Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ ​- ၁၆.၉.၂၀၂၀

– ကူလီေဘလီအတြက္ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ထပ္မံကမ္းလွမ္းမွဳ မျပဳေတာ့ဖို႔ ေသခ်ာသေလာက္ရွိသြားခဲ့ၿပီး စပိန္ေဈးကြက္ရဲ႕ တူညီတဲ့ ေနရာက ကစားသမားေတြျဖစ္တဲ့ ေပါင္သန္း ၁၀၀ ဝန္းက်င္မွာ ရရွိႏုိင္တဲ့ ဟီမီနက္ဇ္နဲ႔ ေပါင္ ၆၈ သန္းတန္ ဒီေယဂို ကားလုိ႔စ္တုိ႔ကိုပဲ ကမ္းလွမ္းသြားဖို႔ ရွိေန။

– အသင္းရဲ႕ ေတာင္ပံကစားသမားသစ္ ဖယ္ရန္ ေတာရက္စ္ကို ဗလင္စီယာကေန ေခၚယူဖို႔ မန္ခ်က္စတာယူႏုိက္တက္ကလည္း ခ်ိတ္ဆက္ခဲ့ဖူးၿပီး ကစားသမားကေတာ့ စီးတီးရဲ႕ စပိန္သားတာဝန္ရွိသူေတြရဲ႕ အစုအဖြဲ႕ကို ပုိမုိသေဘာက်လုိ႔ ျငင္းပယ္ခဲ့တာလို႔ သိရ။

– စာခ်ဳပ္တစ္ႏွစ္သာ က်န္ေတာ့တဲ့ အဲရစ္ ဂါစီယာကို ဘာစီလိုနာဆီ ေရာင္းခ်ျဖစ္ခဲ့ရင္ လစ္လပ္သြားမယ့္ အသင္းရဲ႕ လူငယ္ကစားသမား တစ္ေနရာအတြက္ အရန္အသင္းက အဂၤလန္သာ ေတလာ ဟားဝုဒ္-ဘဲလစၥကို ေနရာေပးသြားဖို႔ နည္းျပ ဂြါဒီယိုလာ ျပင္ဆင္ထား။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ပုိး ကူးစက္ခံခဲ့ရသူႏွစ္ဦးထဲက တစ္ဦးျဖစ္တဲ့ ေတာင္ပံကစားသမား ရီယက္ မာရက္ဇ္အေနနဲ႔ က်န္းမာေရးအေျခအေန တုိးတက္ေကာင္းမြန္ေနၿပီး လာမယ့္ ဝုလ္ဗ္စ္နဲ႔ ပရီးမီးယားလိဂ္ပြဲမွာ ပါဝင္ႏုိင္ဖို႔ ပစ္မွတ္ထား ေလ့က်င့္ေန။

– အသင္းရဲ႕ လက္ေမာင္းစပြန္ဆာျဖစ္တဲ့ ကိုရီးယားတာယာကုမၸဏီႀကီး နက္ဇင္နဲ႔ ေနာက္ထပ္ႏွစ္ရွည္စာခ်ဳပ္တစ္ရပ္ကို ထပ္မံခ်ဳပ္ဆုိခဲ့ၿပီး ဒီသေဘာတူညီမွဳမွာ မန္ခ်က္စတာစီးတီး အမ်ဳိးသမီးအသင္းအတြက္လည္း ပါဝင္ေနတယ္လို႔ဆုိ။

– ကာရာေဘာင္းဖလား တတိယအဆင့္အတြက္ လက္ရွိခ်န္ပီယံ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ၿပဳိင္ဘက္ ထြက္ေပၚလာခဲ့ၿပီျဖစ္ၿပီး ဒုတိယအဆင့္မွာ ခရစၥတယ္လ္ပဲေလ့စ္အသင္းကို ပင္နယ္တီအဆုံးအျဖတ္မွာ အႏိုင္ရရွိခဲ့တဲ့ ပရီးမီးယားလိဂ္တန္းဆင္း ဘုန္းေမာက္အသင္းကို အိမ္ကြင္း အစ္တီဟတ္မွာ လက္ခံကစားရမည္။

