Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၇.၉.၂၀၂၀

– ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္အတြက္ ေငြေၾကးရရွိခဲ့ၿပီးတဲ့ေနာက္ ဟူဆင္းမ္ ေအာဝါအတြက္ ယူ႐ိုသန္း ၄၀ နဲ႔ စြမ္းေဆာင္ရည္ အေပၚ မူတည္တဲ့ ခံစားခြင့္ေတြ ပါဝင္မယ့္ ကမ္းလွမ္းမွဳကို အာဆင္နယ္တုိ႔ အျမန္ဆုံး ေဆာင္ရြက္သြားဖို႔ ရွိေန။

– အာဆင္နယ္အသင္းကေန ထြက္ခြာၿပီး အီတလီေျမကို ျပန္ဖို႔ လုပ္ေဆာင္ေနတဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို ေခၚယူဖို႔ ဖီအုိရင္တီးနားနဲ႔ တုိရီႏုိတုိ႔ကသာ လုပ္ေဆာင္ေနေပမယ့္ ႐ိုးမားအသင္းကလည္း လက္မေလွ်ာ့ေသးဘူးလို႔ဆုိ။

– အသင္းမွာ ျမင့္မားတဲ့ လုပ္ခကို ေပးေခ်ေနရတဲ့ ေနာက္ခံလူ ကိုလာစီနက္ခ်္ကို အာဆင္နယ္အသင္းက ယူ႐ို ၁၀ သန္းနဲ႔ ေရာင္းခ်သြားမွာျဖစ္ၿပီး ဘြန္ဒက္စ္လီဂါကလပ္ ေလဗာကူဆင္က စိတ္ဝင္စားေနေပမယ့္ သူ႕ရဲ႕ လုပ္ခေငြအတြက္ အေက်အလည္ ေဆြးေႏြးရဖို႔ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ေႏြရာသီ အသုံးစရိတ္အတြက္ ၿပီးခဲ့တဲ့ ကစားသမားေရာင္းခ်မွဳျဖစ္တဲ့ ခ်ဴဘာ အက္ခ္ပြန္ရဲ႕ လာမယ့္ အေျပာင္းအေရႊ႕က အကူအညီရရွိႏုိင္ၿပီး မစ္ဒယ္ဘေရာ့ကို ေရာက္ရွိဖို႔မ်ားေနတဲ့သူအတြက္ ေျပာင္းေရႊ႕ေၾကးရဲ႕ ၄၀ ရာခိုင္ႏွဳန္းအထိ ခံစားႏုိင္ဖြယ္ရွိ။

– အာဆင္နယ္အသင္းအတြက္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆုိခဲ့တဲ့ အသင္းေခါင္းေဆာင္တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းခြဲနဲ႔ အသင္းေဖာ္ မီဆြတ္ အိုေဇးလ္နဲ႔ တူညီတဲ့ ပမာဏကို ရရွိခဲ့။

– ဒီယြန္အသင္းကေန ေခၚယူဖို႔ စီစဥ္ထားတဲ့ အုိက္စ္လန္လက္ေရြးစင္ဂိုးသမား အဲလက္စ္ ႐ူနာဆန္အေနနဲ႔ လာမယ့္ ၄၈ နာရီအတြင္းမွာ အာဆင္နယ္အသင္းကို ေရာက္ရွိလာႏုိင္ၿပီး ေသာၾကာေန႔မွာ ကစားသမားသစ္အျဖစ္ တရားဝင္ေၾကျငာႏုိင္ဖြယ္ရွိေန။

