဖင့္ သေဘာတူညီထားခဲ့ေပမယ့္ လက္ရွိမွာေတာ့ ကစားသမားရဲ႕ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဆက္ေနၿပီး တုိက္ပြဲဝင္ခ်င္တဲ့ ဆႏၵေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္ဖို႔ ခက္ခဲလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:
– ချဲလ်ဆီးအသင်းရဲ့ ကစားသမားသစ်တွေကြောင့် အသင်းကနေ ထွက်ခွာဖို့ ရှိလာနိုင်သူတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ရော့စ် ဘာကလီကို ဒီရာသီမှာ ကြီးကြီးမားမားပြင်ဆင်နေတဲ့ အက်စတန်ဗီလာအသင်းက ခေါ်ယူဖို့ ကြိုးစားနေပြီး ပေါင် ၁၅ သန်း အသုံးပြုဖွယ်ရှိနေ။

– ဒက်ကလန် ရိုက်စ်ကို နည်းပြ ဖရန့် လမ်းပတ်က အလိုရှိနေပေမယ့်လည်း အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ သဘောထားချင်း အပြည့်အဝ မတိုက်ဆိုင်တာကြောင့် ဒီရာသီမှာ ခေါ်ယူဖို့ ဖြစ်နိုင်ခြေနည်းနေပြီး အန်ဂိုလို ကွန်တေနဲ့ပဲ ကွင်းလယ်အဖျက်ကစားရဖို့ ရှိနေ။

– ချဲလ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ် လေ့ကျင့်ရေးစင်တာမှာ နောက်ခံလူသစ်တွေဖြစ်ကြတဲ့ သီယာဂို ဆေးလ်ဗားနဲ့ ဘန် ချေးလ်ဝဲလ်တို့ ပြန်လည်လေ့ကျင့်နေကြပြီဖြစ်ပြီး ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် လမ်းပတ်အတွက် အားတက်စရာဖြစ်လာ။

– ဘရိုက်တန်နဲ့ပွဲမှာ တိုက်စစ်ဆင်လာချိန်မှာ နောက်က အသင့်လိုက်ပါလာခဲ့တဲ့ အသင်းဖော် ဟာဗတ်ဇ်ကို ပြန်လည်ဖန်တီးပေးရမယ့်အစား ထောင့်ကျဉ်းထဲကို ကန်ပြီး ဖြုန်းတီးမိခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာက တောင်းပန်သွားခဲ့။

– ချဲလ်ဆီးအသင်းရဲ့ ဂိုးသမားသစ်ဖြစ်လာမယ့် အေဒူယာ မန်ဒီအနေနဲ့ ရင်းနေးအသင်းကနေ အမြန်ဆုံးရောက်ရှိလာလိမ့်မယ်လို့ စကိုင်း စပို့စ်ရဲ့ တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကာဗာ ဆိုလ်ဟီကောလ်က သူ့ရဲ့ အပြောင်းအရွှေ့အစီအစဉ်မှာ ပြောကြားသွားခဲ့။

– ဘာကာယိုကို,ကို ခေါ်ယူဖို့ သိပ်စိတ်မပါတော့တဲ့ အေစီမီလန်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ကြားမှာ အငှားကြေး ယူရို ၃ သန်း၊ ရာသီကုန်မှာ ယူရိုသန်း ၃၀ နဲ့ ခေါ်ယူခွင့်နဲ့ သဘောတူညီခဲ့ပေမယ့် ဒီကြားထဲမှာ ဝယ်လက်သစ် ရှာတွေ့ခဲ့ရင်လည်း ရောင်းချသွားနိုင်ဖို့ပါ နားလည်မှု ထားရှိခဲ့တယ်လို့ဆို။

– ချဲလ်ဆီးနောက်ခံလူ ဖီကာယို တိုမိုရီကို အငှားနဲ့ ခေါ်ယူဖို့ အဲဗာတန်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ကြားမှာ မူအားဖြင့် သဘောတူညီထားခဲ့ပေမယ့် လက်ရှိမှာတော့ ကစားသမားရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆက်နေပြီး တိုက်ပွဲဝင်ချင်တဲ့ ဆန္ဒကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ ခက်ခဲလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.