Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏိုက္တက္သတင္းမ်ား စုစည္းမွဳ – ၁၇.၉.၂၀၂၀

– ယူႏုိက္တက္အသင္းဘက္က စိတ္ဝင္စားေနခဲ့ၿပီး ကစားသမားရဲ႕ ပူးေပါင္းေဆာင္ရြက္မွဳကို အလိုရွိေနေပမယ့္လည္း ေဂ်ဒန္ ဆန္ခ်ဳိရဲ႕ ေတာင္းဆုိမွဳကေတာ့ ပါးနပ္တဲ့ ေရႊ႕ကြက္တစ္ကြက္ပဲ ျဖစ္ေနခဲ့ၿပီး ေဒါ့မြန္အသင္းကို ေတာင္းဆုိခဲ့ရာမွာ သူ႕အေနနဲ႔ မန္ခ်က္စတာအသင္းဆီကို ေျပာင္းေရႊ႕ခြင့္ရရင္ ေပ်ာ္ရႊင္မွာျဖစ္တယ္လုိ႔ပဲ အသိေပးခဲ့ေၾကာင္း ဂ်ာနယ္လစ္ေတြ ေဖာ္ျပ။

– ပရိသတ္ေတြ စိတ္ပ်က္ေနခဲ့ၾကတဲ့ အသင္းပုိင္ရွင္ ဂေလဇာမိသားစုေတြထက္ ႏွစ္ဆေက်ာ္ ပိုမိုခ်မ္းသာတဲ့ ႐ုရွားဘီလ်ံနာ မီေခးလ္ ပ႐ိုခိုေရာ့ဗ္အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဝယ္ယူဖို႔ စိတ္ဝင္စားေနတယ္လို႔ ေဒသတြင္း မီဒီယာေတြ ေဖာ္ျပ။

– ရီးရဲလ္မက္ဒရစ္အသင္းကေန ဝယ္ယူဖို႔ ဆက္သြယ္ေနခဲ့တဲ့ ကစားသမားႏွစ္ဦးစလုံးကို နည္းျပေဟာင္း ေမာ္ရင္ညဳိ ကိုင္တြယ္ေနတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ အၿပဳိင္လုရမယ္ဆုိတာကေတာ့ ပရိသတ္ေတြအတြက္ ေဒါသထြက္စရာျဖစ္ခဲ့ၿပီး ေပၚတူဂီသားအေပၚ အမုန္းတရားကို ပုိမုိႀကီးထြားလာေစခဲ့။

– အသင္းရဲ႕ ေရွ႕တန္းမွာ တုိက္စစ္မွဴးေနာက္က ေနရာစုံမွာ အသုံးျပဳႏုိင္တဲ့ ဘရာဇီးလ္ေတာင္ပံကစားသမား ေဒါက္ဂလပ္စ္ ေကာ္စတာကို ေပါင္သန္း ၂၀ နဲ႔ ေခၚယူႏုိင္ဖို႔ နည္းျပ ဆုိးလ္ရွားက အလိုရွိေနၿပီး အေျပာင္းအေရႊ႕ျဖစ္ေပၚဖြယ္ရွိ။

– သူ႕ရဲ႕ ဒုတိယကေလးကို မ်က္ႏွာျမင္ခဲ့တဲ့ အမ်ဳိးသမီးကို အားေပးဖို႔ ေပၚတူဂီျပန္ခဲ့တဲ့ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ အသင္းရဲ႕ ေလ့က်င့္ေရးကြင္းမွာ ျပန္လည္ပူးေပါင္းေလ့က်င့္ေနခဲ့ၿပီး ခရစၥတယ္လ္ ပဲေလ့စ္နဲ႔ပြဲမွာ ပါဝင္ကစားႏုိင္ဖို႔ရွိေန။

– မန္ခ်က္စတာယူႏုိက္တက္ဂိုးသမားေဟာင္းနဲ႔ အုိင္းယက္စ္ အမွဳေဆာင္ခ်ဳပ္ အက္ဒ္ဗင္ ဗန္ဒါဆားက ဗန္ဒဘိခ္ရဲ႕ အားသန္တဲ့ ေနရာဟာ တိုက္စစ္ဦးစားေပးေနရာထက္ ေနာက္ကို ပုိမိုဆင္းကစားၿပီး ေဘာလုံးနဲ႔ ထိေတြ႕ခြင့္နဲ႔ ကစားကြက္တည္ေဆာက္ခြင့္ရတဲ့ေနရာလို႔ဆုိ။

