Premier League

၁၈.၂.၂၀၂၀ အတြက္ အာဆင္နယ္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ အာဆင္နယ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– အာဆင္နယ္တိုက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္က အသင္းေဖာ္ျဖစ္သူ နီကိုလတ္စ္ ေပေပဆီကေန ဒီထက္ေကာင္းတဲ့ေျခစြမ္းေတြ ျမင္ရဦးမယ္လို႔ ေျပာလိုက္ေပမယ့္ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚထားတဲ့ ဒီေတာင္ပံကစားသမားအေပၚ အခ်ိန္ေပးဖို႔လိုတယ္လို႔ေတာ့ ဆိုလိုက္ပါတယ္။

– နယူးကာဆယ္ကို (၄)ဂိုးျပတ္ႏိုင္ခဲ့တဲ့ ပြဲတုန္းက စပိန္ကြင္းလယ္လူ ဆီဘယ္ေယာ့စ္ရဲ႕ ေျခစြမ္းနဲ႔ ႀကိဳးစားအားထုတ္မႈေတြကို နည္းျပ မိုက္ကယ္ အာေတးတားက ခ်ီးက်ဴးလိုက္ပါတယ္။ ဒါ့အျပင္ ေလ့က်င့္ေရးကြင္းမွာ တိရစာၦန္တစ္ေကာင္လို အားထုတ္ႀကိဳးစားသူလို႔လည္း ဆိုလိုက္ပါတယ္။

– လြန္ခဲ့တဲ့ (၂)ႏွစ္က မန္ခ်က္စတာယူႏိုက္တက္ကေန ထြက္ၿပီး အိုင္းယက္စ္မွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဒတ္ခ်္၀ါရင့္ေနာက္ခံလူ ဒါေလ ဘလင္းကို အာဆင္နယ္အသင္းက ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

– ျပင္သစ္လူငယ္ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီဟာ ဒူဘိုင္းေလ့က်င့္ေရးအစီအစဥ္မွာ နည္းျပ မိုက္ကယ္ အာေတးတားနဲ႔ စကားမ်ားခဲ့တာေၾကာင့္ အာဆင္နယ္အသင္းမွာ ဆက္ရွိဖို႔ မေသခ်ာေတာ့တဲ့အထိ ျဖစ္သြားပါတယ္။ နယူးကာဆယ္လ္ကို(၄)ဂိုးျပတ္ႏိုင္ခဲ့တဲ့ ပြဲတုန္းကလည္း သူ႔ကို အာေတးတား ခ်န္လွပ္ခဲ့ပါတယ္။

– အာဆင္နယ္အသင္းမွာ ဘယ္ေနာက္ခံလူအျဖစ္ ကစားေနရတဲ့ လူငယ္ကစားသမားေလး ဆာကာကို ဘိုင္ယန္ျမဴးနစ္အသင္းက ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သတင္းထြက္လာပါတယ္။ ဆာကာဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ မေသခ်ာေသးသူလည္းျဖစ္ေနပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– အာဆင်နယ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်က အသင်းဖော်ဖြစ်သူ နီကိုလတ်စ် ပေပေဆီကနေ ဒီထက်ကောင်းတဲ့ခြေစွမ်းတွေ မြင်ရဦးမယ်လို့ ပြောလိုက်ပေမယ့် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ထားတဲ့ ဒီတောင်ပံကစားသမားအပေါ် အချိန်ပေးဖို့လိုတယ်လို့တော့ ဆိုလိုက်ပါတယ်။

– နယူးကာဆယ်ကို (၄)ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲတုန်းက စပိန်ကွင်းလယ်လူ ဆီဘယ်ယော့စ်ရဲ့ ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှုတွေကို နည်းပြ မိုက်ကယ် အာတေးတားက ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ရေးကွင်းမှာ တိရစ္ဆာန်တစ်ကောင်လို အားထုတ်ကြိုးစားသူလို့လည်း ဆိုလိုက်ပါတယ်။

– လွန်ခဲ့တဲ့ (၂)နှစ်က မန်ချက်စတာယူနိုက်တက်ကနေ ထွက်ပြီး အိုင်းယက်စ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဒတ်ချ်ဝါရင့်နောက်ခံလူ ဒါလေ ဘလင်းကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

– ပြင်သစ်လူငယ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီဟာ ဒူဘိုင်းလေ့ကျင့်ရေးအစီအစဉ်မှာ နည်းပြ မိုက်ကယ် အာတေးတားနဲ့ စကားများခဲ့တာကြောင့် အာဆင်နယ်အသင်းမှာ ဆက်ရှိဖို့ မသေချာတော့တဲ့အထိ ဖြစ်သွားပါတယ်။ နယူးကာဆယ်လ်ကို(၄)ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲတုန်းကလည်း သူ့ကို အာတေးတား ချန်လှပ်ခဲ့ပါတယ်။

– အာဆင်နယ်အသင်းမှာ ဘယ်နောက်ခံလူအဖြစ် ကစားနေရတဲ့ လူငယ်ကစားသမားလေး ဆာကာကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာပါတယ်။ ဆာကာဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ မသေချာသေးသူလည်းဖြစ်နေပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.