International World Cup

ဗိုလ်လုပွဲမှာ ဘန်ဇီးမား ပါဝင်နိုင်မှုကို အဖြေပေးလိုက်ပြီဖြစ်တဲ့ ဒက်စ်ချမ့်

ပြင်သစ်နည်းပြ ဒေးရွှမ့်စ်က ကာရင် ဘန်ဇီးမားအနေနဲ့ တနင်္ဂနွေနေ့ အာဂျင်တီးနားနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းရဲ့လူစာရင်းထဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာ ကာတာက ပြင်သစ်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးသွားမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရသူဖြစ်ပြီး ကနဦးတုန်းက အသင်းနဲ့ လေ့ကျင့်ရေးဆင်းခဲ့ပေမယ့်လည်း ပေါင်ဒဏ်ရာကြောင့် ပြိုင်ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဘန်ဇီးမားရဲ့ နေရာကို နည်းပြ ဒေးရွှမ့်စ်က အစားထိုးခေါ်ယူမှုတွေ မပြုလုပ်ခဲ့တာကြောင့် ဘလွန်ဒေါဆုရှင်ဟာ တနင်္ဂနွေနေ့ ဗိုလ်လုပွဲအတွက် ပါဝင်ကစားပေးနိုင်ဆဲဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒေးရွှမ့်စ်က ဘန်ဇီးမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်ရဲ့ အရေးကြီးတဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးသွားမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားသွားခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးရဲ့ ဗိုလ်လုပွဲ ပြန်လည်ကစားပေးနိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းခံခဲ့ရချိန်မှာ အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားက နိုင်ငံခြားသားဂျာနယ်လစ်တွေကြားမှာ စကားလုံးတွေကို ဖြန့်ဝေပေးနေတာလား။ ကျွန်တော်သာ မဖြေဘူးဆိုရင် ခင်ဗျားက ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့ ပြောလိမ့်မယ်”

“ကျွန်တော့်မှာ အရင်ကတည်းက ဒဏ်ရာရနေခဲ့တဲ့ ကစားသမားတွေ ရှိပါတယ်။ ကာရင်က သူတို့ထဲက တစ်ဦးပါ။ နောက်ဆုံးဒဏ်ရာရသွားတဲ့သူက လူးကပ်စ် ဟာနန်ဒက်ဖ်ပါ။ အဲဒီနောက်ပိုင်းကတည်းက ကျွန်တော် ကစားသမား ၂၄ ဦးကို စီမံခန့်ခွဲခဲ့ရပြီး ခင်ဗျား သူတို့ကို သိပါတယ်။ ဒီလိုကစားသမားတွေအကြောင်း မေးခွန်းထုတ်ဖို့ဆိုတာက ကျွန်တော် ပြောရမယ်ဆိုရင် အနည်းဆုံးတော့ ကသိကအောင့်ဖြစ်တယ်။ အစုအဖွဲ့က ရှိနေတယ်။ ကျွန်တော် ကစားသမားတွေ၊ ကစားသမားဟောင်းတွေ ဒါမှမဟုတ် ဒဏ်ရာရ ကစားသမားတွေ ဖိတ်ကြားတာတွေ ဂရုမစိုက်ပါဘူး”

