နယူးကာဆယ်လ် ယူနိုက်တက်အသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကာလတိုစာချုပ်ကမ်းလှမ်းခဲ့ပြီး ယခုရာသီကုန်အထိ အသင်းအတွက် ကစားပေးစေချင်နေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ နိုဝင်ဘာလမှာ ရော်နယ်လ်ဒိုရဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အီတလီဂျာနယ်လစ် ဒီ မာဇီယိုက ပေါ်တူဂီကြယ်ပွင့်ဟာ ယခုရာသီကုန်အထိ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေနိုင်မယ့်အခွင့်အရေး ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်လ် ယူနိုက်တက်ဟာ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပေမယ့်လည်း လက်ရှိမှာ ပေါ်တူဂီတိုက်စစ်မှူးက ဆော်ဒီ အာရေဗျကလပ် အယ်လ်နက်ဆာကို ပြောင်းဖို့ ပိုမိုနီးစပ်လာနေတာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ပြီလို့ သိရပါတယ်။
“သူ ရရှိထားတဲ့ စစ်မှန်တဲ့ တစ်ခုတည်းသော ကမ်းလှမ်းမှုက အယ်လ်-နက်ဆာပါ။ သူတို့တွေ သူ့ကို နွေရာသီကတည်းက ခေါ်ယူချင်ခဲ့ပြီး ကမ်းလှမ်းထားတဲ့ ငွေပမာဏက ယူရိုသန်း ၂၀၀ ပါ။ အဲဒါက ထူးဆန်းပါတယ်။ ၂ နှစ်ခွဲ စာချုပ်ပါ။ ရော်နယ်လ်ဒိုရဲ့ ပထမဦးစားပေးက ဥရောပမှာ ဆက်နေပြီး ကစားဖို့ပါ။ ဒါပေမယ့် အခုတော့ ဥရောပက ဘယ်အသင်းကမှ သူ့ကို ခိုင်ခိုင်မာမာ ချဉ်းကပ်လာတာမရှိခဲ့ပါဘူး”
“အခုအချိန်မှာ အယ်လ်-နက်ဆာက သူ့အတွက် ရှိနေတဲ့ တစ်ခုတည်းသော ဖြေရှင်းနည်းပဲ။ နယူးကာဆယ်လ်တစ်သင်းပဲရှိတယ်။ ဘာလို့လဲဆိုတော့ သူ ဇွန်လအထိ နယူးကာဆယ်လ်မှာ ကစားပြီး အယ်-နက်ဆာကို သွားလို့ရတယ်ဆိုတဲ့ အတွေးကြောင့်ပါ။ ဒါပေမယ့် အဲဒီအပြောင်းအရွှေ့က ပျက်ပြယ်သွားပြီလို့ ကျွန်တော် ထင်တယ်”
“သူ စာချုပ် မချုပ်ခင်မှာ တခြားဖြေရှင်းနည်းတွေ ရောက်လာမလားဆိုတာက ကျွန်တော် မသိပါဘူး။ အခုအချိန်မှာ ဒူဘိုင်းက အာရပ်အသင်းတွေလိုမျိုးကပဲ ရွေးချယ်စရာရှိနေတာပါ။ ဥရောပမှာတော့ သူလိုချင်သလိုမဖြစ်သေးဘူး။ စပို့တင်းလစ္စဘွန်းကတော့ ဟုတ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် အယ်လ်-နက်ဆာနဲ့ တခြားအာရပ်ကလပ်တွေဆီကနေ သူ ရနိုင်တဲ့ စီးပွားဖြစ်ကမ်းလှမ်းမှုမျိုးတော့ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပေမယ့်လည်း အဲဒီအချိန်တုန်းက နည်းပြ တူဟယ်က ပေါ်တူဂီကြယ်ပွင့်ဟာ ၎င်းရဲ့ အသင်းမှာ အံမဝင်နိုင်ဘူးလို့ ယုံကြည်ခဲ့တာကြောင့် အပြောင်းအရွှေ့ကို ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
