International La Liga World Cup

ဗိုလ်လုပွဲမတိုင်ခင် မက်ဆီပေးခဲ့တဲ့ အကြံပေးစကားကို ပြောပြခဲ့တဲ့ ဒမ်ဘီလီ

အူ့စ်မန် ဒမ်ဘီလီဟာ တနင်္ဂနွေနေ့မှာ အာဂျင်တီးနားနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် ဘာစီလိုနာမှာတုန်းက မက်ဆီ ပေးခဲ့ဖူးတဲ့ အကြံပေးစကားကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒမ်ဘီလီနဲ့ လီယွန်နယ် မက်ဆီတို့ဟာ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးက ပြီးခဲ့တဲ့နှစ်မှာ ပီအက်စ်ဂျီကို မပြောင်းရွှေ့ခင် ဘာစီလိုနာအသင်းမှာ ၄ ရာသီကြာ အသင်းဖော်တွေအဖြစ် အတူတူ ကစားခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒမ်ဘီလီဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်နဲ့အတူ အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမားက ၂၀၁၇ ခုနှစ်တုန်းက ဒေါ့မွန်ကနေ ပြောင်းလာပြီးနောက် ၎င်းရဲ့ ကစားဟန်ကို အသားကျအောင် မက်ဆီက ဘယ်လို အကြံပေးလမ်းညွှန်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အသက် ၂၀ အရွယ်မှာ ရောက်လာခဲ့ပြီး ကျွန်တော့်ဘာသာပဲ အရာအားလုံးကို လုပ်ချင်ခဲ့တယ်။ သူက ကျွန်တော့်ကို စိတ်တည်ငြိမ်မှု ပေးခဲ့တယ်။ သူက လိမ်ခေါက်ရမယ့်အချိန်နဲ့ ဘောလုံးပေးရမယ့်အချိန်ဆိုတာ ရှိတယ်လို့ ပြောခဲ့တယ်။ ကျွန်တော် ဘာစီလိုနာမှာအရမ်းကောင်းတဲ့နှစ်တွေကို ကုန်ဆုံးခဲ့ပါတယ်”

” သူက ကျွန်တော့်ကို အင်နီယေစတာနဲ့အတူ ဘာစီလိုနာကို ချစ်မြတ်နိုးလာအောင် လုပ်ခဲ့တဲ့သူတွေထဲက တစ်ဦးပါ။ အဝတ်လဲခန်းထဲမှာဆိုရင် သူက အရမ်းကို ရိုးရှင်းပြီး လူငယ်ကစားသမားတွေကို ချစ်မြတ်နိုးသူပါ။ ကျွန်တော် အဝတ်လဲခန်းထဲမှာဆို သူ့ဘေးနားအမြဲတမ်းထိုင်နေကျဖြစ်ပြီး သူက ကျွန်တော့်ကို အများကြီး အကူအညီပေးခဲ့တယ်”

“ကျွန်တော်တို့ သူ ဘောလုံးကို နည်းနိုင်သလောက် နည်းနည်းပဲ ထိအောင် ကြိုးပမ်းရတယ်။ ဘာလို့လဲဆိုတော့ သူက အရမ်းကို အန္တရာယ်ကြီးလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင် ဒဏ်ရာရရှိသွားခဲ့တဲ့ ဘန်ဇီးမား ပြန်လည်ပါဝင်လာနိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဒမ်ဘီလီက “ကျွန်တော် မသိပါဘူး။ ကျွန်တော်က နည်းပြမဟုတ်ဘူးလေ။ အဲဒါက သူဆုံးဖြတ်ရမှာပါ။ ဘန်ဇီးမားက ဒဏ်ရာရခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော့်မှာ ရှင်းပြစရာမရှိပါဘူး”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အူ႔စ္မန္ ဒမ္ဘီလီဟာ တနဂၤေႏြေန႔မွာ အာဂ်င္တီးနားနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္ခင္ ဘာစီလိုနာမွာတုန္းက မက္ဆီ ေပးခဲ့ဖူးတဲ့ အႀကံေပးစကားကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဒမ္ဘီလီနဲ႔ လီယြန္နယ္ မက္ဆီတို႔ဟာ အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးက ၿပီးခဲ့တဲ့ႏွစ္မွာ ပီအက္စ္ဂ်ီကို မေျပာင္းေ႐ႊ႕ခင္ ဘာစီလိုနာအသင္းမွာ ၄ ရာသီၾကာ အသင္းေဖာ္ေတြအျဖစ္ အတူတူ ကစားခဲ့ၾကသူေတြ ျဖစ္ပါတယ္။