“အဲဒီမှာ ဘယ်သူရှိနေမလဲဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့မှာ အစပိုင်းမှာ အစုအဖွဲ့တစ်ခုရှိခဲ့ပြီး အဲဒီထဲက ဒဏ်ရာရသွားခဲ့တယ်။ ကျွန်တော်တို့ ကစားသမား ၃ ဦး ဆုံးရှုံးခဲ့တယ်။ ခရစ္စတိုဖာ အန်ကွန်ကူက စပြီး ပြီးတော့ ကာရင်နဲ့ လူးကပ်စ် ဟာနန်ဒက်ဇ်။ သူတို့တွေက စွန့်စားခန်းရဲ့အစမှာ အစိတ်အပိုင်းဖြစ်ခဲ့ကြတယ်။ အာဂျင်တီးနားကို ရင်ဆိုင်ဖို့ ကစားသမား ၂၄ ဦး ရှိနေပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္နည္းျပ ေဒး႐ႊမ့္စ္က ကာရင္ ဘန္ဇီးမားအေနနဲ႔ တနဂၤေႏြေန႔ အာဂ်င္တီးနားနဲ႔ ကစားရမယ့္ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ျပင္သစ္အသင္းရဲ႕လူစာရင္းထဲမွာ ပါဝင္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဟာ ကာတာက ျပင္သစ္ရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဓိကအစိတ္အပိုင္းအျဖစ္ ပါဝင္ကစားေပးသြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရသူျဖစ္ၿပီး ကနဦးတုန္းက အသင္းနဲ႔ ေလ့က်င့္ေရးဆင္းခဲ့ေပမယ့္လည္း ေပါင္ဒဏ္ရာေၾကာင့္ ၿပိဳင္ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဘန္ဇီးမားရဲ႕ ေနရာကို နည္းျပ ေဒး႐ႊမ့္စ္က အစားထိုးေခၚယူမႈေတြ မျပဳလုပ္ခဲ့တာေၾကာင့္ ဘလြန္ေဒါဆုရွင္ဟာ တနဂၤေႏြေန႔ ဗိုလ္လုပြဲအတြက္ ပါဝင္ကစားေပးႏိုင္ဆဲျဖစ္တယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဒး႐ႊမ့္စ္က ဘန္ဇီးမားဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္ရဲ႕ အေရးႀကီးတဲ့ပြဲစဥ္မွာ ပါဝင္ကစားေပးသြားမွာမဟုတ္ဘူးလို႔ အခိုင္အမာ ေျပာၾကားသြားခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးရဲ႕ ဗိုလ္လုပြဲ ျပန္လည္ကစားေပးႏိုင္ေျခနဲ႔ပတ္သက္ၿပီး ေမးျမန္းခံခဲ့ရခ်ိန္မွာ အခုလိုပဲ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ားက ႏိုင္ငံျခားသားဂ်ာနယ္လစ္ေတြၾကားမွာ စကားလုံးေတြကို ျဖန႔္ေဝေပးေနတာလား။ ကြၽန္ေတာ္သာ မေျဖဘူးဆိုရင္ ခင္ဗ်ားက ကြၽန္ေတာ္ စိတ္အေႏွာင့္အယွက္ျဖစ္ေနတယ္လို႔ ေျပာလိမ့္မယ္”

“ကြၽန္ေတာ့္မွာ အရင္ကတည္းက ဒဏ္ရာရေနခဲ့တဲ့ ကစားသမားေတြ ရွိပါတယ္။ ကာရင္က သူတို႔ထဲက တစ္ဦးပါ။ ေနာက္ဆုံးဒဏ္ရာရသြားတဲ့သူက လူးကပ္စ္ ဟာနန္ဒက္ဖ္ပါ။ အဲဒီေနာက္ပိုင္းကတည္းက ကြၽန္ေတာ္ ကစားသမား ၂၄ ဦးကို စီမံခန႔္ခြဲခဲ့ရၿပီး ခင္ဗ်ား သူတို႔ကို သိပါတယ္။ ဒီလိုကစားသမားေတြအေၾကာင္း ေမးခြန္းထုတ္ဖို႔ဆိုတာက ကြၽန္ေတာ္ ေျပာရမယ္ဆိုရင္ အနည္းဆုံးေတာ့ ကသိကေအာင့္ျဖစ္တယ္။ အစုအဖြဲ႕က ရွိေနတယ္။ ကြၽန္ေတာ္ ကစားသမားေတြ၊ ကစားသမားေဟာင္းေတြ ဒါမွမဟုတ္ ဒဏ္ရာရ ကစားသမားေတြ ဖိတ္ၾကားတာေတြ ဂ႐ုမစိုက္ပါဘူး”

“အဲဒီမွာ ဘယ္သူရွိေနမလဲဆိုတာ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္တို႔မွာ အစပိုင္းမွာ အစုအဖြဲ႕တစ္ခုရွိခဲ့ၿပီး အဲဒီထဲက ဒဏ္ရာရသြားခဲ့တယ္။ ကြၽန္ေတာ္တို႔ ကစားသမား ၃ ဦး ဆုံးရႈံးခဲ့တယ္။ ခရစၥတိုဖာ အန္ကြန္ကူက စၿပီး ၿပီးေတာ့ ကာရင္နဲ႔ လူးကပ္စ္ ဟာနန္ဒက္ဇ္။ သူတို႔ေတြက စြန႔္စားခန္းရဲ႕အစမွာ အစိတ္အပိုင္းျဖစ္ခဲ့ၾကတယ္။ အာဂ်င္တီးနားကို ရင္ဆိုင္ဖို႔ ကစားသမား ၂၄ ဦး ရွိေနပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.