– တုိက္စစ္မွဴး လာကာဇက္အတြက္ အက္သလက္တီကို မက္ဒရစ္အသင္းက ထပ္မံကမ္းလွမ္းလာခဲ့ၿပီး ေတာင္ပံသမားေတြျဖစ္ၾကတဲ့ ဗီတုိလိုနဲ႔ ေသာမတ္စ္ လီမာတုိ႔ကို အလုိက္ေပးမယ္လို႔ လုပ္ေဆာင္လာခဲ့ေပမယ့္ အာဆင္နယ္က အလိုရွိေနတဲ့ ပါေတးေတာ့ မပါဝင္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဂိုးသမား အီမီလီယာနို မာတီနက်ဇ်အတွက် ငွေကြေးရရှိခဲ့ပြီးတဲ့နောက် ဟူဆင်းမ် အောဝါအတွက် ယူရိုသန်း ၄၀ နဲ့ စွမ်းဆောင်ရည် အပေါ် မူတည်တဲ့ ခံစားခွင့်တွေ ပါဝင်မယ့် ကမ်းလှမ်းမှုကို အာဆင်နယ်တို့ အမြန်ဆုံး ဆောင်ရွက်သွားဖို့ ရှိနေ။

– အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး အီတလီမြေကို ပြန်ဖို့ လုပ်ဆောင်နေတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို ခေါ်ယူဖို့ ဖီအိုရင်တီးနားနဲ့ တိုရီနိုတို့ကသာ လုပ်ဆောင်နေပေမယ့် ရိုးမားအသင်းကလည်း လက်မလျှော့သေးဘူးလို့ဆို။

– အသင်းမှာ မြင့်မားတဲ့ လုပ်ခကို ပေးချေနေရတဲ့ နောက်ခံလူ ကိုလာစီနက်ချ်ကို အာဆင်နယ်အသင်းက ယူရို ၁၀ သန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီး ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်က စိတ်ဝင်စားနေပေမယ့် သူ့ရဲ့ လုပ်ခငွေအတွက် အကျေအလည် ဆွေးနွေးရဖို့ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ နွေရာသီ အသုံးစရိတ်အတွက် ပြီးခဲ့တဲ့ ကစားသမားရောင်းချမှုဖြစ်တဲ့ ချူဘာ အက်ခ်ပွန်ရဲ့ လာမယ့် အပြောင်းအရွှေ့က အကူအညီရရှိနိုင်ပြီး မစ်ဒယ်ဘရော့ကို ရောက်ရှိဖို့များနေတဲ့သူအတွက် ပြောင်းရွှေ့ကြေးရဲ့ ၄၀ ရာခိုင်နှုန်းအထိ ခံစားနိုင်ဖွယ်ရှိ။

– အာဆင်နယ်အသင်းအတွက် စာချုပ်သစ်ကို ချုပ်ဆိုခဲ့တဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲနဲ့ အသင်းဖော် မီဆွတ် အိုဇေးလ်နဲ့ တူညီတဲ့ ပမာဏကို ရရှိခဲ့။

– ဒီယွန်အသင်းကနေ ခေါ်ယူဖို့ စီစဉ်ထားတဲ့ အိုက်စ်လန်လက်ရွေးစင်ဂိုးသမား အဲလက်စ် ရူနာဆန်အနေနဲ့ လာမယ့် ၄၈ နာရီအတွင်းမှာ အာဆင်နယ်အသင်းကို ရောက်ရှိလာနိုင်ပြီး သောကြာနေ့မှာ ကစားသမားသစ်အဖြစ် တရားဝင်ကြေငြာနိုင်ဖွယ်ရှိနေ။

– တိုက်စစ်မှူး လာကာဇက်အတွက် အက်သလက်တီကို မက်ဒရစ်အသင်းက ထပ်မံကမ်းလှမ်းလာခဲ့ပြီး တောင်ပံသမားတွေဖြစ်ကြတဲ့ ဗီတိုလိုနဲ့ သောမတ်စ် လီမာတို့ကို အလိုက်ပေးမယ်လို့ လုပ်ဆောင်လာခဲ့ပေမယ့် အာဆင်နယ်က အလိုရှိနေတဲ့ ပါတေးတော့ မပါဝင်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.