Premier League

ဟာရဲရားရဲ့ဖြစ်စဉ်ကြောင့် စိတ်မကောင်းဖြစ်နေကြတဲ့ မန်ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း အန်ဒါ ဟာရဲရားဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာခဲ့တဲ့အကြောင်းကို ပြန်ပြောခဲ့ပြီးနောက် မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ပြီး အင်တာဗျူးတောင် ဆက်မဖြေနိုင်ဘဲ ထွက်သွားခဲ့ပါတယ်။

ဟာရဲရားဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိနေခဲ့တဲ့ကာလအတွင်း ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့သူဖြစ်ပြီး သရဲနီတွေအတွက် ပွဲပေါင်း ၁၈၉ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဟာရဲရားဟာ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို အနိုင်ရရှိခဲ့တဲ့လူစာရင်းရဲ့ တစ်စိတ်တပိုင်းဖြစ်ခဲ့သူလည်းဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ၅ ရာသီကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ၂၀၁၉ ခုနှစ်မှာ ဟာရဲရားကို စာချုပ်သစ် မချုပ်ဆိုတော့ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းက စပိန်ကွင်းလယ်ကစားသမားကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဟာရဲရားဟာ လိဂန်းထိပ်သီးအသင်းကြီးအတွက် ၃ ရာသီအတွင်း ၉၅ ပွဲ ပါဝင်ကစားပေးခဲ့ပြီးနောက် ယခုနွေရာသီမှာ အက်သလက်တစ် ဘီလ်ဘာအိုအသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာရဲရားဟာ အင်္ဂလန်မှာ ကစားခဲ့ရတဲ့ အချိန်တွေကို လွမ်းဆွတ်နေဆဲဖြစ်ပြီး ပရိသတ်အများစုကတော့ ၂၀၁၆-၂၀၁၇ ရာသီတုန်းက အီဒင် ဟာဇက်ကို လူကပ်ကစားခဲ့တဲ့ကိစ္စကို မှတ်မိကြမှာဖြစ်ပြီး စပိန်ကွင်းလယ်လူဟာ ယူနိုက်တက်ရှပ်နဲ့ ကွင်းထဲမှာ ၁၁၀ ရာခိုင်နှုန်းအထိ အမြဲတမ်း ပေးဆပ်ကစားခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိခဲ့တဲ့အချိန်တုန်းက အကြောင်းတွေကို ဆွေးနွေးခဲ့တာဖြစ်ပြီး အသင်းကနေ ထွက်ခွာခဲ့ရတဲ့အကြောင်းကို ဆွေးနွေးခဲ့တဲ့အချိန်မှာတော့ အဲဒီအချိန်တုန်းက ၎င်းရဲ့စာချုပ်အခြေအနေဟာ မှားယွင်းစွာကိုင်တွယ်ခြင်းခံခဲ့ရတယ်လို့ ခံစားခဲ့ရတဲ့အကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“အသင်းကို စွန့်ခွာဖို့က အဲဒါက ခက်ခဲခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမတိုင်ခင် ၅ လ၊ ၆ လလောက်ကတည်းက ကျွန်တော့်ကို ဆက်နေဖို့ ကမ်းလှမ်းမှု လုပ်လာမှာကို မျှော်လင့်နေခဲ့တာမို့လို့ပါ။ ကျွန်တော် အသင်းကို မစွန့်ခွာချင်ခဲ့ဘူး။ အခုက ဘယ်သူ့ကိုမှ အပြစ်ပြောရမယ့်အချိန်မဟုတ်ဘဲ ကျွန်တော်လည်း အဲဒီလို လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ အသင်းနဲ့ တတိယမြောက်ရာသီအပြီးမှာ အသင်းဆီကနေ နည်းနည်းလေး ပိုပြီး မျှော်လင့်မိခဲ့တယ်။ ကျွန်တော် ပရိသတ်တွေရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရခဲပြီး အသင်းက အဲဒီနွေရာသီမှာ တခြားကစားသမားတွေနဲ့ စာချုပ်သစ် ချုပ်နေခဲ့ပေမယ့်လည်း ကျွန်တော့်ကိုကျတော့ စာချုပ်သစ် ချုပ်ဖို့တောင် မခေါ်ခဲ့ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါက ကျွန်တော့်ကို ရင်နာစေခဲ့တယ်”

အသင်းကို စွန့်ခွာခဲ့ရတဲ့အချိန်မှာ ခံစားခဲ့ရလားလို့ မေးမြန်းခဲ့တဲ့အချိန်မှာ ဟာရဲရားက ၎င်းရဲ့ သမီးဖြစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံအကြောင်း ပြောကြားခဲ့ပြီးနောက် ဝမ်းနည်းစွာနဲ့ မျက်ရည်တွေ စီးကျလာခဲ့ပြီး အင်တာဗျူး ပြန်မဖြေခင် ခဏအနားယူဖို့ ထထွက်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားေဟာင္း အန္ဒါ ဟာရဲရားဟာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခဲ့တဲ့အေၾကာင္းကို ျပန္ေျပာခဲ့ၿပီးေနာက္ မ်က္ရည္မဆည္ႏိုင္ျဖစ္ခဲ့ၿပီး အင္တာဗ်ဴးေတာင္ ဆက္မေျဖႏိုင္ဘဲ ထြက္သြားခဲ့ပါတယ္။

ဟာရဲရားဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ရွိေနခဲ့တဲ့ကာလအတြင္း ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္ခဲ့သူျဖစ္ၿပီး သရဲနီေတြအတြက္ ပြဲေပါင္း ၁၈၉ ပြဲ ပါဝင္ကစားေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ဟာရဲရားဟာ အက္ဖ္ေအဖလား၊ လိဂ္ဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားေတြကို အႏိုင္ရရွိခဲ့တဲ့လူစာရင္းရဲ႕ တစ္စိတ္တပိုင္းျဖစ္ခဲ့သူလည္းျဖစ္ၿပီး အိုးထရက္ဖို႔ဒ္မွာ ၅ ရာသီၾကာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းက ၂၀၁၉ ခုႏွစ္မွာ ဟာရဲရားကို စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီအသင္းက စပိန္ကြင္းလယ္ကစားသမားကို ၅ ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ဟာရဲရားဟာ လိဂန္းထိပ္သီးအသင္းႀကီးအတြက္ ၃ ရာသီအတြင္း ၉၅ ပြဲ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ယခုေႏြရာသီမွာ အက္သလက္တစ္ ဘီလ္ဘာအိုအသင္းကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ကစားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟာရဲရားဟာ အဂၤလန္မွာ ကစားခဲ့ရတဲ့ အခ်ိန္ေတြကို လြမ္းဆြတ္ေနဆဲျဖစ္ၿပီး ပရိသတ္အမ်ားစုကေတာ့ ၂၀၁၆-၂၀၁၇ ရာသီတုန္းက အီဒင္ ဟာဇက္ကို လူကပ္ကစားခဲ့တဲ့ကိစၥကို မွတ္မိၾကမွာျဖစ္ၿပီး စပိန္ကြင္းလယ္လူဟာ ယူႏိုက္တက္ရွပ္နဲ႔ ကြင္းထဲမွာ ၁၁၀ ရာခိုင္ႏႈန္းအထိ အၿမဲတမ္း ေပးဆပ္ကစားခဲ့တာျဖစ္ပါတယ္။

မၾကာေသးမီက မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ရွိခဲ့တဲ့အခ်ိန္တုန္းက အေၾကာင္းေတြကို ေဆြးေႏြးခဲ့တာျဖစ္ၿပီး အသင္းကေန ထြက္ခြာခဲ့ရတဲ့အေၾကာင္းကို ေဆြးေႏြးခဲ့တဲ့အခ်ိန္မွာေတာ့ အဲဒီအခ်ိန္တုန္းက ၎ရဲ႕စာခ်ဳပ္အေျခအေနဟာ မွားယြင္းစြာကိုင္တြယ္ျခင္းခံခဲ့ရတယ္လို႔ ခံစားခဲ့ရတဲ့အေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အသင္းကို စြန႔္ခြာဖို႔က အဲဒါက ခက္ခဲခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီမတိုင္ခင္ ၅ လ၊ ၆ လေလာက္ကတည္းက ကြၽန္ေတာ့္ကို ဆက္ေနဖို႔ ကမ္းလွမ္းမႈ လုပ္လာမွာကို ေမွ်ာ္လင့္ေနခဲ့တာမို႔လို႔ပါ။ ကြၽန္ေတာ္ အသင္းကို မစြန႔္ခြာခ်င္ခဲ့ဘူး။ အခုက ဘယ္သူ႔ကိုမွ အျပစ္ေျပာရမယ့္အခ်ိန္မဟုတ္ဘဲ ကြၽန္ေတာ္လည္း အဲဒီလို လုပ္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ အသင္းနဲ႔ တတိယေျမာက္ရာသီအၿပီးမွာ အသင္းဆီကေန နည္းနည္းေလး ပိုၿပီး ေမွ်ာ္လင့္မိခဲ့တယ္။ ကြၽန္ေတာ္ ပရိသတ္ေတြရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုရခဲၿပီး အသင္းက အဲဒီေႏြရာသီမွာ တျခားကစားသမားေတြနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ေနခဲ့ေပမယ့္လည္း ကြၽန္ေတာ့္ကိုက်ေတာ့ စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ေတာင္ မေခၚခဲ့ဘူး။ ပြင့္ပြင့္လင္းလင္းေျပာရရင္ အဲဒါက ကြၽန္ေတာ့္ကို ရင္နာေစခဲ့တယ္”

အသင္းကို စြန႔္ခြာခဲ့ရတဲ့အခ်ိန္မွာ ခံစားခဲ့ရလားလို႔ ေမးျမန္းခဲ့တဲ့အခ်ိန္မွာ ဟာရဲရားက ၎ရဲ႕ သမီးျဖစ္သူနဲ႔ ႐ိုက္ထားတဲ့ ဓာတ္ပုံအေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ ဝမ္းနည္းစြာနဲ႔ မ်က္ရည္ေတြ စီးက်လာခဲ့ၿပီး အင္တာဗ်ဴး ျပန္မေျဖခင္ ခဏအနားယူဖို႔ ထထြက္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.