Premier League

၁၇.၉.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလဆန္း ၁ ရက္၊ ၾကာသပေတးေန႔။

၁၇.၉.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလဆန္း ၁ ရက္၊ ၾကာသပေတးေန႔၊ ရက္ရာဇာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၇:၂၉ အထိ တိထီ ၁၅ လုံး။ ေက်ာ္လွ်င္ ၁ လုံး။ ၁၅ လုံးတြင္ သိဒၶိယုဂ္၊ ၿပီးေျမာက္ေအာင္ျမင္ျပည့္စုံေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
နံနက္ ၁၀:၄၇ အထိ ျပဳဗၺဖလဂုဏီနကၡတ္။ ေက်ာ္လွ်င္ ဥတၱရဖလဂုဏီနကၡတ္။ တစ္ေန႔လုံးႏွင့္ သန္းေခါင္ေက်ာ္ ၁၂:၅၀ အထိ သုဘယုဂ္၊ က်က္သေရရွိျခင္း၊ လွပတင့္တယ္ျခင္း၊ ၾကြယ္ဝျခင္း၊ လုပ္ငန္းသစ္မ်ား စတင္ရန္ႏွင့္ ကံဖြင့္ လာဘ္ဖြင့္ မဂၤလာရွိေစရန္အတြက္ လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ သုကာလယုဂ္၊ ျဖဴေဖြးစင္ၾကယ္ျခင္း၊ ၾသဇာလႊမ္းမိုးႏုိင္ျခင္း၊ အေျပာင္းအလဲျမန္ျခင္း၊ စိတ္မခုိင္ျခင္း၊ မိမိ၏ မွန္ကန္ေသာ ဆုံးျဖတ္ခ်က္အတြက္ သူတပါးစကားေၾကာင့္ မယိမ္းယိုင္ပါေစႏွင့္။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၇:၁၅ အထိ စတုပၸါဒက႐ိုဏ္း၊ အႀကီးအကဲ၊ ဘိုးဘြား၊ သူေတာ္စင္မ်ားႏွင့္ သက္ဆိုင္သည့္ တစ္လတြင္ တစ္ခါသာရွိသည့္ က႐ိုဏ္းျဖစ္သည္။ အေလးအျမတ္ျပဳ ပူေဇာ္ပါ။ အႀကံဉာဏ္၊ အဆုံးအမအား ခံယူပါ။ ညေန ၁၇:၂၉ အထိ နာဂဝက႐ိုဏ္း၊ ရက္စက္ၾကမ္းၾကဳတ္ေသာ အလိုဆႏၵရွိျခင္း၊ စိတ္ေကာင္းမရွိျခင္း၊ အႏၲရာယ္မ်ားျခင္း၊ မတည္ၿငိမ္ျခင္းစသည့္ ထိန္းခ်ဳပ္ထားသင့္သည့္ ဆႏၵမ်ား ေပၚထြက္လာတတ္၍ သူေတာ္ေကာင္းတရားႏွင့္ ဆင္ျခင္ပါေလ။ နံနက္ ၃:၄၀ အထိ ကိတုဃနက႐ိုဏ္း၊ ေပ်ာ္ရႊင္ျခင္း၊ ထိမ္းျမားျခင္း၊ အခမ္းအနားေဆာင္ရြက္ရျခင္း၊ အနစ္နာခံရျခင္း၊ စိတ္ေကာင္းထား၍ ေပ်ာ္ရႊင္ႏုိင္မည့္သူမ်ားအား ကူညီျခင္းျဖင့္ မိမိအေပၚ သူတပါး၏ အေလးထားမွဳအား ရယူပါ။ ေက်ာ္လွ်င္ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ညေန ၁၇:၂၉ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၇.၉.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်၊ ကြာသပတေးနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၇:၂၉ အထိ တိထီ ၁၅ လုံး။ ကျော်လျှင် ၁ လုံး။ ၁၅ လုံးတွင် သိဒ္ဓိယုဂ်၊ ပြီးမြောက်အောင်မြင်ပြည့်စုံစေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၁၀:၄၇ အထိ ပြုဗ္ဗဖလဂုဏီနက္ခတ်။ ကျော်လျှင် ဥတ္တရဖလဂုဏီနက္ခတ်။ တစ်နေ့လုံးနှင့် သန်းခေါင်ကျော် ၁၂:၅၀ အထိ သုဘယုဂ်၊ ကျက်သရေရှိခြင်း၊ လှပတင့်တယ်ခြင်း၊ ကြွယ်ဝခြင်း၊ လုပ်ငန်းသစ်များ စတင်ရန်နှင့် ကံဖွင့် လာဘ်ဖွင့် မင်္ဂလာရှိစေရန်အတွက် လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သုကာလယုဂ်၊ ဖြူဖွေးစင်ကြယ်ခြင်း၊ သြဇာလွှမ်းမိုးနိုင်ခြင်း၊ အပြောင်းအလဲမြန်ခြင်း၊ စိတ်မခိုင်ခြင်း၊ မိမိ၏ မှန်ကန်သော ဆုံးဖြတ်ချက်အတွက် သူတပါးစကားကြောင့် မယိမ်းယိုင်ပါစေနှင့်။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၇:၁၅ အထိ စတုပ္ပါဒကရိုဏ်း၊ အကြီးအကဲ၊ ဘိုးဘွား၊ သူတော်စင်များနှင့် သက်ဆိုင်သည့် တစ်လတွင် တစ်ခါသာရှိသည့် ကရိုဏ်းဖြစ်သည်။ အလေးအမြတ်ပြု ပူဇော်ပါ။ အကြံဉာဏ်၊ အဆုံးအမအား ခံယူပါ။ ညနေ ၁၇:၂၉ အထိ နာဂဝကရိုဏ်း၊ ရက်စက်ကြမ်းကြုတ်သော အလိုဆန္ဒရှိခြင်း၊ စိတ်ကောင်းမရှိခြင်း၊ အန္တရာယ်များခြင်း၊ မတည်ငြိမ်ခြင်းစသည့် ထိန်းချုပ်ထားသင့်သည့် ဆန္ဒများ ပေါ်ထွက်လာတတ်၍ သူတော်ကောင်းတရားနှင့် ဆင်ခြင်ပါလေ။ နံနက် ၃:၄၀ အထိ ကိတုဃနကရိုဏ်း၊ ပျော်ရွှင်ခြင်း၊ ထိမ်းမြားခြင်း၊ အခမ်းအနားဆောင်ရွက်ရခြင်း၊ အနစ်နာခံရခြင်း၊ စိတ်ကောင်းထား၍ ပျော်ရွှင်နိုင်မည့်သူများအား ကူညီခြင်းဖြင့် မိမိအပေါ် သူတပါး၏ အလေးထားမှုအား ရယူပါ။ ကျော်လျှင် ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ညနေ ၁၇:၂၉ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)