– စီးရီးေအကလပ္ အတၱလန္တာအသင္းရဲ႕ အသက္ ၁၈ ႏွစ္အရြယ္ ေတာင္ပံကစားသမား အာမက္ ထရာအိုေရးကို ေခၚယူမယ္ဆုိတဲ့ သတင္းေတြ ထြက္လာခဲ့တဲ့အေပၚ ပရိသတ္ေတြက ဆန္ခ်ဳိလို႔ ေျပာၿပီး သူ႕ကို ေခၚယူဖို႔ လုပ္ေနတာလားလို႔ အသင္းတာဝန္ရွိသူေတြနဲ႔ ပုိင္ရွင္ေတြကို ေလွာင္ေျပာင္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ယူနိုက်တက်အသင်းဘက်က စိတ်ဝင်စားနေခဲ့ပြီး ကစားသမားရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလိုရှိနေပေမယ့်လည်း ဂျေဒန် ဆန်ချိုရဲ့ တောင်းဆိုမှုကတော့ ပါးနပ်တဲ့ ရွှေ့ကွက်တစ်ကွက်ပဲ ဖြစ်နေခဲ့ပြီး ဒေါ့မွန်အသင်းကို တောင်းဆိုခဲ့ရာမှာ သူ့အနေနဲ့ မန်ချက်စတာအသင်းဆီကို ပြောင်းရွှေ့ခွင့်ရရင် ပျော်ရွှင်မှာဖြစ်တယ်လို့ပဲ အသိပေးခဲ့ကြောင်း ဂျာနယ်လစ်တွေ ဖော်ပြ။

– ပရိသတ်တွေ စိတ်ပျက်နေခဲ့ကြတဲ့ အသင်းပိုင်ရှင် ဂလေဇာမိသားစုတွေထက် နှစ်ဆကျော် ပိုမိုချမ်းသာတဲ့ ရုရှားဘီလျံနာ မီခေးလ် ပရိုခိုရော့ဗ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဒေသတွင်း မီဒီယာတွေ ဖော်ပြ။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ ဝယ်ယူဖို့ ဆက်သွယ်နေခဲ့တဲ့ ကစားသမားနှစ်ဦးစလုံးကို နည်းပြဟောင်း မော်ရင်ညို ကိုင်တွယ်နေတဲ့ တော့တင်ဟမ်ဟော့စပါးစ်နဲ့ အပြိုင်လုရမယ်ဆိုတာကတော့ ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့ပြီး ပေါ်တူဂီသားအပေါ် အမုန်းတရားကို ပိုမိုကြီးထွားလာစေခဲ့။

– အသင်းရဲ့ ရှေ့တန်းမှာ တိုက်စစ်မှူးနောက်က နေရာစုံမှာ အသုံးပြုနိုင်တဲ့ ဘရာဇီးလ်တောင်ပံကစားသမား ဒေါက်ဂလပ်စ် ကော်စတာကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူနိုင်ဖို့ နည်းပြ ဆိုးလ်ရှားက အလိုရှိနေပြီး အပြောင်းအရွှေ့ဖြစ်ပေါ်ဖွယ်ရှိ။

– သူ့ရဲ့ ဒုတိယကလေးကို မျက်နှာမြင်ခဲ့တဲ့ အမျိုးသမီးကို အားပေးဖို့ ပေါ်တူဂီပြန်ခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြန်လည်ပူးပေါင်းလေ့ကျင့်နေခဲ့ပြီး ခရစ္စတယ်လ် ပဲလေ့စ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ရှိနေ။

– မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်းနဲ့ အိုင်းယက်စ် အမှုဆောင်ချုပ် အက်ဒ်ဗင် ဗန်ဒါဆားက ဗန်ဒဘိခ်ရဲ့ အားသန်တဲ့ နေရာဟာ တိုက်စစ်ဦးစားပေးနေရာထက် နောက်ကို ပိုမိုဆင်းကစားပြီး ဘောလုံးနဲ့ ထိတွေ့ခွင့်နဲ့ ကစားကွက်တည်ဆောက်ခွင့်ရတဲ့နေရာလို့ဆို။

– စီးရီးအေကလပ် အတ္တလန်တာအသင်းရဲ့ အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမား အာမက် ထရာအိုရေးကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တဲ့အပေါ် ပရိသတ်တွေက ဆန်ချိုလို့ ပြောပြီး သူ့ကို ခေါ်ယူဖို့ လုပ်နေတာလားလို့ အသင်းတာဝန်ရှိသူတွေနဲ့ ပိုင်ရှင်တွေကို လှောင်ပြောင်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.