Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၁၇.၉.၂၀၂၀

– ကိုဗစ္ကာလေနာက္ပုိင္း ဘဏၰာေရးဆုိင္ရာ က်ပ္တည္းမွဳေတြေၾကာင့္ ေနာက္ခံလူ ဆီမီကတ္စ္တစ္ဦးတည္းကိုသာ ေခၚယူႏိုင္ေသးတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ သီယာဂိုရဲ႕ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၇ သန္းအတြက္ လူငယ္တုိက္စစ္မွဴး ဘ႐ူးစတားကို ေရာင္းခ်ဖို႔ စီစဥ္ေနတာလုိ႔ဆုိ။

– အသင္းမွာ တစ္ႏွစ္ကို လုပ္ခလစာ ေပါင္သုံးသန္း ေပးေခ်ေနရတဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္ဗီလိန္ ဂိုးသမား လိုရစ္ ကားရီးယပ္စ္ကို ေရာင္းခ်ဖို႔ လီဗာပူးလ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ဝယ္လက္ရွာေဖြေပမယ့္ လက္ရွိအခ်ိန္အထိ မေအာင္ျမင္ႏုိင္ေသး။

– ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ နီးစပ္ခဲ့ၿပီးမွ စိတ္ေျပာင္းသြားခဲ့တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္အေနနဲ႔ လက္က်န္တစ္ႏွစ္စာခ်ဳပ္ကို သက္တမ္းတုိးဖို႔ လီဗာပူးလ္အသင္းဘက္က ကမ္းလွမ္းမွဳကို ေစာင့္ဆုိင္းေန။

– နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ လက္ရွိလူစာရင္းကို အားမရေသးဘဲရွိေနၿပီး အေျပာင္းအေရႊ႕ေဈးကြက္မပိတ္ခင္မွာ အနည္းဆုံး ကစားသမားသစ္ႏွစ္ဦး ေခၚယူေပးဖို႔ ဘုတ္အဖြဲ႕ဆီ ေတာင္းဆုိထားၿပီး သီယာဂို၊ အစၥမိုင္လာ ဆားရ္နဲ႔ ေနာက္ခံလူတစ္ဦးတုိ႔ သုံးဦးထဲက ႏွစ္ဦးျဖစ္ဖြယ္ရွိ။

– လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားကို ေခၚယူဖို႔ ရွက္ဖီးလ္ယူႏုိက္တက္အသင္းက လီဗာပူးလ္ဘက္က ေတာင္းဆုိတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၀ ဝန္းက်င္နဲ႔ သေဘာတူညီႏုိင္ခဲ့ၿပီျဖစ္ၿပီး အက္စတန္ဗီလာအသင္းကလည္း ႀကဳိးစားေနတယ္လုိ႔ဆုိ။

– အသင္းရဲ႕ ဦးစားေပး ညာေနာက္ခံလူ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က သူ႕ရဲ႕ နံပါတ္ ၂ အရန္ကစားသမား နီကို ဝီလီယမ္စ္ဟာ အသင္းနဲ႔ အတူ ေတာက္ပတဲ့ အနာဂတ္ကို ပုိင္ဆိုင္ႏုိင္မယ့္သူျဖစ္ၿပီး ေျခစြမ္းနဲ႔ အလားအလာေကာင္းအတြက္ ခ်ီးက်ဴးသြားခဲ့။

– ေဂ်ဒန္ ဆန္ခ်ဳိလိုမ်ဳိး ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကး သတ္မွတ္ျခင္း မခံရေပမယ့္လည္း ေျခစြမ္းနဲ႔ အလာအလာေကာင္းေတြရွိေနတဲ့ သူ႕ရဲ႕ ေဒါ့မြန္အသင္းေဖာ္ အေမရိကန္သား ဂ်ီယိုဗန္နီ ေရးနားကို အနာဂတ္အတြက္ ေခၚယူႏုိင္ဖို႔ နည္းျပ ကေလာ့ပ္ စိတ္ဝင္စားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ကိုဗစ်ကာလနောက်ပိုင်း ဘဏ္ဏာရေးဆိုင်ရာ ကျပ်တည်းမှုတွေကြောင့် နောက်ခံလူ ဆီမီကတ်စ်တစ်ဦးတည်းကိုသာ ခေါ်ယူနိုင်သေးတဲ့ လီဗာပူးလ်အသင်းအနေနဲ့ သီယာဂိုရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းအတွက် လူငယ်တိုက်စစ်မှူး ဘရူးစတားကို ရောင်းချဖို့ စီစဉ်နေတာလို့ဆို။

– အသင်းမှာ တစ်နှစ်ကို လုပ်ခလစာ ပေါင်သုံးသန်း ပေးချေနေရတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ဗီလိန် ဂိုးသမား လိုရစ် ကားရီးယပ်စ်ကို ရောင်းချဖို့ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေအနေနဲ့ ဝယ်လက်ရှာဖွေပေမယ့် လက်ရှိအချိန်အထိ မအောင်မြင်နိုင်သေး။

– ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်ခဲ့ပြီးမှ စိတ်ပြောင်းသွားခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်အနေနဲ့ လက်ကျန်တစ်နှစ်စာချုပ်ကို သက်တမ်းတိုးဖို့ လီဗာပူးလ်အသင်းဘက်က ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေ။

– နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ လက်ရှိလူစာရင်းကို အားမရသေးဘဲရှိနေပြီး အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ အနည်းဆုံး ကစားသမားသစ်နှစ်ဦး ခေါ်ယူပေးဖို့ ဘုတ်အဖွဲ့ဆီ တောင်းဆိုထားပြီး သီယာဂို၊ အစ္စမိုင်လာ ဆားရ်နဲ့ နောက်ခံလူတစ်ဦးတို့ သုံးဦးထဲက နှစ်ဦးဖြစ်ဖွယ်ရှိ။

– လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားကို ခေါ်ယူဖို့ ရှက်ဖီးလ်ယူနိုက်တက်အသင်းက လီဗာပူးလ်ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး အက်စတန်ဗီလာအသင်းကလည်း ကြိုးစားနေတယ်လို့ဆို။

– အသင်းရဲ့ ဦးစားပေး ညာနောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်က သူ့ရဲ့ နံပါတ် ၂ အရန်ကစားသမား နီကို ဝီလီယမ်စ်ဟာ အသင်းနဲ့ အတူ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ့်သူဖြစ်ပြီး ခြေစွမ်းနဲ့ အလားအလာကောင်းအတွက် ချီးကျူးသွားခဲ့။

– ဂျေဒန် ဆန်ချိုလိုမျိုး မြင့်မားတဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်ခြင်း မခံရပေမယ့်လည်း ခြေစွမ်းနဲ့ အလာအလာကောင်းတွေရှိနေတဲ့ သူ့ရဲ့ ဒေါ့မွန်အသင်းဖော် အမေရိကန်သား ဂျီယိုဗန်နီ ရေးနားကို အနာဂတ်အတွက် ခေါ်ယူနိုင်ဖို့ နည်းပြ ကလော့ပ် စိတ်ဝင်စားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.