နယူးကာဆယ္လ္ ယူႏိုက္တက္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လမ္းခြဲခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ကာလတိုစာခ်ဳပ္ကမ္းလွမ္းခဲ့ၿပီး ယခုရာသီကုန္အထိ အသင္းအတြက္ ကစားေပးေစခ်င္ေနတယ္လို႔ သိရပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဟာ ႏိုဝင္ဘာလမွာ ေရာ္နယ္လ္ဒိုရဲ႕ စာခ်ဳပ္ကို ႏွစ္ဦးသေဘာတူ ဖ်က္သိမ္းခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အီတလီဂ်ာနယ္လစ္ ဒီ မာဇီယိုက ေပၚတူဂီၾကယ္ပြင့္ဟာ ယခုရာသီကုန္အထိ ပရီးမီးယားလိဂ္မွာ ဆက္ရွိေနႏိုင္မယ့္အခြင့္အေရး ကမ္းလွမ္းျခင္းခံခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
နယူးကာဆယ္လ္ ယူႏိုက္တက္ဟာ ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ စိတ္ဝင္စားေနခဲ့ေပမယ့္လည္း လက္ရွိမွာ ေပၚတူဂီတိုက္စစ္မႉးက ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္နက္ဆာကို ေျပာင္းဖို႔ ပိုမိုနီးစပ္လာေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕က ပ်က္ျပယ္သြားခဲ့ၿပီလို႔ သိရပါတယ္။
“သူ ရရွိထားတဲ့ စစ္မွန္တဲ့ တစ္ခုတည္းေသာ ကမ္းလွမ္းမႈက အယ္လ္-နက္ဆာပါ။ သူတို႔ေတြ သူ႔ကို ေႏြရာသီကတည္းက ေခၚယူခ်င္ခဲ့ၿပီး ကမ္းလွမ္းထားတဲ့ ေငြပမာဏက ယူ႐ိုသန္း ၂၀၀ ပါ။ အဲဒါက ထူးဆန္းပါတယ္။ ၂ ႏွစ္ခြဲ စာခ်ဳပ္ပါ။ ေရာ္နယ္လ္ဒိုရဲ႕ ပထမဦးစားေပးက ဥေရာပမွာ ဆက္ေနၿပီး ကစားဖို႔ပါ။ ဒါေပမယ့္ အခုေတာ့ ဥေရာပက ဘယ္အသင္းကမွ သူ႔ကို ခိုင္ခိုင္မာမာ ခ်ဥ္းကပ္လာတာမရွိခဲ့ပါဘူး”
“အခုအခ်ိန္မွာ အယ္လ္-နက္ဆာက သူ႔အတြက္ ရွိေနတဲ့ တစ္ခုတည္းေသာ ေျဖရွင္းနည္းပဲ။ နယူးကာဆယ္လ္တစ္သင္းပဲရွိတယ္။ ဘာလို႔လဲဆိုေတာ့ သူ ဇြန္လအထိ နယူးကာဆယ္လ္မွာ ကစားၿပီး အယ္-နက္ဆာကို သြားလို႔ရတယ္ဆိုတဲ့ အေတြးေၾကာင့္ပါ။ ဒါေပမယ့္ အဲဒီအေျပာင္းအေ႐ႊ႕က ပ်က္ျပယ္သြားၿပီလို႔ ကြၽန္ေတာ္ ထင္တယ္”
“သူ စာခ်ဳပ္ မခ်ဳပ္ခင္မွာ တျခားေျဖရွင္းနည္းေတြ ေရာက္လာမလားဆိုတာက ကြၽန္ေတာ္ မသိပါဘူး။ အခုအခ်ိန္မွာ ဒူဘိုင္းက အာရပ္အသင္းေတြလိုမ်ိဳးကပဲ ေ႐ြးခ်ယ္စရာရွိေနတာပါ။ ဥေရာပမွာေတာ့ သူလိုခ်င္သလိုမျဖစ္ေသးဘူး။ စပို႔တင္းလစၥဘြန္းကေတာ့ ဟုတ္ပါတယ္။ သူ႔ကို ေခၚယူဖို႔ အဆင္သင့္ပါပဲ။ ဒါေပမယ့္ အယ္လ္-နက္ဆာနဲ႔ တျခားအာရပ္ကလပ္ေတြဆီကေန သူ ရႏိုင္တဲ့ စီးပြားျဖစ္ကမ္းလွမ္းမႈမ်ိဳးေတာ့ မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ခဲ့ေပမယ့္လည္း အဲဒီအခ်ိန္တုန္းက နည္းျပ တူဟယ္က ေပၚတူဂီၾကယ္ပြင့္ဟာ ၎ရဲ႕ အသင္းမွာ အံမဝင္ႏိုင္ဘူးလို႔ ယုံၾကည္ခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕ကို ပိတ္ဆို႔ခဲ့တာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.