– ဘာစီလိုနာအသင္းအေနနဲ႔ သူတုိ႔ စိတ္ဝင္စားေနခဲ့တဲ့ မန္ခ်က္စတာစီးတီးေနာက္ခံလူ အဲရစ္ ဂါစီယာကို လူငယ္ကစားသမားဘဝ စတင္ရာ အသင္းကို ျပန္လည္ေခၚယူဖို႔အတြက္ ယူ႐ုိ ၁၅ သန္းထက္ပုိၿပီး သုံးစြဲမွာ မဟုတ္ဘူးလို႔ သတိေပး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ကူလီဘေလီအတွက် မန်ချက်စတာစီးတီးအသင်းအနေနဲ့ ထပ်မံကမ်းလှမ်းမှု မပြုတော့ဖို့ သေချာသလောက်ရှိသွားခဲ့ပြီး စပိန်ဈေးကွက်ရဲ့ တူညီတဲ့ နေရာက ကစားသမားတွေဖြစ်တဲ့ ပေါင်သန်း ၁၀၀ ဝန်းကျင်မှာ ရရှိနိုင်တဲ့ ဟီမီနက်ဇ်နဲ့ ပေါင် ၆၈ သန်းတန် ဒီယေဂို ကားလို့စ်တို့ကိုပဲ ကမ်းလှမ်းသွားဖို့ ရှိနေ။

– အသင်းရဲ့ တောင်ပံကစားသမားသစ် ဖယ်ရန် တောရက်စ်ကို ဗလင်စီယာကနေ ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်ကလည်း ချိတ်ဆက်ခဲ့ဖူးပြီး ကစားသမားကတော့ စီးတီးရဲ့ စပိန်သားတာဝန်ရှိသူတွေရဲ့ အစုအဖွဲ့ကို ပိုမိုသဘောကျလို့ ငြင်းပယ်ခဲ့တာလို့ သိရ။

– စာချုပ်တစ်နှစ်သာ ကျန်တော့တဲ့ အဲရစ် ဂါစီယာကို ဘာစီလိုနာဆီ ရောင်းချဖြစ်ခဲ့ရင် လစ်လပ်သွားမယ့် အသင်းရဲ့ လူငယ်ကစားသမား တစ်နေရာအတွက် အရန်အသင်းက အင်္ဂလန်သာ တေလာ ဟားဝုဒ်-ဘဲလစ္စကို နေရာပေးသွားဖို့ နည်းပြ ဂွါဒီယိုလာ ပြင်ဆင်ထား။

– မန်ချက်စတာစီးတီးအသင်းရဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသူနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ တောင်ပံကစားသမား ရီယက် မာရက်ဇ်အနေနဲ့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေပြီး လာမယ့် ဝုလ်ဗ်စ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်ဖို့ ပစ်မှတ်ထား လေ့ကျင့်နေ။

– အသင်းရဲ့ လက်မောင်းစပွန်ဆာဖြစ်တဲ့ ကိုရီးယားတာယာကုမ္ပဏီကြီး နက်ဇင်နဲ့ နောက်ထပ်နှစ်ရှည်စာချုပ်တစ်ရပ်ကို ထပ်မံချုပ်ဆိုခဲ့ပြီး ဒီသဘောတူညီမှုမှာ မန်ချက်စတာစီးတီး အမျိုးသမီးအသင်းအတွက်လည်း ပါဝင်နေတယ်လို့ဆို။

– ကာရာဘောင်းဖလား တတိယအဆင့်အတွက် လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းရဲ့ ပြိုင်ဘက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ဒုတိယအဆင့်မှာ ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်တန်းဆင်း ဘုန်းမောက်အသင်းကို အိမ်ကွင်း အစ်တီဟတ်မှာ လက်ခံကစားရမည်။

– ဘာစီလိုနာအသင်းအနေနဲ့ သူတို့ စိတ်ဝင်စားနေခဲ့တဲ့ မန်ချက်စတာစီးတီးနောက်ခံလူ အဲရစ် ဂါစီယာကို လူငယ်ကစားသမားဘဝ စတင်ရာ အသင်းကို ပြန်လည်ခေါ်ယူဖို့အတွက် ယူရို ၁၅ သန်းထက်ပိုပြီး သုံးစွဲမှာ မဟုတ်ဘူးလို့ သတိပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.