ဒမ္ဘီလီဟာ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ျပင္သစ္နဲ႔အတူ အသင္းေဖာ္ေဟာင္း လီယြန္နယ္ မက္ဆီကို ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားက ၂၀၁၇ ခုႏွစ္တုန္းက ေဒါ့မြန္ကေန ေျပာင္းလာၿပီးေနာက္ ၎ရဲ႕ ကစားဟန္ကို အသားက်ေအာင္ မက္ဆီက ဘယ္လို အႀကံေပးလမ္းၫႊန္ခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အသက္ ၂၀ အ႐ြယ္မွာ ေရာက္လာခဲ့ၿပီး ကြၽန္ေတာ့္ဘာသာပဲ အရာအားလုံးကို လုပ္ခ်င္ခဲ့တယ္။ သူက ကြၽန္ေတာ့္ကို စိတ္တည္ၿငိမ္မႈ ေပးခဲ့တယ္။ သူက လိမ္ေခါက္ရမယ့္အခ်ိန္နဲ႔ ေဘာလုံးေပးရမယ့္အခ်ိန္ဆိုတာ ရွိတယ္လို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္ ဘာစီလိုနာမွာအရမ္းေကာင္းတဲ့ႏွစ္ေတြကို ကုန္ဆုံးခဲ့ပါတယ္”

” သူက ကြၽန္ေတာ့္ကို အင္နီေယစတာနဲ႔အတူ ဘာစီလိုနာကို ခ်စ္ျမတ္ႏိုးလာေအာင္ လုပ္ခဲ့တဲ့သူေတြထဲက တစ္ဦးပါ။ အဝတ္လဲခန္းထဲမွာဆိုရင္ သူက အရမ္းကို ႐ိုးရွင္းၿပီး လူငယ္ကစားသမားေတြကို ခ်စ္ျမတ္ႏိုးသူပါ။ ကြၽန္ေတာ္ အဝတ္လဲခန္းထဲမွာဆို သူ႔ေဘးနားအၿမဲတမ္းထိုင္ေနက်ျဖစ္ၿပီး သူက ကြၽန္ေတာ့္ကို အမ်ားႀကီး အကူအညီေပးခဲ့တယ္”

“ကြၽန္ေတာ္တို႔ သူ ေဘာလုံးကို နည္းႏိုင္သေလာက္ နည္းနည္းပဲ ထိေအာင္ ႀကိဳးပမ္းရတယ္။ ဘာလို႔လဲဆိုေတာ့ သူက အရမ္းကို အႏၲရာယ္ႀကီးလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲမစတင္ခင္ ဒဏ္ရာရရွိသြားခဲ့တဲ့ ဘန္ဇီးမား ျပန္လည္ပါဝင္လာႏိုင္ေျခနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ ဒမ္ဘီလီက “ကြၽန္ေတာ္ မသိပါဘူး။ ကြၽန္ေတာ္က နည္းျပမဟုတ္ဘူးေလ။ အဲဒါက သူဆုံးျဖတ္ရမွာပါ။ ဘန္ဇီးမားက ဒဏ္ရာရခဲ့တယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ကြၽန္ေတာ့္မွာ ရွင္းျပစရာမရွိပါဘူး”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.