International World Cup

မက်ဆီကို ဗိုလ်လုပွဲမတိုင်ခင် စိတ်ဓာတ်ခွန်အားပေးနေတဲ့ အဂွေရို

ဆာဂျီယို အဂွေရိုဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမတိုင်ခင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့အတူ တစ်ခန်းတည်း အတူတူ နေနေတယ်လို့ သိရပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ မက်ဆီနဲ့ နှစ်ပေါင်းများစွာ အတူတူ တွဲကစားခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ကြတာ ဆယ်စုနှစ် ၂ ခုကျော်ရှိခဲ့ပြီဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့် ၂ ဦးဟာ လူငယ်ကစားသမားဘဝကတည်းက အခန်းဖော်တွေအဖြစ် အတူတူ နေခဲ့ကြသူတွေဖြစ်ပြီး အဂွေရိုဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီးဖြစ်ပေမယ့်လည်း နောက်ထပ်တစ်ကြိမ် အခန်းဖော်တွေအဖြစ် ပြန်လည်ဆုံစည်းခဲ့ကြတယ်လို့ သိရပါတယ်။

မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လက်ရှိအချိန်အထိ အခန်းဖော်မရှိဘဲ တစ်ဦးတည်းနေထိုင်ခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ၎င်းရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့အတူ နေထိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဂွေရိုဟာ ၂၀၂၁ ခုနှစ်မှာ နှလုံးရောဂါပြဿနာ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူခဲ့ရတာဖြစ်ပြီး အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မတိုင်ခင် အသင်းလေ့ကျင့်ရေးစခန်းနဲ့ အသင်းဖော်တွေဆီ လည်ပတ်ခွင့်မပေးခဲ့တဲ့အတွက် အာဂျင်တီးနားအသင်းတာဝန်ရှိသူတွေကို ဝေဖန်ခဲ့သူဖြစ်ပါတယ်။

“သူတို့တွေ ကျွန်တော့်ကို မသွားစေချင်ဘူးဆိုရင် ကျွန်တော့်မျက်နှာကို တည့်တည့်လာပြောပါ။ အမြဲတမ်း အာဂျင်တီးနားနဲ့အတူ အပြည့်အဝ ရှိနေပြီး ကျွန်တော်တို့အားလုံးကို ကိုယ်စားပြုနေတဲ့ ဒီအသင်းနဲ့ အမြဲရှိနေပါတယ်။ သူတို့တွေက ကျွန်တော်တို့ အရမ်းချစ်မြတ်နိုးရတဲ့ ဒီရှပ်အတွက် အရာအားလုံးပေးသွားမယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ လီယို ပြောခဲ့သလိုပဲ ကျွန်တော်တို့ အတူတူ လှမ်းလျှောက်သွားရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆာဂျီယို အဂွေရိုကို ဒိုဟာက အာဂျင်တီးနားလေ့ကျင့်ရေးစခန်းမှာ ဗုဒ္ဓဟူးနေ့က မြင်တွေ့ခဲ့ရပြီး လေ့ကျင့်ရေးမှာ အထင်ကြီးဖွယ် ကန်ချက်နဲ့အတူ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆာဂ်ီယို အေဂြ႐ိုဟာ ၂၀၂၂ ကမာၻ႔ဖလား ဗိုလ္လုပြဲမတိုင္ခင္ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီနဲ႔အတူ တစ္ခန္းတည္း အတူတူ ေနေနတယ္လို႔ သိရပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးဟာ မက္ဆီနဲ႔ ႏွစ္ေပါင္းမ်ားစြာ အတူတူ တြဲကစားခဲ့တဲ့ အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္ၿပီး ရင္းႏွီးတဲ့ ဆက္ဆံေရးတည္ေဆာက္ႏိုင္ခဲ့ၾကတာ ဆယ္စုႏွစ္ ၂ ခုေက်ာ္ရွိခဲ့ၿပီျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္ ၂ ဦးဟာ လူငယ္ကစားသမားဘဝကတည္းက အခန္းေဖာ္ေတြအျဖစ္ အတူတူ ေနခဲ့ၾကသူေတြျဖစ္ၿပီး အေဂြ႐ိုဟာ ကစားသမားဘဝကေန အနားယူခဲ့ၿပီးျဖစ္ေပမယ့္လည္း ေနာက္ထပ္တစ္ႀကိမ္ အခန္းေဖာ္ေတြအျဖစ္ ျပန္လည္ဆုံစည္းခဲ့ၾကတယ္လို႔ သိရပါတယ္။

မက္ဆီဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း လက္ရွိအခ်ိန္အထိ အခန္းေဖာ္မရွိဘဲ တစ္ဦးတည္းေနထိုင္ခဲ့တာျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ ၎ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းနဲ႔အတူ ေနထိုင္ေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

အေဂြ႐ိုဟာ ၂၀၂၁ ခုႏွစ္မွာ ႏွလုံးေရာဂါျပႆနာ ခံစားေနရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ကစားသမားဘဝကေန အနားယူခဲ့ရတာျဖစ္ၿပီး အာဂ်င္တီးနားရဲ႕ ကမာၻ႔ဖလားအဖြင့္ပြဲစဥ္မတိုင္ခင္ အသင္းေလ့က်င့္ေရးစခန္းနဲ႔ အသင္းေဖာ္ေတြဆီ လည္ပတ္ခြင့္မေပးခဲ့တဲ့အတြက္ အာဂ်င္တီးနားအသင္းတာဝန္ရွိသူေတြကို ေဝဖန္ခဲ့သူျဖစ္ပါတယ္။

“သူတို႔ေတြ ကြၽန္ေတာ့္ကို မသြားေစခ်င္ဘူးဆိုရင္ ကြၽန္ေတာ့္မ်က္ႏွာကို တည့္တည့္လာေျပာပါ။ အၿမဲတမ္း အာဂ်င္တီးနားနဲ႔အတူ အျပည့္အဝ ရွိေနၿပီး ကြၽန္ေတာ္တို႔အားလုံးကို ကိုယ္စားျပဳေနတဲ့ ဒီအသင္းနဲ႔ အၿမဲရွိေနပါတယ္။ သူတို႔ေတြက ကြၽန္ေတာ္တို႔ အရမ္းခ်စ္ျမတ္ႏိုးရတဲ့ ဒီရွပ္အတြက္ အရာအားလုံးေပးသြားမယ္ဆိုတာကို ကြၽန္ေတာ္တို႔ သိပါတယ္။ လီယို ေျပာခဲ့သလိုပဲ ကြၽန္ေတာ္တို႔ အတူတူ လွမ္းေလွ်ာက္သြားရမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဆာဂ်ီယို အေဂြ႐ိုကို ဒိုဟာက အာဂ်င္တီးနားေလ့က်င့္ေရးစခန္းမွာ ဗုဒၶဟူးေန႔က ျမင္ေတြ႕ခဲ့ရၿပီး ေလ့က်င့္ေရးမွာ အထင္ႀကီးဖြယ္ ကန္ခ်က္နဲ႔အတူ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.